## PAGE 631

#### ၆-အစေလကဝင်

**ဟဋံ**=မိမိမရောက်မီကြိုတင်၍ ဆောင်ယူထားအပ်သော ထမင်းကို၊ (န သာဒိယတိ=မခံယူ) **ဥဒ္ဒိဿကတံ**= မိမိကိုရည်စူး၍ စီမံပြုလုပ်ထားအပ်သော ထမင်းကို (န သာဒိယတိ=မခံယူ) **နိမန္တနံ**=ပင့်ဖိတ်လှူဒါန်းအပ်သော ထမင်းကို၊ န သာဒိယတိ=မခံယူ။

သော=ထိုပုဂ္ဂိုလ်သည်၊ **ကုမ္ဘီမုခါ**=ထမင်းထည့်စရာ အိုးအဝမှ၊ (ဥဒ္ဓရိတွာ=ထုတ်ဆောင်၍၊ ဒီယမာနဘိက္ခမ္ပိ=ပေးလှူအပ်သော ထမင်းကိုလည်း) န ပဋိဂ္ဂဏှာတိ=မခံယူ၊ **ကဠောပိမုခါ**=ထမင်းချက်အိုး, ထမင်းထည့်တောင်းအဝမှ၊ (ဥဒ္ဓရိတွာ=၍၊ ဒီယမာနဘိက္ခမ္မိ=ကိုလည်း) န ပဋိဂ္ဂဏှာတိ--မခံယူ။

**ဧဠကံ**=တံခါးခုံကို၊ **အန္တရံ**=ဆီးတားခြားသည်ကို၊ (ကတွာ=ပြု၍၊ ဒီယမာနဘိက္ခမ္မိ န ပဋိဂ္ဂဏှာတိ) **ဒဏ္ဍံ**=ဒုတ်ကို၊ **အန္တရံ**=ကို (ကတွာ ဒီယမာနဘိက္ခမ္ပိ န ပဋိဂ္ဂဏှာတိ) **မုသလံ**=ကျည်ပွေ့ကို၊ **အန္တရံ** (ကတွာ ဒီယမာနဘိက္ခမ္ပိ န ပဋိဂ္ဂဏှာတိ)။

**ဒွိန္နံ**=နှစ်ယောက်သောသူတို့သည်၊ **ဘုဉ္စမာနာနံ**=စားနေကြကုန်စဉ်၊ (ဧကသ္မိံ=တစ်ယောက်သည်၊ ဥဋ္ဌာယ=ထ၍၊ ဒေန္တေ =ပေးလူလတ်သော်) န ပဋိဂ္ဂဏှာတိ=မခံယူ၊ **ဂဗ္ဘိနိယာ**=ကိုယ်ဝန်ဆောင်မိန်းမသည်၊ (ဒီယမာဘိက္ခမ္ပိ န ပဋိဂ္ဂဏှာတိ) **ပါယမာနာယ**=ကလေးနို့တိုက်နေသော မိန်းမသည်၊ (ဒီယမာနဘိက္ခမ္ပိ န ပဋိဂ္ဂဏှာတိ) **ပုရိသန္တရဂတာယ**=ယောကျ်ားအနီး၌ ရောက်နေသောမိန်းမသည်၊ (ဒီယမာနဘိက္ခမ္ပိ န ပဋိဂ္ဂဏှာတိ) [**ပုရိသန္တရဂတာယာတိ ပုရိသသမီပဂတာယ**။ မူလပဏ်ဋီ၊ ဒု၊ ၃၅]

**သင်္ကတ္တိသု**=လူအများ ပေါင်းစုကြွေးကြော်နှိုးဆော်၍ စီမံပြုလုပ်အပ်သော ထမင်းတို့ကို၊ (ဒီယမာနာသု=ပေးလှူအပ်ကုန်လတ်သော်၊ န ပဋိဂ္ဂဏှာတိ=မခံယူ) ယတ္ထ=အကြင် အရပ်၌၊ သာ=ခွေးသည်၊ **ဥပဋ္ဌိတော**=အနီးအပါး၌ စောင့်မျှော်တည်နေသည်။ ဟောတိ=ဖြစ်အံ့၊ (တတ္ထ-ထိုအရပ်၌၊ အာဟဋံ-ခွေးအား မပေးဘဲဆောင်ယူလာခဲ့သော ထမင်းကို၊ န ပဋိဂ္ဂဏှာတိ)

ယတ္ထ=အကြင်အရပ်၌၊ မက္ခိကာ=ယင်ကောင်တို့သည်၊ **သဏ္ဍသဏ္ဍစာရိနီ**=အစုလိုက် အစုလိုက် လှည့်လည်ကြကုန်အံ့၊ (တတော=ထိုအရပ်မှ၊ အာဟဋံ=ဆောင်ယူခဲ့သော ထမင်းကို၊ န ပဋိဂ္ဂဏှာတိ)။

**မစ္ဆ**=ငါးကို၊ (န ပဋိဂ္ဂဏှာတိ) **မံသံ**-အသားကို၊ (န ပဋိဂ္ဂဏှာတိ) **သုရံ**=သေရည်ကို၊ (နပိဝတိ-မသောက်) **မေရယံ**=အရက်ကို၊ (န ပိဝတိ=မသောက်) **တုသောဒကံ**=ဆံပုံးရည်ကို၊ န ပိဝတိ=မသောက်။

သော=ထိုပုဂ္ဂိုလ်သည်။ **ဧကာဂါရိကော ဝါ**=တစ်အိမ်တည်းကိုသာ ဆွမ်းခံသည်လည်း၊ (ဟုတွာ=ဖြစ်၍) **ဧကာလောပိကော**=ဆွမ်းတစ်လုတ်တည်းဖြင့်သာ မျှတနေနိုင်သည်၊

## PAGE 632

ဟောတိ=ဖြစ်၏။ **ဒွါဂါရိကော ဝါ**=နှစ်အိမ်ကိုသာ ဆွမ်းခံသည်လည်း (ဟုတွာ) **ဒွါလောပိကော**=ဆွမ်းနှစ်လုတ်ဖြင့်သာ မျှတနေနိုင်သည်၊ ဟောတိ=၏။

[ဤနေရာ၌ ပေယျာလထိုးထား၏၊ ဖော်လိုလျှင်- **တျာဂါရိကော ဝါ**=သုံးအိမ်ကိုသာ ဆွမ်းခံသည်လည်း၊ ဟုတွာ=ဖြစ်၍၊ **တျာလောပိကော**=ဆွမ်းသုံးလုတ်ဖြင့်သာ မျှတနေနိုင်သည်၊ ဟောတိ=၏၊ **စတုရာဂါရိကော ဝါ**=လေးအိမ်.......သည်၊ ဟုတွာ **စတုရာလောပိကော** ဟောတိ။ **ပဉ္စာဂါရိကော ဝါ** ဟုတွာ **ပဉ္စာလောပိကော** ဟောတိ။ **ဆာဂါရိကော ဝါ** ဟုတွာ **ဆာလောပိကော** ဟောတိ၊ ဤသို့ဖော်ဆိုပါ]

**သတ္တာဂါရိကော ဝါ**=ခုနစ်အိမ်ကိုသာ ဆွမ်းခံသည်လည်း (ဟုတွာ) **သတ္တာလောပိကော**=ဆွမ်းခုနစ်လုတ်ဖြင့်သာ မျှတနေနိုင်သည်၊ ဟောတိ-၏။

**ဧကိဿာ**=တစ်ခုသော၊ **ဒတ္တိယာပိ**=(နှစ်လုတ်သုံးလုတ်မျှသာဆံ့သော) ဆွမ်းခွက်ငယ်ဖြင့်လည်း၊ **ယာပေတိ**=မျှတနေထိုင်၏၊ **ဒွိဟိ**=နှစ်ခုကုန်သော၊ **ဒတ္တီဟိပိ**=ဆွမ်းခွက်ငယ်တို့ဖြင့်လည်း၊ **ယာပေတိ**=၏။ပ။ **သတ္တဟိ**- ခုနစ်ခုကုန်သော၊ **ဒတ္တိဟိပိ**=လည်း၊ **ယာပေတိ**=၏၊ **ဧကာဟိကမ္ပိ**=တစ်ရက်ခြားသည်လည်းဖြစ်သော၊ ဝါ= တစ်ရက်မစားဘဲနေပြီးမှလည်း၊ အာဟာရံ= အာဟာရကို၊ အာဟာရေတိ-စား၏၊ [ထမင်းကို တစ်ရက်ခြား စား၏ဟူလို]။

**ဒွါဟိကမ္ပိ**=နှစ်ရက်ခြားရှိသည်လည်းဖြစ်သော၊ အာဟာရံ=ကို၊ အာဟာရေတိ’၏။ **သတ္တာဟိကမ္ပိ**=ခုနစ်ရက်ခြား ရှိသည်လည်းဖြစ်သော၊ ဝါ=ခုနစ်ရက် မစားဘဲနေပြီးမှလည်း၊ အာဟာရံ=ကို၊ အာဟာရေတိ=၏၊ ဣတိ=ဤနည်းအားဖြင့်၊ **ဧဝရူဝံ**=ဤသို့သဘောရှိသော၊ **အဒ္ဓမာသိကမ္ပိ**=တစ်လထက်ဝက် (၁၅)ရက်အကွာအခြား ရှိသည်လည်း ဖြစ်သော၊ **ပရိယာယ ဘတ္တဘောဇနာနုယောဂီ**=ရက်အလှည့် အကြိမ်အားဖြင့် ထမင်းစားခြင်းကို ထပ်တလဲလဲအားထုတ်မှ ဝီရိယကို၊ အနုယုတ္တော=အားထုတ်လျက်၊ ဝိဟရတိ=နေ၏။

သော=ထိုပုဂ္ဂိုလ်သည်၊ **သာကဘက္ခောပိ**=ဟင်းရွက်စိမ်းကို စားသည်လည်း၊ ဟောတိ=ဖြစ်၏၊ **သာမာကဘက္ခောပိ**=လမန်းမြက်သီးဆန်ကို စားသည်လည်း၊ ဟောတိ=၏ ။ [စာပိုဒ် ၉၄ ကြည့်] **ဝနမူလဖလာဟာရော**= တောသစ်မြစ်,သစ်သီးဟူသော အစာ အာဟာရရှိသည်။ (ဟုတွာ=ဖြစ်၍) **ပဝတ္တဖလဘောဇီ**=အလိုလိုကြွေကျသော သစ်သီးကိုစားလျက်၊ ယာပေတိ=မျှတနေထိုင်၏။

သော-ထိုပုဂ္ဂိုလ်သည်၊ **သာဏာနိပိ**=ပိုက်ဆံလျှော်ချည်အဝတ်တို့ကို
## PAGE 633

#### ၆-အစေလကဝဂ်

**ဓာရေတိ**=ဆောင်၏၊ **ဝါ**=ဝတ်ရုံ၏၊ **မသာဏာနိပိ**=တို့ကိုလည်း၊ **ဓာရေတိ**=၏။ ပ။

**ကေသမဿုလောစကောပိ**=ဆံပင် မုတ်ဆိတ် နုတ်ပယ်တတ်သူသည်လည်း၊ (ဟုတွာ=ဖြစ်၍) **ကေသမဿုလောစနာနုယောဂံ**= ဆံပင် မုတ်ဆိတ်နုတ်ပယ်ခြင်းကို ထပ်တလဲလဲအားထုတ်မှု ဝီရိယကို၊ **အနုယုတ္တော**=အားထုတ်သည်၊ **ဟောတိ**=၏၊ **ဥက္ကဋ္ဌကောပိ**=အထက်၌ မတ်မတ်ရပ်တည်နေသည်လည်း၊ (ဟုတွာဖြစ်၍) **အာသနပဋိက္ခိတ္တော**=ထိုင်ခြင်း ဣရိယာပုထ်ကိုပယ်စွန့်သည်၊ **ဟောတိ**-၏။

ဥက္ကဋ္ဌကာ ဟောန္တိတိ ဥဒ္ဓံယေဝ ဌိတကာ ဟောန္တိ အနိသိန္နာ။ မူလပဏ္ဏာသ၊ ပ–၃၆၈။

ဥက္ကဟူသော နိပါတ်ပုဒ်သည် ဥက္ကုဇ္ဇာဏုမဏ္ဍလပုဒ်၌ကဲ့သို့ ဥဒ္ဓံသဒ္ဒါနှင့် အနက်တူ၏။

**ဥက္ကဋိကောပိ**=ဆောင့်ကြောင့်ထိုင်မှု ကျင့်ဝတ်ရှိသည်လည်း၊ (ဟုတွာဖြစ်၍) **ဥက္ကဋိကပ္ပဓာနံ** =ဆောင့်ကြောင့်ထိုင်ခြင်းအလုပ် အားထုတ်မှုကို၊ **အနုယုတ္တော**=သည်၊ **ဟောတိ**=၏၊ **ကဏ္ဋကာပဿယိကောပိ**=ဆူးတည်းဟူသော အိပ်ရာပေါ်၌ သွားရပ်ထိုင်မှ ပြုလုပ်သည်လည်း၊ **ဟောတိ**-၏၊ **ကဏ္ဋကာပဿ** ဆူးတည်းဟူသော အိပ်ရာပေါ်၌၊ **သေယျ**=အိပ်ခြင်းကို၊ **ကပ္ပတိ**=ပြုလုပ်၏။

**သာယတတိယကမ္ပိ**=ညနေချမ်းဟူသော သုံးကြိမ်မြောက်ရှိသည်လည်းဖြစ်သော၊ ဝါ နံနက်, နေ့လယ်, ညနေအားဖြင့် သုံးကြိမ်တိတိရှိသည်လည်းဖြစ်သော၊ **ဥဒကောရောဟဏာနုယောဂံ**=(မကောင်းမှုတို့ကို မျှောခြင်းငှာ) ရေသို့သက်ဆင်းခြင်းအလုပ်ကို အထပ်ထပ်အားထုတ်မှုကို၊ **အနုယုတ္တော**=အားထုတ်လျက်၊ **ဝိဟရတိ**=နေ၏။

**ဣတိ**=ဤနည်းအားဖြင့်၊ **ဧဝရူပံ**=ဤသို့သဘောရှိသော၊ **အနေကဝိဟိတံ**=များသော အမျိုးအစား အကွဲအပြားရှိသော၊ **ကာယဿ** ခန္ဓာကိုယ်ကို၊ **အာတာပနပရိတာပနာနုယောဂံ**= ဆင်းရဲပူပန်စေခြင်း, အထပ်ထပ်ဆင်းရဲပူပန်စေခြင်း အလုပ်ကို ထပ်တလဲလဲ အားထုတ်မှုကို၊ **အနုယုတ္တော**=လျက်၊ **ဝိဟရတိ**=နေ၏၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်ခြင်းအကျင့်ကို၊ **နိဇ္ဈာမ**=သော၊ **ပဋိပဒါ**=အကျင့်ဟူ၍၊ **ဝုစ္စတိ**=ဆိုအပ်၏။

**ဘိက္ခဝေ**=တို့၊ **မဇ္ဈိမာ**=သော၊ **ပဋိပဒါ**-ဟူသည်၊ **ကတမာစ**=နည်း၊ **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤသာသနာတော်၌၊ ဝါ-ဤသာသနာတော်က၊ **ဘိက္ခု**=ရဟန်းသည်၊ **အာတာပီ**=ကိလေသာတို့ကို ပူပန်လောင်ကျွမ်းစေတတ်သော သမ္မပ္ပဓာန်ဝီရိယရှိသည်၊ **သမ္ပဇာနော**=ဟုတ်မှန်စွာသိသည်။ **ဝါ**=သည်၊ [ဧကက

