## PAGE 4

သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့်
(၂) သော ဘဂဝါ-/ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား
သည်၊/ ဣတိပိဣမိနာစကာရဏေန-/သဗ္ဗဉ်ဉာဏ်အား စွမ်းပကားဖြင့်/
များသင်္ခါရ ဝိကာရနှင့်/ လက္ခဏပညတ် နိဗ္ဗာန်ဓာတ်ဟု/ ငါးရပ်သိရန်
ဉေယျဓမ်ကို/ ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိတော်မူသော
ဤအကြောင်းကြောင့်လည်း၊/ သမ္မာသမ္ဗုဒ္ဓေါ-/ သမ္မာသမ္ဗုဒ္ဓဟူသော
ဂုဏ်တော်ကြီးဖြင့် / အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင်/ ပျံ့လှိုင်ကျော်
ကြား ထင်ရှားတော်မူပါပေသည်တကား။
ဝိဇ္ဖာစရဏသမ္ပန္န ဂုဏ်တော်ဖွင့်
(၃) သောဘဂဝါ-/ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊
ဣတိပိ ဣမိနာ စ ကာရဏေန-/ သုံးပါး ရှစ်ပါး နှစ်မျိုးအားဖြင့်/
ဟောထား ပညာ ဉာဏ်ဝိဇ္ဇာတည်း၊/ နိဗ္ဗာနဓာတ် အမြိုက်ရပ်သို့
ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့်/ အကျင့်စရဏ ဆယ့်ငါးဝနှင့် /
တကွဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊/ ဝိဇ္ဇာ
စရဏသမ္ပန္နော-/ ဝိဇ္ဇာစရဏသမ္ပန္န ဟူသော ဂုဏ်တော်ကြီးဖြင့်/
အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင်/ ပျံ့လှိုင်ကျော်ကြား ထင်ရှား
တော်မူပါပေသည်တကား။
သုဂတ ဂုဏ်တော်ဖွင့်
(၄) သော ဘဂဝါ-/ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား
သည်၊/ ဣတိပိ ဣမိနာ စ ကာရဏေန-/ ဒီပင်္ကရာ ထွတ်ချာသနင်း
ခြေတော်ရင်းမှ/ မှန်ကင်းသီရိ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင်/ ဆယ်ခိုင်
ပါရမီ စုံပြည့်ညီလျက်/သုံးလီဘဝ များသတ္တ၏ / သုခစီးပွား ကျင့်သော
အားဖြင့် / မိုက်မှားအယူ မိစ္ဆာဟူက/ ဆံမြူတစိ မကပ်ငြိဘဲ/ သတိ
## PAGE 5

မဟာပိဟာရကျောင်းတိုက်(လှည်းကူး)
သမ္ပဇဉ် မပြတ်ယှဉ်လျက်/ သဗ္ဗဉ်ဉာဏ်တော် ရကြောင်းရော်၍/
ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊/ သုဂတော-/ သုဂတ
ဟူသော ဂုဏ်တော်ကြီးဖြင့်/ အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင်/
ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။
လောကဝိဒူ ဂုဏ်တော်ဖွင့်
(၅) သော ဘဂဝါ-/ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား
သည်၊/ ဣတိပိ ဣမိနာ စ ကာရဏေန-/ သက္ကောကာသ သင်္ခါရဟု/
လောကသုံးဘုံ အလုံးစုံကို/ အာရုံထင်စွာ ပိုင်းခြားကာဖြင့်/ ကောင်းစွာ
ကုန်စင် သိမြင်တော်မူသောဤအကြောင်းကြောင့်လည်း၊/လောကဝိဒူ-
/လောကဝိဒူ-ဟူသော ဂုဏ်တော်ကြီးဖြင့်/ အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်
အောင်/ ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။
အနုတ္တရောပုရိသဒမ္ဗသာရထိ ဂုဏ်တော်ဖွင့်
(၆) သော ဘဂဝါ-/ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား
သည်၊/ ဣတိပိ ဣမိနာစ ကာရဏေန-/ ဆုံးမသင့်ရန် သတ္တဝါမှန်သော်/
ခြောက်တန်လျှင်ခြောက်မြှောက်တန်မြှောက်၍/အောက်အောက်ထက်
ဂုဏ် ဆင့်ဆင့်စုံဖို့/ ဖုံဖုံသင်ပေး အစဉ်ဖေးလျက်/ ယဉ်ကျေးလေအောင်
သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊/
အနုတ္တရော ပုရိသဒမ္မသာရထိ-/ အနုတ္တရော ပုရိသဒမ္မသာရထိ ဟူသော
ဂုဏ်တော်ကြီးဖြင့်/ အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင်/ ပျံ့လှိုင်ကျော်
ကြား ထင်ရှားတော်မူပါပေသည်တကား။
## PAGE 6

i
+
သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်ဖွင့်
(၇) သော ဘဂဝါ-/ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား
သည်၊/ ဣတိပိ ဣမိနာ စ ကာရဏေန-/ သတ္ထဝါဟော် ကုန်သည်
ကျော်သည်/ ဖော်လှော်ငယ်သား နောက်ပါများကို/ ရေရှားဘေးခ
ကန္တာရမှ/ ခေမမြေငူ ထုတ်ကယ်ယူသို့/ ထို့တူတစ် ခဲယဉ်းဘိသည့်
ဇာတိ ဇရာ မရဏာဟု/ ကန္တာရကြမ်း ခရီးလမ်းမှ/ ရွှေနန်းမြေငူ ပြည်
နိဗ္ဗူသို့/ နတ်လူ ဗြဟ္မာ သတ္တဝါကို/ ကောင်းစွာဆောင်ယူ ကယ်တင်
တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊/ သတ္ထာဒေဝ
မနုဿာနိ-/သတ္ထာဒေဝမနုဿာနံ ဟူသော ဂုဏ်တော်ကြီးဖြင့်/ အံ့ချီး၍
မကုန် ဗြဟ္မာ့ဘုံတိုင်အောင်/ ပျံ့လှိုင် ကျော်ကြား ထင်ရှားတော်မူပါပေ
သည်တကား။
ဗုဒ္ဓ ဂုဏ်တော်ဖွင့်
(၈) သော ဘဂဝါ-/ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား
သည်/ ဣတိပိ ဣမိနာ စ ကာရဏေန-/ ဒုက္ခ, သမုဒယ နိရောဓနှင့်/
မဂ္ဂမည်သာ လေးသစ္စာကို/ ဦးစွာပိုင်ပိုင် သိမြင်နိုင်၍/ သုံးဆိုင်ဝေနေ
များဗိုလ်ခြေကို/မသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်
လည်း၊/ ဗုဒ္ဓေါ-/ ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့်/ အံ့ချီး၍မကုန် ဗြဟ္မာ့
ဘုံတိုင်အောင်/ ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။
(၉)
ဘဂဝါ ဂုဏ်တော်ဖွင့်
သော … ဘဂဝါ-/ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား
သည်၊/ ဣတိပိ ဣမိနာစ ကာရဏေန-/
+ L
