## PAGE 154
<!-- 23→21 fragments, 19 buckets, 2 removed -->

[လင်] ၁။ နာမ်ပုဒ်အများ, အနက်ထွားအောင်, စီးပွားကိုပြု,
ပစ္စည်းစု, မှတ်ရှု တတ်ခေါ်
တ်ခေါ်ရပုံ “တံ+ဟိတ”ပုဒ်မှ ဟကို ပြု, နိဂ္ဂဟိတ်ကို ဒ ပြု၍ "
“တ”ပုဒ် ဖြစ်လာရသည်၊ တေသံ-ထိုနာမ်ပုဒ်
တို့၏+ဟိတံ-စီးပွားဖြစ်သော ပစ္စည်းသည်၊ တဒ္ဓိတံ-ချိတ်မည်၏၊
"
“ဝသိဌော”ဟူသော နာမ်ပုဒ်သည် “ဝသိဌ”မည်သော ရသေ့တစ်ဦးကို
ဟော၏၊ ထို ဝသိဟူသော နာမ်ပုဒ်မှောင် တဒ္ဓိတ်ပစ္စည်းသက်၍
“ဝါသိဋ္ဌော”ဟု ဖြစ်သောအခါ “ဝသိဋ္ဌ၏ သား”ဟူသော အနက်ကို
ဟော၏၊ “၏+သား”ဟူသော အနက်သည် တဒ္ဓိတ်ပစ္စည်းကြောင့်
တိုးတက်လာသော အနက် (စီးပွား) တည်း၊ ဤသို့လျှင် နာမ်ပုဒ်များ
နောင် တဒိတ်ပစ္စည်း သက်လျှင် အနက်တစ်မျိုး တိုးတက်လာသော
ကြောင့် တဒ္ဓိတ်ပစ္စည်းများကို နာမ်ပုဒ်တို့၏ စီးပွား” ဟု ဆိုရပေ "
သည်။
တေွဟ်အပြား
[ခင်] ၂။ အပစ္စ=လှကတ်, အဿတ်-သင်္ချာ, ဘာဝါ.ဗျယ,
ဤခြောက်ဝ, ပြားထ ကြိတ်တည်း။
၂။သ္မပပ္ပန္တိတ်, အမှေကာတ်, အဿတ္ထိတ်, သင်္ချာကျိတ်,
ဘာဝတြိတ်, ဂျယန္တိတ်အားဖြင့် ၆ မျိုး ပြား၏။

## PAGE 155
<!-- 29→27 fragments, 21 buckets, 2 removed -->

၁။ အပစ္စတဒိတ်
[ဆောင်] ၃။ သားနှင့် သမီး, မြေး မြစ်ကစ, ဆက်သမျှ, အပစ္စ
အနက်ခေါ်။
၄။ ထို အပစ္စ, အနက်ပြဖို့, ဏနှင့် ဏာယန,ဏာန-
ဏေယျာ, ဏိပါ-ဏိကော, လိယော-,ဏ၀-
ဏေရာ, ပစ္စည်းမှာ, လျော်စွာ သက်ရသည်။
၅။ ပစ္စည်း၌ ဏ, ပါသမျှဝယ်, အစ သရာ, အ ကို
အာရေး၊ ဣဝဏ် 8  တည်း၊ သြရေး ဥဝဏ်၊
လျော်ကန်အောင်, မှန်မှန်ပြုကာ, ဏ ဗျဉ်းမှာ, မှန်စွာ
ကျေရမည်။
၃။ ဝါသိဋ္ဌောဝသိဋ္ဌ၏ သား, မြေး, မြစ် စသည်၊ ဝါသိဋ္ဌိ-ဝသိဋ္ဌ၏
သမီး, မြေးမ, မြစ်မ စသည်၊ ဤသို့ သား သမီး မြေး မြစ်
စသော အနက်များကို အပစ္စအနက်ဟု ခေါ်၏၊ ထို အပစ္စ .
အနက်၌ ဏ-စသော ပစ္စည်းများ သက်ရသည်။
၄, ၅။ ဏ,ဏာယန, ဏာန, ဏေယျ, .ဏိ, ဏိက, အိယ, ဈ,
ဏဝ, ဏေရ, ပစ္စည်းများတည်း၊ ထို ပစ္စည်းများ၌ ဏ
အက္ခရာပါလျှင် ရှေ့ဆုံး သရကို “ဝုဒ္ဓိ” ခေါ်သော တိုးပွားမှုတစ်မျိုး
ပြုရ၏၊ အ ကို အားပြု,ဣဝဏ် (ဣ-ဤ) ကို ဧ ပြု, ဥဝဏ် 0
(၃-၉) ကို သြ ပြုရသည်’ဟူလို၊ ထို ဏ ဗျဉ်းကိုလည်း ဏ
ချေပစ်ရသည်၊ ထိုအခါ “အ-အာယန-အာန” စသည်တို့သာ
ကျန်တော့၏။

## PAGE 156
<!-- 22→20 fragments, 19 buckets, 2 removed -->

ပုံစံများ
(က) ဝါသိဋ္ဌော-ဝသိဋ္ဌရသေ့၏ သား၊ ဝါသိဋ္ဌိ-ဝသိဋ္ဌရသေ့၏ သမီး၊
[“ သိဋ္ဌဿ+အပစ္စံ” အနက်၌ ဏ ပစ္စည်း။]
( ခ ) ဝစ္ဆာယနော, ဝစ္ဆာနော-ဝစ္ဆရသေ့၏ သား၊ ဝစ္ဆာယနီ, ဝစ္ဆာနီ-
ဝစ္ဆရသေ့၏ သမီး၊ ကစ္စာယနော, ကစ္စာနော-ကစ္စရသေ့၏
သား၊ ကစ္စာယနီ, ကစ္စာနီ’ကစ္စရသေ့၏ သမီး၊ [“ဝစ္ဆဿ+
အပ”စသော အနက်၌ ဏာယန, ဏာန ပစ္စည်း။]
( ဂ ) ကတ္တိကေယျော’ကတ္တိကာ၏ သား၊ ကတ္တိကေယျံ-ကတ္တိကာ၏
သမီး၊ [“ကတ္တိကာ့ယ+အပစ္စံ” အနက်၌ ဏေယျ ပစ္စည်း။]
(ဃ) ဒက္ခိ–ဒက္ခရသေ့၏ သား၊ [“ဒက္ခဿ+အပစ္စံ” အနက်၌ ဏိ .,,
ပစ္စည်း။
( င ) သကျပုတ္တိကော’သာကီဝင်မင်းသား, ဘုရား၏ သား၊
[“သကျပုတ္တဿ+ အပစွံ”အနက်၌ ထိက ပစ္စည်း။]
( ခ ) သကျပုတ္တဿ-သာကီဝင်မင်းသား, ဘုရား၏ သား၊
[“သကျပတဿ+ အပစ္စံ”အနက်၌ ကိယ ပစ္စည်း။]
(ဆ) ကောဏ္ဍညော-ကုဏ္ဍနီ၏ သား၊ [“ကုဏ္ဍလိယာ+အပစ္စံ”အနက်၌
ကျ ပစ္စည်း။]
( ဝ ) သြပဂဝေါ−ဥပဂု၏ သား၊ [“ဥပဂုဿ+အပစ္စံ” အနက်၌ ဏဝ
ပစ္စည်း။]
