## PAGE 16

၁၀    ပါဠိသိက္ခာ    ပထမ
ပုံနှင့်တွဲသော ဝါကျများ
၁။ အတ္ထိ ပုံ  ဒါရကော။  ။ အာမ ... အတ္ထိ ဒါရကော။
၂။ ဂစ္ဆတိ နု    ။ အာမ  ဂစ္ဆတိ ကညာ။
ကညာ။    ...
၃။ သယသိ ပုံ  တွံ။  ။ အာမ ... သယာမိ အဟံ။
၄။ ပစ္စန္တိ နု  ဒါရိကာယော။  ။ အာမ ... ပစန္တိ ဒါရိကာယော။
ပါဠိစ္စရပ်
(က) သင်  လာသလား။  ။ ဟုတ်ကဲ့ ကျွန်ုပ် လာပါတယ်။ ...
( ၁) သင် သွားသလား။  ။ ဟုတ်ကဲ့ ... ကျွန်ုပ် သွားပါတယ်။
( ဂ ) ကလေးများ ရှိကြသလား။  ။ . ဟုတ်ကဲ့ -    ကလေးများ
ရှိကြပါတယ်။.
ကြည့်ရှုရန်
အတ္ထိ ပုံ-ရှိသလော (နိဿယ)=ရှိသလား (မြန်မာပြော)။
ပ  ပုံ-ချက်ကုန်သလော=ချက်ကြသလား။ [အနက်ပေးပုံနှင့်
မြန်မာပြန်ပုံကို ခွဲခြား၍ ပြောပါ။]
အာမ-မှန်ပါ, တင်ပါ, ဟုတ်ကဲ့, အင်း (အိမ်း)။
သင်ည်း။ ။ အမေးဝါကျ၌ “အတ္ထိနု” ဟုဆိုသည်နှင့် တစ်ပြိုင်နက်
မေးပုံ သရုပ်ပေါ်အောင် မေးထိုးလိုက်ပါစေ၊ အဖြေ ဝါကျကို
66  "
ဆိုသောအခါ  အာမ  ဟု ဆိုသည်နှင့် တစ်ပြိုင်နက်
ဦးခေါင်းကိုလည်း ညိမ့်မိအောင် ညိမ့်ပါစေ။    7 b

## PAGE 17

0
အခန်း  ပထမာ-ဒုတိယာဝိဘတ်နက်    ၁၁
ကတ္တားနှင့် ကံ, ကြိယာ
[ဆောင်] ၁။ ပြုလုပ်တတ်မူ, ကတ္တားဟူ, မှတ်ယူ “သည်, က ..
အနက်ဆို။
၂။အပြုခံရ, ကံခေါ်ကြ, မှတ်ကြ “ကို, သို့”အနက်ဆို။
၃။ပြုခြင်း ကြိယာ, အနက်မှာ, မှတ်ပါ ,သည်, 66
တယ် :. ဟုဆို။ . ,,
အနက်ပေး, မြန်မာပြန်
၂။ ဒါရိကာ ဘတ္တံ ပစတိ။
၁။ ဒါရကော မဂ္ဂ ဂစ္ဆတိ။
၃။ ပုရိသာ ဂါမံ အာဂစ္ဆန္တိ။  ၄။ ဗုဒ္ဓေါ ဓမ္မံ ဒေသေတိ။
ပါဠိစီရန်
(က) ကလေးတို့သည် လမ်းကို သွားကုန်၏။
( ခ ) ကလေးမတို့သည် ထမင်းကို ချက်ကုန်၏။
( ဂ ) ယောက်ျားသည် ရွာသို့ လာ၏။
(ဃ) ဘုရားတို့သည် တရားကို ဟောတော်မူကုန်၏။
ကြည့်ရှုရန်
ပြုတတ် လုပ်တတ်သူကို “ကတ္တား” ဟုလည်းကောင်း, အပြုခံရသော
(အသွားခံရသော)လမ်းစသည်ကို “ကံ ” ဟုလည်းကောင်း, ပြုလုပ်
ခြင်း(သွားခြင်း, ချက်ခြင်း) စသည်ကို “ကြိယာ”ဟု လည်းကောင်း
ခေါ်၏။
ကတ္တားကို “သည်”ဟုလည်းကောင်း, “က”ဟုလည်းကောင်း, ရောက်
နေသောကံကို“ကို”ဟုလည်းကောင်း, မရောက်အပ်သေးသော ရှေးရှု
ကံကို“သို့”ဟုလည်းကောင်း, ကြိယာကို “၏, သည်, တယ်”
ဟုလည်းကောင်း အနက်ပေးရ၏။ [ ဒေသေတိ-ဟောတော်မူ၏၊
မဂ္ဂေါ-လမ်း၊ ဂါမော-ရွာ၊ ဘတ္တံ-ထမင်း။ ]

## PAGE 18

1
ပါဠိသိက္ခာ
၁၂    ပထမ
ကံပါသော အမေးနှင့် အဖြ
ကော ဓမ္မံ ဒေသေတိ။
၁။ အာဝုသော သာမဏေရ! ...
၂။ ဘန္တေ ဗုဒ္ဓရက္ခိတ! ဗုဒ္ဓေါ ဓမ္မံ ဒေသေတိ။ ...
၃။ ဘော ပုရိသ! ... ကေ မဂ္ဂံ ဂစ္ဆန္တိ။
၄။ ဘော ဒါရက! ... ကညာယော မဂ္ဂံ ဂစ္ဆန္တိ။
၅။ ဘောတိ ကညေ! ... ကာ ဘတ္တံ ပစတိ။
၆။ ဘော ပုရိသ! ... ဒါရိကာ ဘတ္တံ ပစ္စတိ။
ပါဠိပရပ်
(က) အို ယောက်ျား ...  အဘယ်သူတို့သည် တရား ဟောကုန်
သနည်း။
( ခ )အို သတို့သမီး ... အဘယ်သူမတို့သည် ထမင်း ချက်ကုန်
သနည်း။
(ဂ)အို ကလေး  အဘယ်သူသည် ရွာသို့ လာသနည်း။
(ဃ)အို ယောက်ျားတို့ သင်တို့သည် ရွာသို့ သွားကြကုန်၏။ ...
(င)အို ကိုရင် ငါသည် လမ်းကို သွား၏။ ...
ကြည့်ရှုရပ်
သင်ရှည်း။ ။မြန်မာပြန်ရာ၌ ဖြစ်စေ, ပါဠိစီရာ၌ ဖြစ်စေ, ဤပြထားသော
ရေးပုံအတိုင်း တစ်ပုဒ်စီချဲ့၍လည်းကောင်း,.၁-၂ (က)(ခ)စသည်
ဖြင့် ဂဏန်းစဉ်တပ်၍လည်းကောင်း, ကျောက်သင်ပုန်းမှာ ရေးပါစေ။
