## PAGE 177
<!-- 21→19 fragments, 18 buckets, 2 removed -->

[ဆောင်] ၂၂။ တပစသည်, နောက်၌ သီနှင့်, တစ်လီ ဒဏ္ဍ, နောက်
ဣက-ဤ, မရွာဒိနောက်, ရ လည်းရောက်, မဖောက်
သက်ကြသည်။
၂၂။ တပ စသည်၏ နောက်၌ သီ ပစ္စည်း သက်၏၊ ဒဏ္ဍ စသည်၏
နောက်၌ ဣက-ဤ ပစ္စည်း သက်၏၊ မဓု စသည်၏ နောက်၌
ရ ပစ္စည်း သက်သည်။
(က) တပဿီ–အကျင့်ရှိသူ (ရသေ့)၊ [“တပေါ+အဿ+အတ္ထိ” သီ
ပစ္စည်း၊ သ ဒွေဘော်လာ]၊ တပဿိနီ’ရသေ့မ။
ယသဿီ−အခြံအရံ ရှိသူ (အခြံအရံ များသူ)၊
တေဇဿီ’တန်ခိုးရှိသူ (တန်ခိုးကြီးသူ)။
(ခ) ဒဏ္ဍကော, ဒဏ္ဍီ’ဒုတ်ရှိသူ (ဒုတ်ကိုင်သူ)၊ ဣက, ဤ ပစ္စည်း]၊
သံဃ−ဂိုဏ်းသံဃာရှိသော ဆရာကြီး၊ ဆတ္တိကော, ဆတ္တိ-
ထီးရှိသူ (ထီးဆောင်းသူ)၊ ဉာဏိကော, ဉာဏီ-ဉာဏ်ရှိသူ
(ဉာဏ်ကောင်းသူ)။
(ဂ) မဓုရော–ချိုဆိမ့်သော အရသာရှိသော ထန်းလျက်, “မဓု+
အဿ+အတ္ထိ” ရ ပစ္စည်း]၊ ကုဥရော−မေးရှိသော ဆင်၊ နဂရော-
သစ်ပင်ရှိသော အရပ်, [“နဂါ+ယသ္မိံ+အတ္ထိ”]၊ မုခရော-နှုတ်
ရှိသူ (နှုတ်ကောင်း လျှာပါးနှင့် စကားများသူ)။

## PAGE 178
<!-- 22→20 fragments, 20 buckets, 2 removed -->

[ဆောင်] ၂၃။ ဂုဏာဒိနောက်, ဝတ္တုရောက်၏၊ သတျာဒိဝယ်, မန္တ
ဆွယ်လော၊ တစ်သွယ် သဒ္ဓါ, စသည်မှာလည်း, ဏ
ပစ္စည်း, အသီးသီး သက်ကြသည်။
၂၄။ အာယု နောက်ရှု သက် မန္တု ဝယ်, ဥကို အသ,
ပြုတုံကမူ, အာယသ္မာ, ရုပ်ထူးမှာ, ရံခါ ပြီးရသည်။
၂၃ ။ ဂုဏ’ဘဂ စသည် နောက်၌ ဝန္တု ပစ္စည်း, သတိ စသည်၏ နောက်၌
မန္တု ပစ္စည်း, သဒ္ဓါ စသည်၏ နောက်၌ ဏ ပစ္စည်း သက်။
(က) ဂုဏဝါ-ဂုဏ်ရှိသူ၊ ဂုဏဝတီ’ဂုဏ်ရှိသော မိန်းမ, [“ဂုဏော+
အဿ+အတ္ထိ”]၊ ဘဂဝါ-ဘုန်းတော်ရှိသော ဘုရား (ဘုန်းတော်
ကြီးသော ဘုရား)၊ [“ဘဂါ+ယဿ+အတ္ထိ”]
(စ) သတိမာ=သတိရှိသူ (သတိ ကောင်းသူ)၊ ဗန္ဓုမာ’ဆွေမျိုးရှိသူ၊
သတိမတီ−သတိရှိသော မိန်းမ။
( ဂ) သဒ္ဓေါ’သဒ္ဓါရှိသူ, [“သဒ္ဓါ+ယဿ+အတ္တိ”၊ ပညာ-ပညာရှိသူ၊
တာပသောအကျင့်ရှိသော ရသေ့, [“တပေါ+ယဿ+အတ္ထိ”
တပ နောင် ဏ ပစ္စည်း, တ ၏ အ ကို အာ ဝုဒ္ဓိ ပြု, သိဗျဉ်းလာ]၊
တာပသီ-ရသေ့မ။
အာယသ္မာ- ရှည်သော အသက်ရှိသူ (သဒ္ဒါနက်), အရှင် (ပေးရိုး
အနက်)၊ [“အာယု+အဿ+အတ္ထိ”]၊ အာယု နောက်၌ မန္တ
ပစ္စည်း သက်, ဥ ကို အသ် ပြု။
အဿတ္ထိကျိတ် ပြီး၏။

## PAGE 179
<!-- 23→21 fragments, 20 buckets, 2 removed -->

၅။ သင်္ချာတဒိတ်
[ဆောင်] ၂၅။ အနက် ပူရဏ, ပြည့်ကြောင်းပြမှု, မနှင့်  ထ ဌာ
တိယ ပါ, လျော်စွာ သက်ကြသည်။
၂၅။ ပူရဏ (ပြည့်ကြောင်း) အနက်၌ မ-ထ-ဌ-တိယ ၄ ပစ္စည်း
သက်၏၊ [ တိယ ၌ “တိယ”ဟုလည်း ရေးကြ၏။]
(က) ပဉ္စမော’ငါးခုတို့၏ ပြည့်ကြောင်း, ဝါ-ငါးခုမြောက်။ [“ပဉ္စညံ့-
ပူရဏော မ ပစ္စည်း]၊ ပဉ္စမာ, ပဉ္စမီ-ငါးခုတို့၏ ပြည့်ကြောင်း
ပါရမီ၊ ပဉ္စမံ-ငါးခုတို့၏ ပြည့်ကြောင်း စိတ်, ဝါ-ငါးခုမြောက် စိတ်။
(ခ) စတုတ္ထော-လေးခုတို့၏ ပြည့်ကြောင်း, ဝါ-၄ ခုမြောက်၊
“စတုတ္ထံ+ပူရဏာ” ထ ပစ္စည်း, တ် ဒွေဘော်လာ]၊
စတုတ္ထာ, စတုတ္ထ, စတုတ္ထ-၄ ခုမြောက်။
( ဂ) ဆဋ္ဌာ-ခြောက်ခုတို့၏ ပြည့်ကြောင်း, ဝါ-၆ ခုမြောက်၊
[ဌ ပစ္စည်း, ဋ် ဒွေဘော်လာ]၊ ဆဋ္ဌာ, ဆန္ဒီ, ဆဋ္ဌ။
(ဃ) ဒုတိယော (ဒုတိယော)-၂ ခုတို့၏ ပြည့်ကြောင်း၊ ဒုတိယာ,
ဒုတိယံ’နှစ်ခုမြောက်၊ တတိယော (တတိယော)—၃ ခုတို့၏
ပြည့်ကြောင်း၊`တတိယာ, တတိယံ−၃ ခုမြောက်။
အမှာ။ ။နဂိုရ် တစ်ခုရှိရာ၌..နောက် တစ်ခုတိုးလျှင် ထိုတစ်ခုသည်
၂ခု၏ ပြည့်ကြောင်းဖြစ်၏၊ ထို့ကြောင့် “ဒုတိယော”အရ ၂ ခုလုံး
မရဘဲ နောက်တစ်ခုသာ ရ၏၊ ထိုတစ်ခုကိုပင် “၂ ခုမြောက်”
ဟုလည်း ဆိုရသည်။
