## PAGE 183
<!-- 24→22 fragments, 20 buckets, 2 removed -->

(ဃ) သဗ္ဗသော-ခပ်သိမ်းသော အခြင်းအရာအားဖြင့်၊ “သဗ္ဗေန+
အာကာရေန”]၊ ဝါ−ခပ်သိမ်းသော အပြားအားဖြင့်၊ [“သဗ္ဗေန+
ပကာရေန”]။
ဥပါယသော’အကြောင်းအားဖြင့်၊ ဝါ-ဥပါယ်တမည်အားဖြင့်၊
ဌာနသော’တစ်ခဏခြင်းအားဖြင့်၊ ယောနိသော-သင့်သော
အကြောင်းအားဖြင့်၊ ဤသို့ “သော” ပစ္စည်းလည်း သက်၏။
ဘ-အကြင်အခြင်းအရာအားဖြင့်၊ ဝါ-အကြင် အပြားအားဖြင့်၊
(င) ယထာ-အ
တထာ-ထို အခြင်းအရာ (ထို အပြား)အားဖြင့်၊
အညထာ-တစ်ပါး (တခြား)သော အခြင်းအရာအားဖြင့်၊
ဣတရထာ-ဆိုအပ်ပြီးမှ တစ်ပါး (တခြား)သော အခြင်းအရာ
အားဖြင့်၊ ဥဘယထာ-၂ ပါး အပြားအားဖြင့်၊ ဤသို့ “ထာ’ ..  "
ပစ္စည်းလည်း သက်၏။
(စ) ကထံ-အဘယ် အပြားအးဖြင့်၊ [“ကေန+ပကာရေနံ”]၊
ဣတ္ထိ-ဤသို့သော အပြားသည်၊ [“အယံ+ပကာရော”]
ဤသို့ “ထံ” ပစ္စည်းလည်း သက်၏။
ယထတ္တာ’အကြင်သို့သော အပြားသည်၊ တထတ္တာ-ထိုသို့သော
အပြားသည်၊ ဤသို့ “ထတ္တာ” ပစ္စည်းလည်း သက်၏။
အဗျယတဒိတ် ပြီး၏။
တုတ်ကျဉ်း ပြီးပြီ။

## PAGE 184
<!-- 29→26 fragments, 24 buckets, 3 removed -->

ကိတ်အကျဉ်း
[ဆောင်] ၁။ ကတ္တား တတ်ဆို, ကံ အပ်ဆို၍, ကြောင်းကို ကရဏ,
သမ္ပဒါနာ, အပါဒါတည့်, အဓိကရိုဏ်း, ဤ သုံးဂိုဏ်းမှာ,
ရာချည်းသာဟော၊ ခြင်း-ရာ-ဘော, မှတ်လော သာဓန
အနက်ပြ။
သာဓန ၇ ပါး ကတ္တူ, ကမ္မ, ကရဏ, သမ္ပဒါန, အပါဒါန,
ကတ္တု,ကမ္မ,
အဓိကရဏ, ဘာဝသာဓန အားဖြင့် သာဓန ၇ ပါး ရှိ၏။
ကတ္တုသာဓနဟု ခေါ်အပ်သော ကတ္တား အနက်ပေးရာ၌ “တတ်”
ဟု ပေးရ၏၊ “ကာရကော-ပြုတတ်သူ”စသည်တည်း။
ကမ္ပသာဒန (ကံ) အနက်ပေးရာ၌ “အပ်”ဟု ပေးရ၏၊ “ကတော့-
ပြုအပ်၏”စသည်တည်း။
ကရဏသာဓန (ကရိုဏ်း) အနက်ပေးရာ၌ “ကြောင်း”ဟု ပေးရ၏၊
“ကရဏံ-ပြုကြောင်း” စသည်တည်း။
သမ္မဒါနသာဓန (သမ္ပဒါန်) အနက်ပေးရာ၌ “ရာ” ဟု ပေးရ၏၊
“ဒါနီယော-ပေးရာ”စသည်တည်း။
အပါဒါနသားပုံ (အပါဒါန်) အနက်ပေးရာ၌လည်း “ရာ”ဟု ပေးရ၏။ ..
“နိဂ္ဂတော-ထွက်ခွာခဲ့ရာ”စသည်တည်း။
အဓိကရဏသာခရု (အဓိကရဏ) အနက်ပေးရာ၌လည်း “ရာ”ဟုပင်
ပေးရ၏၊ “ဌာနံ’တည်ရာ” စသည်တည်း။ ..
ဘာဝသာပုံ (ဘော) အနက်ပေးရာ၌ “ခြင်း”ဟုလည်းကောင်း,
"
“ရာ”ဟုလည်းကောင်း ပေးရ၏။ “ဘဝိတဗ္ဗ’ဖြစ်ခြင်း၊ ဝါ-ဖြစ်ရာ၏”
စသည်တည်း။

## PAGE 185
<!-- 22→19 fragments, 19 buckets, 3 removed -->

အ-တ-တဝန္တု, တာဝီ-တု ပါ, ယု-ဏီ-မာန, အန္တ မျှ
သက်ပြရတော့မည်။
တဗ္ဗ, အရိယ။ ။ကတ္တဗ္ဗ, ကရဏီယံ-ပြုအပ်၏, ပြုထိုက်၏, ပြုသင့်၏,
ပြုနိုင်၏, ပြုရမည်, ပြုလေ, ပြုလော, ပြုချိန်တန်ပြီ, ပြုရာ၏၊
[ကရ+တဗ္ဗ, အနီယ]၊ ကတ္တဗ္ဗော, ကရဏီယော, ကတ္တဗ္ဗာ,
ကရဏီယာ၊ ဂန္တဗွီ, ဂမနီယံ (ဂမု)၊ ပစိတတ္ထံ, ပစနီယံ (ပ)၊
ဘဝိတဗ္ဗ, ဘဝနီယံ-ဖြစ်ထိုက်၏, ဖြစ်ရာ၏၊ ဘူ+တဗျ, အနီယ]။
တ္ထု။ ။ကာရကော-ပြုတတ်သူ၊ ကာရိကာ-ပြုတတ်သူမ၊ ကာရကံ-
ပြုတတ်သောအမျိုး၊ ကရောတီတိ ကာရကော-ကရ+ဏု ]၊
ဒါယကော, ဒါယိကာ, ဒါယကံ [ဒါ+ဏူ]၊
ပါစကော, ပါစိကာ, ပါစကံ [ပစ+ဏူ]။
ဥပါသကော- ရတနာသုံးပါးကို ဆည်းကပ်တတ်သူ၊ ဥပါသိကာ-
ရတနာသုံးပါးကို ဆည်းကပ်တတ်သော မိန်းမ၊ ဥပါသကံ--
ရတနာသုံးပါးကို ဆည်းကပ်တတ်သော အမျိုး၊ [ဥပပုဗ္ဗ+အာသ]၊
နာယကော-ရှေ့ဆောင် အကြီးအကဲ၊ နာယိကာ-ရှေ့ဆောင် မိန်းမ၊
နာယကံ-ရှေ့ဆောင် အမျိုး၊ [နိဓာတ်]။
ဏ။ ။ကုမ္ဘကာရော-အိုးကို လုပ်သူ (အိုးထိန်းသည်)၊ ကုမ္ဘီ ကရောတိတိ
ကုမ္ဘကာရော၊ ကုမ္ဘ+ကရ+ဏ]။ မာလာကာရော-ပန်းကို ပြုသူ၊
(ပန်းသည်)၊ ကာရော-ပြုခြင်း၊ ဝါ-ပြုအပ်သော အလုပ်။
