## PAGE 13

မဟာဝိဟာရကျောင်းတိုက်(လှည်းကူး)
ဉာယပ္ပဋိပန္န ဂုဏ်တော်ဖွင့်
(၃) ဘဂဝတော-/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊/
သာဝကသံဃော၊/ ဆုံးမထားဟန် တရားမှန်ကို/ နာခံလိုက်နာ အရိယာ
ဟု/ သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်၊/
ဉာယပ္ပဋိပန္နော-/ကိုယ်ဝယ် ဝတ်နှောင် ဆံဥသျှောင်ကို/မီးလောင်သော်
ငြား မငြိမ်းအားဘဲ/ ကြီးမားလောင်မီး ဒုက္ခကြီးတို့/ အပြီးဧကန်
ငြိမ်းရာမှန်သည့်/ နိဗ္ဗာန်အလို့ငှာ ကျင့်တော်မူတတ်ပါပေ၏။
သာမိစိပ္ပဋိပန္နေ ဂုဏ်တော်ဖွင့်
(၄) ဘဂဝတော-/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊/
သာဝကသံဃော-/ ဆုံးမထားဟန် တရားမှန်ကို/ နာခံလိုက်နာ
အရိယာဟု/သင်္ချာရှစ်ဖော်သံဃာတော်အပေါင်းသူတော်ကောင်းသည်၊/
သာမိစိပ္ပဋိပန္နော-/ရိုသေသမှုလူတို့ပြုသည့်/သာမိစိကံလျော်ထိုက်တန်
အောင်/ ကျင့်ကြံတော်မူတတ်ပါပေ၏။
ပုရိသယုဂါနိ ပါဠိဖြင့်
စတ္တာရိ-/ မဂ်, ဖိုလ် နှစ်ပါး အစုံအားဖြင့် လေးပါးကုန်သော၊/
ယဒိဒံ ပုရိသယုဂါနိ-/ အကြင်ယောက်ျားအစုံတို့သည်/ အဋ္ဌ-/ အသီး
အခြား ခွဲသောအားဖြင့် ရှစ်ပါးကုန်သော၊/ ပုရိသပုဂ္ဂလာ-/ ပုရိသပုဂ္ဂလ
ခေါ်ကြထိုထို/ မြင့်မြတ်သော ပုဂ္ဂိုလ်တို့ပါပေတည်း။
အာယုနေယျ ဂုဏ်တော်ဖွင့်
(၅) ဘဂဝတော-/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏
ဧသ ဧသော သာဝကသံဃော-/ အစုံလေးပါး သီးခြားရှစ်ဖော်/ သံဃာ
တော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်၊/ အာဟုနေယျော-/
Scanned with
ES CamScanner'

## PAGE 14

ဝတ်ရွတ်စဉ်
တုံ့ပြန်ကြီးလေး အကျိုးပေးသဖြင့်/အဝေးမှယူ ဆောင်၍မူလည်း/
ကြည်ဖြူ လေးမြတ် ပူဇော်အပ်သည့်/ လာဘ်သပ်ပကာ အဖြာဖြာကို
ကောင်းစွာသိမ်းပိုက် ခံယူခြင်းငှာလည်း ထိုက်တော်မူပါပေ၏။
(၆)
ပါဟုနေယျ ဂုဏ်တော်ဖွင့်
ဘဂဝတော-/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊
ဧသ ဧသော သာဝကသံဃော-/ အစုံလေးပါး သီးခြားရှစ်ဖော်/ သံဃာ
တော်အပေါင်း ဤအရိယာသူတော်ကောင်းသည်၊/ ပါဟုနေယျော-/
ဝေးရပ်မျိုးနွယ် များဧည့်သည်ဖို့/ ရည်ရွယ်မှန်းထား ပစ္စည်းများကို
ဘုရားတစ်ဆူ ပွင့်တော်မူမှ ပေါ်လာကြသည့်/ ကမ္ဘာ့ဧည့်ကောင်း
သူတော်ပေါင်းမို့/အကြောင်းတိုက်စွာ ပေးလှူခြင်းငှာလည်း ထိုက်တော်
မူပါပေ၏။
(၇)
ဒက္ခိဏေယျ ဂုဏ်တော်ဖွင့်
ဘဂဝတော-/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊/
ဧသ ဧသော သာဝကသံဃော-/ အစုံလေးပါး သီးခြားရှစ်ဖော်/
သံဃာတော်အပေါင်း ဤအရိယာသူတော်ကောင်းသည်၊/ ဒက္ခိဏေ
ယျော-/ တမလွန်စခန်း ကြီးပွားလမ်းဖို့/ မျှော်မှန်းရည်ရွယ် ပေးလှူ
ဖွယ်ကို/ရည်ရွယ်သမျှ အကျိုးရသဖြင့်/တစ်စမချန်အလှူခံခြင်းငှာလည်း
ထိုက်တော်မူပါပေ၏။
(၈)
အဂ္ဂလိကရဏီယ ဂုဏ်တော်ဖွင့်
ဘဂဝတော-/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏/
ဧသ ဧသော သာဝကသံဃော-/ အစုံလေးပါး သီခြားရှစ်ဖော်/ သံဃာ
တော်အပေါင်းဤအရိယာသူတော်ကောင်းသည်/အဉ္ဇလိကရဏီယော-/
Scanned with
ES CamScanner'

## PAGE 15

မဟာဝိဟာရကျောင်းတိုက်(လှည်းကူး)
တစ်လောကလုံး ကိုင်းညွတ်ရုံးလျက်/ ရွှင်ပြုံးကြည်ညို ရိုသေမြတ်နိုး
လက်အုပ်မိုး၍/ ရှိခိုးခြင်းကိုလည်း ထိုက်တော်မူပါပေ၏။
(၉)
အနုတ္တရ ပုညက္ခေတ္တ ဂုဏ်တော်ဖွင့်
ဘဂဝတော-/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊/
ဧသ ဧသော သာဝကသံဃော-/ အစုံလေးပါး သီးခြားရှစ်ဖော်/ သံဃာ
တော်အပေါင်း ဤအရိယာသူတော်ကောင်းသည်၊/ လောကဿ-/ လူ,
နတ်, ဗြဟ္မာ သတ္တဝါအပေါင်း၏၊/ အနုတ္တရံ-/ အတုမရှိ မြတ်ခေါင်ထိ
သော၊/ ပုညက္ခေတ္တံ-/ ကုသိုလ်ကောင်းမှု မျိုးစေ့စု၏၊/ ကြီးထုမြင့်မား
စွင့်စွင့်ကားလျက်/ ဖွင့်ထွားဖွယ်ရာ လယ်ယာမြေကောင်းအတူ ဖြစ်
တော်မူပါပေ၏။
သံဃာရှိခိုး ဂါထာဖွင့်
ဧဝံ နဝဟိ ဂုဏေဟိ,/ လောကမှိ ဝိဿုတံ ဂဏံ၊
သာသနံ စိရဓာတာရံ/ ဝန္ဒာမိ တီဟိ သာဒရံ။
ဧဝံ နဝဟိ ဂုဏေဟိ-/ ဤသုပ္ပဋိပန္နတာ အစလာသည့်/ ကိုးဖြာ
သော ဂုဏ်တော်အပေါင်းတို့ဖြင့်၊/ လောကမှိ-/ ဘဝဂ်ဆုံးအောင် ဘုံ
သုံးဆောင်၌၊/ ဝိတံ-/ တိတ္ထိတို့ဘောင် လွန်များမြောင်သည့်/
ဟန်ဆောင်သံဃာ အဖြာဖြာထက်/ အရာရာဖြင့် ဂုဏ်ရည်တင့်၍/
ကြီးမြင့်ထင်ရှားပေထသော၊/ သာသနံ-/ ကမ္ဘာ့ကမ္ဘာ လွန်လေပါလည်း/
တစ်ခါတစ်ဖန် ကြုံရန်ခဲကပ်/ အမြတ်ရတနာ ဤသာသနာတော် မြတ်
ကြီးကို၊/ စိရဓာတာရံ-/ ဘုရားလက်ထက် အဆက်ဆက်မှ/ မပျက်
ရအောင် ပို့ချသင်ယူ/ ဆောင်ရွက်တော်မူလာပေထသော၊/ ဂဏံ-/
အတွင်းစိတ်ဓာတ် မြင့်မြတ်ကြည်လင်/ သူတော်စင်ကောင်း အရိယာ
သံဃာတော်အပေါင်းကို၊/ တီဟိ-/ လက်အုပ်အဉ္ဇလီ နှုတ်သံချီ၍/
Scanned with
ES CamScanner'
