## PAGE 169
<!-- 23→21 fragments, 21 buckets, 2 removed -->

[ဆောင်] ၁၃။ ထိုတရားလျှင်, အများပင်ဟု, အနက်ရှု
“အာလု”ပစ္စည်း သက်။
၁၃။ အဘိဇ္ဈာစသော ထိုတရား၏ များခြင်းအနက်၌ အာလုပစ္စည်း
သက်၏။
(က) အဘိဇ္ဈာလု’များသောအဘိဇ္ဈာ ရှိသူ, [“အဘိဇ္ဈာ+အဿ+
ဗဟုလာ”]။
(ခ) သီတာလု’များသော အချမ်းရှိသူ (အချမ်း မခံနိုင်သူ), နောက်၌
က အက္ခရာလာလျှင် “အဘိဇ္ဈာလုကော” စသည် ဖြစ်၏။]
[ဆောင်] ၁၄။ ပဋိဘာဂ, ကုစ္ဆိတနှင့်,နုကမ္ပ သညာ, စသည်မှာ,
သက်ပါ က ပစ္စည်း။
၁၄။ ပဋိဘာဂ (အတူ), ကုစ္ဆိတ (စက်ဆုပ်အပ်), အနုကမ္မ (သနားခြင်း),
သညာ(အမည်), ဤသို့ စသော အနက်များ၌ ကပစ္စည်း သက်၏။
(က) ဟတ္ထိကာ-ဆင်နှင့်တူသော အရုပ်တို့ (ဆင်ရုပ်တို့)၊ အဿကာ-
မြင်းရုပ်တို့၊ ဂေါဏကာ-နွားရုပ်တို့။
(ခ) သမဏကော-စက်ဆုပ်အပ်သော ရဟန်း(ရဟန်းယုတ်),
[“ကုစ္ဆိတော+သမဏော”]၊ မုဏ္ဍကော- စက်ဆုပ်အပ်သော ကတုံး
(ခေါင်းတုံး), ကတုံးစုတ်]။
(ဂ) ပုတ္တကော-သနားစဖွယ် သားငယ်, [“အနုကမ္ပိတော+ပုတ္တော"]၊
ဘဋကော’သူခစား (စာရင်းငှား), သညာအနက်၌ ကပစ္စည်း,
ရထကော-ရထားငယ်; [“ခုဒ္ဒကော+ရထော”] ခုဒ္ဒကအနက်၌
ကပစ္စည်း။

## PAGE 170
<!-- 21→19 fragments, 17 buckets, 2 removed -->

[ဆောင်] ၁၅။ ကိ' ယ တနှင့်, ဧတနောက်မှာ, ပရိမာဏ,
အနက်ပြ, တ္တက-ဝန္တု သက်။
၁၅။ ကိ-ယ-တ-ဧတ တို့နောင် ပရိမာဏ (အတိုင်းအရှည်) အနက်၌
တ္တကပစ္စည်း, ဝန္တုပစ္စည်း သက်။
(က) ကိတ္တကံ-အဘယ်မျှ အတိုင်းအရှည်ရှိသနည်း, (ဘယ့်လောက်
ရှိသနည်း)၊ [“ကိ+ပရိမာဏံ+ယဿ”]၊
ယတ္တကံ-အကြင်မျှ အတိုင်းအရှည် ရှိသည်, (အကြင်မျှလောက်
များသည်)၊
တတ္တကံ-ထိုမျှ အတိုင်းအရှည် ရှိသည်, (ထိုမျှလောက် များသည်)၊
ဧတ္တကံ’ဤမျှ အတိုင်းအရှည် ရှိသည်, (ဤမျှလောက် များသည်)။
(ခ) ကီ၀ါ-အဘယ်မျှလောက် . အတိုင်းအရှည် ရှိသနည်း,[“ကိ+
ပရိမာဏံ+အဿ” အနက်၌ ဝန္တုပစ္စည်း၊]
ယာဝါ-အကြင်မျှ အတိုင်းအရှည် ရှိသည်၊ တာဝါ-ထိုမျှ
အတိုင်းအရှည် ရှိသည်။
မှတ်ချက်။ ။“ဝန္တ နေရာ၌ “အာဝန္တု”ဟုလည်း ဆိုကြသေး၏၊ 66  "
[“အာဝတက” ပစ္စည်းသက်၍ “ယာဝတကော, တာဝတကော"
ဟုလည်း ရှိသေး၏။]

## PAGE 171
<!-- 21→18 fragments, 17 buckets, 3 removed -->

တစ်ချက်, သကတ်နက်, သက်လေ “မယ”တည်း။
၁၆။ ထိုဖြင့် ပြုအပ် ဟူသော အနက်, ထို့ကြောင့် ဖြစ်ပေါ် ဟူသော
အနက်, ထို ပကတိ (အထည်ကိုယ်) ရှိ၏-ဟူသော အနက်,
သွတ္ထ (သကတ္ထ) အနက်တို့၌ မယပစ္စည်း သက်၏။
(က) သုဝဏ္ဏမယော-ရွှေဖြင့် ပြုလုပ်အပ်သော ရထား, [“သုဝဏ္ဏေန+
ပကတော”]၊ ဝါ-ရွှေအထည်ကိုယ် ရှိသော ရထား, (ရွှေရထား),
[“သုဝဏ္ဏ+ပကတိ+ယဿ”]။
(ခ) ဣဒ္ဓိမယံ-တန်ခိုးကြောင့် ဖြစ်သော သပိတ် သင်္ကန်း,
[“ဣဒ္ဓိယာ+ နိဗ္ဗတ္တံ”]၊ မနောမယံ-ဈာန်စိတ်ကြောင့် ဖြစ်သော
တန်ခိုး, [“မနုသာ+နိဗ္ဗတ္တံ"]။
(ဂ) ဒါနမယ်-ဒါန, [“ဒါနမေဝ+ဒါနမယံ”]၊ သီလမယံ-သီလ၊
ဘာဝနာမယံ’ဘာဝနာ၊ [သွတ္ထ အနက်၌ မယ ပစ္စည်း သက်။]
[ဤ တဒ္ဓိတ်၌ အနက်တစ်မျိုးသာမက, အနက်အများကို ဟောသော
ကြောင့် “အနေကတ္ထ (များသော အနက်ရှိသော) တဒ္ဓိတ်” ဟု ,,
ခေါ်သည်။]
အနေကတ္ထတဒိတ်
ပြီး၏။
