## PAGE 25

အဖိတ်နေ့ညချမ်း၌ ရွတ်ဆိုရန်များ
အဖိတ်နေ့ည၌ တရားသိမ်းပြီး အကျဉ်းချုပ်
ပစ္စဝေက္ခဏာဆင်ခြင်ပုံ
ဖိနပ်, ဆီမီးကို အစပြု၍/ ဤယခုနေ့ ရှေ့နောက် အရုဏ်နှစ်ခု
အကြား/ သုံးဆောင်မှီဝဲအပ်သမျှ/ သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး/
ပစ္စည်းလေးပါးတို့ကို/ ကစားစံပယ်/ မြူးရယ်မာန်ကြွ/ လှပရေဆင်း/
ပြည့်ဖြိုးခြင်းငှာ/ သုံးဆောင် မှီဝဲသည် မဟုတ်ပါ။
နိဿတ္တ, နိဇီဝ,/ အဗျာကတ သုည/ ဓာတ်ရုပ်အစစ်/ အနိစ္စ,
ဒုက္ခ, အနတ္တ/ အသုဘ အရိုးစုဖြစ်သော/ ဤကိုယ်ခန္ဓာ / အတွင်း,
အပြင်ရောဂါ / ဘေးဘယာ ကင်းကွာ၍ / ကျန်းမာ, ချမ်းသာ/ အသက်
ရှည်စွာ တည်နေနိုင်လျက် / စာပေ ကျမ်းဂန် / သင်အံလေ့လာနိုင်ခြင်း,/
သီလ, သမာဓိ, ဝိပဿနာ/ ရဟန်းတရားတို့ကို/ ပွားများအားထုတ်နိုင်
ခြင်းအကျိုးငှာ/ မှီဝဲသုံးဆောင်ပါသတည်း။
ဩဝါဒမမှာခင် ရှေးဦးစွာ
ဆရာတော်ကို ဩကာသဖြင့် ကန်တော့ရန်
ဩကာသ/ ဩကာသ/ ဩကာသ/ ကာယကံ,/ ၀စီကံ
မနောကံ/ သဗ္ဗဒေါသ/ ခပ်သိမ်းသော/အပြစ်တို့ကို/ ပျောက်ပါစေခြင်း/
အကျိုးငှာ/ ပထမ,/ ဒုတိယ/ တတိယ/ တစ်ကြိမ်,/ နှစ်ကြိမ်,/ သုံးကြိမ်
မြောက်အောင်/ ဘုရားရတနာ,/ တရားရတနာ,/ သံဃာရတနာ,/
ရတနာမြတ်သုံးပါး/ ဆရာသမားတို့ကို/အရိုအသေ/ အလေးအမြတ်/
လက်စုံမိုး၍/ ရှိခိုးပူဇော်/ဖူးမြော်မာန်လျော့/ ကန်တော့ပါ၏အရှင်ဘုရား။
## PAGE 26

!
ကန်တော့ရသော/ အကျိုးအားကြောင့်/ အပါယ်လေးပါး/
ကပ်သုံးပါး/ ရပ်ပြစ်ရှစ်ပါး/ ရန်သူမျိုးငါးပါး,/ဝိပတ္တိတရားလေးပါး,
ဗျသနတရားငါးပါး,/ အနာအမျိုး . ကိုးဆယ့်ခြောက်ပါးတို့မှ/ အခါ
ခပ်သိမ်း/ ကင်းလွတ်ငြိမ်း သည်သာ ဖြစ်၍/ မဂ်တရား,/ ဖိုလ်တရား,/
နိဗ္ဗာန်/ ချမ်းသာ/ တရားတော်မြတ်ကို/ ရပါလို၏အရှင်ဘုရား။
မှတ်ချက်။ ။ ထို့နောက် ဩဝါဒနာကြရပါသည်။
အာဂန္တုကဆရာတော်ကြီးများကို ဩကာသဖြင့် ကန်တော့ပုံ
ဩကာသ/ ဩကာသ/ ဩကာသ၊/ ကာယကံ, ၀စီကံ,/
မနောကံ/သဗ္ဗဒေါသ/အပြစ်ခပ်သိမ်း/ပပျောက်ငြိမ်း၍/အသက်ရှည်ရာ/
အနာမဲ့ရေး/ ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ/ ဖြစ်ပါစေခြင်း/
အကျိုးငှာ/ ဆရာတော် ဘုရားကြီး၏/ သီလဂုဏ်,/ သမာဓိဂုဏ်,/
ပညာဂုဏ်တို့ကို/ ရည်မျှော်၍/ ပထမ,/ ဒုတိယ,/ တတိယ/ တစ်ကြိမ်/
နှစ်ကြိမ်/ သုံးကြိမ်မြောက်အောင်/ ရှိခိုးပူဇော်/ ဖူးမြော်မာန်လျော့/
ကန်တော့ပါ၏ အရှင်ဘုရား။
ခရီးသွားခါနီး သံဃာတောင်းပန်ပုံ
ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ဘုရား ...
ဘုရားတပည့်တော်
သည်လည်းကောင်း
ဤကျောင်းတိုက်၌ နေထိုင်ခဲ့သမျှကာလပတ်လုံး ဆရာတော်
သံဃာတော်အရှင်သူမြတ်တို့အပေါ်၌ မိုက်မှားသည့်အလျောက်၊
တွေဝေသည့်အလျောက် မသိမလိမ္မာသည့်အလျောက်၊ ကာယကံ၊
ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့်
ပစ်မှားခဲ့သည်များ အကယ်၍ ရှိခဲ့ပါအံ့ဘုရား။ သံဃိကပစ္စည်း၊ ပုဂ္ဂလိက
ပစ္စည်းတို့ကိုလည်း မရိုမသေ မလေးမစားထုတ်ယူသုံးစွဲခဲ့သည်များ
## PAGE 27

အကယ်၍ရှိခဲ့ပါအံ့ဘုရား။ ထိုအပြစ်တို့ကို ဘုရားတပည့်တော်(တို့)အား
သနားသောအားဖြင့် သည်းခံ(ခွင့်လွှတ်)တော်မူကြပါဘုရား။
ဘုရားတပည့်တော်(တို့)ကလည်း ဆရာတော် သံဃာတော်
အရှင်သူမြတ်တို့အား အလုံးစုံသည်းခံ(ခွင့်လွှတ်)ပါ၏ ဘုရား။
မှတ်ချက်။ ။ ခွင့်ပြု ဟု မှားဆိုတတ်သည်။ ခွင့်ပြုမဟုတ်၊ ခွင့်လွှတ်သာ အမှန်။
cs CamScanner-
