## PAGE 81
<!-- 26→22 fragments, 22 buckets, 4 removed -->

O, GOOI
၃ ခုစသည်လည်း ရှိတတ်၏၊ ၂ ခု, ၃ ခု စသည်ရှိရာ၌ ရှေ့ဆုံးမှာ
“စေဝ”ဟုလည်း တစ်ခါတလေ တွေ့ ရတတ်၏၊ တစ်ခုတည်း
ရှိရာ၌ “လည်း”ဟုပေး၊ ၂ ခု ၃ ခုရှိရာ၌ “လည်းကောင်း=၎င်း”ဟု
အလိုရှိသလို ပေး။
[ဆောင်] စေဝနှင့် စ, စုတ္ထိယမှာ, ရှေ့မှာ စေ၀, နောက်မှာ စ, ဂါထာဟူက,
မမြဲကြ။
၁။ ဗုဒ္ဓေါ လောကေ ဥပ္ပဇ္ဇတိ၊ သော စ (ထိုဘုရားသည်လည်း)
ဓမ္မံ ဒေသေတိ၊ တံ ဓမ္မံ ဒေဝါ စေဝ မနုဿာ စ သုဏန္တိ။
၂။ ဗဟူ ဒေဝါ မနုဿာ စ, မင်္ဂလာနိ အစိန္တယုံ။
၃။ အဟံ ဗုဒ္ဓဂ္ဂ ဓမ္မဂ္ဂ, သံဃဥ သရဏံ ဂတော။
၄။ အသေဝနာ စ ဗာလာနံ, ပဏ္ဍိတာနဉ္စ သေဝနာ၊
ပူဇာ စ ပူဇနီယာနံ, ဧတံ မင်္ဂလ-မုတ္တမံ။
(က) ငါသည် ဘုရားကိုလည်းကောင်း, တရားကိုလည်းကောင်း,
သံဃာကိုလည်းကောင်း ရှိခိုး၏။
( စ) များစွာကုန်သော နတ်တို့သည်လည်းကောင်း, လူတို့သည်လည်း
ကောင်း ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်၏။
(ဂ) လူမိုက်တို့ကို မှီဝဲ (ပေါင်းသင်း) ခြင်းသည်လည်းကောင်း,
လူလိမ္မာတို့ကို မမှီဝဲ (မပေါင်းသင်း) ခြင်းသည်လည်းကောင်း,
ပူဇော်ထိုက်သူတို့ကို မပူဇော်ခြင်းသည်လည်းကောင်း, ဤ
သုံးပါးသည် အမင်္ဂလာသာတည်း။ [အပူဇာ-မပူဇော်ခြင်း၊
အဝမင်္ဂလံ-အဗင်္ဂလာ။

## PAGE 82
<!-- 30→25 fragments, 22 buckets, 5 removed -->

$5
ပိ, ပိ။ ။ ဝသဒ္ဒါကဲ့သို့ “လည်း, လည်းကောင်း=၎င်း” ဟု
ပေးရသော ပိ, အပိသဒ္ဒါများလည်း ရှိသေး၏၊ ထို “လည်း,
လည်းကောင်း=၎င်း”အနက်တို့သည် တစ်ခုနှင့်တစ်ခု ရောနှော
"
ပေါင်းဆည်းခြင်း အနက်ကို ဟော၏၊ မြန်မာလို “သုလည်း,
သူလဲ သွား၏”ဟု ဆိုရာ၌ “သူရော သွား၏= သူပါ သွား၏”ဟု "
ဆိုလိုသည်။
၁။ ဗာလော ဒါနံ ပုံ ဒေတိ, သီလံပိ (သီလကိုလည်း) မှ ရက္ခတိ၊
၂။ အဟံ ဗုဒ္ဓံပိ ဓမ္မံပိ, သံဃံပိ သရဏံ ဂတော။ [“ဘုရားကိုလည်းကောင်း,
တရားကိုလည်းကောင်း, သံဃာကိုလည်းကောင်း”ဟုပေး။]
ထို ပိ, အပိတို့သည် တစ်ခါတစ်ရံ မြှောက်ပင့်ခြင်း အနက်ကိုလည်း
ဟော၏။ [“ သမ္ဘာဝနာ-အနက်”ဟု ခေါ်၏။]
၃။ ဗုဒ္ဓေါပိ တံ ဓမ္မံ ဉတွာ ဗုဒ္ဓဘာဝံ ဂတော။ [ ဘုရားသော်မှလည်း
(ဘုရားတောင်မှလည်း) ထိုတရားကို သိ၍ (သိမှ) ဘုရားအဖြစ်သို့
ရောက်ရသည်၊ “တရားတော်ဟာ ဘယ်လောက် မြင့်မြတ်သလဲ”ဟုလို၊
ဤ၌ ဘုရားကိုလည်း မြှောက်, တရားကိုလည်း မြှောက်သည်။]
၄။ အပိ ဒိဗ္ဗေသု ကာမေသု, ရတိ သော နာဓိဂစ္ဆတိ။ [ ပုတ်တို့၌
ဖြစ်ကုန်သော ကာမတို့၌သော်မှလည်း (နတ်ကာမတောင်မှ) သူသည်
မွေ့လျော်ခြင်းကို မရ၊ “လူ့ ကာမလောက်တော့ ဘာပြောစရာရှိတော့ "
မလဲ”ဟူလို၊ ဤ၌ နှုတ်ကာမကိုလည်းကောင်း, ထိုကာမဂုဏ်၌
မပျော်သူကိုလည်းကောင်း မြှောက်သည်။]

## PAGE 83
<!-- 23→20 fragments, 18 buckets, 3 removed -->

ထစ်ခါတစ်ရံ (ဂရုဟာ-ဟု ခေါ်အပ်သော) နှိပ်ခြင်း အနက်ကိုလည်း
ဟောသေး၏။
၅။ သာမိကေန ရှူးရှူးတိ ဥဿာဟိယမာနော သုနခေါပိ  ံသတိ။
[ သခင်က ရှူးရှူးလို့ အားတက်စေအပ်သည်ရှိသော် ခွေးသော်မှလည်း
(ခွေးတောင်မှ) ကိုက်တတ်သေး၏၊ “သင်တို့ဟာ အားတက်အောင်
ပြောပေးပါလျက် ဘာ့ကြောင့် အားမတက်ကြသလဲ”ဟူလို။]
၆။ သာရထိနာ ပါဇီယမာနော ဂေါဏောပိ ဥမဂ္ဂံ ဂစ္ဆတိ။
လှည်းမောင်းသူက မောင်းပေးအပ်သည်ရှိသော် နွားသော်မှလည်း
လမ်းမှန်ကို သွားသေး၏၊ “သင်တို့ဟာ ဆရာက ဆုံးမနေပါလျက် "
ဘာ့ကြောင့် ဖြောင့်ဖြောင့် မလုပ်ကြသလဲ”ဟူလို။]
ဤ၌ ခွေး,နွားတို့ကိုလည်းကောင်း, အားတက်သရော မရှိသူ,
ဖြောင့်ဖြောင့် မလုပ်သူများကိုလည်းကောင်း နှိပ်သည်။
ဝါသဒ္ဒါ။ ။ ဝါသဒ္ဒါသည် တစ်ခါတစ်ရံ (စ-ပိ သဒ္ဒါတို့ကဲ့သို့)
“လည်း, လည်းကောင်း”ဟု ပေးရသော သမုစ္စည်းအနက်ကို
ဟော၏။
၁။ ရာဇတော ဝါ စောရတော ဝါ အာရက္ခံ ဂဏှန္တု။ [ မင်းဘေးမှ
လည်းကောင်း, ခိုးသူဘေးမှလည်းကောင်း, အစောင့်အရှောက်ကို
ယူကြပါကုန်။]
