## PAGE 166
<!-- 24→21 fragments, 21 buckets, 3 removed -->

[ဆောင်] ၉။ ဇာတ-နိယုတ္တ, တဒဿတ္ထိ, တမှိ ဘဝေါ,
စသည်ဟော, မှတ်လော ဣမိယ ဣက သက်။
၉။ ဇာတ, နိယုတ္တ (ယှဉ်သည်), တံအဿတ္ထိ (သူ ့မှာ ထိုဟာ ရှိ၏),
တမှိ ဘဝေါ (ထို၌ ဖြစ်၏) စသော အနက်များ၌ ဣမ-ဣယ-
ဣကပစ္စည်း သက်၏။
ပုံစံများ
(က) ပစ္ဆိမော’နောက်၌ ဖြစ်သူ, [“ပစ္ဆာ+ဇာတော”]၊ ပစ္ဆိမာ’နောက်၌
ဖြစ်သော (နောင်လာနောက်သား, နောက်ပေါက်ဖြစ်သော), ဇနတာ-
လူအပေါင်း၊ အန္တိမော−အဆုံး၌ ဖြစ်သူ၊ ဟေဋ္ဌိမော’အောက်၌
ဖြစ်သူ။
(ခ) မနုဿဇာတိယောလူဇာတ်၌ ဖြစ်သူ, မနုဿဇာတိယံ+ဇာတော]၊
လောကိယော-လောက၌ ဖြစ်သူ။
(ဂ) အန္တိမော, အန္တိ ယော, အန္တိ ကော’အဆုံး၌ ယှဉ်သူ, [“အန္တေ +
နိယုတ္တော”]၊ ပုတ္တိမော, ပုတ္တိယော, ပုတ္တိကော’သားရှိသူ,
[ပုတ္တော+အဿ+အတ္ထိ]။
(ဃ) ပဉ္စဝဂ္ဂိယော-၅ ယောက် အစု၌ ဖြစ်သူ, (ငါးယောက် အစုတွင်
ပါဝင်သော), [“ပဥ္စဝဇ္ဇေ+ဘဝေါ’ပဂ္ဂဝဂ္ဂိယော”]၊ ဆဗ္ဗဂ္ဂိယော’
၆ ယောက် အစု၌ ဖြစ်သူ, ၆ ယောက် အစုတွင် ပါဝင်သူ
(ဆဗ္ဗဂ္ဂီရဟန်း)။
(င) ဥဒရိယံ’ဝမ်း၌ဖြစ်သော အစာသစ်, [“ဥဒရေ+ဘဝံ”]၊ အတ္တနိယံ-
မိမိ၏ဥစ္စာ, [“အတ္တနော+ဣဒံ”]။

## PAGE 167
<!-- 22→20 fragments, 18 buckets, 2 removed -->

[ဆောင်] ၁၀။ သာဓု ဟိတ, ဘဝ စသည်, အနက်မှီ,
သက်ပြီ ယ-ကျ။
၁၀။ သာဓု’ကောင်း၏ , ဟိတံ−စီးပွား, ဘဝဖြစ်သည်, ဇာတ-
မွေးဖွားသည်, ဤသို့ စသော အနက်များ၌ ယပစ္စည်း, အျပစ္စည်း
သက်၏။
ပုံစံများ
(က) ကမ္မညံ’အမှု၌ ကောင်းသော ဝတ္ထု, [“ကမ္မနိ+သာဓု,  ျ”]၊ "
သတ္တံ-သဘင်၌ ကောင်းသောစကား, [“သဘာယံ+သာဓု, ကျီ]၊
ပါရိ သမ္ဗော’ပရိသတ်၌ ကောင်းသော အခြွေအရံ, [“ပရိသာယံ+
သာဓု,”]။
(ခ) မေâ’အဆီ၏ စီးပွားဖြစ်သော ထောပတ်, [“မေဓာယ+ဟိတံ”]၊
ပဖွံ့’ခြေတို့၏ စီးပွားဖြစ်သော ခြေနယ်ဆီ, [“ပါဒါနံ+ဟိတံ,
ကျီ”]၊ ရစ္ဆာ’ရထား၏ စီးပွားဖြစ်သော လမ်း, [ရထဿ+ဟိတာ”]၊
သာမညံ’ရဟန်းတို့၏ စီးပွား, [“သမဏာနံ+ဟိတံ”]။
(ဂ) ဂမ္မော-ရွာ၌ ဖြစ်သော အကျင့်, [–ဂါမေ+ဘဝေါ, ကျ”]၊
ကာ’ပညာရှိ၌ ဖြစ်သော ကဗျာ, [“ကဝိမှိ+ဘဝံ, ”]၊
အာရု ံ-အရူပဘုံ၌ ဖြစ်သော စိတ်, [“အရူပေ+ဘဝံ' ကျ”]၊
ထညံ’နို့မှ ဖြစ်သော နို့ရည်, [ထနတော+ဓာတံ”]။

## PAGE 168
<!-- 22→20 fragments, 20 buckets, 2 removed -->

[ဆောင်] ၁၁။ အနက် သမူဟ, ဟောဖို့ပြ, ကဏ်-ဏ-တာ တို့သက်။
၁၂။ တာဝစ္စယ, ရံခါမျှ, သွတ္ထနက်မှာ သက်။
၁၁. ၁၂။ သမူဟ (အပေါင်း) အနက်ကို ဟောရာ၌ ကဏ်, ဏ, တာ
၃ ပစ္စည်း သက်၏၊ ထိုတွင် တာ ပစ္စည်းကား သွတ္ထ အနက်
၌လည်း သက်၏။
မှတ်ချက် ။ ။ သောယေဝ- ‘ထိုပုဒ်၏ အနက်သည်ပင်+အတ္ထော-
ပစ္စည်း၏ အနက်တည်း၊ သွက္ကော-ထိုပုဒ်၏ အနက်သည်ပင်
66
ပစ္စည်း၏ အနက်၊ ရှေ့ပုဒ်၏ အနက်ကို “သွတ္ထု”ဟု
ခေါ်၏, ပစ္စည်းအတွက် အနက်ထူး မရှိဘဲ ရှေ့ပုဒ်၏
အနက်ကိုပင် တွဲဖက်၍ ဟောသည်ကို “သွတ္ထ”အနက်၌
သက်သည်ဟု ဆိုသည်၊ သူတ္ထကို “သကတ္ထ-မိမိ (မူလပုဒ်၏)
အနက်ဟုလည်း ခေါ်၏။]
ပုံစံများ
(က) အဋ္ဌကော’ရှစ်ခုတို့၏ အပေါင်း, [“အဋ္ဌနွံ+သမူဟော, ကဏ်”]၊
ဂါမတာ-ရွာတို့၏ အပေါင်း, [“ဂါမာနံ+သမူဟော”]၊ ဇနတာ−
သတ္တဝါတို့၏ အပေါင်း (လူအပေါင်း)။
( ခ ) ဒေဝတာနတ်, [“ဒေဝေါယေဝ+ဒေဝတာ”]၊ ဤ၌ တာပစ္စည်း
အနက်ထူး မရှိ၊ ဒေဝပုဒ်၏ အနက်ကိုပင် တာပစ္စည်းက ဟော
ရသည်။
