## PAGE 634

နိပါတ်စာပိုဒ် (၃၉၀)ကြည့် **သတိမာ**=သည်၊ (ဟုတွာ=ဖြစ်၍) **လောကေ**=၌၊ **အဘိဇ္ဈာဒေါမနဿံ**=ကို၊ **ဝိနေယျ**=၍၊ **ကာယေ**=၌၊ **ကာယာနုပဿီ**=လျက်၊ **ဝိဟရတိ**=နေ၏၊ ဤ၌ “စေ”သဒ္ဓါ မပါခြင်းသာ ထူး၏]

**အာတာပီ**=သည်၊ **သမ္ပဇာနော**=သည်၊ **သတိမာ**=သည်၊ (ဟုတွာ) **လောကေ**=၌၊ **အဘိဇ္ဈာဒေါမနဿံ**=ကို၊ **ဝိနေယျ**=၍၊ ဝေဒနာသု-တို့၌၊ **ဝေဒနာနုပဿီ**=လျက်၊ **ဝိဟရတိ**=၏ [စိတ္တအတွက်လည်း ဧကကနိပါတ်ကိုကြည့်ပြီး ဖော်ဆိုပါ]။ ပ။ **ဓမ္မာနုပဿီ**=လျက်၊ **ဝိဟရတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤကာယာနုပဿနာ စသောအကျင့်ကို၊ **မဇ္ဈိမာ**=အလယ်အလတ်ဖြစ်သော၊ (ကာမဂုဏ်ချမ်းသာကို ခံစားမှ အာဂါဠပဋိပဒါနှင့် ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်မှု နိဇ္ဈာမပဋိပဒါဟူသော အကျင့်ယုတ် အစွန်းနှစ်ဖက်သို့ မရောက်သဖြင့် အလယ်အလတ်၌ဖြစ်သော၊ ဝါ=သဿတ, ဥစ္ဆေဒဟူသော အစွန်းနှစ်ဖက်သို့မရောက်သဖြင့် အလယ်အလတ်၌ဖြစ်သော) **ပဋိပဒါ**=အကျင့်ဟူ၍၊ **ဝုစ္စတိ**=ဆိုအပ်၏။ ပ။

**ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခု**=သည်၊ **အနုပ္ပန္နာနံ**=ကုန်သော၊ [ဧကကနိပါတ်စာပိုဒ် ၃၉၄ကြည့်] **ပါပကာနံ**=ကုန်သော အကုသလာနံ **ဆန္ဒ**=ကို၊ **ဇနေတိ**=ဖြစ်စေ၏ ၊ **ဝါယမတိ**=လုံ့လပြု၏၊ **ဝီရိယံ**=ကို၊ **အာရဘတိ**=၏၊ **စိတ္တံ**=ကို၊ **ပဂ္ဂဏှာတိ**=၏။ ပဒဟတိ-၏။ ပ။

**ဘာဝနာယ**=ငှာ၊ **ပါရိပူရိယာ**=ငှာ၊ **ဆန္ဒ**=ကို၊ **ဇနေတိ**=၏။ ပ။ ပဒဟတိ-၏၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤသမ္မပ္ပဓာန်လေးပါးအကျင့်တရားကို၊ **မဇ္ဈိမာ**=သော၊ **ပဋိပဒါ**=ဟူ၍၊ **ဝုစ္စတိ**၏။ ပ။

**ဘိက္ခဝေ**=တို့၊ **ဣဓ**=၌၊ **ဘိက္ခု**-သည်၊ ဆန္ဒသမာဓိပဓာနသင်္ခါရသမန္နာဂတံ သော၊ **ဣဒ္ဓိပါဒံ**=ကို၊ **ဘာဝေတိ**=ဖြစ်ပွားစေ၏၊ ဝီရိယသမာဓိပဓာနသင်္ခါရသမန္နာဂတံ=သော။ ပ။ **ဘိက္ခဝေ**=တို့၊ အယံ-ဤဣဒ္ဓိပါဒ်လေးပါးအကျင့်တရားကို၊ **မဇ္ဈိမာ**=သော၊ **ပဋိပဒါ**ဟူ၍၊ **ဝုစ္စတိ**=၏။ ပ။

**သဒ္ဓိန္ဒြိယံ**=သဒ္ဓိန္ဒြေကို **ဘာဝေတိ**=၏၊ အကျယ်ဖွင့်အနက်ကို ဧကကနိပါတ်စာပိုဒ် (၄၀၂) ကြည့်] **ဝီရိယိန္ဒြိယံ**=ဝီရိယိန္ဒြေကို။ ပ။ **သတိန္ဒြိယံ**=သတိန္ဒြေကို။ ပ။ **သမာဓိန္ဒြိယံ**=သမာဓိန္ဒြေကို။ ပ။ **ပညိန္ဒြိယံ**=ပညိန္ဒြေကို၊ **ဘာဝေတိ**=၏။ ပ။

**သဒ္ဓါဗလံ**=သဒ္ဓါဗိုလ်ကို။ ပ။ **သတိသမ္ဗောဇ္ဈင်္ဂ**=သတိသမ္ဗောဇ္ဈင်ကို။ ပ။ **ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂ**=ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို။ ပ။ **ဥပေက္ခာသမ္ဗောဇ္ဈင်္ဂ**= ဥပေက္ခာသမ္ဗောဇ္ဈင်ကို၊ … **ဘာဝေတိ**၏၊ **ဘိက္ခဝေ**=တို့၊ အယံ-ဤဗောဇ္ဈင်ခုနစ်ပါးအကျင့်တရားကို၊ **မဇ္ဈိမာ**=သော၊ **ပဋိပဒါ**=၍၊ **ဝုစ္စတိ**=၏။ ပ။

## PAGE 635

#### ၇-ကမ္မပထပေယျာလ

**ဘိက္ခဝေ**=တို့၊ **ဣဓ**=၌၊ **ဘိက္ခု**=သည်၊ **သမ္မာဒိဋ္ဌိ**=သမ္မာဒိဋ္ဌိမဂ္ဂင်ကို၊ [အကျယ်တဝင့်အနက်ကို ဧကကနိပါတ် စာပိုဒ် (၄၁၉)ကြည့်] **ဘာဝေတိ**=၏၊ **သမ္မာသင်္ကပ္ပံ**=သမ္မာသင်္ကပ္ပမဂ္ဂင်ကို၊ **ဘာဝေတိ**=၏။ ပ။ **သမ္မာသမာဓိ**=သမ္မာသမာဓိမဂ္ဂင်ကို၊ **ဘာဝေတိ**=ဖြစ်ပွားစေ၏၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤမဂ္ဂင်ရှစ်ပါးအကျင့်တရားကို၊ **မဇ္ဈိမာ**=သော၊ **ပဋိပဒါ**=အကျင့်ဟူ၍၊ **ဝုစ္စတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **ပဋိပဒါ**=အကျင့်တို့သည်။ ဣမာ တိသော= ဤသုံးမျိုးတို့ပေတည်း၊ **ဣတိ**=ဤသို့၊ (အဝေါစ=မိန့်တော်မူပြီ) ဆဋ္ဌော= ၆ ခုမြောက်သော၊ အစေလကဝဂ္ဂေါ=အစေလကဝဂ်တည်း။

(၁၇) #### ၇-ကမ္မပထပေယျာလ

(၁၆၄-၁၈၃)။ ဤအခန်းမှ ပုဒ်နက်တို့ကို စာပိုဒ်-၁၁၈နှင့် ၁၄၇၌ လည်းကောင်း၊ အကျယ်တဝင့် အနက်ကို စာပိုဒ်-၇၁-၌လည်းကောင်းကြည့်ပါ]

**အတ္တာ စ**=ကိုယ်တိုင်လည်း၊ ပါဏာတိပါတီ=သည်၊ **ဟောတိ**=၏၊ **ပရဉ္စ**=သူတပါးကိုလည်း၊ ပါဏာတိပါတေ=သတ္တဝါ၊ အသက်ကို သတ်ခြင်း၌၊ သမာဒပေတိ=ကောင်းစွာနာယူကျင့်သုံးစေ၏၊ ပါဏာတိပါတေ=ခြင်း၌၊ သမနုညော စ=ကောင်းစွာခွင့်ပြုမှုရှိသည်လည်း၊ **ဝါ**=သဘောတူသည်လည်း၊ **ဟောတိ**=၏။ ပ။

ပါဏာတိပါတာ=ခြင်းမှ၊ ဝေရမဏိယာ=ရှောင်ကြဉ်ခြင်း၌၊ **ဝါ**=ရှောင်ကြဉ်ကြောင်းဖြစ်သော မဟာကုသိုလ်ဝိရတိ၊ စေတနာ၊ စေတနာသမ္ပယုတ်တရားဟူသော သိက္ခာပုဒ်၌၊ သမာဒပေတိ=၏၊ [ဒုကနိပါတ်စာပိုဒ် (၂၀၁)လည်းကြည့်] ပါဏာတိပါတာ=မှ၊ ဝေရမဏိယာ=၌၊ သမနုညော စ=လည်း၊ ဟောတိ-၏။ ပ။

**အဒိန္နာဒါန**=ခြင်း၌။ ပ။ အဒိန္နာဒါနာ=ခြင်းမှ။ ပ။ ကာမေသုမိစ္ဆာစာရေ=မေထုန်ကာမ အကျင့်တို့၌ ယုတ်မာစွာ ကျင့်ခြင်း၌။ ပ။ ကာမေသုမိစ္ဆာစာရာ=ခြင်းမှ။ ပ။ **ပိသုဏာယ**=သော၊ **ဝါစာယ**=၌၊ သမာဒပေတိ-၏၊ **ပိသုဏာယ**=သော၊ **ဝါစာယ**=၌၊ သမနုညော စ=လည်း၊ **ဟောတိ**-၏။ ပ။

ပိသုဏာယ=သော၊ ဝါစာယ=မှ၊ ဝေရမဏိယာ=၌။ ပ။ **အဘိဇ္ဈာယ**=အလွန်တပ်မက်သော ဝိသမ လောဘ၌၊ သမာဒပေတိ=၏။ ပ။ **အနဘိဇ္ဈာယ**=အဘိဇ္ဈာ၏ ဆန့်ကျင်ဘက် အလောဘတရား၌၊ သမာဒပေတိ-၏။ ပ။ **ဗျာပါဒေ**= စီးပွားချမ်းသာကို =ဖျက်ဆီးတတ်သောဒေါသ၌။ ပ။ **အဗျာပါဒေ**=ဒေါသဗျာပါဒ၏ ဆန့်ကျင်ဘက်
## PAGE 636

**မေတ္တာတရား၌**။ပ။ **မိစ္ဆာဒိဋ္ဌိကော**=မှားယွင်းသော အယူရှိသည်။ပ။ **မိစ္ဆာဒိဋ္ဌိယာ**=မှားယွင်းသောအယူ၌။ပ။ **သမ္မာဒိဋ္ဌိကော**= မှန်ကန်သောဉာဏ်အမြင်ရှိသည်။ပ။ **သမ္မာဒိဋ္ဌိယာ**= မှန်ကန်သော ဉာဏ်အမြင်၌။ပ။ **ကမ္မပထပေယျာလံ**=ကမ္မပထ၏မြှုပ်ကွက်သည်၊**နိဋ္ဌိတံ**=ပြီးပြီ။

#### (၁၈) ၈-ရာဂပေယျာလ

**၁၈၄။** **ဘိက္ခဝေ**=ရဟန်းတို့၊ **ရာဂဿ**=ကာမဂုဏ်ငါးပါး၌ တပ်မက်သော ရာဂကို၊ **အဘိညာယ**=အထူးသိခြင်းငှာ၊ **တယော**=သုံးမျိုးကုန်သော၊**ဓမ္မာ**တရားတို့ကို၊ **ဘာဝေတဗ္ဗာ**=ဖြစ်ပွားစေထိုက်ကုန်၏။

**ကတမေ**= အဘယ်မည်ကုန်သော၊ **တယော**=ကုန်သော၊ (**ဓမ္မာ**=တို့ကို၊ **ဘာဝေတဗ္ဗာ**=ဖြစ်ပွားစေထိုက်ကုန်သနည်းဟူမူ) **သုညတော**=မြဲ၏ဟု နှလုံးသွင်းခြင်းမှ ဆိတ်သုဉ်းသော၊ **သမာဓိ**ဝိပဿနာ သမာဓိကိုလည်းကောင်း၊ **အနိမိတ္တာ**=မြဲ၏ဟုရှုသောအမှတ်အသား မရှိသော်၊ **သမာဓိ**-ဝိပဿနာ သမာဓိကိုလည်းကောင်း၊ **အပ္ပဏိဟိတော**=မြဲ၏ဟူသော စွဲလမ်းတောင့်တမှု မရှိသော၊ **သမာဓိ**=ဝိပဿနာသမာဓိကိုလည်းကောင်း၊ (**ဘာဝေတဗ္ဗာ**=ဖြစ်ပွားစေထိုက်ကုန်၏) **ဘိက္ခဝေ**=တို့၊**ရာဂဿ**=ကို အဘိညာယ=ငှာ၊ **တယော**=ကုန်သော၊ **ဣမေ ဓမ္မာ**ဤတရားတို့ကို၊ **ဘာဝေတဗ္ဗာ**=ကုန်၏။

မျဉ်းကြောင်းအောက်မှ ပါဠိများကိုလည်း အနက်ပေးဦးအံ့’

**သဝိတက္က သဝိစာရော**=ဝိတက်နှင့်လည်း တကွဖြစ်, ဝိစာရနှင့်လည်းတကွဖြစ်သော၊ **သမာဓိ**=ဈာန်သမာဓိကိုလည်းကောင်း၊ **အဝိတက္ကဝိစာရမတ္တော**=ဝိတက်မရှိမူ၍ ဝိစာရဟူသော အတိုင်းအတာ ပမာဏရှိသော၊ **သမာဓိ**=ဈာန်သမာဓိကိုလည်းကောင်း၊ **အဝိတက္က အဝိစာရော**=ဝိတက်လည်းမရှိ, ဝိစာရလည်းမရှိသော၊ **သမာဓိ**=ဈာန်သမာဓိကိုလည်းကောင်း (**ဘာဝေတဗ္ဗာ**=ကုန်၏။ပ။)

= **ဘိက္ခဝေ**=တို့၊ **ရာဂဿ**=ကို၊ **ပရိညာယ**=ပိုင်းခြားသိခြင်းငှာ။ **တယော**=ကုန်သော၊ **ဓမ္မာ**=တို့ကို၊ **ဘာဝေတဗ္ဗာ**=ကုန်၏၊ ထို့နောက် “**ကာမေ** **သုညတော သမာဓိ**” စသည်ဖြင့် ဆိုပါ]။

**ဘိက္ခဝေ**=တို့၊**ရာဂဿ**=ရာဂ၏၊ **ပရိက္ခယာယ**=ကုန်ခန်းခြင်းငှာ၊ **တယော**=ကုန်သော၊ **ဓမ္မာ**။ပ။ **ရာဂဿ**=ကို၊ **ပဟာနာယ**-ပယ်ခြင်းငှာ။ပ။ **ရာဂဿ**=၏၊ **ခယာယ**= ကုန်ခန်းခြင်းငှာပ။ **ရာဂဿ**=၏၊ **ဝယာယ**=ပျက်စီးခြင်းငှာ။ပ။ **ဝိရာဂါယ**= ကင်းကွာ

