## PAGE 84
<!-- 28→25 fragments, 21 buckets, 3 removed -->

တစ်ခါတစ်ရံ တွဲဖက် ၂ ခု ၃. ခု..စသည်တွင် တစ်ခုခုသာရသော
“ဝိကပ်” အနက်ကိုလည်း ဟော၏၊ အနက်ကို “သော်လည်း”ဟု
ပေးကြ၏။
၂။ ဣဒံ ဘတ္တံ အမှာကံ ဒွိန္နံ န ပဟောတိ, တွံ ဝါ ဘုဥ, အဟံ
ဣဒံ. တွံ
ဝါ ဘုဥဿာမိ။ [ဤထမင်းသည် ငါတို့ . ၂ - ယောက်အား
မလောက်၊ သင်သော်လည်း စားပါ၊ သင် မစားလျှင် ငါသော်လည်း
စားလိမ့်မည်။]
ဝ သဒ္ဒါ။ သဒ္ဒါသည် တွဲဖက် ၂ ခု ရှိလျှင် အခြား တစ်ခုကို
ကန့်ကွက်၏၊ အနက်ကို “သာလျှင်”ဟု ပေးရ၏၊ ကန့်ကွက်စရာ
မရှိလျှင် မိမိအနက်ကို မြဲစေ၏၊ အနက်ကို “ပင်လျှင်”ဟု ပေးရ
သည်။
သစေ ဣဒံ ဘတ္တံ အမှကံ ဒွိန္နံ န ပဟောတိ၊ တွံ မာ ဘုဉ္ဇာဟိ,
အဟမေဝ ဘုဉ္ဇဿာမိ။ [ ဤထမင်းသည် ငါတို့ ၂ ယောက်အား
.
အကယ်၍ မလောက်အံ့၊ (ထိုသို့ မလောက်လျှင်) သင် မစားနှင့်,
ငါသာ စားရမည်။]
ဗာ ာ သဒ္ဒါ။ ။ မာ သဒ္ဒါသည် (န)သဒ္ဒါကဲ့သို့ တားမြစ်ခြင်း ပတိသေဓ ။
အနက်ကို ဟော၏။
မာ တေ ဘဝန္တန္တရာယာ။ [ တေ-သင့်အား၊ အန္တ ရာယာ-အန္တ ရာယ်
တို့သည်၊ မာ ဘဝန္တု-မဖြစ်ပါစေကုန်သတည်း။

## PAGE 85
<!-- 23→20 fragments, 20 buckets, 3 removed -->

အကျဉ်းမှတ်ဖွယ်
ဝ-8-ဝါ တို ့သည် သဘောတူမှ ပေါင်းနိုင်, စုစည်းနိုင်ကြ၏၊ ဥပမာ-
ဟင်းချင်း သဘောတူလျှင် ပေါင်း၍ ဖြစ်၏၊ လူချင်း သဘောတူလျှင်
စု၍ စည်းလုံး၍ ဖြစ်သကဲ့သို့တည်း။
၀၀ သဒ္ဒါက ကန့်ကွက်ရာ၌လည်း ဂုဏ်တုဂုဏ်ပြိုင် တူနေမှသာ
ကန့်ကွက်၏၊ မတူလျှင် ကန့်ကွက်နေဖို့ မလို၊ ထို့ကြောင့်
ပေါင်းရာ ဆည်းရာ၌လည်းကောင်း, ကန့်ကွက်ရာ၌လည်းကောင်း
ကတ္တားအချင်းချင်း စသည်သာ ပေါင်းရ ဆည်းရ ကန့်ကွက်ရသည်။
[ဆောင်] စ-ပိနှင့် ဝါ, ပေါင်းဆည်းရာနှင့်, သဒ္ဒါ ဧဝ, ကန့်သမျှမှာ,
ကတ္တားချင်းချင်း, ကံချင်းချင်း, မယွင်း မှန်အောင်ရေး။
မြှောက်ပင့်သော သမ္ဘာဝနာ ပိ−အပိတို့သည် အမြတ်ဟော, အများဟော
ပုဒ်နောင် နေ၏၊ နှိပ်ချသော ဂရုဟာ ပိ-အပိတို့ကား
ယုတ်နိမ့်သော အနက်, နည်းပါးသော အနက်ကို ဟောသော
ပုဒ်မှောင် နေ၏။--
[ဆောင်] အမြတ် အများ, ပုဒ်နောင်ထား,ပိကား သမ္ဘာဝနာ,
မြှောက်ပင့်ရာ။
အနည်း အယုတ်, ပုဒ်မှောင်ထုတ်, ပိယုတ် ဂရုဟာ, နှိပ်ချကာ။
တတိယအခန်း
မူလတန်း ပါဠိသိက္ခာ ပြီး၏။
☑

## PAGE 86
<!-- 23→23 fragments, 22 buckets, 0 removed -->

ပါဠိသိက္ခာ
ပါဠိဘာသာသည် မြတ်စွာဘုရား၏ ပိဋကတ်တော်လာ အမှာ။ ။
ဘာသာတစ်ရပ်ဖြစ်၍ အကုန်အစင် နှံ ့စပ်အောင် မညွှန်ပြနိုင်ပါ၊
ပါဠိလေ့လာမည့် စာသင်သားတို့ အခြေခံ ရရုံမျှသာ ညွှန်ပြထား
ပါသည်။
ဤမျှလောက်ကို အခြေခံ၍, မူလတန်း သဒ္ဒါကိုလည်း အတော်ကြေ
အောင် လေ့လာပြီးသော စာသင်သားတို့သည် ဓမ္မပဒအဋ္ဌကထာကို
လည်းကောင်း, အင်္ဂုတ္တိုရ်, ဝိနည်းပါဠိတော်ကို (မဟာဝါကစ၍)
လည်းကောင်း သင်ယူရပါမူ ဆရာ့ အကူညီဖြင့် သင်ယူနိုင်လောက်
ပါပြီ။
ထို့ကြောင့် ဤပါဠိသိက္ခာကို တစ်ခေါက်တည်းဖြင့်´ မကြေသေးသော
စာသင်သားတို့အား ၂ ခေါက် ပြန်၍ ချသင့်ပါသည်၊ သင်ပုန်းကြီး
မင်္ဂလသုတ် တက်တုန်းက ကြေသလို ကြေကြေညက်ညက် ရလေ
အကျိုးများလေ ဖြစ်ပါလိမ့်မည်။
ယံ ဗုဒ္ဓေါ ဘာသတေ ဝါစံ, ဓမ္မံ နိဗ္ဗာနပတ္တိယာ၊
ဒုက္ခဿန္တ ကိရိယာယ, သာ ဝေ ဝါစာန မုတ္တမာ။
ဗုဒ္ဓမြတ်စွာသည် နိဗ္ဗာန်သို့ရောက်ခြင်း, ဒုက္ခ၏ အဆုံးကို ပြုခြင်းငှာ
တရားတော်ဖြစ်သော အကြင်စကားတော်ကို ဟောမိန့်တော်မူ၏၊
ထိုစကားတော်သည် စင်စစ်ဧကန် အမှန်အားဖြင့် စကားတို့တွင်
အမြတ်ဆုံး ဖြစ်ပါသတည်း။
ဝဂီသသံယုတ်ပါဠိတော်။
ni
