## PAGE 131
<!-- 25→23 fragments, 20 buckets, 2 removed -->

[ဆောင်] ၁၄။ ရဿ သုံးဖြာ, အာဒီဃာနောက်, ရောက်ရှိ
အက္ခရာ, တစ်လုံးမှာသော်, နှစ်လုံးမျှော်,
ဒွေဘော် ဆို၍ ပြု။
၁၅။ ဝဂ် ဒုတိယ, စတုတ္ထ, ရှိက ပ-တ။
၁၆။ ကြွင်းသည့် အက္ခရာ,ရှိလေရာ, မကွာ
တူအောင်ပြု။
၁၄။ ရဿ ၃ လုံး နောက်၌လည်းကောင်း, အာ ဒီဃ၏ နောက်၌
လည်းကောင်း ရောက်နေ (ရှိနေ) သော အက္ခရာ တစ်လုံးကို
၂ လုံး ဖြစ်အောင် “ ဒွေဘော်လာ”ဟု ဆို၍ ပြုရသည်။
[“ဒွိ–၂ လုံးတို့၏ + ဘာဝ (ဘော်)…အဖြစ်”ဟူသည် နောက်ထပ်
တစ်လုံး လာခြင်းတည်း။]
၁၅။ ထိုသို့ ဒွေဘော်ပြုရာ၌ ဝဂ် တစ်ခု တစ်ခု၏ ဒုတိယ (ခ -
ဌ - ထ - ဖ) အက္ခရာရှိလျှင် ပဌမ (က, စ, ဋ, တ, ပ)
အက္ခရာ ဒွေဘော် လာ၏၊ စတုတ္ထ (ဃ-ဈ- ဎ - ဓ - ဘ) -
အက္ခရာ ရှိလျှင် တတိယ (ဂ . ဒ - ဗ) အက္ခရာ
ဒွေဘော် လာရသည်။
၁၆။ ကြွင်းသော အက္ခရာများ ရှိရာ၌ကား ရှိသော အက္ခရာနှင့်
တူအောင် ဒွေဘော် လာရ၏။ ဥပမာ- က ရှိလျှင် က
ဒွေဘော်လာ,ဂ ရှိလျှင် ဂ ဒွေဘော်လာ, စ ရှိလျှင်
ဒွေဘော်လာ, ဤသို့ စသည်ဖြင့် သိပါ။

## PAGE 132
<!-- 35→33 fragments, 20 buckets, 2 removed -->

ပုံစံများ
ဣဓပ္ပမာဒေါ  ဣဓ+ပမာဒေါ
ပက္ကမော    ပ+ကမော
ဝိပ္ပယုတ္တော  ဝိ+ပယုတ္တော
သုပ္ပဋိပန္နော  သု+ပဋိပန္နော
အာ+ကမော[အာကို ရဿပြု။]
အက္ကမော
ရူပက္ခန္ဓာ    ရူပ+ခန္ဓာ
နိစ္ဆယော    နိ+စယော
စဇ္ဈာနပ္ပလော  စ+ဈာနလော
ယတြဋ္ဌိတံ    ယတြ+ဋ္ဌိတံ
ယသတ္ထုရော  ယသ+ထေရော
နိဒ္ဓနော    နိ+ဓနော
ဈာနပူလော    ဈာန+ဖလော
နိဗ္ဗယံ    နိ+ဘယံ
အကွာတော  အာ+ခါတော [ရဿလည်း ပြု။]
ရုပ်တွက်။ ။ဣဓပ္ပမာဒေါကို “ဣဓ+ပမာဒေါ”ဟု ပုဒ်ဖြတ်, ပဒွေဘော်
လာ, ဣဓပ္ပမာဒေါပြီး၏၊’အာ+ကမော၌ ကဒွေဘော် လာ,
အာကို အ-ရဿပြု, ပြီး၏၊-ရုပ+ခန္ဓာ၌ ကဒွေဘော် လာ,
ရူပက္ခန္ဓော ပြီး၏၊ ဤသို့ဆို၍ ရုပ်တွက်ပါစေ။
