## PAGE 628

[ဂါထာ] (**ပူရိတသုစရိတဓမ္မဒိဝသေ**=ဖြည့်ကျင့်အပ်သော သုစရိတ်တရားရှိရာ နေ့အခါ၌၊ **အဿ**=ထိုသုစရိတ်တရားတို့ကို ဖြည့်ကျင့်သောပုဂ္ဂိုလ်၏၊ **ဝါ**=မှာ၊ **သဒါ**=အမြဲခပ်သိမ်း) **သုနက္ခတ္တံ**=ကောင်းသောနက္ခတ်မည်သည်၊ (**ဟောတိ**=ဖြစ်တော့၏) **သုမင်္ဂလံ**=ကောင်းသောမင်္ဂလာမည်သည်လည်းကောင်း၊ **သုပ္ပဘာတံ**=ကောင်းသောမိုးသောက် အလင်းရောက်ချိန်သည်လည်းကောင်း၊ **သုဟုဋ္ဌိတံ**=ကောင်းစွာအိပ်ရာမှထခြင်းသည်လည်းကောင်း၊ **သုခဏော**=ကောင်းသော ခဏသည်လည်းကောင်း၊ **ဝါ**=ကောင်းသော လက်ဖျစ်ဆယ်တွက်အခိုက်အတန့်သည်လည်းကောင်း၊ **သမုဟုတ္တော စ**=ကောင်းသောမုဟုတ်အချိန်ပိုင်းသည် လည်းကောင်း၊ (**သဒါ**=အမြဲခပ်သိမ်း၊ **ဟောတိ**=ဖြစ်တော့၏) (**တဒါ**=သုစရိတ် တရားတို့ကိုဖြည့်ကျင့်ရာ ထိုနေ့အခါ၌၊ **အဿ**=ထိုပုဂ္ဂိုလ်၏) **ဗြဟ္မစာရီသု** =မြတ်သောအကျင့်ကို ကျင့်သော သူတော်ကောင်းတို့၌၊ **ဝါ**=တို့အား၊ (**ဒိန္န ဒါနံ**=ပေးလှူအပ်သော အလှူသည်) **သုယိဋ္ဌံ**=ကောင်းစွာပေးလှူ ပူဇော်အပ်သည်မည်သည် (**ဟောတိ**=ဖြစ်၏)။

ဤ၌ ပူရိတသုစရိတဓမ္မဒိဝသေပုဒ်ကား အဋ္ဌကထာပါဌ်တို့ကို ချုံး၍ထည့်ထားအပ်သော ပါဌသေသတည်း၊ အဿ,သဒါ,ဟောတိ, တဒါ, ဒိန္နဒါနံပုဒ်တို့ကား အဋ္ဌကထာမှတိုက်ရိုက်ယူထားအပ်သော ပါဌသေသတို့တည်း]။

(**တံ ဒိဝသံ**-ထိုနေ့၌၊ **အဿ**=ထိုပုဂ္ဂိုလ်၏) **ကာယကမ္မံ**=ကာယကံသည်၊ **ပဒက္ခိဏံ**=ကြီးပွားတိုးတက်သော ကာယကံသည်၊ (**ဟောတိ**=ဖြစ်၏) **ဝါစာကမ္မံ**=ဝစိကံသည်၊ **ပဒက္ခိဏံ**=ကြီးပွားတိုးတက်သော ဝစီကံသည်၊ (**ဟောတိ**=၏) **မနောကမ္မံ**=မနောကံသည်၊ **ပဒက္ခိဏံ**=ကြီးပွားတိုးတက်သော မနောကံသည်၊ (**ဟောတိ**) **ပဒက္ခိဏေ** (**ပဒက္ခိဏေသု**)=ကြီးပွားတိုးတက်ကုန်သော၊ **တေ** (**တေသု**)=ထိုကာယကံစသည်တို့၌၊ **ပဏိဓိ**=မိမိကိုယ်နှုတ်စိတ်တို့ကို ထားခြင်းသည်၊ (**ဟောတိ**=၏) **တေ**=ထိုပုဂ္ဂိုလ်တို့သည်၊ **ပဒက္ခိဏာနိ**=ကြီးပွားတိုးတက်သော ကာယကံ စသည်တို့ကို၊ **ကတွာန**=ပြုလုပ်ကြပြီး၍၊ **ပဒက္ခိဏေ**=ကြီးပွားတိုးတက်ကုန်သော၊ **အတ္ထံ**=အကျိုးတို့ကို၊ **လဘန္တိ**=ရကြကုန်၏၊ [**ပဏိဓိ တေ ပဒက္ခိဏေ** ၌ အဋ္ဌကထာမဖွင့်၊ “တေသု ပဒက္ခိဏေသု”ဟု ဗဟုဝုစ်ဆိုလိုလျက် ဧကဝုစ်ပြောင်းထားသည်ဟုကြံပါ]

**တေ** (**တုမှေ**)=ထိုအသင်သူတော်ကောင်းတို့သည်၊ (**ပဒက္ခိဏ ကာယကံ** စသည်ကိုပြုကြသော ထိုအသင်သူတော်ကောင်းတို့သည်) **အတ္ထလဒ္ဓါ**=ရအပ်ပြီးသော အကျိုးစီးပွားရှိကုန်လျက်၊ **သုခိတာ**=ချမ်းသာသုခသို့ ရောက်ကုန်လျက်၊

## PAGE 629

**ဝိရုဠာ**=စည်ပင်ပြန့်ပွားကြကုန်လျက်၊ **သဗ္ဗေဟိ**=အားလုံးကုန်သော၊ **ဉာတိဘိ**=ဆွေမျိုးတို့နှင့်၊ **သာ**=အတူတကွ၊ **အရောဂါ**=ရောဂါမရှိကြကုန်သည်၊ **သုခိတာ**=ကောင်းစွာဖြစ်ပွားသော သုခရှိကြကုန်သည်၊ [**သုခံ သဉ္ဇာတံ ယေသန္တိ သုခိတာ**] **ဟောထ**=ဖြစ်ကြပါစေကုန်သတည်း၊ [**ဟောန္တု**ဟု ပါဌ်ရှိလျှင် “တုမှေ”ထည့်ဆိုဖွယ်မလို၊ “**တေ**-ထိုသူတော်ကောင်းတို့သည်”ဟုဆိုပါ] **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ)

#### ၅-မင်္ဂလဝဂ်

**ပဉ္စမော**=ငါးခုမြောက်သော၊ **မင်္ဂလဝဂ္ဂေါ**=မင်္ဂလဝဂ်တည်း။ပ။

### ၃-တတိယပဏ္ဏာသက

**တတိယော**=သုံးခုမြောက်သော၊ **ပဏ္ဏာသကော**=သုတ်ငါးဆယ်အပေါင်းအစုသည်၊ **သမတ္တော**-ပြီးပြီ။

#### ၆-အစေလကဝဂ်

**၁၅၇-၁၆၃။** **ဘိက္ခဝေ**=ရဟန်းတို့၊ **ပဋိပဒါ**=အကျင့်တို့သည်၊ **ဣမာ တိသော** ဤသုံးမျိုးတို့တည်း၊ **တိဿာ**=သုံးမျိုးတို့ဟူသည်၊ **ကတမာ**=အဘယ်တို့နည်းဟူမူ၊ **အာဂါဠှာ**=ကြမ်းတမ်းသော၊ (လောဘအစွမ်းဖြင့် မြဲမြံဖမ်းချုပ် ကြမ်းကြုတ်သော) **ဝါ**=ကာမသုခ၌ သက်ဝင်နစ်မြုပ်သော၊ **ပဋိပဒါ**=အကျင့်လည်းကောင်း၊ **နိဇ္ဈာမာ**=ခန္ဓာကိုယ်ကို လွန်စွာလောင်မြိုက် အပူတိုက်တတ်သော၊ **ပဋိပဒါ**-လည်းကောင်း၊ **မဇ္ဈိမာ**=(**အာဂါဠာ**နှင့် **နိဇ္ဈာမာ**တို့၏) အလယ်အလတ်၌ဖြစ်သော၊ **ပဋိပဒါ**=လည်းကောင်းတည်း။

**ဘိက္ခဝေ**=တို့၊ **အာဂါဠှာ**=သော၊ **ပဋိပဒါ**=အကျင့်ဟူသည်၊ **ကတမာ စ**=အဘယ်နည်း၊ **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စော**=အချို့သောသူသည်၊ **ကာမေသု**=တို့၌၊ **ဒေါသော**=သည်၊ [ စာပိုဒ်(၁၁၄)ကြည့်] ပ။ **အာပဇ္ဇတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤအကျင့်ကို၊ (ဤသို့အပြစ်မရှိဟုယူဆ၍ အလိုရှိတိုင်း ကာမချမ်းသာ ခံစားခြင်းအကျင့်ကို) **အာဂါဠှာ**-သော၊ **ပဋိပဒါ**=အကျင့်ဟူ၍၊ **ဝုစ္စတိ**=ဆိုအပ်၏။ပ။ **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စော**-အချို့ပုဂ္ဂိုလ်သည်၊ **အစေလကော**=အဝတ်မဝတ်သည်၊ (အဝတ်မဝတ်ခြင်း အကျင့်ကို ဆောက်တည်ခြင်းအားဖြင့် ဗလာကိုယ်ချည်း အဝတ်မစည်းဘဲ နေသည်) **မုတ္တာစာရော** စွန့်လွှတ်အပ်ပြီးသော ယဉ်ကျေးသောအလေ့အကျင့်ရှိသည်၊ (မတ်တတ်ရပ်လျက် ကျင်ကြီးကျင်ငယ်စွန့်ခြင်း, စားစရာ
## PAGE 630

စားခြင်းစသည်ဖြင့် ရိုင်းစိုင်းစွာပြုကျင့်လျက် အမျိုးကောင်းသားတို့၏ ယဉ်ကျေးမှုကိုပယ်စွန့်သည်။) **ဟတ္ထာပလေခနော**=ထမင်းစားပြီးလတ်သော် လျှာဖြင့် လက်ကိုလျက်တတ်သည်၊ ဝါ=ကျင်ကြီးစွန့်ပြီးလတ်သော် မစင်ကိုလက်ဖြင့်သုတ်သင်တတ်သည်။

**နဧဟိဘဒန္တိကော**=ဆွမ်းခံကြွလာတော်မူပါဦးဘုရားဟု ပင့်လျှောက်အပ်လတ်သော် မကြွလာသည်၊ **နတိဋ္ဌဘဒန္တိကော**=(မကြွလာလိုလျှင်) ရပ်တော်မူပါဦးဘုရားဟု လျှောက်အပ်သော်လည်းမရပ်သည်။ ဟောတိ=ဖြစ်၏၊ အဘိ ၁။

**နဧဟိဘဒန္တိကော**။ ။ “**ဘဒန္တေ**=အရှင်ဘုရား၊ **ဧဟိ**=ဆွမ်းခံကြွလာပါဦး” ဤမျှသာ **ဧဟိဘဒန္တ** ပုဒ်၏ မူရင်းအနက် ဖြစ်၏၊ သို့သော် ဤနေရာ၌ **ဧဟိဘဒန္တ** သဒ္ဒါသည် နဂိုမူရင်းသဒ္ဒါကို အတုပြုထားသော အနုကရဏသဒ္ဒါ ဋ္ဌိသဒ္ဒါဖြစ်ရကား ယင်းသို့ ဆွမ်းခံကြွလာရန် ဖိတ်မန်ခြင်းကြောင့် ဆွမ်းခံကြွလာခြင်း အစီအစဉ် (ဝိဓိ)တိုင်အောင် ကာရဏူပစာရအားဖြင့် “**ဧဟိဘဒန္တ**”ဟု ဆိုရ၏။

ထို့နောက် **ဧဟိဘဒန္တ စရတီတိ ဧဟိဘဒန္တိကော** (ဆွမ်းခံကြွလာတော်မူပါဦးဟု လျှောက်ထားလတ်သော် ဆွမ်းခံကြွလာမှု အစီအစဉ်ကို ပြုကျင့်သောပုဂ္ဂိုလ်)ဟူ၍ တဒ္ဓိတ်ဝစနတ္ထပြု၊ “**ဧဟိပဿံ**=လိုက်ခဲ့စမ်းပါ၊ ကြည့်ရှုလှည့်စမ်းပါဟု ဖိတ်ခေါ်မှု အစီအစဉ်ကို၊ **အရဟတိ**=ထိုက်တန်၏၊ **ဣတိ**=ထို့ကြောင့်၊ **ဧဟိပဿိကော**=ဧဟိပဿိကမည်၏”ဟူသော တရားဂုဏ်တော်ပုဒ်နှင့် အတူတူပင်ဖြစ်၏။

သို့သော် ယင်းသို့ နသဒ္ဒါမကြံဘဲ “**ဧဟိပဿဣတိ** (ဣမံ ဝိဓိ) **အရဟတီတိ ဧဟိပဿိကော**”ဟူ၍ အလယ်ကြားခံ **ဣတိ**သဒ္ဒါဖြင့် ဝစနတ္ထပြုနည်းလည်း ရှိသေး၏ ၊ **ဧဟိဘဒ္ဒန္တိကော**၌လည်း ထိုနည်းရသင့်၏။

တိတ္ထိယတို့သည် ယင်းသို့ ဒါယကာတို့၏ ဆွမ်းခံပင့်လျှောက်မှုကို လက်မခံကြ၊ ရသေ့ရဟန်းတို့မည်သည် သူတစ်ပါးစကားကို မလိုက်နာကောင်းဟု အယူရှိကြသတတ်၊ ထို့ကြောင့် **နပဋိသေဓ**ဖြင့် “**နဧဟိဘဒန္တိကော**”ဟု အစေလကတိတ္ထိယတို့၏ အကျင့်ပဋိပဒါကို ဟောတော်မူသည်။

**ဧဟိ ဘဒန္တေ**တိ ဝုတ္တေ **ဥပဂမနုသင်္ခါတော ဝိဓိ ဧဟိဘဒန္တော**၊ **တံ အရဟတီတိ ဧဟိဘဒန္တိကော**၊ **တပ္ပဋိက္ခေပေန နဧဟိဘဒန္တိကော** (ဤသုတ်နိဒါန်းစသည်)။ **ရူဠှိသန္ဓေန စေတ္ထ တဒ္ဓိတသိဒ္ဓိ၊ ယထာ ဧဟိပဿိကောတိ**။

သီလက္ခန်ဋီကာသစ်၊ ဒု-၃၅၄ (မဟာသီဟနာဒသုတ်)၊ .

