## PAGE 16

ဘုရား။
၁။ တနင်္ဂနွေနေ့
၂။
တနင်္လာနေ့
၃။
အင်္ဂါနေ့
၄။
ဗုဒ္ဓဟူးနေ့
ရွှင်ကြည်မနော သုံးပါးသော ဒွါရတို့ ဖြင့်၊/ သာဒရံ-/ လေးမြတ်ကြည်ညို
ရိုသေခြင်းရှိသည်ဖြစ်၍၊/ ဝန္ဒာမိ-/ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက်/
ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍/ ရှိခိုးကန်တော့ပါ၏
ō ā
နေ့အလိုက် ပရိတ်ရွတ်ရန်
- သမန္တာမှ စ၍ မင်္ဂလသုတ် (စာ-၃၀)
- ရတနသုတ် (စာ-၃၅)
- မေတ္တသုတ် (စာ-၄၁)
- ခန္ဓသုတ်၊ မောရသုတ်၊ ဝဋ္ဋသုတ်
၅။
(စာ-၄၃)
ကြာသပတေးနေ့ - ဓဇဂ္ဂသုတ် (စာ-၄၇)
၆။
သောကြာနေ့
-
- အာဋာနာဋိယသုတ် (စာ-၅၄)
၇။
စနေနေ့
- အင်္ဂုလိမာလသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊
ပုဗ္ဗဏှသုတ် (စာ-၅၉)
☐
## PAGE 17

အရပ်ဆယ်မျက်နှာ မေတ္တာပို့
၁။ အရှေ့အရပ်၌ နေကြကုန်သော/ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ
အများတို့သည်/ ဘေးရန်ကင်းကွာ/ ကျန်းမာချမ်းသာကြပါစေ။
၂။ အရှေ့တောင်ထောင့်အရပ်၌ နေကြကုန်သော/ကမ္ဘာသူကမ္ဘာသား
သတ္တဝါအများတို့သည်/ ဘေးရန်ကင်းကွာ/ ကျန်းမာချမ်းသာ
ကြပါစေ။
၃။ တောင်အရပ်၌ နေကြကုန်သော/ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ
အများတို့သည်/ ဘေးရန်ကင်းကွာ/ ကျန်းမာချမ်းသာကြပါစေ။
၄။ အနောက်တောင်ထောင့်အရပ်၌ နေကြကုန်သော/ကမ္ဘာသူ
ကမ္ဘာသား သတ္တဝါအများတို့သည်/ ဘေးရန်ကင်းကွာ/ကျန်းမာ
ချမ်းသာကြပါစေ။
၅။ အနောက်အရပ်၌ နေကြကုန်သော/ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ
အများတို့သည်/ ဘေးရန်ကင်းကွာ/ ကျန်းမာချမ်းသာကြပါစေ။
၆။ အနောက်မြောက်ထောင့်အရပ်၌ နေကြကုန်သော/ ကမ္ဘာသူ
ကမ္ဘာသား သတ္တဝါအများတို့သည်/ ဘေးရန်ကင်းကွာ/ ကျန်းမာ
ချမ်းသာကြပါစေ။
၇။ မြောက်အရပ်၌ နေကြကုန်သော/ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ
အများတို့သည်/ ဘေးရန်ကင်းကွာ/ ကျန်းမာချမ်းသာကြပါစေ။
၈။ အရှေ့မြောက်ထောင့်အရပ်၌ နေကြကုန်သော / ကမ္ဘာ သူ
ကမ္ဘာသား သတ္တဝါအများတို့သည်/ ဘေးရန်ကင်းကွာ/ ကျန်းမာ
ချမ်းသာကြပါစေ။
၉။ အောက်အရပ်၌ နေကြကုန်သော/ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ
အများတို့သည်/ ဘေးရန်ကင်းကွာ/ ကျန်းမာချမ်းသာကြပါစေ။
၁ဝ။ အထက်အရပ်၌ နေကြကုန်သော/ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ
အများတို့သည်/ ဘေးရန်ကင်းကွာ/ ကျန်းမာချမ်းသာကြပါစေ။
## PAGE 18

ကျောင်းတိုက်၏ ကျင့်ဝတ်စည်းကမ်းများ
စာအံကျောင်းသိမ်းချိန် ရွတ်ဆိုရန်
အကျင့်လည်း ပြင်၊ စာလည်း သင်၊ မြှင့်တင် သာသနာ။
ကြမ်း (၉) ပါး
စားကြမ်း, အိပ်ကြမ်း၊ အသွားကြမ်း၊/ အထိုင်ကြမ်းကို ပယ်
ရမည်။
ရယ်ကြမ်း, စိတ်ကြမ်း၊ ကိုယ်, နှုတ်ကြမ်း၊/ ဆုံးမကြမ်းလည်း
ပယ်ရမည်။
ကျယ် (၅) ပါး
စကားပြောကျယ်၊ အရယ်ကျယ်နှင့်၊/ ခေါ်ကျယ်, ချေကျယ်၊
အသန်းကျယ်/ ကျယ်ငါးပါးကို ပယ်ရမည်။
