## PAGE 142
<!-- 19→17 fragments, 16 buckets, 2 removed -->

သမာသ်ကျဉ်း
[ဆောင်] ၁။ နဂိုရ်သော်ကား, ပုဒ်တွေများလည်း, တစ်ပါးပုဒ်ဖြစ်,
တစ်နက်ဖြစ်အောင်, ကျစ်လစ် ပေါင်းစပ်, ချုံး ချဉ်းအပ်,
သမာသ် ခေါ်ကြရာ။
၂။ ဗျ-ကမ်-ဒိ-တပ်, ဗ-ဒွန္ဒတ်, ခြောက်ရုပ် သမာသာ။
သမာသ်အပြား။ ။ပုဒ် ၂ ပါးကို ဖြစ်စေ, ၃ ပုဒ် ၄ ပုဒ်စသော ပုဒ်
အများကိုဖြစ်စေ, တစ်နက်တည်း တစ်ဝိဘတ်တည်း တစ်ပုဒ်တည်း
ဖြစ်အောင် ကျုံးမှု ချဉ်းကပ် စပ်ထားမှုကို သမာသ်ဟု ခေါ်၏၊
ထိုသမာသ်သည် အဗျယီဘော, ကမ္မဓာရည်း, ဒိဂု, တပ္ပုရိသ်,
ဗဟုဗွီဟိ, ဒွန် ဟု ၆ ပါးပြား၏။
က။ အဗျယိဝဘာသာသ်
[ဆောင်] ၃။ ဥပသာရ, နိပါတကို, အဗျယဆိုဘိ, ထို၏အနက်,
ပြဌာန်းလျက်ပေ, ရှေ့ကနေ, ခေါ်လေ အဗျယီဘော။
၃။ ဥပါသာရ နိပါတ်ပုဒ်များကို “ အဗျယ ”ဟု ခေါ်၏၊ ဥပနဂရံ ၌ ..
ဥပ တစ်ပုဒ်, နဂရံ တစ်ပုဒ်ဟု ၂ ပုဒ် ရှိ၏၊ ဥပသည် ဥပသာရ
ပုဒ်တည်း၊ ထို ဥပသာရပုဒ်သည် ရှေ့က နေ၏၊ “ဥပ-အနီး+

## PAGE 143
<!-- 26→24 fragments, 20 buckets, 2 removed -->

နဂရ= မြို့”ဟု ၂ နက်ရှိရာ၌လည်း “ဥပနဂရံ=မြို့အနီး”ဟု
ဥပပုဒ်၏ အနက်က ပြဓာန်းလျက် လိုရင်း ဖြစ်လျက်ရှိ၏။
နဂိုရ်က ၂ ပုဒ်ဖြစ်သော်လည်း ဥပနဂရံဟု သမာသ်စပ်ထားသောအခါ
တစ်ဝိဘတ်ဆုံးသော တစ်ပုဒ်တည်း ဖြစ်တော့၏၊ နဂိုရ်က ၂ နက်
ရှိသော်လည်း မြို့ အနက်က ပဓာနမဟုတ်၊ မြို့၏အနီးဆိုတဲ့ အနီး
အနက်သာ ပဓာန ရတော့၏၊ ထိုသို့ တစ်ပုဒ်တည်း ဖြစ်၍
တစ်နက်တည်းသာ ရသောကြောင့်လည်း “သမာသ်”ဟု ခေါ်ရ၏၊
ဥပ’ဟူသောအဗျယပုဒ်လည်း ပဓာနဖြစ်သောကြောင့် ဥပနဂရံကို
အဗျယီဘောသမာသ်ဟု ခေါ်ရသည်။
သင်နည်း မှတ်ချက်။ ။လင်္ကာမျှလောက်ကိုသာ နှုတ်တက် အရ ကျက်
ပါ၊ ပုံစံများသည် အရကျက်ဖို့ မဟုတ်ပါ၊ ထို့ကြောင့် များများ
ထုတ်ပြထားပါသည်၊ ပထမရက်၌ ပုဒ်အနက် မှန်အောင် အားလုံး
ရွတ်ဆို၍ ဖတ်ပါစေ၊ နောက်ရက်၌ စာသင်သားများကို ၂ စု ခွဲပါ၊
တစ်စုက စာအုပ်ကြည့်၍ “ဥပနဂရံ”ဟု သံပြိုင်ရွတ်ပါ၊ နောက်
တစ်စုက စာအုပ် မကြည့်ဘဲ “မြို့၏+အနီး=မြို့ အနီး”ဟု သံပြိုင်
ရွတ်ပါ၊ အပြန်အလှန် တစ်စုကို “မြို့၏+အနီး=မြို့အနီး”ဟု
မြန်မာလို ရွတ်လျှင် အခြား တစ်စုက “ဥပနဂရံ”ဟု ပါဠိလို ရွတ် .
ပါစေ၊ ပျော်ပျော်နှင့် စာတတ်လွယ်သော သင်နည်းဖြစ်ကြောင်းကို
Ein  ကောင်းကောင်းသိလျှင် ကိုယ်တိုင်လည်း ပို ့ချကြပါ။
**    ** .

## PAGE 144
<!-- 23→21 fragments, 19 buckets, 2 removed -->

ပုံစံများ
ဥပနဂရံ– မြို့၏+အနီး (မြို့အနီး)။
နိဒ္ဒရထံ- ပူပန်မှု၏+မရှိခြင်း (ပူပန်မှု မရှိခြင်း)။
အနုရထံက ရထား၏+နောက် (ရထားနောက်)။
အနုဝါတံ- လေအား+အလျော် (လေစုန်)။
အနုသောတံ… ရေအယဉ်အား+အလျော် (ရေစုန်)။
ပဋိဝါတံ- လေ၏+ဆန့်ကျင်ဘက် (လေဆန်)။
ပဋိသောတံ… ရေအယဉ်၏+ဆန့်ကျင်ဘက် (ရေဆန်)။
ပစ္စတ္တံ (ပတိ+အတ္တံ)--မိမိ မိမိ, အသီးအသီး, ကိုယ်စီကိုယ်င။
အာကုမာရံ’’` သတို့သားတိုင်အောင်။
အာပါဏကောဠိကံ- အသက် အစွန်တိုင်အောင် (အသက်ဆုံးသည့်
တိုင်အောင်)။
သုဘိက္ခုံ – ထမင်း၏ + ပြည့်စုံခြင်း ( သာယာ ဝပြောခြင်း, -    အစာ
ပေါခြင်း)။
ဒုဗ္ဘိက္ကံ- ထမင်း၏ + မရှိခြင်း (ငတ်မွတ် ခေါင်းပါးခြင်း, အစာရှား
ခြင်း)။
ယထာဝုပုံ- အကြင်အကြင် ကြီးသူတို့ (ကြီးစဉ်ငယ်လိုက်)။
ယထာသတ္တိ- အကြင်အကြင် သတ္တိရှိတိုင်း (သတ္တိရှိသလောက်)။
ယထာဗလံ… အကြင်အကြင် အားစွမ်းရှိတိုင်း (အားစွမ်းရှိသလောက်)။
