## PAGE 219
<!-- 17→16 fragments, 16 buckets, 1 removed -->

ကျမ်းပြီး နိဂုံး
ဤမျှသော စကားအစဉ်ဖြင့် မူလတန်း သင်ခန်းစာအတွက် ရည်ရွယ်၍
စီစဉ်အပ်သော ပါဠိသိက္ခာနှင့် သဒ္ဒါအကျဉ်း စာစောင် ၂ ရပ်လုံး
ပြီးဆုံးပေပြီ၊ ဤသို့ အကျဉ်းဆုံး အလွယ်ဆုံးမှ စ၍ သင်ရသော
နည်းသည် အတော် ရှေးကျသော အရှင်မဟာရဋ္ဌသာရ စသော
ပုဂ္ဂိုလ်ကျော်များ၏ သင်နည်းဖြစ်ရကား ဤနည်း အတိုင်းသာ
ကောင်းစွာစိုက်စိုက်, လိုက်၍ကြည်ဖြူ, သင်ယူနိုင်ကြပါစေသတည်း။
နိဂုံးချုပ်။ ။အခြေပါဒ, သင့်ဦးစ၍, ချနည်းမကျယ်, ဓိပ္ပာယ်ကောင်းစွာ,
လိုရုံသာဖြင့်, အပ်ရာမသည်း, နားထွင်းနည်းသို့, ညံ့ဖြည်းရွေ ့မွေ့
တရွေ့ရွေ့လျှင်, တစ်နေ့တစ်ထူး, ကျေးဇူးချဲ့ထွင်, ကျမ်းရိုးငင်လျက်,
သင်သင်အံအံ, ကြံကြံကြည့်ကြည့်, ပညာဖြည့်ဟု, ကဝိထေရ်မြတ်,
မဟာရဌ်တို့, သတ်မှတ်လက်သုံး, စာသင်ထုံးနှင့်, လုံးလုံးညီမျှ,
လမ်းစဉ်ကျအောင်, မူလတန်းဝယ်, ဆန်း-မကျယ်သား, ကျမ်းငယ်
၂ စောင်, စတည်ထောင်သည်--ခုနောင်လာတို့-သင်ဖွယ်ကို။
မူလတန်း ပြီးပြီ။
212 212 2112 2112 212

## PAGE 220
<!-- 16→16 fragments, 16 buckets, 0 removed -->

အမှာစာ
၁မှာ။ ။ “ကထာသလ္လာပသိက္ခာ”ကို စီစဉ်ပြီးပါလျက် အများအား
ဖြင့် ဂန္ဓာရုံတိုက်နှင့် ဆိုင်သော အကြောင်းအရာများသာ ဖြစ်သော
ကြောင့် မရိုက်နှိပ်တော့ဟု မူလ ရည်ရွယ်ရင်း ရှိသော်လည်း
စာသင်ငယ်တို့၏ ပိဋကနိကာယ် အလွယ်တကူ သင်ယူနိုင်သော
ပါဠိသွားလှည်း ဝါကျထားရှည်း ပြည့်စုံလှသဖြင့် စာအုပ်ဖြစ်အောင်
ဆောင်ရွက်ပါက မိမိတို့ ကျောင်းတိုက်သာမက, သာသနာတော်တွင်
များစွာ ကျေးဇူးပြုနိုင်ကြောင်း မြင်တော်မူကြသော အခြား စာချ
ဆရာတော်များ၏ တိုက်တွန်းချက်အရ ယခုအခါ စက်တင် ပုံနှိပ်
ဖြန့်ချိနေပါသည်။
ဤ ပါဠိသိက္ခာ သင်ယူအပြီးတွင် ဆက်လက် လေ့လာပါက
အလွန် သင့်လျော်ကြောင်း, ပါဠိတော် အဋ္ဌကထာကြီးများကိုလည်း
မခက်မခဲ လွယ်လင့်တကူ သွားနိုင်-လာနိုင်မည် ဖြစ်ကြောင်း ဤ
"
“ကာသလ္လာပသိက္ခာ” ကျမ်းငယ်က ကြိုးစား သင်ယူသူအတွက်
ဝန်ခံပါလိမ့်မည်။
