## PAGE 57
<!-- 30→27 fragments, 22 buckets, 3 removed -->

၇။ သတ္တမီဆို, သည်-ကို ရှိလင့်, စဉ်-သော် ဆင့်၍, တွင်-
ဖြင့်-ကြောင့်-ကို, သို့လည်း ဆို, ထိုထို သင့်ရာပေး။
၇။ သတ္တမီဝိဘတ်အတွက် “ ၌ ” ဟူသော အနက်အပြင် “ ဘိက္ခုသု- ....
တို့သည် + ဘုတ္တေသု-ဆွမ်းစားကုန်ပြီးသော်၊ ဘိက္ခုသု-တို့ကို၊
ဘောဇီယမာနေသု-ဆွမ်းကျွေးအပ်ကုန်သော် ” ဟု ရှေ့က “ သည်- "
ကို” ရှိရာ၌ နောက်က “ သော် ” ဟူသော အနက်ကို ပေးနိုင်၏။
“
ဒါရကေ - သူငယ်သည် + ရုဒန္တေ - ငိုနေစဉ်၊ ဓမ္မေ - တရားကို +
..
ဒေသီယမာနေ-ဟောအပ်စဉ်” ဟု ရှေ့က “ သည်-ကို” ရှိရာ၌ ..
နောက်က “ စဉ် ” ဟူသော အနက်ကိုလည်း ပေးနိုင်၏။
66 ဂါဝိနံ-နွားမတို့တွင် + ကဏှာ-နွားနက်မ၊ ဟတ္ထသု -လက်တို့ဖြင့်၊
ပိဏ္ဍာယ-ဆွမ်းအလို့ငှာ၊ စရန္တိ-လှည့်လည်ကြကုန်၏၊ စမ္မေသု-
အရေတို့ကြောင့်၊ ဟညတေ- သတ်အပ်၏၊ ဘိက္ခူ သု-ရဟန်းတို့ကို၊
အဘိဝါဒေန္တိ - ရှိခိုးကုန်၏၊ သာဝတ္ထိယံ-သာဝတ္ထိသို့၊ ဂမိဿာမိ-
သွားမည်လို့ (သွားမလို့)” ဟူသော အနက်များ ပေးနိုင်၏။
မှတ်ချက်။ ။ စဉ်-ဟု ပေးရသော အနက်ကို အနာဒရိယ (မလေးစား
အပ်သော) အနက်ဟု ခေါ်၏၊ သူ၏နောက်က ပဗ္ဗဇိစသော
ကြိယာကို အနာဒရ (မလေးစားခြင်းအနက်)ဟု ခေါ်၏၊ သော်ဟု
ပေးရသော အနက်ကို လက္ခဏ (မှတ်သားကြောင်း)ဟု ခေါ်၏၊
သူ၏ နောက်က ကြိယာကို လက္မ(မှတ်သားအပ်)ဟု ခေါ်၏၊
အဓိပ္ပာယ် အကျယ်ကို အထက် သဒ္ဒါကျမ်းများ၌ သိရလတံ့။

## PAGE 58
<!-- 23→19 fragments, 19 buckets, 4 removed -->

၈။ တြ-ထ-ဓိ-ဓ, ဒါ-ဟိ-ဟနှင့်, ဟိဉ္စန-ဟံ, ဒါစနံ-
ဒါနိ, ရဟိ-ဓုနာ, တွေ့လေရာဝယ်, ၌-သာများများ,
သို့-စသား, နည်းပါး လျော်အောင်ပေး။
၉။ အနက်သွင်းလှယ်, အကျဉ်းခြယ်, ပျင်းဖွယ် မရှိသေး။
၈။ ယတြ, ယတ္ထ-အကြင် အရပ်၌၊ သဗ္ဗဓိ-အလုံးစုံသော အရပ်၌၊
ဣဓ-ဤဘဝ၌၊ ကဒါ-အဘယ်အခါ၌၊ ယဟိ-အကြင် အရပ်၌၊
ကုဒါစနံ-တစ်ရံတဆစ်၌၊ ဟံ-အဘယ်အရပ်၌၊ အဓုနာ-
ယခုအခါ၌။
66
ဤသို့ တြ စသော ပစ္စည်းများဝယ် – ၌ ” ဟူသော အနက်သာ များများ
ပေးရ၏၊ တစ်ခါတစ်ရံ၌ – ကုဟိ-အဘယ်သို့ + ဂစ္ဆသိ-သွားမည်လို့
နည်း၊ ယတြ (ယသ္မာ)-အကြင့်ကြောင့်၊ ယတြ (ယော)-အကြင်
သူသည်” စသော အနက်များလည်း ပေးရပါသေး၏၊ သို့သော်
ထိုအနက်များကား နည်းနည်းပါးပါးသာ ရှိသည်။
၉။ ဤပြခဲ့သော လင်္ကာကို ကြေအောင် ကျက်၍ ပုံစံများကိုလည်း
ကြည့်ပါ၊ ဤမျှလောက် ကျက်ရ, ကြည့်ရရုံဖြင့် ပျင်းရိ ငြီးငွေ့ဖွယ်
လည်း မရှိသေး၊ အထက် ပါဠိတော်များကို သင်ယူရာ၌ကား
လွန်စွာ ကျေးဇူးများပါလိမ့်မည်။
ဒုတိယအခန်း ပြီး၏။

## PAGE 59
<!-- 23→19 fragments, 19 buckets, 4 removed -->

အနာဂတ် အာချာတ်ဝိဘတ်
၁။ ဿတိ, ဿန္တိ၊ ဿသိ, ဿထ၊ သာမိ, ဿာမ။
၂။ ဘဝိဿတိ, ဘဝိဿန္တိ၊ ဘဝိဿသိ, ဘဝိဿထ၊
ဘဝိဿာမိ, ဘဝိဿာမ။
၃။ ဂမိဿတိ, ဂမိဿန္တိ၊ ဂမိဿသိ, ဂမိဿထ၊
ဂမိဿာမိ, ဂမိဿာမ။
၄။ ဟေဿတိ, ဟေဿန္တိ၊ ဟေဿသိ, ဟေဿထ၊
ဟေဿာမိ, ဟေဿာမ။
အနာဂတ-မလာသေး, မဖြစ်သေး၊ [ မဖြစ်သေးသော= ဖြစ်ဖို့ရန်
သေချာသော ကြိယာနှင့် နောင်အခါကို – အနာဂတ် ” ဟု ခေါ်၏၊
ထို အနာဂတ်အနက်ကို “လတ္တံ့, လိမ့်မည်” ဟု လည်းကောင်း,
တချို့နေရာ၌ “ အံ့” ဟုလည်းကောင်, မြန်မာ ပြန်ကြ၏။]
ဘဝိဿတိ, ဟေဿတိ-ဖြစ်လတ္တံ့ (ဖြစ်လိမ့်အံ့) ဖြစ်လိမ့်မည်၊ ဂမိဿတိ-
သွားလတ္တံ့၊ နိက္ခမိဿတိ-ထွက်လတ္တံ့ ၊ ဒဿတိ-ပေးလတ္တံ့ ၊
ဒဿာမ-ပေးကုန်အံ့။ [ ဝက္ခတိ-ဆိုလတ္တံ့ ၊ ဟေတိ, ဟေဟိတိ,
ဟောဟိတိ-ဖြစ်လတ္တံ့ ။]
ပုံစံများကို ပြခဲ့သော ပုံစံအတိုင်း အနာဂတ်ကြိယာလဲ၍ ထုတ်ပြကြလေ၊
ဤ၌ အနည်းငယ် ထုတ်ပြပါအံ့၊ “ အစ ၂ သွယ်, သူ ့တွက်ချယ် ”
စသော အသုံးကိုလည်း သတိပြုပါ။
