သောဠသမကျမ်းက !! - ဒီ နှင့် အသက်လျှင်း နယူးဘားမားအော့(ဖ်)ဆက်ပိဋကပုံနှိပ်တိုက် အမရပူရမြို့ အခြေခံ နိဒါန်း မူလတန်း စီစဉ်ရခြင်း၏ အကြောင်း ၁။ အဆင့်အတန်း မခွဲခြားဘဲ စာသင်ရခြင်း၏ အပြစ်ကို ယခုခေတ် စာချပုဂ္ဂိုလ် အများပင် ရိပ်စားမိကြပါပြီ၊ သို့သော် .လက်ရှိ ဖြစ်နေ သော စာမေးပွဲများ၏ အခြေအနေအရ ပြုပြင်ဖို့ ခဲယဉ်းလှသော ကြောင့်သာ မပြုပြင်နိုင်ကြသေးဘဲ မိမိတို့ စိတ်ကူးဉာဏ်အား လျော်စွာ ဖြစ်နိုင်သလို စီစဉ်၍ ပို့ချနေကြရပါသည်။ ၂။ မိမိကား ထိုသို့ အဆင့်အတန်း မခွဲခြားခြင်း၌ ကြာလေ အပြစ် မြင်လေ ဖြစ်နေပါသောကြောင့် မိမိ၏ နေရာဌာနအတွက် ခန့်မှန်း ချက်မျှသာ အတန်း ခွဲခြား၍ ရောက်ခါစ ငယ်ရွယ်သူ မှန်လျှင် မသင် မနေရသော ဤ မူလတန်းကို ကြိုးစား၍ စီစဉ်ပြီးနောက် ကိုယ်တိုင် ပို့ချစမ်းရာ, ယခုအခါ စိတ်ပါ ဝင်စားလောက်သော လွယ်ကူခြင်း၏ အကျိုးကို ရရှိနေပါသည်။ ၃။ ထို့ကြောင့် မိမိဌာနအတွက် မသင် မနေရ ဖြစ်သည်အားလျော်စွာ ဤ မူလတန်း သင်ခန်းစာကို လက်ရေးမူအတိုင်း အဆင့်ဆင့် ရေးကူးကြရာ၌ . အမှားအယွင်း မကင်း, အဖြတ်အတောက် ပိုဒ်ခတ်မှ စ၍ ကျနခြင်းလည်း မရှိသောကြောင့် ထို အပြစ်များကို ထိန်းသိမ်းလိုသော ဆန္ဒဖြင့် ယခုအခါ ပုံနှိပ်အပ်သော ကျမ်းစာအုပ်ငယ် တစ်စောင် အဖြစ်ဖြင့် စီစဉ်လိုက်ရပါသည်။ က 3 အခြေခံ နိဒါန်း စီစဉ်ပုံနှင့် ညွှန်ကြားချက် ၄။ ဤ မူလတန်း၌ (က) ပါဠိသိက္ခာ (ခ) သဒ္ဒါကျဉ်းဟု ၂ ခန်း ခွဲခြားထား၏၊' ထို ၂ ခန်းလုံး၌ပင် အရကျက်ရမည့် သင်ခန်းစာ တို့ကို နည်းနိုင်သမျှ နည်းစေ၍ အတော်အတန် နှုတ်တက်ရုံမျှ အထပ်ထပ် ဖတ်ရမည့် သင်ခန်းစာတို့သာ အများအပြား ပါဝင်အောင် စီစဉ်ထားပါသည်၊ ထို့ပြင် အရေး အဖတ် အပြော ကျွမ်းကျင်စေရန် ပါဠိဖတ်စာကိုလည်း ဖြည့်စွက်ထားပါသည်။ ၅။ သို့ဖြစ်၍ ဤ မူလတန်းကို စိတ်ပါဝင်စားသော စာချအရှင်များသည် လောကဓာတ်ကျောင်း၌ ၄ တန်းအောင်ပြီး သို့မဟုတ် ရိုးရိုး ဘုန်းကြီးကျောင်း၌ လောကနီတိအထိ သင်ပြီးသော ငယ်ရွယ်သူ ကလေးများကို ပို့ချသင့်ပါသည်၊ ထိုသို့ ပို့ချရာ၌ ၂ ချိန်ထားလျက် ပါဠိသိက္ခာကို ပဌမအချိန် ပို့ချ၍ သဒ္ဒါကျဉ်းကို ဒုတိယအချိန်မှာ ပို့ချသင့်ပါသည်။ " ၆။ ထိုသို့ ပို့ချရာ၌ ဆိုင်ရာ အခန်းဝယ် သင်နည်း မှတ်ချက် ပြထား သည့်အတိုင်း “ဖတ်လည်း ဖတ်, ရေးလည်း ရေး တစ်ခါတစ်ခါ ပုစ္ဆာမေး၍ ဖြေနည်းကိုလည်း ညွှန်ပြကာ” ကြပ်မတ်၍ သင်ပြကြ ပါလျှင် အလွန် ပျော်ရွှင်စွာဖြင့် အသိဉာဏ် တိုးတက်ကာ စိတ်အား ထက်သန်လျက် အထက် ပါဠိတော်များ၏ အခြေခံကို ဧကန် ရကြပါလိမ့်မည်။ အရှင်နေ့ကာဘိဝံသ ၁၃၁၈ တော်သလင်းလ KELI KITU KĶU VAU