## PAGE 172
<!-- 20→17 fragments, 17 buckets, 3 removed -->

[ဆောင်] ၁၇။ ဘာဝ၎င်း, ဖြစ်ကြောင်းဖြစ်ရာ, အနက်မှာ,
သက်ပါ  ျ-တ္တ-တာ တည်း။
၁၇။ ဘာဝအနက်ကို “ဖြစ်ကြောင်းဖြစ်ရာ အနက်” ဟုလည်း ခေါ်၏၊
ထိုဘာဝ အနက်၌ ကျ-တ္တ-တာ ၃. ပစ္စည်း သက်၏။
(စျ ) အာလသံ’အလသသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ,(ပျင်းရိသော
အမူအရာ ကြိယာ)၊ အလသဿ+ဘာဝေါ’ဖြစ်ကြောင်းဖြစ်ရာ
တည်း။] အာရောဂျုံ-အရောဂသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ,
(အနာကင်းခြင်းဂုဏ်)၊ [“အရောဂဿ+ဘာဝေါ”]။
ကောသလ္လ-ကုသလသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ, (တတ်သိ
နားလည်ခြင်းဂုဏ်)၊ ပဏ္ဍိဂုံ’ပဏ္ဍိတ သဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်
ရာ, (ပညာဂုဏ်)၊ ဗာဟုဿစ္စံ’ဗဟုဿုတသဒ္ဒါ၏ ဖြစ်ကြောင်း
ဖြစ်ရာ, (အကြားအမြင် များခြင်းဂုဏ်)၊ [“ဗဟုဿုတဿ+
ဘာဝေါ”]၊ ဣဿရိယံ’အစိုးရသူ၏ ဖြစ်ကြောင်းဖြစ်ရာ (ရာထူး
ဂုဏ်)၊ [“ဣဿရဿ+ဘာဝေါ”]။
(တ္တ-တာ) မနုဿတ္တံ, မနုဿတာ−မနုဿသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ,
(လူ့အဖြစ်)၊ [“မနုဿဿ+ဘာဝေါ”]၊ ဒဏ္ဍိတ္တံ, ဒဏ္ဍိတာ-
ဒဏ္ဍသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ, (ဒုတ်ရှိသူ၏ အဖြစ်)။ .

## PAGE 173
<!-- 17→15 fragments, 15 buckets, 2 removed -->

[ဆောင်] ၁၈။ ဖြစ်ကြောင်းဖြစ်ရာ, အနက်မှာပင်, တ္တန-ဏေယျ,
ဏနှင့် ကဏ်ပါ, ရံတစ်ခါ, လျော်စွာ သက်နိုင်သည်။
၁၈။ ဘာဝ (ဖြစ်ကြောင်းဖြစ်ရာ) အနက်မှာပင် တ္တန-ဏေယျ-ဏ-
ကဏ် ၄ ပစ္စည်း သက်နိုင်၏။
(က) စာရတ္တနံ’ဇာရသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ, (လင်၏ အဖြစ်)၊
ဓာယတ္တနံ’ဇာယာသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ, (မယား၏ အဖြစ်)။
( ခ ) သောစေယျံ-သုစိသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ, (စင်ကြယ်သူ၏
အဖြစ်)၊ [“သုစိနော+ဘာဝေါ" ဏေယျပစ္စည်း]၊
(ဂ) ဝေသမံ-ဝိသမသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ, (မတူ ထူးခြား
ကွဲပြားသည်၏ အဖြစ်)၊ [“ဝိသမဿဘာဝေါ”ဏပစ္စည်း]။
ဂါရဝံ’ဂုရုဒ္ဓါ၏ ဖြစ်ကြောင်းဖြစ်ရာ, (ရိုသေခြင်း)၊
အဝံ- ဥသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ, (ဖြောင့်မတ်ခြင်း)၊
မဒ္ဒဝံ-မုဒုသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ,(နူးညံ့ခြင်း)။
(ဃ) ရာမဏီယကံ-ရမဏိယသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ
(မွေ့လျော်ဖွယ်)။

## PAGE 174
<!-- 19→16 fragments, 16 buckets, 3 removed -->

[ဆောင်] ၁၉။ ကမ္မ-သကတ္ထ, အနက်ပြ, ကျ စသည် သက်။
၁၉။ ကမ္မ (အမှု’အလုပ်), သကတ္ထ (မိမိပုဒ်ရင်း အနက်)
အနက်များ၌ အျပစ္စည်း သက်၏။ [သက+အတ္ထ-မိမိ နဂိုရ်
ပုဒ်ရင်း၏ အနက်သာဖြစ်၍ ပစ္စည်းအတွက် အနက်အထူး မရှိ
ခြင်းကို “သကတ္ထ”ဟု ဆို၏၊ ပြခဲ့သော ၁၂ နံပါတ်က သွတ္ထနှင့်
အတူပင်တည်း။]
(က) ဝီရိယံ’ရဲရင့်သူ၏ အမှ, [“ဝီရာနံ+ကမ္မံ”]၊ [“ဝီရဿ+ဘာဝေါ”
လည်း ဖြစ်နိုင်၏။]
ဘေသဇ္ဇံ-ဆေးဆရာ၏ အလုပ်, (ဆေး)၊ [“ဘိသဂ္ဂဿ+ကမ္မံ”
ဟု ပြု、 “ဘိသဂ္ဂဿ+ဘာဝေါ” လည်း ဖြစ်နိုင်၏။]
သာဌေယျ’ကောက်ကျစ် စဉ်းလဲသူ၏ အမှု, [“သဌဿ+ကမ္မံ”]။
(ခ) ယထာဘုစံ-အကြင်အကြင် ဟုတ်မှန်သည့်အတိုင်း, (ဟုတ်ကိုင်း
မှန်စွာ)၊ [“ယထာဘူတမေဝ+ယထာဘုစံ” သကတ္ထ၌ ကျသက်။]
ကာရုညံ’သနားခြင်း, [“ကရုဏာယေဝ+ကာရုညံ”]၊
ပတ္တကလံ’လျောက်ပတ်သောအခါရှိသော ကံ,
[“ပတ္တကာလောယေဝ+ပတ္တကလံ”]။
