## PAGE 1

သင်္ကန်း၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ
ချမ်း-ပူကို ဖျက်၊ ခြင်-မှတ်-လေ-နေ၊/ ကင်း-မြွေလွှဲသုန်၊
ဟိရီဂုဏ်ကို၊/ ကုန်စေ တတ်စွာ၊ ကိုယ်အင်္ဂါကို၊/ လုံပါစေလို၊ ကိုယ်ကို
စံပယ်၊/ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ် မသန်း၊/ ဤသင်္ကန်းကို၊ ဖုံးလွှမ်း
ဝတ်ရုံပါသတည်း။
ဆွမ်း၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊/ မြူးရယ်မာန်ကြွ၊ လှပ
ရေဆင်း၊/ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊/ လေးဖြာဓာတ်ဆောင်၊
ဤကိုယ်ကောင်သည်/ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊/
မမောပန်းငြား၊ ဘုရားသာသနာ၊/ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊/
ဝေဒနာဟောင်း-သစ်၊ မဖြစ်စေရ၊/ ယာပိုလ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊/
မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊/ သုံးဆောင်မှီဝဲပါသတည်း။
ကျောင်းအိပ်ရာ-နေရာ ၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ
ချမ်း-ပူကိုဖျက်၊ ခြင်-မှတ်-လေ-နေ၊/ကင်းမြွေဝေးမှု၊ ဥတု
ဘေးဘျမ်း၊/ မသန်း ကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊/ နေရာ
ကျောင်းကို/ ကိန်းအောင်းမှီခို ပါသတည်း။
ဆေးအကပ်ခံရာ ဆေးဘုဉ်းပေးရာ၌
ပစ္စဝေက္ခဏာဆင်ခြင်ပုံ
ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊/ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊
စွန့်ခွာပယ်လျှင်း၊ ဆင်းရဲကင်း၍၊/ လူမင်းမြတ်စွာ၊ သာသနာကို၊/
ကြည်သာရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်ဖို့/ရည်မှန်းသုံးဆောင်ပါသတည်း။
## PAGE 2

အမျှပေးဝေပုံ
ဤကုသိုလ်၏ အဖို့ဘာဂကို/မိဘဆရာ သံဃာတော်အပေါင်း/
ဒါယကာ, ဒါယိကာမအပေါင်း/ နတ်အပေါင်းနှင့်တကွ/ သတ္တဝါဟူသမျှ
တို့အား/ အမျှပေးဝေကြပါကုန်၏/ အမျှရကြပါစေကုန်သတည်း။
aclv)
သာဓု သာဓု သာဓု
၁။
နေ့အလိုက် ဂုဏ်တော်ပူဇော်ရန်
တနင်္ဂနွေနေ့ ဘုရားဂုဏ်တော် (စာ-၁၆)
(အရဟံဂုဏ်တော်မှ သုဂတဂုဏ်တော်အထိ)
တနင်္လာနေ့ ဘုရားဂုဏ်တော် (စာ-၁၈)
(လောကဝိဒူဂုဏ်တော်မှ ဗုဒ္ဓဂုဏ်တော်အထိ)
-
- ဘုရားဂုဏ်တော် (စာ-၂၀)
(ဣဿရိယဘုန်းတော်)
၂။
၃။
အင်္ဂါနေ့
၄။
၅။
၆။
၇။
-
ဗုဒ္ဓဟူးနေ့ ဘုရားဂုဏ်တော် (စာ-၂၀)
(ဓမ္မဘုန်းတော်မှ ပယတ္တဘုန်းတော်အထိ)
-
ကြာသပတေးနေ့ - တရားဂုဏ်တော်အကုန် (စာ-၂၂)
သောကြာနေ့ - သံဃာ့ဂုဏ်တော် (စာ-၂၅)
(သုပ္ပဋိပန္နဂုဏ်တော်မှ ပုရိသယုဂါနိပါဠိအဖွင့်အထိ)
စနေနေ့ - သံဃာ့ဂုဏ်တော် (စာ-၂၆)
(အာဟုနေယျဂုဏ်တော်မှ အနုတ္တရပုညက္ခေတ္တအထိ)
## PAGE 3

ညဝတ်ရွတ်စဉ်
ဗုဒ္ဓံ ပူဇေမိ။
ဓမ္မံ ပူဇေမိ။
သံဃံ ပူဇေမိ။
ဘုရားဂုဏ်တော်များ
C မှာ ၁
ဂုဏ်တော် ၉-ပါး ပါဠိတော်
ဣတိပိ/ သော ဘဂဝါ/ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ,/
ဝိဇ္ဇာစရဏသမ္ပန္နော,/ သုဂတော, လောကဝိဒူ,/
အနုတ္တရော ပုရိသဒမ္မသာရထိ,/သတ္ထာဒေဝမနုဿာနံ,/
ဗုဒ္ဓေါ, ဘဂဝါ။
အရဟံ ဂုဏ်တော်အဖွင့်
(၁) သော ဘဂဝါ-/ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား
သည်/ ဣတိပိ ဣမိနာစ ကာရဏေန=/တစ်ထောင့်ငါးရာကိလေသာတို့/
ဝါသနာဓလေ့ အထုံငွေ့ မျှ/ မငွေ့ မရိပ် ဝင်းဝင်းဖိတ်သို့/ ရွှေစိတ်ပျံ့သင်း
လွန်သန့်ရှင်း၍/ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော်/ အလှူတော်မှန်
အပူဇော်ကို/ ခံတော်မူထိုက်သောဤအကြောင်းကြောင့်လည်း၊/
အရဟံ-/ အရဟံဟူသော ဂုဏ်တော်ကြီးဖြင့်/ အံ့ချီး၍မကုန် ဗြဟ္မာ့
ဘုံတိုင်အောင်/ ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။
ပူး
