## PAGE 60
<!-- 24→21 fragments, 20 buckets, 3 removed -->

အနာဂတ်ပုံစံများ
၁။ အနာဂတေ မေတ္တေယျောနာမ ဗုဒ္ဓေါ ဘဝိဿတိ။
၂။ ဝသိဿသိ နု တွံ ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ။
၃။ နားဟံ ဝသိဿာမိ ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ။
၄။ အဟံ ဒါရကေန သဒ္ဓိ မော်တော်ယာနေန မန္တ လေးနဂရံ
ဂမိဿာမိ။
၅။ မယံ ဣမသ္မိံ ဝိဟာရေ သံဃဿ ဣမာနိ စီဝရာနိ ဒဿာမ။
၆။ တုမှေ ဣမသ္မာ ဝိဟာရာ နိက္ခမိဿထ။
၇။ မယ် မန္တလေးနဂရတော ရန်ကုန်နဂရံ ဂမိဿာမ။
၈။ ဣဒံ စီဝရံ မမ သန္တကံ ဟေဿတိ။
၉။ ဒါရိကာ ကသ္မာ သံဃဿ အတ္ထာယ ဘတ္တံ န န ပစိဿတိ။
ပါဠိစီရန်
(က) သူတို့သည် နောင်အခါ၌ လူမိုက်များ ဖြစ်ကြလိမ့်မည်။
( ခ ) သတ္တဝါတို့သည် အပါယ်သို့ ရောက်ကြလိမ့်မည်။
( ဂ ) ငါတို့သည် လေယာဉ်ပျံဖြင့် ရန်ကုန်မြို့သို့ သွားကြစို့။
(ဃ) လူတို့သည် သံဃာအား အလှူ ပေးကြလိမ့်မည်မဟုတ်။
( င ) သင်တို့သည် မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ သင်္ဘောဖြင့်
သွားရကုန်လတ္တံ့။ (သွားကြရလိမ့်မည်။)
( စ ) ဤသင်္ကန်းသည် ရဟန်း၏ ဥစ္စာ ဖြစ်ပါလိမ့်မည်။
(ဆ) ငါသည် ဤကျောင်းတိုက်၌ ဤ ၃ လပတ်လုံး နေပါမည်။

## PAGE 61
<!-- 26→22 fragments, 19 buckets, 4 removed -->

၁။ မယာ ဒါရကေဟိ သဒ္ဓိ မော်တော်ယာနေန မန္တလေးနဂရံ
ဂန္ဒီယိဿတေ။
၂။ တယာ ဣမသ္မိံ ဝိဟာရေ ဘိက္ခုသံဃဿ ဣမာနိ စီဝရာနိ
ဒီယိဿန္တေ ။
၃။ အမှေဟိ မန္တလေးနဂရတော အမရပူရနဂရံ အဂ္ဂိရထေန
အာဂမီယိဿတေ။
၄။ ဒါရိကာယ ကသ္မာ သံဃဿ အတ္ထာယ ဘတ္တံ န ပစ္စေဿတေ။
(က) ယောက်ျားသည် သတို့သမီးနှင့် အတူ စစ်ကိုင်းမြို့သို့ သွားအပ်
လတ္တံ့။
( ခ ) သင်တို့သည် မန္တလေးမြို့မှ စစ်ကိုင်းတောင်သို့ လှေဖြင့်
လာအပ်လတ္တံ့။
( ဂ ) သင်သည် ထမင်းကို ချက်အပ်လတ္တံ့။
(ဃ) ငါသည် သင် (လမ်း)ကို သွားအပ်လတ္တံ့ ။
( င ) သင်သည် ငါ (ထမင်း)တို့ကို ချက်အပ်ကုန်လတ္တံ့။
ကြည့်ရှုရန်
ဂန္ဒီယိဿတေ-သွားအပ်လတ္တံ့၊ ပစ္စေဿတေ-ချက်အပ်လတ္တံ့၊ ဤသို့
စသည်ဖြင့် “ အပ် ” ဟူသောအနက် ထည့်၍ ပေးပါ၊ ပြခဲ့ပြီးသော "  "
“ပုံစံများကိုပင် အနာဂတ် ကံဟောကြိယာဖြင့် လဲလှယ်၍ ပါဠိ
အစီခိုင်းနိုင်ပါသည်။

## PAGE 62
<!-- 29→24 fragments, 21 buckets, 5 removed -->

ဤ, ဥုံ၊ ဩ, တ္ထ၊ ကံ, မှာ။
ဤ။ ။ အဘဝိ, ဘဝီ, အဘဝိ, ဘဝိ။
။ အဘစုံ, ဘပုံ, အဘဝိသု, ဘဝိသု။
G.5 58 •  ။ အဘဝေါ, ဘဝေါ, အဘဝိ, ဘဝိ။
။ အဘဝိတ္ထ, ဘဝိတ္ထ, အဘဝုတ္ထ, ဘဝုတ္ထ။
။ အဘဝိ, ဘဝ။
ညံ့။
မှာ။ ။ အဘဝိမှာ, ဘဝိမှာ, အဘဝိမှ, ဘဝိမှ။
ကြည့်ရှုရန်
အတီတ-ဖြစ်ပြီးသော (လွန်ခဲ့ပြီးသော) ကြိယာ အကြောင်းအရာကို
“အတီတ=အတိတ် ” ဟု ခေါ်၏၊ ထို့ကြောင့် “ အဘဝိ, ဘဝီ- 66    "
ဖြစ်ပြီ, ဖြစ်ခဲ့သည်, ဖြစ်လေသည်” ဟု မြန်မာပြန်ရ၏။
အဂမီ(အဂမာသိ)-သွားပြီ, သွားခဲ့သည်, သွားလေသည်၊ အဟောသိ-
ဖြစ်ပြီ, ဖြစ်ခဲ့သည်, ဖြစ်လေပြီ။ [ အဟေသုံ− ဖြစ်ကုန်ပြီ, ဖြစ်ခဲ့ကြသည်,
ဖြစ်ကြလေသည် ။]
အဒါသိ-ပေးပြီ (လှူပြီ), ပေးခဲ့သည်, ပေးလေသည်။ [ အဒံသု-ပေး
(လူ)ကုန်ပြီ။] ဤသို့စသည်ဖြင့် အတိတ်ကြိယာပုဒ်များ နေပုံသည်
အမျိုးမျိုး အဖုံဖုံပင် ရှိ၏။
ပြခဲ့သော ပုံစံများကိုပင် အတိတ်ကြိယာ လဲလှယ်၍ ပုံစံပြကြပါလေ၊
သို့သော် ခက်ခဲသော ကြိယာကို မပြဘဲ လွယ်နိုင်သမျှ လွယ်ကူသော
ကြိယာကိုသာ ပြကြပါ၊ ဤ၌ တချို့ ပုံစံများကို ပြပါအံ့။
