
<!-- ========== output-1-to-3.md ========== -->

# <mark>သောဠသမကျမ်း</mark>

**<mark>သောဠသမကျမ်း</mark>**

နယူးဘားမားအော့(ဖ်)ဆက်ပိဋကပုံနှိပ်တိုက်
အမရပူရမြို့

## PAGE 2

### မူလတန်း စီစဉ်ရခြင်း၏ အကြောင်း

၁။ အဆင့်အတန်း မခွဲခြားဘဲ စာသင်ရခြင်း၏ အပြစ်ကို ယခုခေတ် စာချပုဂ္ဂိုလ် အများပင် ရိပ်စားမိကြပါပြီ၊ သို့သော် <mark>လက်ရှိ</mark> ဖြစ်နေသော စာမေးပွဲများ၏ အခြေအနေအရ ပြုပြင်ဖို့ ခဲယဉ်းလှသောကြောင့်သာ မပြုပြင်နိုင်ကြသေးဘဲ မိမိတို့ စိတ်ကူးဉာဏ်အားလျော်စွာ ဖြစ်နိုင်သလို စီစဉ်၍ ပို့ချနေကြရပါသည်။

၂။ မိမိကား ထိုသို့ အဆင့်အတန်း မခွဲခြားခြင်း၌ ကြာလေ အပြစ်မြင်လေ ဖြစ်နေပါသောကြောင့် မိမိ၏ နေရာဌာနအတွက် ခန့်မှန်းချက်မျှသာ အတန်း ခွဲခြား၍ ရောက်ခါစ ငယ်ရွယ်သူ မှန်လျှင် မသင် မနေရသော ဤ မူလတန်းကို ကြိုးစား၍ စီစဉ်ပြီးနောက် ကိုယ်တိုင် ပို့ချစမ်းရာ, ယခုအခါ စိတ်ပါ ဝင်စားလောက်သော လွယ်ကူခြင်း၏ အကျိုးကို ရရှိနေပါသည်။

၃။ ထို့ကြောင့် မိမိဌာနအတွက် မသင် မနေရ ဖြစ်သည်အားလျော်စွာ ဤ မူလတန်း သင်ခန်းစာကို လက်ရေးမူအတိုင်း အဆင့်ဆင့် ရေးကူးကြရာ၌ <mark>အမှားအယွင်း</mark> မကင်း, အဖြတ်အတောက် ပိုဒ်ခတ်မှ စ၍ ကျနခြင်းလည်း မရှိသောကြောင့် ထို အပြစ်များကို ထိန်းသိမ်းလိုသော ဆန္ဒဖြင့် ယခုအခါ ပုံနှိပ်အပ်သော ကျမ်းစာအုပ်ငယ် တစ်စောင် အဖြစ်ဖြင့် စီစဉ်လိုက်ရပါသည်။

## PAGE 3

### စီစဉ်ပုံနှင့် ညွှန်ကြားချက်

၄။ ဤ မူလတန်း၌ (က) **ပါဠိသိက္ခာ** (ခ) **သဒ္ဒါကျဉ်း**ဟု ၂ ခန်း ခွဲခြားထား၏၊ ထို ၂ ခန်းလုံး၌ပင် အရကျက်ရမည့် သင်ခန်းစာတို့ကို နည်းနိုင်သမျှ နည်းစေ၍ အတော်အတန် နှုတ်တက်ရုံမျှ အထပ်ထပ် ဖတ်ရမည့် သင်ခန်းစာတို့သာ အများအပြား ပါဝင်အောင် စီစဉ်ထားပါသည်၊ ထို့ပြင် အရေး အဖတ် အပြော ကျွမ်းကျင်စေရန် ပါဠိဖတ်စာကိုလည်း ဖြည့်စွက်ထားပါသည်။

၅။ သို့ဖြစ်၍ ဤ မူလတန်းကို စိတ်ပါဝင်စားသော စာချအရှင်များသည် လောကဓာတ်ကျောင်း၌ ၄ တန်းအောင်ပြီး သို့မဟုတ် ရိုးရိုး ဘုန်းကြီးကျောင်း၌ လောကနီတိအထိ သင်ပြီးသော ငယ်ရွယ်သူ ကလေးများကို ပို့ချသင့်ပါသည်၊ ထိုသို့ ပို့ချရာ၌ ၂ ချိန်ထားလျက် **ပါဠိသိက္ခာ**ကို ပဌမအချိန် ပို့ချ၍ **သဒ္ဒါကျဉ်း**ကို ဒုတိယအချိန်မှာ ပို့ချသင့်ပါသည်။

၆။ ထိုသို့ ပို့ချရာ၌ ဆိုင်ရာ အခန်းဝယ် သင်နည်း မှတ်ချက် ပြထားသည့်အတိုင်း “ဖတ်လည်း ဖတ်, ရေးလည်း ရေး တစ်ခါတစ်ခါ ပုစ္ဆာမေး၍ ဖြေနည်းကိုလည်း ညွှန်ပြကာ” ကြပ်မတ်၍ သင်ပြကြပါလျှင် အလွန် ပျော်ရွှင်စွာဖြင့် အသိဉာဏ် တိုးတက်ကာ စိတ်အား ထက်သန်လျက် အထက် ပါဠိတော်များ၏ အခြေခံကို ဧကန် ရကြပါလိမ့်မည်။

၁၃၁၈ တော်သလင်းလ
<mark>အရှင်တေဇာဘိဝံသ</mark>

<!-- ========== output-4-to-6.md ========== -->

## PAGE 4

**မာတိကာခေါင်းစဉ်**

အကြောင်းအရာ | စာမျက်နှာ
---|---
လွယ်ကူသော ဝိဘတ်နက်များကို ပြရာ - |
**ပထမအခန်း** |
**ပဌမာဝိဘတ်နက်** | ၂
**ကုလျတ်**, **လိင်္ဂတ်** | ၅
**ကတ္တား**နှင့် **ကြိယာ** | ၆
**ဒုတိယာ ဝိဘတ်နက်** | ၁၁
**တတိယာ ဝိဘတ်နက်** | ၁၄
**စတုတ္ထ ဝိဘတ်နက်** | ၁၇
**ပဉ္စမီ ဝိဘတ်နက်** | ၂၁
**ဆဋ္ဌိ ဝိဘတ်နက်** | ၂၅
**စတုတ္ထ**+**ဆဋ္ဌိ**တွဲ | <mark>၂၆</mark>
**သတ္တမီ ဝိဘတ်နက်** | ၂၇
အနက်တူးပြရာ **ဒုတိယအခန်း** |
**န**+**နု**+**နု**+ဝါကျများ | ၂၈
အရတူ **ဝိသေသန** |
**ဒုတိယာ ဝိသေသန** | <mark>၃၅</mark>
**ဒုတိယာ ဝိဘတ်နက်** | ၃၇
**တတိယာ ဝိသေသန** | ၄၀

## PAGE 5

အကြောင်းအရာ | စာမျက်နှာ
---|---
**အနာဒရိယ**+**အနာဒရ** | ၄၁
**လက္ခဏ**+**လက္မ** | ၄၂
**ကံဟောဝါကျ** | ၄၃
အနက်ပေါင်းချုပ် | <mark>၄၈</mark>
**အာချာတ်ဝိဘတ်**နှင့် **ကိတ်**ပစ္စည်း ပြရာ |
**တတိယအခန်း** |
အနာဂတ် **အာချာတ်ဝိဘတ်** | ၅၃
အတိတ် **အာချာတ်ဝိဘတ်** | ၅၆
**ပဉ္စမီ အာချာတ်ဝိဘတ်** | ၅၉
**သတ္တမီ အာချာတ်ဝိဘတ်** | <mark>၆၅</mark>
**ကိတ်ကြိယာ**များ |
**နိပါတ်** **ဥပသာရ**များ |
**သဒ္ဒါကျဉ်း** |
**နာမ်ဂိုဏ်း**အကျဉ်း | ၈၂
**အာချာတ်ဂိုဏ်း**အကျဉ်း | ၁၀၆
**သဒ္ဓိ**အကျဉ်း | ၁၁၂
**သမာသ်**အကျဉ်း | ၁၃၆
**တဒ္ဓိတ်**အကျဉ်း | ၁<mark>၄၈</mark>
**ကိတ်**အကျဉ်း | ၁၇၈
မူလတန်း ပါဠိဖတ်စာ | ၁၈၃

## PAGE 6

### တိုက်တွန်းချက်

(က) **ရတနာ ၃ ပါး**, ဆရာများ, **ဦး</strong>ဖျား** ထိပ်ဝယ် တင်။

(ခ) မူလတန်း၏, သင်ခန်းညို, ပါဠိသဒ္ဒါလွင်။

(ဂ) အကျဉ်းသိခါ, အကျယ်လာ, လွယ်စွာ သိမည်ပင်။

(ဃ) ထို့ကြောင့် မူလ, အကျဉ်းမှ, စ၍ သင်တို့ <mark>သင့်၊</mark>

<!-- ========== output-7-to-9.md ========== -->

## PAGE 7

**ပါဠိသိက္ခာ**

**သရဏဂုံ ၃ ပါး** (<mark>အရကျက်</mark>)

**၁။ ဗုဒ္ဓံ <mark>သရဏံ</mark> <mark>ဂစ္ဆာမိ</mark>** = ဘုရား ကိုးကွယ်ပါ၏။
**၂။ ဓမ္မံ <mark>သရဏံ</mark> <mark>ဂစ္ဆာမိ</mark>** = တရား ကိုးကွယ်ပါ၏။
**၃။ သံဃံ <mark>သရဏံ</mark> <mark>ဂစ္ဆာမိ</mark>** = အရိယာ သံဃာကို ကိုးကွယ်ပါ၏။

---

### <mark>ကြည့်ရှုရန်</mark>
အမှာ ။ ။ <mark>နွံ−ဓမ်’ဃ-စ္ဆာ</mark> တို့ကို ခတ်ပြင်းပြင်း ရွတ်။

“**ဗုဒ္ဓံ**=ဘုရား” ဟု ဆိုရာ၌ သက်တော်ထင်ရှား ဘုရားရှင်ကို မှန်းပါ၊ “**ဓမ္မံ**=တရား” ဟု ဆိုရာ၌ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားနှင့် ပိဋကတ်တရားတော်များကို မှန်းပါ၊ “**သံဃံ**=အရိယာသံဃာ” ဟု ဆိုရာ၌ အရိယာဖြစ်ပြီးသော သံဃာတော်များကို မှန်းပါ။

**ဗုဒ္ဓံ**-မြတ်စွာဘုရားကို၊ **<mark>သရဏံ</mark>**-ကိုးကွယ်ရာ ဟူ၍၊ **<mark>ဂစ္ဆာမိ</mark>**-ဆည်းကပ်ပါ၏, သိမှတ်ပါ၏။ **ဓမ္မံ**-တရားတော်ကို၊ **သံဃံ**-အရိယာ သံဃာတော်ကို၊ **<mark>သရဏံ</mark>**-ကိုးကွယ်ရာဟူ၍၊ **<mark>ဂစ္ဆာမိ</mark>**-ဆည်းကပ်ပါ၏, သိမှတ်ပါ၏။

## PAGE 8

## အခန်း — ပထမအခန်း
[ ဤအခန်း၌ လွယ်ကူသော ဝိဘတ်နက်များကိုသာ ပြထား၏။ ]

**ပဌမာဝိဘတ်နက်** (ကျက်ရန်)

**<mark>အယံ</mark>** - ဤသူ, ဤသူမ၊ ဤဟာ, ဒီဟာ။
**ဣမေ** - ဤသူတို့, ဤသူများ၊ ဤဟာတွေ, ဒီဟာတွေ။
**ဣမာ** - ဤသူမတို့, ဤသူမများ, ဤသူမတွေ။
**တွံ** - သင်, <mark>နင်</mark>, မင်း, ခင်ဗျား, အရှင်ဘုရား။
**<mark>တုမှေ</mark>** - သင်တို့, <mark>နင်</mark>တို့ စသည်။
**အဟံ** - ငါ, ကျွန်ုပ်, ကျွန်တော်, တပည့်တော်။
**မယံ** - ငါတို့, ကျွန်ုပ်တို့ စသည်။

---

### <mark>ကြည့်ရှုရန်</mark>

**<mark>အယံ</mark>**။ ။ လက်ထောက်၍ ပြရလောက်အောင် နီးကပ်သော သက်ရှိအထီး အမနှင့် သက်မဲ့အရာဝတ္ထုကို ပြောသော ဧကဝုစ်ပါဠိ။
**ဣမေ**။ ။ အထီး (အဖို)ကို ပြောသော ဗဟုဝုစ်ပါဠိ။
**ဣမာ**။ ။ အမကို ပြောသော ဗဟုဝုစ်ပါဠိ။
**တွံ**။ ။ မိမိနှင့် အတူပြောနေသူကို ပြောသော ဧကဝုစ်ပါဠိ။
**<mark>တုမှေ</mark>**။ ။ ဗဟုဝုစ်ပါဠိ [ အထီး အမအားလုံးကို သုံးနိုင်၏။ ]
**အဟံ**။ ။ မိမိကို ပြောသော ဧကဝုစ်ပါဠိ။
**မယံ**။ ။ မိမိတို့ကို ပြောသော ဗဟုဝုစ်ပါဠိ။

## PAGE 9

(ကျက်မှတ်ရန်)

**နာမ**-မည်၏။ ။ **<mark>ကိံနာမော</mark>**- အဘယ်အမည် ရှိသနည်း။
**<mark>ကိံနာမာ</mark>**-အဘယ်အမည် ရှိကုန်သနည်း။ [ “အမ”ဖြစ်လျှင် “**<mark>ကိံနာမာ</mark>**-အဘယ်အမည် ရှိသနည်း” ဟု ဧကဝုစ်လည်း သုံးစွဲနိုင်၏။ ]

**မောင်ဝ + နာမ** - မောင်ဝ + မည်၏။
**သာမဏေရာ + နာမ** - သာမဏေတို့ + မည်၏။ [ ကိုရင်တို့ မည်၏။ ]

---

### <mark>ကြည့်ရှုရန်</mark>

“**နာမ**” ဟု ရှိရာ၌ အမြဲ ဧကဝုစ် ပေးပါ၊ “**သာမဏေရာ + နာမ**” သာမဏေတို့ + မည်ကုန်၏” ဟု ဗဟုဝုစ် မပေးနှင့်။

**<mark>ကိံနာမာ</mark>**-ဟု ရှိရာ၌ကား ဗဟုဝုစ် ပေးရသည်။ [ **<mark>ကိံ</mark>** ကို “ကိ” ဟုသာ ဖတ်ပါ၊ “ကိန်း”ဟု ဝိသဇ္ဇနီသံ မပါစေရ၊ **<mark>အယံ</mark>**၌လည်း “အယမ်း”ဟု ဝိသဇ္ဇနီသံ မပါစေရ။ ]

အနက်ပေးရာ၌ ရိုးရိုး နိဿယအတိုင်း “**အာဝုသော သာမဏေရ**-ငါ့ရှင် သာမဏေ၊ **<mark>အယံ</mark> ဒါရကော** - ဤ ကလေးသည်၊ **<mark>ကိံနာမော</mark>** - အဘယ်အမည် ရှိသနည်း” စသည်ဖြင့် ပေးပါ။

မြန်မာပြန်ရာ၌ကား - မြန်မာစကားပြေ ရေးသလို “ဤ ကလေး အဘယ်အမည် ရှိသနည်း” ဟု ပြန်ပါ။

စကားပြောရာ၌မူ “ဒီ ကလေး နာမည် ဘယ်လို ခေါ်သလဲ” ဟု ပြန်ဆိုပါ။ [ **ဒါရိကာ**-ကလေးမ (သူငယ်မ) သတို့သမီး။ ]

<!-- ========== output-10-to-12.md ========== -->

# PAGE 10

ပါဠိကို ကျက်၍ အနက်ပေး, မြန်မာပြန်ပါ

**၁။ အာဝုသော သာမဏေရ! အယံ ဒါရကော <mark>ကိံနာမော</mark>။**
**၂။ ဘန္တေ ဗုဒ္ဓရက္ခိတ! အယံ ဒါရကော မောင်ဝ နာမ။**
**၃။ ဘောတိ ကညေ! အယံ ဒါရိကာ <mark>ကိံ</mark> <mark>နာမာ</mark>။**
**၄။ ဘော ပုရိသ! အယံ ဒါရိကာ မအေးနာမ။**
**၅။ ဘော ဒါရက! တွံ <mark>ကိံ</mark> နာမော။**
**၆။ ဘော သမဏ! အဟံ မောင်လှ နာမ။**
**၇။ ဘောတိ ဒါရိကေ! တွံ <mark>ကိံ</mark> <mark>နာမာ</mark>။**
**၈။ ဘော ပုရိသ! အဟံ မထွေးနာမ။**
**၉။ ဘော သာမဏေရ! အယံ ဝိဟာရော <mark>ကိံနာမော</mark>။**
**<mark>၁၀</mark>။ ဘောန္တော သမဏာ! အယံ ဝိဟာရော ဇေတဝနံ နာမ။**

အာဝုသော, ဘော, ဘန္တေ, ဘောန္တော, ဘောတိ တို့သည် ခေါ်သော ပြန်၍ထူးသော ပုဒ်များတည်း၊ ငယ်သူကို “အာဝုသော-ငါ့ရှင်, ငါ့ရှင်တို့” ဟူ၍လည်းကောင်း, ကြီးသူကို “ဘန္တေ -အရှင်ဘုရား, အရှင်ဘုရားတို့” ဟူ၍လည်းကောင်း သုံးစွဲပါ၊ **အာဝုသော သာမဏေရ**- ငါ့ရှင် သာမဏေ၊ **ဘန္တေ ဗုဒ္ဓရက္ခိတ**- အရှင်ဘုရား ဗုဒ္ဓရက္ခိတ၊ **ဘောန္တော သမဏာ**-အို ရဟန်းတို့။

အမှာ။ ။ ဤအချိန်မှာ သဒ္ဒါကျဉ်း၌လည်း နာမ်ပဒမာလာကို သင်လျက် ရှိပါလိမ့်မည်၊ **သာမဏေရော**, **ဗုဒ္ဓရက္ခိတော**, **ဒါရကော**, **သမဏော** တို့ကို **ပုရိသော** ကဲ့သို့လည်းကောင်း, **ဇေတဝန်** ကို **စိတ္တံ** ကဲ့သို့လည်းကောင်း, **ဒါရိကာ** ကို **ကညာ** ကဲ့သို့လည်းကောင်း နာမ်ဂိုဏ်းကြည့်၍ ရုပ်စဉ်ပါစေ။

## PAGE 11

တုလျတ် = လိင်္ဂတ် = အနက်ပေး, မြန်မာပြန်

**၁။ အယံ <mark>ကိံနာမော</mark>။** ။ **အယံ ဗုဒ္ဓရက္ခိတော နာမ။**
**၂။ ဣမေ <mark>ကိံနာမာ</mark>။** ။ **ဣမေ သာမဏေရာ နာမ။**
**၃။ တွံ <mark>ကိံနာမော</mark>။** ။ **အဟံ မောင်ဝ နာမ။**
**၄။ တုမှေ <mark>ကိံနာမာ</mark>။** ။ **မယံ သမဏာ နာမ။**

---

### ကြည့်ရှုရန်
ကြိယာမ<mark>ပါသော</mark> ဝါကျများ၌ “**အယံ** <mark>နှင့်</mark> **ဗုဒ္ဓရက္ခိတော နာမ**” ကဲ့သို့ ၂ ပုဒ်ကို တူသော အနက်ရှိသောကြောင့် “တုလျတ္ထ=တုလျတ်” ဟု လည်းကောင်း, လိန် အနက်ချည်းသာ ရှိသောကြောင့် “လိင်္ဂတ္ထ=လိင်္ဂတ်” ဟု လည်းကောင်း ခေါ်သည်။

[ဆောင်] ကြိယာမသတ်, တုလျတ်, လိင်္ဂတ် မြဲမှတ်ပါ။

### သင်နည်း။
**<mark>ကိံ</mark>** <mark>ပါသော</mark> ဝါကျတို့သည် အမေးဝါကျ၊ **အယံ ဗုဒ္ဓရက္ခိတော နာမ**-စသော တွဲဖက်ဝါကျတို့သည် အဖြေဝါကျ၊ တပည့်များကို ၂ စုခွဲထားပြီးလျှင် အမေးဝါကျကို တစ်စုအား အဆိုခိုင်း၍, အဖြေဝါကျကို အခြား တစ်စုအား အဆိုခိုင်းပါ၊ မေးတိုင်း ဖြေတိုင်း လက်ညှိုးထိုး၍ ပြပါစေ၊ ဥပမာ- **တွံ** ဟု ဆိုလျှင် ထိုသူ့ကို လက်ညှိုးထိုး၍, **အဟံ** ဟု ဆိုလျှင် <mark>မိ</mark><mark>မိ</mark>ကို လက်ညှိုးညွှန်၍ ဆိုပါစေ။

## PAGE 12

ကတ္တား<mark>နှင့်</mark> ကြိယာ အနက်ပေး, မြန်မာပြန်

ဝိဘတ်။ ။ **တိ**, **အန္တိ**။ ။ **သိ**, **ထ**။ ။ **<mark>မိ</mark>**, **မ**။

**အယံ ဘဝတိ။** ။ **ဣမေ ဘဝန္တိ။**
**တွံ ဘဝသိ။** ။ **တုမှေ ဘဝထ။**
**အဟံ ဘဝါ<mark>မိ</mark>။** ။ **မယံ ဘဝါမ။**

[ဆောင်] အစ ၂ သွယ်, သူ့တွက်ချယ်၊ အလယ် ၂ လုံး, သင့်တွက် သုံး၊ အဆုံး ၂ ချက်, ငါ့ အတွက် ၃ ချက် နားလည်စေ။

---

### ကြည့်ရှုရန်
**တိ** <mark>နှင့်</mark> **အန္တိ** ဟူသော အစဝိဘတ် ၂ သွယ်ကို သူများအတွက် သုံးစွဲရ၏၊ **သိ** <mark>နှင့်</mark> **ထ** ဟူသော အလယ် ၂ လုံးကို သင်, <mark>နင်</mark>, မင်း, ခင်ဗျား, အရှင်ဘုရားတို့အတွက် သုံးစွဲရ၏၊ **<mark>မိ</mark>** <mark>နှင့်</mark> **မ** ဟူသော အဆုံး ၂ လုံးကို ငါ, ကျွန်ုပ်, ကျွန်တော်, တပည့်တော်, ကျွန်မ (<mark>ကျွန်မတို့</mark>) အတွက် သုံးစွဲရသည်။

**အယံ**, **ဣမေ**, **တွံ**, **တုမှေ**, **အဟံ**, **မယံ** တို့ကို “ကတ္တား” ဟု ခေါ်၏၊ **ဘဝတိ**, **ဘဝန္တိ**-စသော ပုဒ်တို့ကို “ကြိယာ” ဟု ခေါ်၏၊ ထိုကတ္တား<mark>နှင့်</mark> ကြိယာ ပေါင်းထားသော (တစ်ရံတစ်ခါ ကြိယာ မ<mark>ပါသော</mark>) စကားတစ်ရပ်ကို “ဝါကျ” ဟု ခေါ်သည်။

<!-- ========== output-13-to-15.md ========== -->

## PAGE 13

**၁။ တို့၊ များ၊ ကုန်၊ ကြ၊ မပါရ၊ မှတ်ကြ ဧကဝုစ်။**
**၂။ တို့၊ များ၊ ကုန်၊ ကြ၊ ပါစေရ၊ မှတ်ကြ ဗဟုဝုစ်။**

---

### ကြည့်ရှုရန်
ကတ္တားပုဒ်များကို အနက်ပေး၊ မြန်မာပြန်ရာ၌ ဧကဝုစ်ဖြစ်လျှင် “တို့၊ များ၊ တွေ” ဟု မပါစေရ၊ ဗဟုဝုစ်ဖြစ်လျှင် “တို့၊ များ၊ တွေ” ဟု ပါစေရသည်၊ ကြိယာပုဒ်များကို အနက်ပေး မြန်မာပြန်ရာ၌လည်း ဧကဝုစ်ဖြစ်လျှင် “ကုန်၊ ကြ” ဟု မပါစေရ၊ ဗဟုဝုစ်ဖြစ်လျှင် ထို ၂ ခုတွင် တစ်ခုခု ပါစေရသည်။

**နိဿယနက်။ ။** “**အယံ**-ဤသူသည်၊ **ဘဝတိ**-ဖြစ်၏။ **ဣမေ**-ဤသူတို့သည်၊ **ဘဝန္တိ**-ဖြစ်ကုန်၏” စသည်ဖြင့် **မယံ**-ငါတို့သည်၊ **ဘဝါမ**-ဖြစ်ကုန်၏ တိုင်အောင် အနက်ပေးတတ်ပါစေ။

**မြန်မာပြန်။ ။** **အယံ ဘဝတိ**-ဤသူ ဖြစ်၏=ဒီသူ ဖြစ်တယ်၊ **ဣမေ ဘဝန္တိ**-ဤသူတို့ ဖြစ်ကုန်၏=ဒီသူများ ဖြစ်ကြတယ်၊ **မယံ ဘဝါမ**-ငါတို့ ဖြစ်ကုန်၏=ငါတို့ ဖြစ်ကြတယ်။ [ ဒီသူ = ဖြစ်တယ် စသော စကားအသုံးကို စကားပြောရာ၌သာ သုံးပါ။ ]

### အမှာ
ပါဠိကို အနက်ပေးသော အခါ၊ မြန်မာကို ပါဠိစီသော အခါတို့၌ နှုတ်ကလည်း ပီပီ ဆိုပါစေ၊ ကျောက်သင်ပုန်းမှာလည်း သတ်ပုံ မှန်ကန်စွာနှင့် လက်ရေးလှလှ ရေးပါစေ။

## PAGE 14

### (ကျက်မှတ်ရန်)
**ကတ္တားနှင့် ကြိယာ**
**အနက်ပေး၊ မြန်မာပြန်**

**ဟောတိ၊ ဟောန္တိ။ ။ ဟောသိ၊ <mark>ဟောထ</mark>။ ။ ဟောမိ၊ ဟောမ။**
**အတ္ထိ၊ သန္တိ။ ။ အသိ။ အမှိ၊ အမှ။ အတ္ထ။**

**ဗုဒ္ဓေါ ဟောတိ။ ။ ဗုဒ္ဓါ ဟောန္တိ။**
**တွံ ဟောသိ။ ။ တုမှေ <mark>ဟောထ</mark>။**
**အဟံ ဟောမိ။ ။ မယံ ဟောမ။**
**ကညာ အတ္ထိ။ ။ ကညာယော သန္တိ။**
**တွံ အသိ။ ။ တုမှေ အတ္ထ။**
**အဟံ <mark>အမှိ။</mark> ။ မယံ အမှ။**
**<mark>သိဒ္ဓတ္ထော</mark> ဗုဒ္ဓေါ ဟောတိ။**
**ဒါရကာ သာမဏေရာ ဟောန္တိ။**
**အဟံ ဘန္တေ <mark>ဗုဒ္ဓရက္ခိတော</mark> <mark>နာမ</mark> <mark>အမှိ။</mark>**
[ <mark>ဗုဒ္ဓရက္ခိတော</mark> <mark>နာမ</mark> အစား ကိုယ့်<mark>နာမ</mark>ည် သွင်း၍ ဖြေပါ။ ]

**ဘန္တေ တုမှေ ကိ<mark>နာမ</mark>ာ အတ္ထ။**
**မယံ အာဝုသော သမဏာ <mark>နာမ</mark> အမှ။**

---

### ကြည့်ရှုရန်
**ဟောတိ**-ဖြစ်၏-ဖြစ်သည်။ ။**ဟောန္တိ**-ဖြစ်ကုန်၏-ဖြစ်ကြသည်။ **အတ္ထိ**-ရှိ၏၊ ဖြစ်၏။ ။ **သန္တိ**-ရှိကုန်၏၊ ဖြစ်ကုန်၏။ **<mark>သိဒ္ဓတ္ထော</mark>**-သိဒ္ဓတ္ထမင်းသား။

## PAGE 15

### အနက်ပေး၊ မြန်မာပြန်
**၁။ ကော ဗုဒ္ဓေါ ဟောတိ။ ။ <mark>သိဒ္ဓတ္ထော</mark> ဗုဒ္ဓေါ ဟောတိ။**
**၂။ ကော သယတိ။ ။ ဒါရကော သယတိ။**
**၃။ ကာ ပစတိ။ ။ ဒါရိကာ ပစတိ။**
**၄။ ကေ ဂစ္ဆန္တိ။ ။ ပုရိသာ ဂစ္ဆန္တိ။**
**၅။ ကာယော အာဂစ္ဆန္တိ။ ။ ကညာယော အာဂစ္ဆန္တိ။**

### <mark>ပါဠိစီရန်</mark> မြန်မာ
(က) ဘုရား ကြွလာ၏။ (ခ) ကိုရင် သွားသည်။
(ဂ) သူငယ်မ အိပ်နေသည်။ (ဃ) သင် ချက်၏။
(င) သင်တို့ သွားကြ၏။ (စ) ငါ လာသည်။
(ဆ) ကလေးသည် ကိုရင် ဖြစ်၏။

---

### ကြည့်ရှုရန်
**ကော**-အဘယ်သူ၊ ဘယ်သူ၊ ဘသူ၊ ဘယ်ဟာ။ ။ **ကေ**-အဘယ်သူတို့သည်၊ ဘသူတွေ။ ။**ကာ**-အဘယ်သူမ။ ။**ကာယော**-အဘယ်သူမတို့သည်။ ။ **သယ**-အိပ်။ ။**ပစ**-ချက်။ ။ **ဂစ္ဆ**-သွား။ **အာဂစ္ဆ**-လာ (ကြွ)။

### သင်နည်း
ပထမနေ့၌ ပါဠိ၊ အနက်၊ မြန်မာပြန်ကို ကျေကျေရအောင် ကျက်ပါစေ၊ ဒုတိယနေ့ကျမှ ပါဠိအစီခိုင်းပါ၊ ကတ္တားပုဒ်များကိုလည်း စာအုပ်ကြည့်၍ <mark>နာမ</mark>်ရုပ် စဉ်ပါစေ။

<!-- ========== output-16-to-18.md ========== -->

## PAGE 16

ပုံနှင့်တွဲသော ဝါကျများ

**၁။ အတ္ထိ <mark>နု</mark> ဒါရကော။** ။ အာမ ... **အတ္ထိ ဒါရကော။**
**၂။ ဂစ္ဆတိ <mark>နု</mark> ကညာ။** ။ အာမ **ဂစ္ဆတိ ကညာ။**
**၃။ <mark>သယာမိ</mark> <mark>နု</mark> တွံ။** ။ အာမ ... **<mark>သယာမိ</mark> အဟံ။**
**၄။ ပစ္စန္တိ <mark>နု</mark> ဒါရိကာယော။** ။ အာမ ... **<mark>ပစန္တိ</mark> ဒါရိကာယော။**

### <mark>ပါဠိစီရန်</mark>
(က) သင် လာသလား။ ။ ဟုတ်ကဲ့ ကျွန်ုပ် လာပါတယ်။
(ခ) သင် သွားသလား။ ။ ဟုတ်ကဲ့ ... ကျွန်ုပ် သွားပါတယ်။
(ဂ) ကလေးများ ရှိကြသလား။ ။ ဟုတ်ကဲ့ - ကလေးများ ရှိကြပါတယ်။

---

### <mark>ကြည့်ရှုရန်</mark>
**အတ္ထိ <mark>နု</mark>** = ရှိသလော (နိဿယ) = ရှိသလား (မြန်မာပြော)။
**<mark>ပစန္တိ</mark> <mark>နု</mark>** = ချက်ကုန်သလော = ချက်ကြသလား။ [အနက်ပေးပုံနှင့် မြန်မာပြန်ပုံကို ခွဲခြား၍ ပြောပါ။]
**အာမ** = မှန်ပါ, တင်ပါ, ဟုတ်ကဲ့, အင်း (အိမ်း)။

### <mark>သင်နည်း</mark>
အမေးဝါကျ၌ “အတ္ထိ<mark>နု</mark>” ဟုဆိုသည် và တစ်ပြိုင်နက် မေးပုံ သရုပ်ပေါ်အောင် မေးထိုးလိုက်ပါစေ၊ <mark>အဖြေ</mark> ဝါကျကို ဆိုသောအခါ **အာမ** ဟု ဆိုသည်နှင့် တစ်ပြိုင်နက် ဦးခေါင်းကိုလည်း ညိမ့်မိအောင် ညိမ့်ပါစေ။

## PAGE 17

ကတ္တားနှင့် ကံ, ကြိယာ

[ဆောင်]
၁။ ပြုလုပ်တတ်မူ, ကတ္တားဟူ, မှတ်ယူ “သည်, က” အနက်ဆို။
၂။ အပြုခံရ, ကံခေါ်ကြ, မှတ်ကြ “ကို, သို့” အနက်ဆို။
၃။ ပြုခြင်း ကြိယာ, အနက်မှာ, မှတ်ပါ “သည်, တယ်” ဟုဆို။

### အနက်ပေး, မြန်မာပြန်
**၁။ ဒါရကော <mark>မဂ္ဂံ</mark> ဂစ္ဆတိ။**
**၂။ ဒါရိကာ ဘတ္တံ <mark>ပစတိ</mark>။**
**၃။ ပုရိသာ ဂါမံ အာဂစ္ဆန္တိ။**
**၄။ ဗုဒ္ဓေါ ဓမ္မံ ဒေသေတိ။**

### <mark>ပါဠိစီရန်</mark>
(က) ကလေးတို့သည် လမ်းကို သွားကုန်၏။
(ခ) ကလေးမတို့သည် ထမင်းကို ချက်ကုန်၏။
(ဂ) ယောက်ျားသည် ရွာသို့ လာ၏။
(ဃ) ဘုရားတို့သည် တရားကို ဟောတော်မူကုန်၏။

---

### <mark>ကြည့်ရှုရန်</mark>
ပြုတတ် လုပ်တတ်သူကို “ကတ္တား” ဟုလည်းကောင်း, အပြုခံရသော (အသွားခံရသော) လမ်းစသည်ကို “ကံ” ဟုလည်းကောင်း, ပြုလုပ်ခြင်း (သွားခြင်း, ချက်ခြင်း) စသည်ကို “ကြိယာ” ဟုလည်းကောင်း ခေါ်၏။

ကတ္တားကို “သည်” ဟုလည်းကောင်း, “က” ဟုလည်းကောင်း, ရောက်နေသောကံကို “ကို” ဟုလည်းကောင်း, မရောက်အပ်သေးသော ရှေးရှုကံကို “သို့” ဟုလည်းကောင်း, ကြိယာကို “၏, သည်, တယ်” ဟုလည်းကောင်း အနက်ပေးရ၏။ [ **ဒေသေတိ** - ဟောတော်မူ၏၊ **မဂ္ဂေါ** - လမ်း၊ **ဂါမော** - ရွာ၊ **ဘတ္တံ** - ထမင်း။ ]

## PAGE 18

ကံပါသော အမေးနှင့် <mark>အဖြေ</mark>

**၁။ အာဝုသော သာမဏေရ! ကော ဓမ္မံ ဒေသေတိ။**
**၂။ ဘန္တေ ဗုဒ္ဓရက္ခိတ! ဗုဒ္ဓေါ ဓမ္မံ ဒေသေတိ။**
**၃။ ဘော ပုရိသ! ကေ <mark>မဂ္ဂံ</mark> ဂစ္ဆန္တိ။**
**၄။ ဘော ဒါရက! ကညာယော <mark>မဂ္ဂံ</mark> ဂစ္ဆန္တိ။**
**၅။ ဘောတိ ကညေ! ကာ ဘတ္တံ <mark>ပစတိ</mark>။**
**၆။ ဘော ပုရိသ! ဒါရိကာ ဘတ္တံ <mark>ပစတိ</mark>။**

### <mark>ပါဠိစီရန်</mark>
(က) အို ယောက်ျား ... အဘယ်သူတို့သည် တရား ဟောကုန်သနည်း။
(ခ) အို သတို့သမီး ... အဘယ်သူမတို့သည် ထမင်း ချက်ကုန်သနည်း။
(ဂ) အို ကလေး အဘယ်သူသည် ရွာသို့ လာသနည်း။
(ဃ) အို ယောက်ျားတို့ သင်တို့သည် ရွာသို့ သွားကြကုန်၏။
(င) အို ကိုရင် ငါသည် လမ်းကို သွား၏။

---

### <mark>ကြည့်ရှုရန်</mark>
### <mark>သင်နည်း</mark>
မြန်မာပြန်ရာ၌ ဖြစ်စေ, ပါဠိစီရာ၌ ဖြစ်စေ, ဤပြထားသော ရေးပုံအတိုင်း တစ်ပုဒ်စီချဲ့၍လည်းကောင်း, ၁-၂ (က)(ခ) စသည်ဖြင့် ဂဏန်းစဉ်တပ်၍လည်းကောင်း, ကျောက်သင်ပုန်းမှာ ရေးပါစေ။

<!-- ========== output-19-to-21.md ========== -->

## PAGE 19

(ကျက်မှတ်ရန်)

**၁။ ဗုဒ္ဓေါ န <mark>ဘဝတိ</mark>။**
**၂။ ဒါရကော န <mark>သယတိ</mark>။**
**၃။ ဘတ္တံ နတ္ထိ။**
**၄။ မနုဿာ န သန္တိ။**
**၅။ တွံ သာမဏေရော အသိ။**
**၆။ အဟံ <mark>မနုဿော</mark> န အမှိ။**
**၇။ ဒါရိကာ ဘတ္တံ န ပစတိ။**
**၈။ ပုရိသာ <mark>မဂ္ဂံ</mark> န ဂစ္ဆန္တိ။**
**၉။ သာမဏေရာ ဓမ္မံ န ဒေသန္တိ။**

### <mark>ပါဠိစီရန်</mark>
(က) သတို့သမီးသည် ဘုရား မဖြစ်။
(ခ) ကလေးသည် မရှိ။ [ ကလေး မရှိ။]
(ဂ) ထမင်းတို့သည် မရှိကုန်။ [ ထမင်းတွေ မရှိကြ။]
(ဃ) သင်သည် လူ မဖြစ်။ [ လူ မဟုတ်။]
(င) ငါတို့သည် လူများ မဟုတ်ကြ။
(စ) သတို့သမီးတို့သည် ထမင်းကို မချက်ကုန်။
(ဆ) ငါတို့သည် ရွာသို့ မလာကုန်။ [ငါတို့ ရွာ မလာကြ။]

---

### ကြည့်ရှုရန်
**န** သဒ္ဒါသည် မြန်မာလို “မ” နှင့် အနက်တူ၏၊ တားမြစ်ခြင်း (ပဋိသေဓ) အနက်ဟောပုဒ်တည်း၊ ထို့ကြောင့် “**န + <mark>ဘဝတိ</mark>** = မဖြစ်၊ **န + <mark>ဂစ္ဆတိ</mark>** = မသွား” ဤသို့ အနက်ပေးရသည်။ **န + <mark>သယတိ</mark>** = မအိပ်၊ စသည်ဖြင့် အနက်ပေးရသည်။

## PAGE 20

**၁။ ဒါရကော ပါဒေန ဂါမံ <mark>ဂစ္ဆတိ</mark>။**
**၂။ ဒါရိကာယော သကဋေန နဂရံ ဂစ္ဆန္တိ။**
**၃။ ပုရိသော <mark>အဂ္ဂိရထေန</mark> ရန်ကုန်နဂရံ <mark>ဂစ္ဆတိ</mark>။**
**၄။ မနုဿာ နာဝါယ မန္တလေးနဂရံ အာဂစ္ဆန္တိ။**
**၅။ သာမဏေရော <mark>ယန္တနာဝါ</mark>ယ စစ်ကိုင်းပဗ္ဗတံ <mark>ဂစ္ဆတိ</mark>။**
**၆။ အာဂစ္ဆသိနု တွံ <mark>အာဝုသော</mark> နဂရံ <mark>အဂ္ဂိရထေန</mark>။**
**၇။ <mark>နာဟံ</mark> ဘန္တေ <mark>အဂ္ဂိရထေန</mark> နဂရံ အာဂစ္ဆာမိ၊ ဝါယုယာနေန အာဂစ္ဆာမိ။**

### <mark>ပါဠိစီရန်</mark>
(က) သင်သည် ဘာဖြင့် ရွာသို့ လာသနည်း။
(ခ) ငါသည် မီးရထားဖြင့် မြို့သို့ လာ၏။
(ဂ) သင်သည် ရွာသို့ ခြေဖြင့် (ခြေလျင်) လာသလော။
(ဃ) တپည့်တော်သည် မြို့သို့ ခြေလျင် မလာပါ။

---

### ကြည့်ရှုရန်
**ပါဒေါ** = ခြေ။ ။ **သကဋံ** = <mark>လှည်း</mark>။ ။ **နဂရံ** = မြို့။ ။ **ပဗ္ဗတော** = တောင်။ ။ **ရထော** = ရထား။ **အဂ္ဂိရထော** = မီးရထား။ ။ **အဿရထော** = မြင်းရထား။ ။ **ဝါယုယာနံ** = **အာကာသယာနံ** = လေယာဉ်ပျံ။ ။ **နာဝါ** = လှေ။ ။ **<mark>ယန္တနာဝါ</mark>** = စက်လှေ (သင်္ဘော)။ ။ **<mark>အဂ္ဂိနာဝါ</mark>** = မီးသင်္ဘော။ ။ ဤပုဒ်များကို ရုပ်စဉ်ပါစေ။

## PAGE 21

ကြောင့်-ဟု ပေးရသော တတိယာဝိဘတ်

**၁။ တွံ <mark>အာဝုသော</mark> ကေန ဝသသိ။**
**၂။ အဟံ ဘန္တေ <mark>အန္နေန</mark> ဝသာမိ။**
**၃။ တွံ <mark>အာဝုသော</mark> ကေန ဘောဂံ လဘသိ။**
**၄။ အဟံ ဘန္တေ ဒါနေန ဘောဂံ လဘာမိ။**
**၅။ မနုဿာ <mark>အာဝုသော</mark> ကေန သုခံ လဘန္တိ။**
**၆။ မနုဿာ ဘန္တေ သီလေန သုခံ လဘန္တိ။**
**၇။ သတ္တာ <mark>အာဝုသော</mark> ကေန နိဗ္ဗာနံ ပါပုဏန္တိ။**
**၈။ သတ္တာ ဘန္တေ ဘာဝနာယ နိဗ္ဗာနံ ပါပုဏန္တိ။**

### <mark>ပါဠိစီရန်</mark>
(က) ငါ့ရှင် သင်သည် ဘာ့ကြောင့် ထမင်း ချက်သနည်း။
(ခ) တပည့်တော်သည် အစာကြောင့် နေသည် မဟုတ်ပါ။
(ဂ) <mark>သတ္တဝါ</mark>တို့သည် ဒါနကြောင့် ဘာကို ရကြသနည်း။

---

### ကြည့်ရှုရန်
**ဝသ** = နေ။ ။ **လဘ** = ရ။ ။ **ပါပုဏ** = ရောက်။ ။ **အန္နံ** = အစာ။ **မနုဿာ**, **<mark>မနုဿော</mark>**, **နရော** = လူ။ ။ **သတ္တော** = <mark>သတ္တဝါ</mark>။ **ဒါနံ** = ဒါန (အလှူပေးမှု)။ ။ **သီလံ** = သီလ (ကိုယ် နှုတ် <mark>စိတ်ကို</mark> ကောင်းစွာ ထားမှု)။ ။ **ဘာဝနာ** = ဘာဝနာ (စိတ်ကောင်း တိုးလာအောင် ကမ္မဋ္ဌာန်း အားထုတ်မှု)။ ။ **ကိန်** = အဘယ်ကို (ဘာကို)။ ။ **ဘောဂေါ** = စည်းစိမ်။

<!-- ========== output-22-to-24.md ========== -->

## PAGE 22

နှင့်-ဟု ပေးရသော **တတိယာဝိဘတ်**

**၁။ တွံ ကေန သဟ ဝိဟရသိ။**
**၂။ အဟံ ဗုဒ္ဓေန သဟ ဝိဟရာမိ။**
**၃။ ဗုဒ္ဓေါ ကေန <mark>သဒ္ဓိံ</mark> နဂရံ ဂစ္ဆတိ။**
**၄။ ဗုဒ္ဓေါ သံဃေန သဒ္ဓိ နဂရံ ဂစ္ဆတိ။**
**၅။ ပဏ္ဍိတာ ကေဟိ ဝိနာ ဝိဟာရံ အာဂစ္ဆန္တိ။**
**၆။ ပဏ္ဍိတာ ဗာလေဟိ ဝိနာ ဝိဟာရံ အာဂစ္ဆန္တိ။**

### ပါဠိစီရန်
(က) ငါသည် သင်နှင့် အတူ (တကွ) နေ၏။
(ခ) သင်သည် ငါနှင့် အတူ မနေ။
(ဂ) လူလိမ္မာသည် လူမိုက် và အတူ နေသလော။
(ဃ) လူမိုက်သည် လူလိမ္မာနှင့် ခွဲ၍ နေ၏။
(င) ဘုရားသည် သံဃာနှင့် အတူ ကြွလာတော်မူ၏။
(စ) သံဃာသည် ဘုရားနှင့် ခွဲ၍ မလာ။

---

### ကြည့်ရှုရပ်
**ဝိဟရ**-နေ။  ။ **သဟ, သဒ္ဓိ**-အတူ(တကွ)။  ။ **ဝိနာ**-ခွဲ၍ (ကင်း၍)။ **ပဏ္ဍိတော**-လူလိမ္မာ (ပညာရှိ)။  ။ **ဗာလော**-လူမိုက် (လူဆိုး, လူဖျင်း, လူန, လူအ, လူထိုင်း)။ ။ **တယာ**-သင်နှင့်။ ။ **မယာ**-ငါနှင့်။

## PAGE 23

အား-ဟု ပေးရသော **စတုတ္ထဝိဘတ်**

[ဆောင်] **ဒါဓာတ်**-**<mark>ရုစ္စ</mark>**, **ခမ** တစ်လီ, **ဆဒီ** တစ်ထွေ, **ဓာရေ**-**နမော**, **အာရောစ** - နက်, ယှဉ်ရာတွက်, မှတ်ချက် စတုတ္ထထား။

---

### ကြည့်ရှုရန်
**ဒါဓာတ်**၏ ယှဉ်ရာ၌ “**သံဃဿ ဒေတိ**” ဟုလည်းကောင်း, **ရုစဓာတ်**မှ **<mark>ရုစ္စ</mark>**၏ ယှဉ်ရာ၌ “**<mark>ရုစ္စ</mark>တိ သံဃဿ**” ဟုလည်းကောင်း, **ခမုဓာတ်**မှ **ခမ**၏ ယှဉ်ရာ၌ “**ခမတိ သံဃဿ**” ဟုလည်းကောင်း, **ဆဒီဓာတ်**မှ **ဆာဒေ**၏ ယှဉ်ရာ၌ **ဆာဒေတိ ဒါရကဿ** ဟုလည်းကောင်း, **ဓရဓာတ်**မှ လာသော **ဓာရေ**၏ ယှဉ်ရာ၌ “**အာစရိယဿ ဆတ္တံ ဓာရေတိ** = **ဓာရယတိ**, **ဣဏသာမိကဿ ဣဏံ ဓာရယတိ**” ဟုလည်းကောင်း, **နမော** ပုဒ်နှင့် ယှဉ်ရာ၌ “**နမော တဿ ဘဂဝတော**” စသည်ဖြင့်လည်းကောင်း စတုတ္ထဝိဘတ် ထားရသည်၊ [“**နမာမိ**” စသည်နှင့် ယှဉ်ရာ၌ကား “**ဗုဒ္ဓံ နမာမိ**” ဟု ထားရသည်။]

**အာရောစ**- (ပြော, ဟောခြင်း) အနက်ရှိသော **အာရောစေ**, **ဒေသေ**, **ကထယ**, **အာမန္တ** စသည်တို့နှင့် ယှဉ်ရာ၌ – **အာရောစယာမိ ဝေါ** (သင်တို့အား)” စသည်ဖြင့် စတုတ္ထထားရသည်၊ **သိလာဃ**, **ဟနု** စသည်တို့နှင့် ယှဉ်ရာ၌လည်း စတုတ္ထထားရသေး၏။

ယှဉ်’ဆိုသည်မှာ အနက်အဓိပ္ပာယ် ယှဉ်စပ်နေခြင်း, ဆက်သွယ်နေခြင်းတည်း၊ “သံဃာအား + ပေးလှူ၏” စသည်ဖြင့် လှူခြင်းနှင့် သံဃာသည် အဓိပ္ပာယ် ဆက်သွယ်နေသည်-ဟူလို။

## PAGE 24

### (က) အနက်ပေး, မြန်မာပြန်

**၁။ မနုဿာ ကဿ ဒါနံ ဒေန္တိ။**
**၂။ မနုဿာ သံဃဿ ဒါနံ ဒေန္တိ။**
**၃။ <mark>ရုစ္စ</mark>တိ ကဿ သစ္စံ။**
**၄။ <mark>ရုစ္စ</mark>တိ သံဃဿ သစ္စံ။**
**၅။ <mark>ရုစ္စ</mark>တိနု ဒါရကဿ <mark>သာဒု</mark>။**
**၆။ ကဿ <mark>သာဒု</mark> န <mark>ရုစ္စ</mark>တိ။**
**၇။ ခမတိနု သံဃဿ ကမ္မံ။**
**၈။ အာမ ခမတိ သံဃဿ ကမ္မံ။**
**၉။ နက္ခမတိနု သံဃဿ ကမ္မံ။**
**<mark>၁၀။</mark> အာမ နက္ခမတိ သံဃဿ ကမ္မံ။**

---

### ကြည့်ရှုရန်
အမှာ။ ။ ပါဠိအသုံးသည် အရပ်စကားအသုံးနှင့် <mark>တစ်ချို့</mark>နေရာမှာ မတူတတ်ချေ၊ ဥပမာ-စကားပြောရာ၌ “သံဃာကို ပေးလှူတယ်” ဟု ပြောနိုင်၏၊ ပါဠိစီရာ၌ကား “**သံဃံ ဒေတိ**” ဟု မစီနိုင်, “**သံဃဿ ဒေတိ**” ဟု စီရသည်၊ ထို့ကြောင့် **ဒါဓာတ်** စသည်တို့နှင့် တွဲယှဉ်၍ ပါဠိစီရာ၌ စည်းကမ်း သတ်မှတ်ချက်ကို အထူး မှတ်သားရမည်၊ သို့သော် <mark>တစ်ချို့တစ်လေ</mark> ပါဠိ၌မူ ထိုစည်းကမ်းအတိုင်း မဟုတ်ဘဲလည်း ရှိတတ်ပါသေး၏။

**<mark>ရုစ္စ</mark>**-နှစ်သက် (ကြိုက်, သဘောကျ)။ ။ **ခမ**-ခံ့၊ [နှစ်သက်ခြင်း, သဘောကျခြင်းကိုပင် “ခံ့” ဟုခေါ်၏။] **သစ္စံ**-သစ္စာ (မှန်သော စကား)။ **ကမ္မံ**-ကံ (အလုပ်)။ ။ **<mark>သာဒု</mark>**-ကောင်းသော အရသာ။

<!-- ========== output-25-to-27.md ========== -->

## PAGE 25

**၁။ ဆာဒေတိနု ဒါရကဿ ဘတ္တံ။**
**၂။ နစ္ဆာဒေတိ ဒါရကဿ ဘတ္တံ။**
**၃။ <mark>သိဿော</mark> ကဿ ဆတ္တံ ဓာရေတိ။**
**၄။ <mark>သိဿော</mark> အာစရိယဿ ဆတ္တံ ဓာရေတိ။**
**၅။ ကော ဣဏသာမိကဿ ဣဏံ ဓာရေတိ။**
**၆။ ဣဏာယိကော ဣဏသာမိကဿ ဣဏံ ဓာရေတိ။**
**၇။ အာစရိယော သိဿာ<mark>နံ</mark> <mark>ကိံ</mark> အာရောစေတိ။**
**၈။ အာစရိယော သိဿာ<mark>နံ</mark> ဓမ္မကထံ အာရောစေတိ။**
**၉။ ဗုဒ္ဓေါ ကေသံ ဓမ္မံ ဒေသေတိ။**
**၁၀။ ဗုဒ္ဓေါ ဒေဝမနုဿာ<mark>နံ</mark> ဓမ္မံ ဒေသေတိ။**
**၁၁။ ကော ဘဂဝတော နမော။**
**၁၂။ <mark>သောဟံ</mark> နမော ဘဂဝတော၊ နမော သတ္တန္<mark>နံ</mark> သမ္မာသမ္ဗုဒ္ဓါ<mark>နံ</mark>။**

---

### ကြည့်ရှုရန်
**ဆာဒေ**-ဆာ (စားချင်, အလိုရှိ၊)။ ။**ဓာ**, **ဓာရယ**-ဆောင်၏ (ဆောင်း၏, ဆပ်ပေး၏)။ ။**အာရောစေ**-ပြော။ ။**ဣဏသာမိကော**-ကြွေးရှင် (မြီရှင်)။ ။**ဣဏာယိကော**-ကြွေးယူသူ (မြီစား)။ **ဣဏံ**-ကြွေး (အတိုးပေး၍ ချေးယူရသော ငွေ )။ **သော** + **အဟံ**-ထို တပည့်တော်။ ။**သတ္တန္<mark>နံ</mark>** - ခုနစ်ဆူကုန်သော။ ။ **<mark>သိဿော</mark>**- တပည့်။ ။ **ဆတ္တံ** - ထီး။

## PAGE 26

### ပါဠိစီရန်
(က) သင်သည် <mark>ဘယ်သူ့အား</mark> အလှူ ပေးသနည်း။
(ခ) ရဟန်းအား သစ္စာစကားသည် နှစ်သက်သလော။
(ဂ) သံဃာအား ကံသည် ခံ့သည် မဟုတ်လော။ [ သံဃာသည် ကံကို သဘောကျတယ် မဟုတ်လား။]
(ဃ) <mark>ဘယ်သူ့အား</mark> ကောင်းသော အရသာသည် နှစ်သက်သနည်း။ [ဘသူ အကောင်း ကြိုက်သလဲ။]
(င) ဆရာသည် တပည့်အား ထီးကို ဆောင်းပေးသလော?
(စ) ဆရာသည် တပည့်အား ထီးကို မဆောင်းပါ။
(ဆ) ကြွေးယူသူသည် ကြွေးရှင်အား ကြွေးကို မဆပ်ဖူးလော။ [ မြီစားသည် မြီရှင်အား ကြွေး မဆပ်ဖူးလား။]
(ဇ) ကိုရင်သည် ကလေးတို့အား တရားစကားကို ပြော၏။
(ဈ) ငါသည် ခုနစ်ဆူကုန်သော ဘုရားတို့အား ရှိခိုးပါ၏။
(ည) တပည့်သည် ဆရာအား လမ်းကို ပေး၏။ (ဖယ်ပေး၏)။
(ဋ) ဆရာတို့သည် တပည့်တို့အား တရားကို ဟောကြကုန်၏။
(ဌ) ထို ငါသည် တရားတော်အား ရှိခိုးပါ၏။
(ဍ) ထို သင်သည် အဘယ့်ကြောင့် အလှူကို သံဃာတော်အား မပေးသနည်း?
(ဎ) ထိုတပည့်တော်သည် သံဃာတော်အား ရှိခိုးပါ၏။

## PAGE 27

မှ-ဟု ပေးရသော ပဉ္စမိဝိဘတ်
[ဆောင်] ဖဲခွာ-ထွက်သွား, ကျငြား-သက်ဆင်း, ကြောက်ခြင်း- ထိတ်လန့်, အတတ်သင်ယူ, ပြိုင်မူရှုံးလစ်, စ၍ဖြစ်ရာ, ရှောင်-ဝေးရာ, နီးစွာ ပဉ္စမီထား။

---

### ကြည့်ရှုရန်
ဖဲခွာ။ ။ **ဂါမာ အပေန္တိ** = ရွာမှ ဖဲခွာကုန်၏။
ထွက်သွား။ ။ **နဂရာ နိဂ္ဂတော** = မြို့မှ ထွက်သွား၏။
ကျငြား။ ။ **ရုက္ခာ ပတန္တိ** = သစ်ပင်မှ ကျကုန်၏။
သက်ဆင်း။ ။ **ပဗ္ဗတာ <mark>ဩရောဟန္တိ</mark>** = တောင်မှ သက်ဆင်းကုန်၏။
ကြောက်ခြင်း။ **<mark>စောရာ</mark> <mark>ဘာယတိ</mark>** = <mark>ခိုးသူမှ</mark> <mark>ကြောက်၏။</mark>
ထိတ်လန့်။ ။ **ပါပါ ဥတ္တသတိ** = မကောင်းမှုမှ ထိတ်လန့်၏။
အတတ် သင်ယူ။ ။ **အာစရိယမှာ သိပ္ပံ ဥဂ္ဂဏှာတိ** = ဆရာမှ (ဆရာ့ အထံမှ) အတတ် သင်ယူ၏။
ပြိုင်မူ ရှုံး။ ။ **ဗုဒ္ဓသ္မာ ပရာဇေန္တိ တိတ္ထိယာ** = တိတ္ထိတို့သည် ဘုရားမှ ရှုံးကုန်၏။
စ၍ ဖြစ်။ ။ **ဟိမဝတာ ဘဝန္တိ မဟာနဒိယော** = မြစ်ကြီး တို့သည် ဟိမဝန္တာမှ စ၍ဖြစ်ကုန်၏။
ရှောင်။ ။ **ပါဏာတိပါတာ ဝိရမာမိ** = သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

<!-- ========== output-28-to-30.md ========== -->

## PAGE 28

ဝေးရာ။  ။ **ဂါမာ ဒူရံ** = ရွာမှ ဝေး၏။
**အာရကာ သာသနာ** = သာသနာတော်မှ ဝေး၏။

<mark>အနီး</mark>။  ။ **ဂါမာ သန္တိကံ** = ရွာမှ <mark>အနီး</mark>ဖြစ်၏။

[ ဤသို့ စသည်ဖြင့် ခွဲခွာခြင်းသဘော ပါရာ၌ မူလခွဲရာကို “ အပါဒါန်”ဟု ခေါ်၏၊ ထို အပါဒါန်အနက်၌ ပဉ္စမီဝိဘတ် သက်ရသည်။ ]

(က) အနက်ပေး, မြန်မာပြန်

**၁။ သာမဏေရာ <mark>ကုတော</mark> <mark>အပေန္တိ</mark>။**
**၂။ သာမဏေရာ ဂါမာ <mark>အပေန္တိ</mark>။**
**၃။ ရာဇာ <mark>ကုတော</mark> နိဂ္ဂတော။**
**၄။ ရာဇာ နဂရာ นိဂ္ဂတော။**
**၅။ ဒါရကော <mark>ကုတော</mark> <mark>ပတတိ။</mark>**
**၆။ ဒါရကော ရုက္ခာ <mark>ပတတိ။</mark>**
**၇။ ပုရိသော <mark>ကုတော</mark> သြရောဟတိ။**
**၈။ ပုရိသော ဂေဟာ သြရောဟတိ။**
**၉။ မနုဿာ ကေဟိ ဘာယန္တိ။**
**<mark>၁၀</mark>။ မနုဿာ စောရေဟိ ဘာယန္တိ။**

---

ကြည့်ရှုရန်

**<mark>အပေန္တိ</mark>** – ဖဲကုန်၏။
**နိဂ္ဂတော** - ထွက်သွား၏။
**ပတ** - ကျ။
**သြရောဟ** - သက် (ဆင်း)။
**<mark>ကုတော</mark>** - အဘယ်မှ။
**ဘာယ** - ကြောက်။
**ဂေဟံ** - အိမ်။
**စောရော** - သူခိုး။
**ရုက္ခော** - သစ်ပင်။

## PAGE 29

(ခ) အနက်ပေး, မြန်မာပြန်

**၁။ ကညာယော ကေဟိ ဥတ္တသန္တိ။**
**ကညာယော ဗာလေဟိ ဥတ္တသန္တိ။**
**၂။ သိဿာ <mark>ကုတော</mark> သိပ္ပံ ဥဂ္ဂဏှန္တိ။**
**သိဿာ အာစရိယတော သိပ္ပံ ဥဂ္ဂဏှန္တိ။**
**၃။ သာမဏေရာ <mark>ကုတော</mark> <mark>ဥပဇ္ဈံ</mark> ဂဏှန္တိ။**
**သာမဏေရာ <mark>ဥပဇ္ဈာယမှာ</mark> <mark>ဥပဇ္ဈံ</mark> ဂဏှန္တိ။**
**၄။ တိတ္ထိယာ <mark>ကုတော</mark> ပရာဇေန္တိ။**
**တိတ္ထိယာ <mark>ဗုဒ္ဓတော</mark> ပရာဇေန္တိ။**
**၅။ မဟာနဒိယော <mark>ကုတော</mark> ပဘဝန္တိ။**
**မဟာနဒိယော ဟိမဝတာ ပဘဝန္တိ။**
**၆။ တွံ <mark>ကုတော</mark> ဝိရမသိ။**
**အဟံ ပါဏာတိပါတာ ဝိရမာမိ။**
**၇။ ဂါမော နဂရတော ကီဝဒူရော။**
**ဂါမော နဂရတော ယောဇနံ ဒူရော။**
**၈။ <mark>အာသန္နော</mark>နု အာဝုသော ဂါမော နဂရတော။**
**န <mark>အာသန္နော</mark> ဘန္တေ နဂရတော ဂါမော၊ <mark>ဂါဝုတံ</mark> ဒူရော။**

---

ကြည့်ရှုရန်

**ဥတ္တသ** - ထိတ် (လန့်)။
**ဂဏှ** - ယူ။
**ဥဂ္ဂဏှ** - သင်ယူ။
**ပရာဇေ** - ရှုံး။
**ပဘဝ** - စ၍ဖြစ်။
**ဝိရမ** - ရှောင်ကြဉ်။
**ကီဝဒူရော** - ဘယ်လောက်ဝေးသနည်း။
**တိတ္ထိယော** - တိတ္ထိ (အယူမှားသူ)။
**ဒူရော** - ဝေး၏။
**<mark>အာသန္နော</mark>** - နီး၏။
**ဥပဇ္ဈာယော (ဥပဇ္ဈာ)** - ဥပဇ္ဈာယ်။
**<mark>ဂါဝုတံ</mark>** - တစ်ဂါဝုတ်။
**ယောဇနံ** - တစ်ယူဇနာ။

## PAGE 30

(က) သင်သည် ဘယ်မှ လာသနည်း။ [ ဘယ်က လာသလဲ။ ]
(ခ) ကျွန်ုပ်သည် မြို့မှ လာပါ၏။ [ မြို့က လာပါတယ်။ ]
(ဂ) ငါတို့သည် အိမ်မှ ထွက်ကုန်၏။ [ အိမ်က ထွက်ကြတယ် ]
(ဃ) ကလေးသည် အိမ်မှ ကျ၏။ [ အိမ်ပေါ်က ကျတယ်။ ]
(င) လူလိမ္မာတို့သည် မကောင်းမှုမှ ကြောက်ကုန်၏။
(စ) လူမိုက်တို့သည် မကောင်းမှုမှ မလန့်ကုန်။
(ဆ) သင်သည် အဘယ်သူမှ အတတ်ကို သင်ယူသနည်း။ [ ဘယ်သူ့ ဆီက အတတ် သင်သလဲ။ ]
(ဇ) ကျွန်ုပ်သည် ဆရာ့ဆီက အတတ်ကို သင်ယူပါတယ်။
(ဈ) ကိုရင်သည် ဥပဇ္ဈာယ်အထံမှ ဥပဇ္ဈာယ်ကို ယူ၏။
(ည) ရွာသည် ဘယ်က စ၍ဖြစ်သနည်း။
(ဋ) မြို့သည် ရွာမှ ဘယ်လောက်ဝေးသနည်း။
(ဌ) ရွာသည် မြို့မှ နီးသလား၊ [ မြို့နဲ့ နီးသလား။ ]

### အမှာ
စတုတ္ထဝိဘတ်နှင့် ဤ ပဉ္စမီဝိဘတ်အခန်း၌ ကျက်ဖို့ရာ ပါဠိ အတော်များ၏၊ ထို့ကြောင့် ပါဠိကို (၂ ရက်စီ) အနက်ပေး မြန်မာပြန်စေ၍ ပါဠိပုံစံကို တစ်ရက်သက်သက် စီပါစေ။ <mark>ဆရာတို့သည်</mark> ပြီးခဲ့သော ပါဠိများကို မမေ့ဖို့ရန် အပိုပါဠိစီဖို့ရာ မြန်မာလို ပြောပေးကြပါ။

<!-- ========== output-31-to-33.md ========== -->

## PAGE 31

၏-ဟု ပေးရသော **ဆဋ္ဌိဝိဘတ်**

**၁။ ဣဒံ ကဿ သန္တကံ။**  
**၂။ ဣဒံ မမ သန္တကံ။**  
**၃။ ဣဒံ ကဿ ဝတ္ထံ။**  
**၄။ ဣဒံ မမ <mark>ဝတ္ထု။</mark>**  
**၅။ ဣဒံ ကဿ ဂေဟံ။**  
**၆။ ဣဒံ မမ ဂေဟံ။**  
**၇။ အယံ ကဿ ပတ္တော။**  
**၈။ အယံ မေ ပတ္တော။**  
**၉။ ဣဒံ ကဿ စီဝရံ။**  
**၁၀။ ဣဒံ မေ စီဝရံ။**  
**၁၁။ ဣဒံ နု တေ သန္တကံ။**  
**၁၂။ နယိဒံ မမ သန္တကံ၊ မောင်ဌေးဒါရကဿ သန္တကံ။**

### ပါဠိစီရန်
(က) ဤဟာသည် <mark>ငါ၏</mark> <mark>ဥစ္စာ</mark>မဟုတ်။
(ခ) ဤဟာတွေ သင်၏ <mark>ဥစ္စာ</mark>များ မဟုတ်ကြ။
(ဂ) သပိတ်သည် <mark>ငါ၏</mark> <mark>ဥစ္စာ</mark> <mark>မဟုတ်ပါ။</mark>

---

### <mark>ကြည့်ရှုရန်</mark>
**ဣဒံ** = ဤဟာ, ဤဝတ္ထု [ စသည်ဖြင့် နပုလ္လိန်ဆိုင်ရာ၌ ဘာမဆို သုံးစွဲပါ။]  
**ဣမာနိ** = ဤဟာတို့, ဤဝတ္ထုတို့, ဤဟာတွေ။  
**အယံ** = ဤသူ။ [ “ဤယောက်ျား, ဤမိန်းမ” စသည်။]  
**ဣမာယော** = ဤမိန်းမတို့သည်။  
**ဣမေ** = ဤယောက်ျားတို့သည်။  
**တေ**, **တဝ**, **တုယှံ** = သင်၏။  
**မေ**, **မမ**, **မယှံ** = ငါ့၏။  
**သန္တကံ** = <mark>ဥစ္စာ</mark>။  
**ပတ္တော** = သပိတ်။  
**စီဝရံ** = သင်္ကန်း။  
**ဝတ္ထံ** = အဝတ် (အထည်)။  
**နယိဒံ** = **န** + **ဣဒံ**။

## PAGE 32

၏ + ငှာ-ဟု ပေးရသော **ဆဋ္ဌိနှင့် စတုတ္ထဝိဘတ်တွဲ**

**၁။ ဗုဒ္ဓေါ ကေသံ အတ္ထာယ ဥပ္ပဇ္ဇတိ။**  
**၂။ ဗုဒ္ဓေါ သတ္တာနံ အတ္ထာယ ဥပ္ပဇ္ဇတိ။**  
**၃။ ဗုဒ္ဓေါ ကေသံ ဟိတာယ သုခါယ ဥပ္ပဇ္ဇတိ။**  
**၄။ ဗုဒ္ဓေါ ဒေဝမနုဿာနံ ဟိတာယ သုခါယ ဥပ္ပဇ္ဇတိ။**  
**၅။ တွံ ကိမတ္ထာယ ဂါမံ ဂစ္ဆသိ။**  
**၆။ အဟံ ပိဏ္ဍာယ ဂါမံ ဂစ္ဆာမိ။**  
**၇။ ဣဒံ ကေသံ ဘတ္တံ။**  
**၈။ ဣဒံ အာဂန္တုကာနံ ဘတ္တံ။**

### ပါဠိစီရန်
(က) သင်သည် <mark>ငါ၏</mark> အကျိုးငှာ လာ၏။ [ငါ့အတွက် လာ၏။]
(ခ) ငါသည် သင်၏ အကျိုးငှာ (သင်ဖို့) ထမင်း ချက်၏။
(ဂ) ဒီဟာ ဘယ်သူဖို့ ကျောင်းလဲ။
(ဃ) ဒီဟာ ငါ့ဖို့ ကျောင်း။

---

### <mark>ကြည့်ရှုရန်</mark>
**အတ္ထာယ** = အကျိုးငှာ၊  
**ဟိတာယ** = စီးပွားအလို့ငှာ၊  
**သုခါယ** = ချမ်းသာခြင်းငှာ၊  
**ဥပ္ပဇ္ဇ** = ဖြစ်တော်မူ (ပွင့်တော်မူ)၊  
**ကိမတ္ထာယ** = အဘယ်အကျိုးငှာ၊  
**ပိဏ္ဍာယ** = ဆွမ်းအလို့ငှာ။  
**ကေသံ** = ဘယ်သူတို့ဖို့ (ဘယ်သူတို့၏ အကျိုးငှာ)၊  
**အာဂန္တုကာနံ** = ဧည့်သည်တို့ဖို့ (ဧည့်သည်တို့၏ အကျိုးငှာ)။  
[ “အကျိုးငှာ, အလို့ငှာ” ဟူသော စကားသည် “အတွက်, ဖို့” ဟူသော စကားနှင့် <mark>အဓိပ္ပာယ်</mark> တူ၏။]

## PAGE 33

၌-ဟု ပေးရသော **သတ္တမီဝိဘတ်**

**၁။ ဗုဒ္ဓေါ အနာထပိဏ္ဍိကဿ အာရာမေ ဝိဟရတိ။**  
**၂။ ပဏ္ဍိတာ ဗုဒ္ဓေ ပသီဒန္တိ။**  
**၃။ ဒါရကာ သယနေ သယန္တိ။**  
**၄။ ဗာလော ပါပသ္မိံ ရမတိ။**  
**၅။ အာကာသေ သကုနာ ပက္ခန္တိ။**  
**၆။ တိလေသု တေလံ တိဋ္ဌတိ။**

### ပါဠိစီရန်
(က) သူငယ်မသည် အိမ်၌ ထမင်း ချက်နေ၏။
(ခ) ငါတို့သည် လမ်း၌ မအိပ်ကြကုန်။
(ဂ) လူမိုက်သည် ဘုရား၌ ကြည်ညိုသလော။
(ဃ) လူတို့သည် ကောင်းကင်၌ မပျံနိုင်ကုန်။
(င) <mark>အဘယ်ကြောင့်</mark> သင်သည် အိပ်ရာ၌ အိပ်နေသနည်း။

---

### <mark>ကြည့်ရှုရန်</mark>
**ဝိဟရ** = နေ (သီတင်းသုံး)။  
**အာရာမော** = အာရာမ် (ကျောင်းတိုက်)။  
**ပသိဒ** = ကြည်ညို (ကြည်လင်)။  
**ရမ** = မွေ့လျော် (ပျော်)။  
**ပက္ခန္ဒ** = ပျံ (ပြေးဝင်)။  
**အနာထပိဏ္ဍိကော** = အနာထပိဏ်သူဌေး။  
**<mark>သယနံ</mark>** = အိပ်ရာ။  
**အာကာသော** = ကောင်းကင်။  
**သကုနော** = ငှက်။  
**တိလံ** = နှမ်း။  
**တေလံ** = ဆီ။  
**တိဋ္ဌ** = တည်။

## အသုံးများသော ဝိဘတ်နက်များကို ပြရာ
## ပထမအခန်း ပြီး၏။

<!-- ========== output-34-to-36.md ========== -->

# ဒုတိယခန်း
## အခန်း — <mark>နု</mark>-ပါသော အမေးနှင့် အဖြေ

**၁။ ဒေသတိ <mark>နု</mark> <mark>အာဝုသော</mark> ဗုဒ္ဓေါ ဓမ္မံ။**
...
**၂။ အာမ ... ဒေသေတိ ဗုဒ္ဓေါ ဓမ္မံ။**
**၃။ ဂစ္ဆသိ <mark>နု</mark> <mark>အာဝုသော</mark> ... <mark>တွံ</mark> ဂါမံ။**
**၄။ အာမ ... ဂစ္ဆာမိ အဟံ ဂါမံ။**
**<mark>၅။</mark> ပစထ <mark>နု</mark> ဘောတိယော ... တုမှေ ဘတ္တံ့။**
**၆။ အာမ ... ပစာမ ပစာမ မယံ ဘတ္တံ။**

## PAGE 34

(က) ငါ့ရှင် ဘုရားတို့သည် တရားကို ဟောကြသလော။
...
(ခ) တင်ပါ ... ဘုရားတို့ တရား ဟောကြပါသည်။
(ဂ) ငါ့ရှင်တို့ ... သင်တို့သည် ရွာသို့ သွားကြသလော။
(ဃ) မှန်ပါ ... တပည့်တော်တို့ ရွာသို့ သွားကြပါသည်။
(င) အို ကလေးမ ... သင်သည် ထမင်းတို့ကို ချက်သလား။
(ဖ) ဟုတ်ကဲ့ ... ကျမ ထမင်းတို့ကို ချက်နေပါသည်။

အမှာ။ ။ **<mark>အာဝုသော</mark>**, **ဘန္ေတ** ကဲ့သို့ အာလုပ်တို့ကို များသောအားဖြင့် တစ်ပုဒ်နောင် ထားလေ့ရှိ၏၊ သို့သော် <mark>တစ်ခါ</mark>တစ်ရံ အစဆုံးမှာလည်း ထားလေ့ရှိသေး၏၊ ထို့ကြောင့် ရှေ့အခန်း၌ အစဆုံး ထားခဲ့၍, ဤ အခန်း၌ တစ်ပုဒ်နောင် ထားပါသည်၊ မြန်မာလို ပြန်သော အခါ၌မူ “ငါ့ရှင် သင် သွားသလား” စသည်ဖြင့် အစဆုံးထား၍ မြန်မာပြန်ရသည်။

## PAGE 35

### ပုံ-ဖြင့် မေး, ဗုံ-ဖြင့် ဖြေ

**၁။ <mark>အတ္ထိ</mark> <mark>နု</mark> <mark>အာဝုသော</mark> ဘတ္တံ။**
**၂။ နတ္ထိ ဘန္တေ ဘတ္တံ။**
**၃။ သန္တိ <mark>နု</mark> <mark>အာဝုသော</mark> မ<mark>နု</mark>ဿာ။**
**၄။ န သန္တိ ဘန္တေ မ<mark>နု</mark>ဿာ။**
**<mark>၅။</mark> <mark>အသိ</mark> <mark>နု</mark> <mark>တွံ</mark> <mark>အာဝုသော</mark> <mark>သာမဏေရော။</mark>**
**၆။ န အမှိ ဘန္တေ အဟံ <mark>သာမဏေရော။</mark>**
**၇။ ပစတိ <mark>နု</mark> <mark>အာဝုသော</mark> ဒါရိကာ ဘတ္တံ။**
**၈။ န ပစတိ ဘန္တေ ဒါရိကာ ဘတ္တံ။**
**၉။ ဂစ္ဆသိ <mark>နု</mark> <mark>အာဝုသော</mark> <mark>တွံ</mark> ဂါမံ။**
**<mark>၁၀</mark>။ န ဂစ္ဆာမိ ဘန္တေ အဟံ ဂါမံ။**

### ပုံ နှင့် ပုံ ပေါင်းသော မေးဖြေ

**၁၁။ <mark>အတ္ထိ</mark> <mark>နနု</mark> <mark>အာဝုသော</mark> ဗုဒ္ဓေါ။**
**၁၂။ အာမ ဘန္တေ, ဗုဒ္ဓေါ <mark>အတ္ထိ</mark>။**
...
**၁၃။ ဒေသန္တိ <mark>နနု</mark> <mark>အာဝုသော</mark> ဗုဒ္ဓါ ဓမ္မံ။**
**၁၄။ အာမ ဘန္တေ, ဗုဒ္ဓါ ဓမ္မံ ဒေသန္တိ။** ...
**၁<mark>၅။</mark> ပစတိ <mark>နနု</mark> <mark>အာဝုသော</mark> ကညာ ဘတ္တံ။**
**၁၆။ န ပစတိ ဘန္တေ ကညာ ဘတ္တံ။**
**၁၇။ ဂစ္ဆသိ <mark>နနု</mark> <mark>အာဝုသော</mark> <mark>တွံ</mark> ဂါမံ။**
**၁၈။ န ဂစ္ဆာမိ ဘန္တေ အဟံ ဂါမံ။**

## PAGE 36

(က) ငါ့ရှင် ... သင်တို့ သာမဏေများ ဖြစ်ကြသလား။
(ခ) အရှင်ဘုရား ကျွန်ုပ်တို့ ကိုရင်များ မဟုတ်ကြပါ။
...
(ဂ) ငါ့ရှင်တို့ ... သင်တို့ ထမင်း ချက်ကြသလား။
(ဃ) အရှင်ဘုရား ... တပည့်တော်တို့ ထမင်း မချက်ကြပါ။
(င) ငါ့ရှင် သာမဏေ ရှိသည် မဟုတ်လော။
...
(စ) မှန်ပါ အရှင်ဘုရား ... ကိုရင် ရှိပါသည်။
(ဆ) ငါ့ရှင် ... သင် ထမင်း ချက်သည် မဟုတ်လော။
(ဇ) အရှင်ဘုရား တပည့်တော် ထမင်း မချက်ပါ။
...
(ဈ) အဘယ်သူသည် ထမင်း ချက်သနည်း။
(ဉ) သတို့သမီးသာ ထမင်း ချက်ပါသည်။

---

### ကြည့်ရှုရန်

**န** = မ + **<mark>နု</mark>** = လော။ ။ **<mark>နနု</mark>** = မဟုတ်လော၊ ဆိုင်ရာ ကြိယာနှင့် တွဲ၍ “**<mark>အတ္ထိ</mark> <mark>နနု</mark>** - ရှိသည် မဟုတ်လော (ရှိတယ် မဟုတ်လား)၊ **ဒေသေတိ <mark>နနု</mark>** - ဟောသည် မဟုတ်လော (ဟောတယ် မဟုတ်လား)၊ **<mark>ဂစ္ဆတိ</mark> <mark>နနု</mark>** - သွားသည် မဟုတ်လော (သွားတယ် မဟုတ်လား)” ဟု အနက်ပေး၍ မြန်မာပြန်ရသည်။ [ ကိုရင်နှင့် သာမဏေ အတူတူပင်။ **ကညာဧဝ** - သတို့သမီးသာ။ ]

<!-- ========== output-37-to-39.md ========== -->

## PAGE 37

**န** နှင့် **<mark>နု</mark>** အကြား ကြိယာထားပုံ

၁။ **န ဂစ္ဆသိ <mark>နု</mark> <mark>တွံ</mark>**။
၂။ **အာမ န ဂစ္ဆာမိ အဟံ မဂ္ဂံ**။
၃။ **န ဂစ္ဆသိ <mark>နု</mark> <mark>တွံ</mark> ဂါမံ**။
၄။ **အဟံ ဂါမံ န ဂစ္ဆာမိ**။
၅။ **န <mark>နု</mark> <mark>တွံ</mark> <mark>ဘတ္တံ</mark> <mark>ပစသိ</mark>**။
၆။ **အာမ အဟံ <mark>ဘတ္တံ</mark> န ပစာမိ**။

**န** နှင့် **<mark>နု</mark>** အကြား ကြိယာထားပုံ

၇။ **န အတ္ထိ <mark>နနု</mark> ဗာလော**။
၈။ **အတ္ထိယေဝ ဗာလော**။
၉။ **န ဂစ္ဆသိ <mark>နနု</mark> <mark>တွံ</mark> ဂါမံ**။
၁၀။ **အာမ အဟံ ဂါမံ န ဂစ္ဆာမိ**။
၁၁။ **န <mark>ပစသိ</mark> <mark>နနု</mark> <mark>တွံ</mark> <mark>ဘတ္တံ</mark>**။
၁၂။ **အာမ အဟံ <mark>ဘတ္တံ</mark> န ပစာမိ**။

(က) ငါ့ရှင်...ဘုရား မရှိဘူးလော။ [ မရှိဘူးလား။]
(ခ) အရှင်ဘုရား...ဘုရား ရှိပါသည်။ [ ရှိပါတယ်။]
(ဂ) ငါ့ရှင်...<mark>ကို</mark>ရင်သည် ထမင်း မချက်ဘူးလော။
(ဃ) မှန်ပါ...<mark>ကို</mark>ရင်များ ထမင်း မချက်ကြပါ။

---

### ကြည့်ရှုရန်

**န** = မ + **ဂစ္ဆ** (သွား) + **<mark>နု</mark>** (လော/လား) [ **န ဂစ္ဆတိ <mark>နု</mark>** = မသွားဘူးလော၊ မသွားဘူးလား။ ] ဤသို့ ပုဒ်နေ အစဉ်ကြည့်၍ အနက်အစဉ်အတိုင်း ပေးရ, မြန်မာပြန်ရသည်။

**န** + **ဂစ္ဆတိ** + **<mark>နနု</mark>** = မသွားသည် မဟုတ်လော၊ **န အတ္ထိ <mark>နနု</mark>** = မရှိသည် မဟုတ်လော၊ **န ဟောတိ <mark>နနု</mark>** = မဖြစ်သည် မဟုတ်လော ဤသို့ ပုဒ်စဉ်အတိုင်း အနက်ပေးရ, မြန်မာပြန်ရသည်၊ သာ၍ နားလည်အောင် တစ်ခန်းပြပါဦးမည်။

## PAGE 38

<mark>၃၂။</mark> ပါဠိသိက္ခာ ဒုတိယ

၁။ **ဗုဒ္ဓေါ ဟောတိ**။
၂။ **ဗုဒ္ဓေါ န ဟောတိ**။
၃။ **ဗုဒ္ဓေါ ဟောတိ <mark>နု</mark>**။
၄။ **ဗုဒ္ဓေါ ဟောတိ <mark>နနု</mark>**။
၅။ **ဗုဒ္ဓေါ န ဟောတိ <mark>နု</mark>**။
၆။ **ဗုဒ္ဓေါ န ဟောတိ <mark>နနု</mark>**။

[ဆောင်] **န**-ချည်း သက်သက်၊ **<mark>နု</mark>**-သက်သက်တည်း၊ တွဲလျက် **<mark>နနု</mark>**၊ ခွဲ **န** + **<mark>နု</mark>** နှင့်၊ **<mark>နနု</mark>** နောက်တွဲ, ရှေ့ (**န**) ဆွဲ၊ ရှိမြဲ ကြိယာ ငါးမျိုးတည်း။

---

### ကြည့်ရှုရန်

**န**-ချည်း သက်သက်။ ။ **<mark>နု</mark>**-မပါဘဲ **န**-သက်သက်<mark>ကို</mark> ကြိယာနှင့် တွဲ၍ "**န ဟောတိ** = မဖြစ်" ဟု လည်းကောင်း။

**<mark>နု</mark>**-သက်သက်။ ။ **န**-မပါဘဲ "**ဟောတိ <mark>နု</mark>** = ဖြစ်သလော" ဟု လည်းကောင်း။

**<mark>နနု</mark>**-တွဲ၍။ ။ "**ဟောတိ <mark>နနု</mark>** = ဖြစ်သည် မဟုတ်လော" ဟု လည်းကောင်း။

**န** နှင့် **<mark>နု</mark>** <mark>ကို</mark> ခွဲ၍။ ။ "**န ဟောတိ <mark>နု</mark>** = မဖြစ်သလော = မဖြစ်ဘူးလော" ဟု လည်းကောင်း။

**<mark>နနု</mark>** <mark>ကို</mark> ကြိယာနောက်က တွဲ၍ **န** <mark>ကို</mark> ကြိယာရှေ့က တွဲထားလျက် "**န ဟောတိ <mark>နနု</mark>** = မဖြစ်သည် မဟုတ်လော" ဟု လည်းကောင်း၊ ဝါကျ ၅ မျိုး ရှိရိုး ဖြစ်သည်။

ရှေ့၌ ပြအပ်ပြီးသော ဝါကျများ<mark>ကို</mark> စာသင်သား၏ ဉာဏ်<mark>ကို</mark> လိုက်၍ အမျိုးမျိုး တွဲခိုင်းပါ၊ ဉာဏ်သဘော ဝေးသေးပုံရလျှင်လည်း ပြန်၍ မခိုင်းပါနှင့်၊ အခြေရသောအခါ အလိုလို သဘောပေါက်လာပါလိမ့်မည်။

## PAGE 39

အရတူ ဝိသေသန

၁။ **ဧကော ပုရိသော ဝိဟာရံ အာဂစ္ဆတိ**။
၂။ **<mark>တွံ</mark> မဟန္တော ပဏ္ဍိတော အသိ**။
၃။ **တုမှေ မဟန္တာ ပဏ္ဍိတာ အတ္ထ**။
၄။ **အဟံ မဟန္တော ပဏ္ဍိတော အမှိ**။
၅။ **မယံ မဟန္တာ ပဏ္ဍိတာ အမှ**။
၆။ **အသိ <mark>နု</mark> <mark>တွံ</mark> ဗာလော <mark>မနုဿော</mark>**။
၇။ **<mark>နာဟံ</mark> အမှိ ဗာလော <mark>မနုဿော</mark>**၊ **<mark>ပဏ္ဍိတောမှိ</mark>**။

(က) တစ်ယောက်သော လူသည် ရွာသို့ သွား၏။
(ခ) မြတ်ကုန်သော လူလိမ္မာတို့သည် ဘုရား<mark>ကို</mark> ဆည်းကပ်ကြကုန်၏။
(ဂ) ငါတို့သည် မိုက်ကုန်သော လူများ မဟုတ်ကြပါ။
(ဃ) မြတ်သော ယောက်ျား။
(င) မြတ်သော ယောက်ျား တစ်ယောက်။
(စ) မြတ်သော သတို့သမီး။
(ဆ) မြတ်သော သတို့သမီး တစ်ယောက်။
(ဇ) မိုက်သော ကလေး တစ်ယောက်။
(စျ) လိမ္မာသော သူငယ်မ တစ်ယောက်။

---

### ကြည့်ရှုရန်

**ဧက**-တစ်၊ **မဟန္တ**-မြတ်သော, ကြီးသော။ [ ဣတ္ထိလိင်၌ **<mark>မဟန္တီ</mark>**၊ နပုလ္လိင်၌ **မဟန္တ** ဟု ဖြစ်၏။ ]

<!-- ========== output-40-to-42.md ========== -->

## PAGE 40

## အခန်း — ဒုတိယာ ဝိဘတ်နက်
### အရတူ ဝိသေသန

**၁။ အဟံ ဧကံ <mark>ဒါရကံ</mark> ပဿာမိ။**
**၂။ ကညာ အဘိရူပံ <mark>ဒါရကံ</mark> သြလောကေတိ။**
**၃။ ဣစ္ဆသိ နု တွံ ဗာလံ သိဿံ။**
**၄။ န ဣစ္ဆာမိ အဟံ ဗာလံ သိဿံ၊ ဣစ္ဆာမိ အဟံ ပဏ္ဍိတံ သိဿံ။**
**၅။ သမဏာ ဇေတဝနံ နာမ အာရာမံ အာဂစ္ဆန္တိ။**

(က) ငါသည် မိုက်သော ယောက်ျားကို အလိုမရှိ။
(ခ) လူတို့သည် လိမ္မာသော ကလေးမကို ကြည့်ကြကုန်၏။
(ဂ) ကလေးသည် ဂန္ဓာရုံမည်သော ကျောင်းတိုက်သို့ လာ၏။
(ဃ) ရဟန်းတို့သည် အရသာကောင်းသော ဆွမ်းကို မရကြ။
(င) အလွန်လှသော သတို့သားသည် အလွန်လှသော သတို့သမီးကို မရ။
(စ) ကြီးစွာသော ယောက်ျားကို။
(ဆ) မြတ်သော ယောက်ျား တစ်ယောက်ကို။
(ဋ) ลိမ္မာသော သတို့သမီး တစ်ယောက်ကို။

---

### ကြည့်ရှုရန်
**ပဿ-** ဃ-မြင် (ကြည့်)။ **သြလောကေ-** ကြည့်။ **ဣစ္ဆ-** လိုလား, လိုချင်, အလိုရှိ။ **အဘိရူပံ-** လွန်ကဲသော အဆင်းရှိသော (အလွန်လှသော)။ **ဇေတဝနံနာမ-** ဇေတဝန်မည်သော။ **ဂန္ဓာရာမော-** ဂန္ဓာရုံ။ **အာရာမော-** အာရာမ်, ခြံ, ကျောင်းတိုက်။

## PAGE 41

**၁။ ဒါရကော သုခံ သယတိ။**
**၂။ အဟံ ဒုက္ခံ န <mark>သယာမိ</mark>။**
**၃။ ဒါရိကာ သြဒနံ မုဒုံ ပစတိ။**
**၄။ သြဒနော မုဒုံ န ပစ္စတိ။**
**၅။ ပုရိသော ဧကမန္တံ နိသီဒတိ။**
**၆။ တွံ ဧကမန္တံ န နိသီဒသိ။**

(က) သင်သည် ချမ်းသာစွာ အိပ်ရ၏လော။
(ခ) ကျွန်ုပ်သည် ချမ်းသာစွာ နေရပါ၏၊ ဆင်းဆင်းရဲရဲ မနေရပါ။
(ဂ) ထမင်းသည် นူးနူးနပ်နပ် ကျက်ပါ၏လော။
(ဃ) သူငယ်မသည် သင့်တော်အောင် ထိုင်နေ၏။

---

### ကြည့်ရှုရန်
ကြိယာကို အထူးပြုသောပုဒ်ကို “ကြိယာဝိသေသန”ဟု ခေါ်၏၊ **“သုခံ သယတိ”**၌ **သုခံ**သည် အိပ်ခြင်းကြိယာကို အထူးပြု၏၊ “ချမ်းသာစွာ+ အိပ်ရသည်၊ ဆင်းဆင်းရဲရဲ မအိပ်ရ”ဟူလို။

**ပစ္စ-** ကျက်။ **နိသီဒ-** ထိုင်။ **သုခံ-** ချမ်းသာစွာ၊ (ချမ်းချမ်းသာသာ)။ **ဒုက္ခ-** ဆင်းရဲစွာ၊ (ဆင်းဆင်းရဲရဲ)၊ **မုဒုံ-** နူးညံ့စွာ=နူးနပ်စွာ (နူးနူးညံ့ညံ့=နူးနူးနပ်နပ်)၊ ဤပုဒ်တို့ကို … ပထမန္တ ဝိသေသနဟုလည်း ဆိုကြသေး၏။ **ဧကမန္တံ** ‘သင့်တင့်လျောက်ပတ်စွာ (သင့်တင့်သောအရပ် အဖို့၌)။

## PAGE 42

### (ခ) ဒုတိယာ ကြိယာဝိသေသန

**၁။ မနုဿာ <mark>သီဃံ</mark> ဂစ္ဆန္တိ။**
**၂။ သမဏာ သဏိကံ ဂစ္ဆန္တိ။**
**၃။ ဝိသာခါ နာမ ကညာ သဏိကံ အာဂစ္ဆတိ။**
**၄။ ဗာလာ ကညာယော <mark>သီဃံ</mark> <mark>သီဃံ</mark> အာဂစ္ဆန္တိ။**
**၅။ သာမဏေရာ ပရိမဏ္ဍလံ နိဝါသေန္တိ၊ ပရိမဏ္ဍလံ ပါရုပန္တိ။**
**၆။ သမဏာ ကာယပ္ပစာလကံ န ဂစ္ဆန္တိ။**
**၇။ သမဏာ သုရုသုရုကာရကံ န ဘုဉ္ဇန္တိ။**

(င) သင်တို့သည် ဖြေးဖြေး လာကြလော၊ လျင်စွာ မလာကြနှင့်။
(စ) သင်တို့သည် အဝန်းညီစွာ မဝတ်ကြ, မရမ်းကြ။
(ဆ) သင်တို့သည် ရှရူး ရှရူး မြည်အောင် စားကြသည်။

---

### ကြည့်ရှုရန်
**နိဝါသေ-** ဝတ်။ **ပါရုပ-** ရုံ, ခြုံ, ရမ်း။ **ပရိမဏ္ဍလံ-** ထက်ဝန်းကျင်။ ဝန်းဝိုင်းစွာ (အဝန်းညီစွာ)။ **ကာယပ္ပစာလကံ-** ကိုယ်ကို လှုပ်၍လှုပ်၍။ **သုရုသုရုကာရကံ-** ရှုပ်ရှုပ် အသံကိုပြု၍ (ရှရူး ရှရူး မြည်အောင်)။ **<mark>သီဃံ</mark>-** လျင်စွာ (လျင်လျင်မြန်မြန်)။ **သဏိကံ-** ဖြေးဖြေး (နှေးနှေး)။

<!-- ========== output-43-to-44.md ========== -->

# သောဠသမကျမ်း

## PAGE 43

၌-ဟု ပေးရသော ဒုတိယာဝိဘတ်နက်

**၁။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။**
**၂။ သမဏာ ပုဗ္ဗဏှသမယံ ဂါမံ ပိဏ္ဍာယ ပဝိသန္တိ။**
**၃။ ပုရိသော အဂါရံ အဇ္ဈာဝသတိ။**
**၄။ မနုဿာ ဧကမန္တံ နိသီဒန္တိ။**

(က) အခါတစ်ပါးဝယ် ငါသည် မန္တလေးမြို့၌ နေ၏။
(ခ) သင်တို့သည် နံနက်အခါ၌ မြို့သို့ ဆွမ်းခံ ဝင်ကြ၏။
(ဂ) ငါသည် ဂန္ဓာရုံကျောင်းတိုက်၌ နေ၏။
(ဃ) ငါတို့သည် တစ်ခုသော အရပ်အဖို့၌ ထိုင်နေကြ၏။

---

### ကြည့်ရှုရန်

**ပဝိသ**-ဝင်။ ။ **အဇ္ဈာဝသ**-နေ။ ။ **နိသီဒ**-ထိုင်။ ။ **ဧကံ သမယံ**-တစ်ခုသော အခါ၌ (အခါတစ်ပါးဝယ်)။ ။ **ပုဗ္ဗဏှသမယံ**-နံနက်အခါ၌။ (**သမယော**-အခါ)။ ။ **အဂါရံ**-အိမ်၌။

**ဧကမန္တံ** = **ဧကံ** + **အန္တ** = တစ်ခုသော + အရပ်အဖို့၌၊ [ – သင့်တင့်လျောက်ပတ်စွာ” ဟု ကြိယာဝိသေသနအနက်လည်း ပေးခဲ့၏။]

**ဂိဇ္ဈကူဋေ**-ဂိဇ္ဈကုဋ်မည်သော၊ **ပဗ္ဗတေ**-တောင်၌။

## PAGE 44

ပတ်လုံး-ဟု ပေးရသော <mark>ကာလအစ္စန္တ</mark> <mark>သံယောဂ</mark>

**၁။ မာသံ မံသောဒနော ဟောတိ။**
**၂။ သဗ္ဗကာလံ ဝိဟာရော ရမဏီယော။**
**၃။ တိယာမံ သယတိ။**
**၄။ ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ။**

(က) တစ်လပတ်လုံး ဆွမ်း ရှိ၏။
(ခ) မြို့သည် အခါခပ်သိမ်း ပျော်စရာ ကောင်း၏။
(ဂ) ကလေးသည် ညဉ့်သုံးယာမ်ပတ်လုံး အိပ်၏။
(ဃ) ငါသည် ဤကျောင်း၌ တစ်လပတ်လုံး နေ၏။

---

### ကြည့်ရှုရန်

**အစ္စန္တ** = အဆက်မပြတ် + **<mark>သံယောဂ</mark>** = ယှဉ်စပ်ခြင်း။ အချိန်ကာလဖြစ်စေ, ခရီးအဓွန့်ဖြစ်စေ, ထမင်းစသော အရာဝတ္ထုဒြပ်နှင့်လည်းကောင်း, သွားခြင်းစသော ကြိယာနှင့်လည်းကောင်း, မွေ့လျော်ဖွယ်စသော ဂုဏ်နှင့်လည်းကောင်း အဆက်မပြတ် (အကြားမလပ်) ယှဉ်ခြင်းကို **အစ္စန္တ <mark>သံယောဂ</mark>အနက်** ဟု ခေါ်၏။

ဤပုံစံများသည် <mark>ကာလအစ္စန္တ</mark> <mark>သံယောဂ</mark>ပုံစံများတည်း၊ “တစ်လပတ်လုံး = တစ်လလုံးလုံး” ဟု အနက်ပေး၏၊ **ရမဏီယော**-မွေ့လျော်အပ်၏ = မွေ့လျော်ဖွယ်ကောင်း၏ = ပျော်စရာကောင်း၏၊ **ဥပေ**-ကပ်ရောက်။

**မံသောဒနော** (**မံသ** + **<mark>ဩဒနော</mark>**) - အသားထမင်း (အသားရောသော + ထမင်း = သားပြွမ်းထမင်း = ဒန်ပေါက်ထမင်း)။ ။ **သဗ္ဗကာလံ**-အလုံးစုံသော ကာလပတ်လုံး (အခါခပ်သိမ်း)။ ။ **တိယာမံ**-ညဉ့်သုံးယာမ်ပတ်လုံး။ ။ **ဣမံ တေမာသံ**-ဤသုံးလပတ်လုံး။ ။ **ဝဿံ**-မိုးအခါ၌ နေခြင်းသို့ (မိုးခိုခြင်းသို့)။
