## PAGE 7

ဣဿရိယဘုန်းတော် ၈-ပါး
(၁) အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့/ မမြင်တွေ့အောင်
ရုပ်ဆောင်ဖန်ဆင်းနိုင်သော "အဏိမာ"ဘုန်းတော်။
စိတ်၏အလား ကောင်းကင်ဖျား၌/ ပေါ့ပါးလျင်မြန် ဈာန်ပျံ
ကြွသွားနိုင်သော “လဃိမာ” ဘုန်းတော်။
(၂)
(၃) ... ကိုယ်တော်သဏ္ဌာန် ပုံဟန်တိုင်းငြား/ မနှိုင်းအားဖို့ ကြီးမားလေ
အောင်/ ရုပ်ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ” ဘုန်းတော်။
(၄) ဆီးတားကွယ်ကာမရှိပါဘဲ/လိုရာတိုင်းပေါက်တစ်ခဏလောက်
ဖြင့်/ ကြွရောက်နိုင်သော “ပတ္တိ” ဘုန်းတော်။
(၅) အဆင်းအတန်တန် ပုံသဏ္ဌာန်ကို/ စီမံဖန်တီး တစ်ခဏတည်း
ဖြင့်/ ပြီးစီးနိုင်သော “ပါကမ္မ” ဘုန်းတော်။
(၆) ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ/ စ၍မကြွင်း လူနတ်
မင်းကို/ ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော “ဤသိတာ”
ဘုန်းတော်။
(၇) . သမာပတ်ဈာန် အဘိညာဏ်ကို/ ဝင်စံလိုက တစ်ခဏချင်းပိုင်/
ဝင်စားနိုင်သော “ဝသိတာ” ဘုန်းတော်။
(၈) ကိစ္စတစ်ခု ပြုစုတုန်းပင်/ ပြီးဆုံးချင်သော် ဆောလျင်မသွေ/
ပြီးဆုံးစေနိုင်သော “ယတ္ထကာမာဝသာယိတာ” ဘုန်းတော်။
ဘုန်းတော် ၆-ပါး
ရှစ်ဖော်အပြား ဤသို့အားဖြင့်/ ထင်ရှားလေဘိ ။ ဣဿရိယ”(၁)
ဘုန်းတော်။
ကိလေသာရန် ပယ်ဖျက်လှန်ဖို့/ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား/
လောကုတ္တရာတရားဟူသော “ဓမ္မ” ဘုန်းတော်။
## PAGE 8

ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍/ ကမ္ဘာတိုက်ပေါင်း သောင်း
လောကဓာတ်/ ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း/ ကျော်စောခြင်း ဟူသော
“ယသ”(၃) ဘုန်းတော်။
ရွှေမျက်နှာတော်လက်ခြေတော်မှ/စ၍မကြွင်းပင်လုံးဝင်းသည့်
ပန်းမင်းအနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့်/ လွန်စွာတင့်တယ်
သပ္ပါယ်တော်မူသော “သိရီ”(၄) ဘုန်းတော်။
အလိုတော်အတိုင်းတောင့်တတိုင်းပင်/မဆိုင်းမတွပြီးစီးရသည့်
“ကာမ”(၅) ဘုန်းတော်။
တစ်လောကလုံး ညွတ်ရုံးကိုးစား/ အားထားဖို့ရာ လွန်စွာ
ကြိုးကုတ်/ အားထုတ်တော်မူသော “ပယတ္တ”(၆) ဘုန်းတော်။
ဤခြောက်ဖော်ဂုဏ် ဘုန်းတော်ဟုန်နှင့်/ ပြည့်စုံတော်မူသော
ဤအကြောင်းကြောင့်လည်း၊/ ဘဂဝါ-/ ဘဂဝါ ဟူသော ဂုဏ်တော်
ကြီးဖြင့်/ အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင်/ ပျံ့လှိုင်ကျော်ကြား
ထင်ရှားတော်မူပါ ပေသည်တကား။
ဘုရားရှိခိုး ဂါထာဖွင့်
ဧဝံ နဝဟိ ဂုဏေဟိ, လောကမှိ ကိတ္တိဗျာပိတံ၊
အတုလံ ဓမ္မရာဇာနံ, ဝန္ဒာမိ တီဟိ သာဒရံ။
ဧဝံ နဝဟိ ဂုဏေဟိ-/ ဤ အရဟတာ အစလာသည့်/ ကိုးဖြာ
သောဂုဏ်တော်တို့ဖြင့်၊/ လောကမှိ-/ဘဝဂ်ဆုံးအောင် ဘုံသုံးဆောင်၌၊/
ကိတ္တိဗျာပိတံ-/ သိမ့်သိမ့်တုန်ခပ် ပဲ့တင်ထပ်မျှ/ နှံ့စပ်ကျော်စောတော်
မူထသော၊/ အတုလံ-/ သီလခေါင်ထိ သမာဓိနှင့်/ ကြီးဘိပညာ လွန်ကဲ
သာ၍/ ပြိုင်လာ နှိုင်းသူ အတူလည်း ရှိတော်မမူထသော၊/ ဓမ္မရာဇာနံ/-
## PAGE 9

သုံးဘုံမကိုဋ် သုံးထိုက်သရဖူ/ သုံးလူသင်းကျစ် ဓမ္မရာဇ်ထွတ်ထား
ရှင်တော်မြတ်ဘုရားကို၊/ တီဟိ-/ လက်အုပ်အဉ္ဇလီ နှုတ်သံချီ၍/
ရွှင်ကြည်မနော သုံးပါးသော ဒွါရတို့ဖြင့်၊/ သာဒရံ-/ လေးမြတ်ကြည်ညို
ရိုသေခြင်းရှိသည်ဖြစ်၍/ ဝန္ဒာမိ-/ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက်/
ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍/ ရှိခိုးကန်တော့ပါ၏
ဘုရား။
တရားဂုဏ်တော်
သွာက္ခာတော/ ဘဂဝတာ ဓမ္မော/
သန္ဒိဋ္ဌိကော အကာလိကော/
ဧဟိပဿိကော သြပနေယျကော/
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
သွာက္ခာတ ဂုဏ်တော်ဖွင့်
(၁) ဘဂဝတာ-/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊/
ဓမ္မော-/မဂ်ဖိုလ်နိဗ္ဗာန်ဓမ္မက္ခန်ဟု/ဆယ်တန်သောတရားတော်မြတ်ကို၊/
သွာက္ခာတော-/ ကြားနာရုံပင် အပူစင်၍/ ကျင့်လျှင်ချမ်းသာ ကျင့်ပြီးခါ
လည်း/ လွန်စွာငြိမ်းချမ်း နိဗ္ဗာန်နန်းနှင့်/ စခန်းသင့်အောင် မှန်းလင့်
ရည်ရော်/ ကောင်းစွာဟောတော်မူအပ်ပါပေ၏။
သန္ဒိဌိက ဂုဏ်တော်ဖွင့်
(၂) - ဓမ္မော-/မဂ်, ဖိုလ်, နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊/
သန္ဒိဋ္ဌိကော-/ဟောပြသလောက် ကျင့်တိုင်းပေါက်၍/ မဂ်ရောက်ဖိုလ်ထိ
ပညာရှိသည့်/များအရိယာသူတော်စွာတို့/သူတကာပြောယုံကြည်သော
ကြောင့်/ သဘောချင်းထပ် မဆည်းကပ်ဘဲ/ တပ်အပ်ထင်ထင်
