## PAGE 625

**၁၂။ ဒုတိယမောရနိဝါပသုတ်**။ ။ **ဣဒ္ဓိပါဋိဟာရိယေန** = တန်ခိုးဟူသော ပြာဋိဟာနှင့်လည်းကောင်း၊ [စာပိုဒ်(၆၁)သင်္ဂါရဝသုတ်ကြည့်ပါ] **အာဒေသနာပါဋိဟာရိယေန** = သူတပါး၏ စိတ်ကိုသိ၍ ညွှန်ပြပြောဟောခြင်းဟူသော ပြာဋိဟာနှင့်လည်းကောင်း၊ **အနုသာသနီပါဋိဟာရိယေန** = မြတ်စွာဘုရားနှင့် သာဝကတို့ အမြဲမပြတ် ဟောကြားအပ်သော အဆုံးအမ တရားဒေသနာဟူသော ပြာဋိဟာနှင့်လည်းကောင်း၊ (သမန္နာဂတော = သော၊ ဘိက္ခု-သည်၊ အစ္စန္တနိဋ္ဌော။ပ။ ဒေဝမနုဿာနံ = တို့တွင်၊ **ဝါ** = တို့ထက်၊ **သေဋ္ဌော** = သည်၊ **ဟောတိ** = ၏)

**ဘိက္ခဝေ** = တို့၊ **တီဟိ** = ကုန်သော၊ **ဣမေဟိ ဓမ္မေဟိ** = တို့နှင့်၊ **သမန္နာဂတော** = သော၊ **ဘိက္ခု**-သည်၊ **အစ္စန္တနိဋ္ဌော**။ပ။ **သေဋ္ဌော ဟောတိ** = ၏၊ **ဣတိ** (အဝေါစ) ဒွါဒသမံ။

**၁၃။ တတိယမောရနိဝါပသုတ်** ။ ။ **သမ္မာဒိဋ္ဌိယာ** = ဖလသမာပတ်၏ အကြောင်းဖြစ်သော မှန်ကန်သော ဉာဏ်အမြင်နှင့်လည်းကောင်း၊ **သမ္မာဉာဏေန** = မှန်ကန်သောဖိုလ်ဉာဏ်နှင့်လည်းကောင်း၊ **သမ္မာဝိမုတ္တိယာ** = (ထိုဖိုလ်ဉာဏ်မှကြွင်းသော) မှန်ကန်သော ဖလသမာပတ်ဝိမုတ္တိနှင့်လည်းကောင်း၊ (သမန္နာဂတော = သော၊ ဘိက္ခု။ပ။ သေဋ္ဌော ဟောတိ)။ပ။

တေရသမံ-၁၃-ခုမြောက်သုတ်တည်း၊ **စတုတ္ထော** = လေးခုမြောက်သော၊ **ယောဓာဇီဝဝဂ္ဂေါ** = ယောဓာဇီဝဝဂ်တည်း။

#### ၅-မင်္ဂလဝဂ်

**၁။ အကုသလသုတ်**

**၁၄၇။** **ဘိက္ခဝေ** = တို့၊ **တီဟိ** = သုံးပါးကုန်သော၊ **ဓမ္မေဟိ** = တရားတို့နှင့်၊ **သမန္နာဂတော** = ပြည့်စုံသောသူကို၊ **အာဘတံ** = တနေရာရာသို့ဆောင်ယူ၍၊ **နိက္ခိတ္တော ယထာ** = ချထားအပ်သကဲ့သို့၊ **ဧဝံ** = ဤအတူ၊ (**အတ္တနော** = မိမိ၏၊ **ကမ္မုနာ** = အကုသိုလ်ကံသည်) **နိရယေ** = ငရဲ၌၊ **နိက္ခိတ္တော** = ချထားအပ်သည်သာ၊ **ဝါ** = ချထားခံရတော့သည်သာ၊ **ကတမေဟိ** = အဘယ်မည်ကုန်သော၊ **တီဟိ** = သုံးပါးကုန်သော၊ (**ဓမ္မေဟိ** = တရားတို့နှင့်၊ **သမန္နာဂတော** = ပြည့်စုံသောသူကို၊ **အာဘတံ** = ၍၊ **နိက္ခိတ္တော ယထာ** = ကဲ့သို့၊ **ဧဝံ** = တူ၊ **အတ္တနော** = ၏၊ **ကမ္မုနာ** = အကုသိုလ်ကံသည်၊ **နိရယေ** = ၌၊ **နိက္ခိတ္တော** = ချထားအပ်သနည်း။)

**အကုသလေန** = အကုသိုလ်ဖြစ်သော၊ **ကာယကမ္မေန** = ကာယကံနှင့်လည်းကောင်း၊ **ဝါ** = 

## PAGE 626

ကာယဒွါရဖြင့် ပြုလုပ်အပ်သော စေတနာကံသုံးပါးနှင့်လည်းကောင်း၊ **အကုသလေန** = သော၊ **ဝစီကမ္မေန** = ဝစီကံနှင့်လည်းကောင်း၊ **ဝါ** = ဝစီဒွါရဖြင့်ပြုလုပ်အပ်သော စေတနာကံလေးပါးနှင့်လည်းကောင်း၊ **အကုသလေန** = သော၊ **မနောကမ္မေန** = မနောကံနှင့်လည်းကောင်း၊ **ဝါ** = မနောဒွါရဖြင့်ပြုလုပ်အပ်သော စေတနာကံသုံးပါးနှင့်လည်းကောင်း၊ (**သမန္နာဂတော** = ပြည့်စုံသောသူကို၊ **အာဘတံ**-၍၊ **နိက္ခိတ္တော ယထာ** = ကဲ့သို့။ပ။ **နိရယေ**-၌၊ **နိက္ခိတ္တော** = ချထားအပ်သည်သာ)

**ဘိက္ခဝေ** = တို့၊ **တီဟိ** = ကုန်သော၊ **ဣမေဟိ ဓမ္မေဟိ** = တို့နှင့်၊ **သမန္နာဂတော** = သူကို၊ **အာဘတံ** = ၍။ပ။ **နိရယေ** = ၌၊ **နိက္ခိတ္တော** = သာ။

**ဘိက္ခဝေ** = တို့၊ **တီဟိ** = ကုန်သော၊ **ဓမ္မေဟိ** = တို့နှင့်၊ **သမန္နာဂတော** = သူကို၊ **အာဘတံ**-၍၊ **နိက္ခိတ္တော ယထာ** = ကဲ့သို့၊ **ဧဝံ** = ဤအတူ၊ (**အတ္တနော** = မိမိ၏၊ **ကမ္မုနာ** = ကုသိုလ်ကံသည်) **သဂ္ဂေ** = နတ်ပြည်၌၊ **နိက္ခိတ္တော** = ချထားအပ်သည်သာ၊ **ကတမေဟိ တီဟိ** = အဘယ်သုံးပါးသောတရားတို့နှင့်နည်း၊ **ကုသလေန** = ကုသိုလ်ဖြစ်သော၊ **ကာယကမ္မေန** = နှင့်လည်းကောင်း၊ **ဝါ** = လည်းကောင်း။ပ။ **ကုသလေန**-သော၊ **မနောကမ္မေန** = နှင့်လည်းကောင်းတည်း၊ **ဝါ** = လည်းကောင်းတည်း၊ [ယခင်အတိုင်း နောက်ကပုဒ်တွေ လိုက်ပေးလိုက လိုက်ပေးပါ]

**ဘိက္ခဝေ** = တို့၊ **တီဟိ** = ကုန်သော၊ **ဣမေဟိ ဓမ္မေဟိ** = ဤတရားတို့နှင့်၊ **သမန္နာဂတော** = ကို၊ **အာဘတံ** = ၍။ပ၊ **သဂ္ဂေ**-၌၊ **နိက္ခိတ္တော** = သာ။ **ဣတိ** (အဝေါစ) **ပဌမံ**။

**၂။ သာဝဇ္ဇသုတ်** ။ ။ **သာဝဇ္ဇေန** = အပြစ်ရှိသော **ကာယကမ္မေန** = ကာယကံနှင့်လည်းကောင်း၊ **ဝါ** = လည်းကောင်း။ပ။ **အနဝဇ္ဇေန** = အပြစ်မရှိသော၊ **ကာယကမ္မေန** = နှင့်လည်းကောင်း။ပ။ **ဒုတိယံ**။

**၃။ ဝိသမသုတ်** ။ ။ **ဝိသမေန** = မညီညာသော၊ **ဝါ** = လွဲမှားချွတ်ချော်မှုရှိသော၊ **ကာယကမ္မေန** = နှင့်လည်းကောင်း။ပ။ **သမေန** = ညီညာသော၊ **ဝါ** = လွဲမှားချွတ်ချော်မှုမရှိသော၊ **ကာယကမ္မေန** = နှင့်လည်းကောင်း။ပ။ **တတိယံ**။

**၄။ အသုစိသုတ်** ။ ။ **အသုစိနာ** = (ကျင်ကြီးသဖွယ်) မစင်ကြယ်သော၊ **ကာယကမ္မေန** = နှင့်လည်းကောင်း။ပ။ **သုစိနာ** = စင်ကြယ်သန့်ရှင်းသော၊ **ကာယကမ္မေန**။ပ။ **စတုတ္ထံ**။

**၅။ ပဌမခတသုတ်** ။ ။ **ဘိက္ခဝေ** = တို့၊ **တီဟိ** = ကုန်သော၊ **ဓမ္မေဟိ** = တို့နှင့်၊ **သမန္နာဂတော** = ပြည့်စုံသော၊ **ဗာလော** = ဉာဏ်ပညာကင်းလူဖျင်း
## PAGE 627

လူမိုက်ဖြစ်သော ။ပ။ ဒုကနိပါတ် စာပိုဒ် (၁၃၅)ကြည့်ဆို] **ပသဝတိ**- မိမိသန္တာန်၌ဖြစ်စေ၏၊ **ဝါ**=ရရှိ၏။ **ကတမေဟိ**=အဘယ်မည်ကုန်သော၊ **တိဟိ**=ကုန်သော၊ (**ဓမ္မေဟိ**=တရားတို့နှင့်၊ **သမန္နာဂတော**=သော၊ **ဗာလော**။ပ။ **ပရိဟရတိ**=ပြုစုစောင့်ရှောက်သနည်း ။ပ။ **သာနုဝန္နော စ**=သည်လည်းကောင်း၊ **ဟောတိ**=ဖြစ်သနည်း။ပ။ **ပသဝတိ**=မိမိသန္တာန်၌ဖြစ်စေသနည်း) **အကုသလေန**=သော၊ **ကာယကမ္မေန**=နှင့်လည်းကောင်း။ပ။ **မနောကမ္မေန** နှင့်လည်းကောင်း။

(**သမန္နာဂတော**=သော၊ **ဗာလော**။ပ။ **ပရိဟရတိ**=ပြုစုစောင့်ရှောက်၏။ပ။ **ဟောတိ**-ဖြစ်၏။ပ။ **ပသဝတိ**-မိမိသန္တာန်၌ဖြစ်စေ၏) **ဘိက္ခဝေ**=တို့၊ **တီဟိ**=ကုန်သော၊ **ဣမေဟိ ဓမ္မေဟိ**=ဤတရားတို့နှင့်၊ **သမန္နာဂတော**=သော၊ **ဗာလော**=သော ပ။ **ပသဝတိ**-၏၊ **ဝါ**=ရရှိ၏ ပ။ အဋ္ဌမံ။

#### ၉-ဝန္ဒနာသုတ်

**၁၅၅။** (စာပိုဒ်)။ **ဘိက္ခဝေ**=တို့၊ **ဝန္ဒနာ**=ရှိခိုးခြင်းတို့သည်။ **ဣမာ တိသော**=ဤသုံးမျိုးတို့တည်း။ပ။ **ကာယေန**=ကိုယ်ဖြင့်၊ **ဝါ**=ကာယဒွါရဖြင့်၊ (**ဝန္ဒနာ**=ရှိခိုးခြင်းလည်းကောင်း) **ဝါစာယ**=နှုတ်ဖြင့်၊ **ဝါ**=ဝစီဒွါရဖြင့်၊ (**ဝန္ဒနာ**=လည်းကောင်း) **မနသာ**=စိတ်ဖြင့်၊ **ဝါ**=မနောဒွါရဖြင့်၊ (**ဝန္ဒနာ**=လည်းကောင်းတည်း)။ နဝမံ။

#### ၁၀-ပုဗ္ဗဏှသုတ်

**၁၅၆။** **ဘိက္ခဝေ** တို့ **ယေ သတ္တာ**-အကြင်သတ္တဝါတို့သည်၊ **ပုဗ္ဗဏှသမယံ**=နံနက်အခါ၌၊ **ကာယေန**=ကိုယ်ဖြင့်၊ **ဝါ**=ကာယဒွါရဖြင့်၊ **သုစရိတံ**=သုစရိတ်ကုသိုလ်ကို၊ **ဝါ**=ကောင်းစွာကျင့်အပ်သော ကုသိုလ်ကာယကံသုံးပါးကို၊ **စရန္တိ**=ကျင့်ကြကုန်၏၊ **ဝါစာယ**=နှုတ်ဖြင့်၊ **ဝါ**=ဝစီဒွါရဖြင့်၊ **သုစရိတံ**= သုစရိတ် ကုသိုလ်ကို၊ **ဝါ**=ကောင်းစွာကျင့်အပ်သောကုသိုလ်ဝစီကံလေးပါးကို၊ **စရန္တိ**=၏၊ **မနသာ**=စိတ်ဖြင့်၊ **ဝါ**=မနောဒွါရဖြင့်၊ **သုစရိတံ**=ကို၊ **ဝါ**=ကောင်းစွာ ကျင့်အပ်သော ကုသိုလ်မနောကံသုံးပါးကို၊ **စရန္တိ**-၏၊ **ဘိက္ခဝေ**=တို့၊ **တေသံ သတ္တာနံ**= (သုစရိတ်ကုသိုလ်ကိုကျင့်သော) ထိုသတ္တဝါတို့၏၊ **ဝါ**-တို့မှာ၊ **သုပုဗ္ဗဏှာ**=ကောင်းသောနံနက်ခင်းသည်၊ **ဟောတိ**=၏)။ပ။ **မဇ္ဈန္တိကသမယံ**=နေ့လယ်ပိုင်းအချိန်၌ ပ။ **ဘိက္ခဝေ**=တို့၊ **တေသံ သတ္တာနံ**=တို့၏၊ **ဝါ**=တို့မှာ၊ **သုမဇ္ဈန္တိကော**=ကောင်းသော နေ့လယ်ပိုင်းအချိန်သည်၊ (**ဟောတိ**)။ပ။ **သာယနှသမယံ**=ညနေချမ်းအချိန်၌ ။ပ။ **သုသာယာ**=ကောင်းသောညနေခင်းသည်၊ (**ဟောတိ**) **ဣတိ** (**အဝေါစ**=မိန့်တော်မူပြီ) ဒသမံ။

