## PAGE 10

ကိုယ်တိုင်လည်း သိမြင်ထိုက်ပါပေ၏။
အကာလိက ဂုဏ်တော်ဖွင့်
(၃) ဓမ္မော-/ သောတာပတ္တိ စသည့်ဆင့်တက်/ လေးချက်အပြား
မဂ်တရားသည်၊/ အကာလိကော-/ ငါးရက်ခုနစ်ရက် စသည်တက်၍/
ငံ့လျက်ရှည်ဝေး အကျိုးပေးရာ အခါမငဲ့ / အခြားမဲ့ဖိုလ် အကျိုးကိုလည်း
ပေးတော် မူတတ်ပါပေ၏။
ဧဟိပဿိက ဂုဏ်တော်ဖွင့်
(၄) ဓမ္မော-/မဂ်, ဖိုလ်, နိဗ္ဗာန်ကိုးတန်သောတရားတော်မြတ်သည်၊/
ဧဟိပဿိကော-/ ဝေဟာတက်ထွန်း ယုဂန်စွန်း၌/ လဝန်းအလား
ပတ္တမြားသဖွယ်/ စင်ကြယ်ထင်ရှား ရှိသည်များကြောင့်/ အားရရွှင်လန်း
လိုက်ခဲ့ စမ်းပါ ရှုစမ်းပါဟု/ သံသာချိုမြ ဖိတ်ခေါ်ပြဖို့/ မုချဧကန်
အမှန်သင့်လျော် ထိုက်တော်မူပါပေ၏။
ဩပနေယျက ဂုဏ်တော်ဖွင့်
(၅) ဓမ္မော-/မဂ်, ဖိုလ်, နိဗ္ဗာန်ကိုးတန်သောတရားတော်မြတ်သည်၊/
ဩပနေယျကော-/ မိမိစိတ်တွင် တစ်ကြိမ်ထင်က/ လေးခွင်အပါယ်
ဝဋ်မီးကွယ်သဖြင့်/ ကိုယ်ဝယ်ဝတ်နှောင် ဆံဥသျှောင်ကို/ မီးလောင်
သော်ငြား မငြိမ်းအားဘဲ/တရားမျက်ရှင် စိတ်စွဲထင်အောင်/ကျင့်ဆောင်
ခြင်းငှာလည်း ထိုက်တော်မူပါပေ၏။
ပစ္စတ္တံဝေဒိတဗ္ဗ ဂုဏ်တော်ဖွင့်
(၆) ဓမ္မော-/ မဂ်, ဖိုလ်, နိဗ္ဗာန် ကိုးတန်သောတရားတော်မြတ်ကို၊/
ဝိညူဟိ-/ ပုထုဇန်နှင့် မတန်သင့်စွာ/ လေးသစ္စာကို ကောင်းစွာမြင်သိ/
ပညာရှိအပေါင်း အရိယာသူတော်ကောင်းတို့သည်၊/ပစ္စတ္တံ ဝေဒိတဗ္ဗော-/
## PAGE 11

ကိုယ်စီကိုယ်င လိုတိုင်းရ၍/ နိဗ္ဗာနဓာတ် သမာပတ်ဖြင့်/ မပြတ်သိပိုင်
ခံစားနိုင်ပါပေ၏။
တရားရှိခိုး ဂါထာဖွင့်
ဣစ္စေဝံ ဆဟိ ဂုဏေဟိ,/ ပါကဋီ ဇိနပူဇိတံ၊
သမ္ပတ္တိဒါယကံ ဓမ္မံ,/ ဝန္ဒာမိ တီဟိ သာဒရံ။
ဣစ္စေဝံ ဆဟိ ဂုဏေဟိ-/ ဤသွာက္ခာတတာ အစလာသည့်
ခြောက်ဖြာသော ဂုဏ်တော်တို့ဖြင့်၊/ ပါကဋ-/ တိတ္ထိတို့ဘောင် လွန်မြား
မြောင်သည့်/ ဟန်ဆောင်တရား အစားစားထက်/ မားမားစွင့်စွင့်
ဂုဏ်ရည်တင့်၍/ ကြီးမြင့်ထင်ရှားပေထသော၊/ ဇိနပူဇိတံ-/ ကိုယ်တိုင်
သိငြား ကိုယ့်တရားလည်း/ ငါးပါးမာရ်နှိမ် မာရဇိန်ပင်/ ကြိမ်ကြိမ်
လေးမြတ် မှီဝဲပူဇော်တော်မူအပ်ထသော၊/ သမ္ပတ္တိဒါယကံ-/ ကျင့်ကြံ
လိုက်နာ ဝေနေယျာအား/ လူ့ ရွာနတ်ဌာန် နိဗ္ဗာန်အထိ သမ္ပတ္တိကို/
မိမိရရ ပေးစွမ်းနိုင်ပေထသော၊/ ဓမ္မံ-/ မဂ်, ဖိုလ်, နိဗ္ဗာန်, ဓမ္မက္ခန်ဟု
ဆယ်တန်သော တရားတော်မြတ်ကို၊/ တီဟိ-/လက်အုပ်အဉ္ဇလီ နှုတ်သံ
ချီ၍/ ရွှင်ကြည်မနော သုံးပါးသော ဒွါရ တို့ဖြင့်၊/ သာဒရံ-/ လေးမြတ်
ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍၊/ ဝန္ဒာမိ-/ စိတ်ဖြင့်ဦးတန်း ဂုဏ်တော်
မှန်းလျက်/ ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍/ ရှိခိုး
ကန်တော့ပါ၏ဘုရား။
သံဃာ့ဂုဏ်တော်ဖွင့်
သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော/
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော/
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော/
သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော/
## PAGE 12

(၁)
(ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ)၊/
ဧသ ဘဂဝတော သာဝကသံဃော/
အာဟုနေယျော ပါဟုနေယျော/
ဒက္ခိဏေယျော အဉ္ဇလိကရဏီယော/
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။
သုပ္ပဋိပန္န ဂုဏ်တော်ဖွင့်
၂၅
ဘဂဝတော-/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊/
သာဝကသံဃော-/ ဆုံးမထားဟန် တရားမှန်ကို/ နာခံလိုက်နာ
အရိယာဟု/သင်္ချာရှစ်ဖော်သံဃာတော်အပေါင်းသူတော်ကောင်းသည်၊/
သုပ္ပဋိပန္နော/ တရားသဖြင့် ဆုံးမသင့်ရာ သာသနာဝယ်/ လျော်စွာထုံးပြ
ဆုံးအမကို/ လုံးဝလိုက်နာ ကောင်းမွန်စွာလည်း ကျင့်တော်မူတတ်ပါ
ပေ၏။
ဥဇုပ္ပဋိပန္န ဂုဏ်တော်ဖွင့်
(၂) ဘဂဝတော-/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊/
သာဝကသံဃော-/ ဆုံးမထားဟန် တရားမှန်ကို/ နာခံလိုက်နာ အရိယာ
ဟု/ သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်၊/
ဥဇုပ္ပဋိပန္နော-/စဉ်းလဲသမှုမာယာစုဖြင့်/ဖုဖုထစ်ထစ်မကောက်ကျစ်ဘဲ/
စင်စစ်နိဗ္ဗာန် လမ်းဖြောင့်မှန်အောင်/ လျော်ကန်ချင့်မျှော် ကျင့်ကြံတော်
မူတတ်ပါပေ၏။
