## PAGE 157
<!-- 26→24 fragments, 22 buckets, 2 removed -->

(စျ)ဝေဓဝေရော’မုဆိုးမ၏ သား၊ [“ဝိဓဝါယ+အပစ္စံ” အနက်၌
ဏေရ ပစ္စည်း။] သာမဏေရော’ဥပဇ္ဈာယ်ရဟန်း၏ သား၊
'
[“သမဏဿ+အပစ္စံ”အနက်၌ ဏေရ။] ဥပဇ္ဈာယ်ဆရာကို
“သမဏ”ဟု ဆိုလိုသည်။ "
..
ရုပ်တွက်။ ။“ဝသိဋ္ဌ”ဟုတည်, “ဝသိဋ္ဌဿ+အပစ္စံ=ဝသိဌ၏+သား”
ဟူသော အနက်၌ ဝသိဋ္ဌ နောင် ဏ ပစ္စည်းသက်, ဝ ၏ အ ကို ဏ
အာ ဝုဒ္ဓိပြု, ဏ်ဗျဉ်း ချေ, (ဝါသိဋ္ဌ+)ဋ္ဌ ၏ အ ကို ချေ,
နောက် အ သို့ ကပ်, (ဝါသိဋ္ဌ)သိ ဝိဘတ်သက်၍ သိကို သြ,
ဝါသိဋ္ဌော ပြီး၏၊ ဤသို့ စသည်ဖြင့် ရုပ်ပြီးပုံကို ဆရာက
ပြောပြပါ။ [ကလေးများ ကိုယ်တိုင် မတွက်ပါစေနှင့်။]
သင်နည်း။ ။ရုပ်မတွက်စေဘဲ စာသင်သားများကို ၂ စု ခွဲ၍ တစ်စုက
“ဝါသိဋ္ဌော”ဟု ဆိုလျှင် နောက်တစ်စုက “ဝသိဋ္ဌ၏ သား”ဟု
မြန်မာလို ဆိုပါစေ၊ တစ်စုက မြန်မာလို ဆိုလျှင် နောက်တစ်စုက
ပါဠိလို ဆိုပါစေ။
၂။ အရှေ့ကတ္ထတဒိတ် ပထမပိုင်း
[ဆောင်] ၆။ သံသဋ္ဌနှင့်, တရတိ စသည်, အနက်မှီ, သက်ပြီ,
ထိက တဲ့။
၆။ သံသဋ္ဌ-ရောနှောအပ်၊ တရတိ-ကူး၏၊ ဤသို့ စသော အနက်များ၌
ဏိကပစ္စည်း သက်၏၊ ဤ ဏိကပစ္စည်း၏ အနက်တွေကား အလွန်
များ၏၊ ပုံစံ၌ သတိပြုပါလေ။

## PAGE 158
<!-- 23→21 fragments, 21 buckets, 2 removed -->

ပုံစံများ
(က) တေလိကံ-နှမ်းဖြင့် ရောအပ်သော ဘောဇဉ်၊
[“တိလေန+သံသဋ္ဌိ” အနက်၌ ဏိက သက်။]
( ခ ) နာဝိကော’လှေဖြင့် ကူးတတ်သူ(လှေသူကြီး)၊
[“နာဝါယ+ တရတိ” အနက်၌ ဏိက သက်။]
( ဂ ) သာကဋိကော‘လှည်းဖြင့် လှည့်လည်(သွားလာ) သူ၊
[“သကဋေန+စရတိ” အနက်၌ ဏိက သက်။]
(ဃ) သိသိကော-ဦးခေါင်းဖြင့် ဆောင်ရွက်သူ (ခေါင်းရွက် ကူလီ)၊
[“သိသေန+ဝဟတိ” အနက်၌ ဏိက သက်။]
( င ) ပါရဒါရိကော’သူ ့မယားကို သွားလာသူ၊ [“ပရဒါရံ+ဂစ္ဆတိ”
အနက်၌ ဏိက သက်။] ပထိကော-ခရီးကို သွားသူ၊ “ပထံ+
ဂစ္ဆတိ” အနက်၌ ဏိက သက်။]
( စ ) အာဘိဓမ္မိကော-အဘိဓမ္မာကို သင်အံသူ, ဝါ-အဘိဓမ္မာကို
တတ်သိသူ၊ [“အဘိဓမ္မံ+အဓီတေ, ဇာနာတိ ဝါ”အနက်၌ ဏိက
သက်။] ဝေနယိကော-ဝိနည်းကို သင်အံသူ၊ ဝါ-ဝိနည်းကို
တတ်သိသူ၊ သုတ္တန္တိ ကော- သုတ္တန်ကို သင်အံသူ၊ ဝါ-သုတ္တန်ကို
တတ်သိသူ၊ ဝေယျာကရဏိကော- ဗျာကရိုဏ်းကို သင်အံသူ၊
ဝါ-ဗျာကရိုဏ်းကို တတ်သိသူ။
(ဆ) ကာယိကော-ကိုယ်ဖြင့် ပြုအပ်သော ပယောဂ၊ [“ကာယေန+
ကတော” အနက်၌ ဏိက သက်။] ဝါစသိကံ-နှုတ်ဖြင့် ပြုအပ်
သော အမှု၊ မာနသိကံ-စိတ်ဖြင့် ပြုအပ်သော အမှု။

## PAGE 159
<!-- 27→25 fragments, 21 buckets, 2 removed -->

( ဂ ) သာရီရိကာ’ကိုယ်၌ စုဝေးတည်နေသော ဝေဒနာ၊ [“သရီရေ+
သန္နိဓာနာ”အနက်၌ ဏိက သက်။] ကာယိကံ-ကိုယ်၌ တည်နေ
သော ဒုက္ခ၊ မာနသိကံ-စိတ်၌ တည်နေသော ဒုက္ခ။
( ဈ ) ဒေါဝါရိကော-တံခါး၌ ယှဉ်သူ (တံခါးစောင့်, ဒရဝမ်)၊
[“ဒွါရေ+နိယုတ္တော”] ဘဏ္ဍာဂါရိကော-ဘဏ္ဍာတိုက်၌ ယှဉ်သူ၊
(ဘဏ္ဍာတိုက်စိုး)။
( ဉ ) ဝေဏိကော- စောင်းတီးခြင်း အတတ်ရှိသူ (စောင်းတီးတတ်သူ
စောင်းသမား)၊ [“ဝီဏာ+အဿ+သိပ္ပံ”] ဝံသိကော’ပလွေမှုတ်
ခြင်း အတတ်ရှိသူ (ပလွေမှုတ်တတ်သူ, နှဲသမား)။
( ဋ ) တေလိကော - ဆီဘဏ္ဍာ ရှိသူ (ဆီရောင်းသူ, ဆီကုန်သည်)၊
,,  -
[“ တေလံ + အဿ + ဘဏ္ဍ " ] ဂန္ဓကော – နံ့သာ ဘဏ္ဍာရှိသူ
(နံ့သာသည်)။
( ဌ) သြရတ္တိကော- သိုးကို သတ်၍ အသက်မွေးသူ (သိုးသတ်သမား)၊ -
[“ဥရတ္တံ+ဟန္တာ ဇီဝတိ” အနက်၌ ဏိက သက်။] မာဂဝိကော-
သားကောင်ကို သတ်၍ အသက်မွေးသူ (သားမုဆိုး)၊ မစ္ဆိကော-
ငါးကို သတ်၍ အသက်မွေးသူ (တံငါ)။ သာကုဏိကော-ငှက်ကို
သတ်၍ အသက်မွေးသူ(ငှက်မုဆိုး)။
( ၃ ) ဇာလိကော- ပိုက်ကွန်ဖြင့် သတ်အပ်သောငါး၊ [“ဇာလန+
FIIB
ဟတော”]
