## PAGE 66
<!-- 26→22 fragments, 20 buckets, 4 removed -->

"
၂။တိုက်တွန်း တောင်းပန်, ပါလောခံ, ရံဖန် “ တော်မူ”
၃။တောင်းသောအခါ, တော်မူပါ, လျော်စွာ ပါလောပေး။
၄။ဆုတောင်းမှုကို, ရပါလို, ချင်-လို-ပါရစေပေး။
၂-ပုံစံ။ ။ ဒေသေတု ဘန္တေ ဘဂဝါ ဓမ္မံ။ [ဘန္တေ ‘မြတ်စွာဘုရား၊
ဘဂဝါ-မြတ်စွာဘုရားသည်၊ ဓမ္မံ-တရားကို၊ ဒေသေတု-ဟောတော်
မူပါ။] “ မြတ်စွာဘုရား တရား ဟောတော်မူပါ၊ အရှင်ဘုရား
တရား ဟောပါလော ”စသည်ဖြင့် တိုက်တွန်း တောင်းပန်ရာ၌
ဘာသာပြန်နိုင်၏။
၃-ပုံစံ။ ။ တောင်းရမ်းသောအခါ၌ – ဒဒါဟိ မေ ဂါမဝရံ၊ [ မေ-
ကျွန်တော်မျိုးအား၊ ဂါမဝရံ-ရွာစားဆုကို၊ ဒဒါဟိ-ပေးတော်မူပါ။]
“ ကျွန်တော့်အား ရွာစားဆု ပေးတော်မူပါ” ဟုလည်းကောင်း “တော်” "
မထည့်ဘဲ – ဣမံ စီမံရံ မယှံ ဒေဟိ-ဤသင်္ကန်းကို တပည့်တော်အား
ပေးပါလော=ပေးပါ” ဟုလည်းကောင်း သုံးစွဲရသည်။
။ ဆုတောင်းသောအခါ၌ “ အယံ သုမနမာလာဝ ပိယာ ..
၄-ပုံစံ။
ဟောမိ . ဘဝါဘဝေ။ [ ဘဝါဘဝေ-ဘဝငယ်ကြီး, အသီးသီး၌၊
(ဘဝတိုင်း၌)၊ အယံ သုမနမာလာဝ-ဤမြလေးပန်းကဲ့သို့၊ ပိယာ-
ချစ်စရာ ´ သတို့သမီးသည်၊ ဟောမိ-ဖြစ်ရပါလို၏, ဖြစ်ချင်၏,
ဖြစ်လို၏, ဖြစ်ပါရစေ” ဟု အနက်ပေးနိုင်၏။]

## PAGE 67
<!-- 24→21 fragments, 20 buckets, 3 removed -->

၅။မိမိအတွက်, တောင့်တချက်, အနက် “ရလို” ပေး။
၆။သူများတွက်တာ,တောင့်တရာ, ပါစေသတည်းပေး။
၅-ပုံစံ။ ။ မိမိအတွက် တစ်စုံတစ်ခုသော အကျိုးကို တောင့်တရာ၌
ရလို” ထည့်၍ ပေးရ၏၊ ပုံစံကား-“ အဟံ အဝေရော ဟောမိ၊ "
အဗျာဗဇ္ဈော ဟောမိ၊ အနီဃော ဟောမိ၊ သုခီ အတ္တာနံ ပရိဟရာမိ”
တည်း။
အဟံ-ငါသည်၊ အဝေရော’ဘေးရန်မရှိသူသည်၊ ဟောမိ-ဖြစ်ရပါလို၏၊
အဗျာဗဇ္ဈာ-စိတ်ဆင်းရဲခြင်း မရှိသူသည်၊ ဟောမိ-၏၊ အနီဃော-
ကိုယ်ဆင်းရဲခြင်း မရှိသူသည်၊.ဟောမိ-၏၊ သုခီ-ကိုယ်စိတ် ၂ ဖြာ
ချမ်းသာခြင်းရှိသည်၊ (ဟုတွာ-၍၊) အတ္တာနံ-ငါ၏ကိုယ်ကို၊
ပရိဟရာမိ-အသက်ဆုံးတိုင်, ဆောင်နိုင်ရပါလို၏။
၆-ပုံစံ။ ။ သူများအတွက် တောင့်တရာ၌ကား – ပါစေသတည်း” ဟု
ထည့်ရ၏၊ ပုံစံကား-“ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု၊ အဗျာဗန္ဓ္ဓာ
ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု” တည်း။
သဗ္ဗေ-ခပ်သိမ်းကုန်သော၊ သတ္တာ-သတ္တဝါတို့သည်၊ အဝေရာ-ဘေးရန်
မရှိသူတို့သည်၊ ဟောန္တု-ဖြစ်ကြပါစေသတည်း၊ အဗျာဗဇ္ဈာ-စိတ်
ဆင်းရဲခြင်း မရှိသူတို့သည်၊ ဟောန္တု-သတည်း၊ အနီဃာ-ကိုယ်
ဆင်းရဲခြင်း မရှိသူတို့သည်၊ ဟောန္တု-သတည်း၊ သုခီ-ကိုယ်စိတ်၂ဖြာ
ချမ်းသာခြင်း ရှိကုန်သည်၊ (ဟုတွာ-ဖြစ်၍၊) အတ္တာနံ-သူတို့၏
ကိုယ်ကို၊ ပရိဟရန္တု-အသက်ဆုံးတိုင်, ဆောင်နိုင်ကြပါစေသတည်း။

## PAGE 68
<!-- 24→21 fragments, 19 buckets, 3 removed -->

၇။ ကျိန်ဆဲရာဝယ်, ဒေါသခြယ်, စေဟယ်-သတည်း ပေ
၈။ ကျိန်စာဆိုငြား, ပါစေသား, စကား “ စေရဲ့”ပေး။
၉။ ချင်းချင်းဆက်သွယ်, မေးရာဝယ်, မှတ်ဖွယ် “ မှာလော” ပေး။
၇-ပုံစံ။ ။ သူများကို ကျိန်ဆဲသောအခါ “ အယံ ဝသလော-
၁-ဤ
အယုတ်ကောင်သည်၊ မရတု-သေပါစေဟယ်၊ ဝါ-သေပါစေ
သတည်း” ဟု ပေးရသည်။
၈-ပုံစံ။ ။ သူတစ်ပါးက မိမိကို စွပ်စွဲ၍ မဟုတ်ကြောင်း ကျိန်စာဆိုရာ၌-
ယာ-အကြင်သူမသည်၊ တေ-သင်၏၊ အမွေ-သရက်သီးတို့ကို၊
အဝါဟရို-ခိုးယူပြီ၊ သာ-ထို သရက်သီး ခိုးသူမသည်၊ ဧကိကာ-
တစ်ယောက်ထည်း၊ သယနေ-အိပ်ရာ၌၊ သေတု-အိပ်ရပါစေသား။
[ ဤသို့ ကျိန်၍ စကားပြောရာ၌ကား’“ဘုရားစူးရပါစေရဲ့, မိုးကြိုး
ပစ်ရစေရဲ့” ဟု “ စေရဲ့ ” ထည့်၍ ပြောကြသည်။]
၉-ပုံစံ။ ။ မေးလိုရာ ၂-ခုကို အချင်းချင်း ဆက်သွယ်၍ မေးရာ၌-
ဘန္တေ -အရှင်ဘုရား၊ အဘိဓမ္မံ ဝါ-အဘိဓမ္မာကိုမူလည်း၊ သုဏောမိ -
ကိ နု’နာရမှာပါလော၊ ဥဒါဟု-သို့မဟုတ်၊ ဝိနယံ ဝါ-ဝိနည်းကို
မူလည်း၊ သုဏောမိ ကိ' နု’နာရမှာပါလော၊ ဤသို့ – မှာလော”ဟု ..
ထည့်ရသည်။[ စကားပြောရာ၌ကား-“ အဘိဓမ္မာကို အရင် သင်ရမှာ
ပါလား, ဝိနည်းကို အရင် သင်ရမှာပါလား” ဟု ပြောရသည်။]
