## PAGE 19

ဝတ်ရွတ်စဉ်
များ (၈) ပါး
စကား, အိပ်, စား၊ မှုသစ်များ၊/ အရယ်များကို ပယ်ရမည်။
ပစ္စည်းစုများ၊ ရောနှောများ၊/ လည်ပတ်များလည်း ပယ်ရမည်။
ဗာလ နှင့် ပဏ္ဍိတ
ကြမ်း, ကျယ်, များ ကို၊ မပယ်လို၊/ ထိုထိုလူ့ ဗာလ။
ကြမ်း, ကျယ်, များ ကို၊ ပယ်ပါမှ၊/ မောင်ပဏ္ဍိတ ဖြစ်မည်ပ။
စည်းကမ်း(၁၀)ချက်
စိတ်, ဝိ, ကျန်း, သန့်၊/ ဝတ်, နေ, ပြော, သွား၊/ စည်း, စာ/
ဤဆယ်ဖြာ သေချာ ဂရုပြု။
ဤကျောင်းတိုက်၌--
စိတ်ကောင်းရှိဖို့က
ပထမ
ဝိနည်းလေးစားဖို့က
ဒုတိယ
ကျန်းမာဖို့က
တတိယ
သန့်ရှင်းဖို့က
စတုတ္ထ
အဝတ်အစားတတ်ဖို့က ပဉ္စမ
အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
အပြောအဆိုတတ်ဖို့က သတ္တမ
အသွားအလာတတ်ဖို့က အဋ္ဌမ
စည်းကမ်းလိုက်နာဖို့က နဝမ
စာတတ်ဖို့က
ဒသမ
ဤဆယ်ချက်ကို/ အစဉ်အတိုင်း ဂရုစိုက်ပါ။
Scanned with
ES CamScanner'

## PAGE 20

မဟာဝိဟာရကျောင်းတိုက်(လှည်းကူး)
မေတ္တာပို့
ငါတို့၏ ဆွမ်းခံရွာ၌/ နေထိုင်ကြကုန်သော/ ဒါယကာ,
ဒါယိကာမ အပေါင်းတို့သည်/ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊/ ဒေါသ
ခပ်သိမ်း ငြိမ်းကြပါစေ၊/ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊/ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ။
မဟာဝိဟာရ၏/ ပစ္စယဒါယကာ, ဒါယိကာမအပေါင်းတို့သည်/
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ/ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊/ ဆင်းရဲ
ခပ်သိမ်း ငြိမ်းကြပါစေ၊/ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
ဗုဒ္ဓသာသနာတော်မြတ်ကြီး၏/ ပစ္စယဒါယကာ, ဒါယိကာမ
အပေါင်းတို့သည်/ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊/ ဒေါသခပ်သိမ်း
ငြိမ်းကြပါစေ၊/ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊/ နှလုံးစိတ်ဝမ်း အေးချမ်း
ကြပါစေ။
အမျှပေးဝေပုံ
ဤကုသိုလ်၏ အဖို့ဘာဂကို/ မိဘဆရာ သံဃာတော်အပေါင်း/
ဒါယကာ, ဒါယိကာမအပေါင်း/ နတ်အပေါင်းနှင့်တကွ/ သတ္တဝါဟူသမျှ
တို့အား/ အမျှပေးဝေကြပါကုန်၏၊/ အမျှရကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု
နေ့စဉ် တရားသိမ်းသောအခါ ရွတ်ဆိုရန်
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ/ ဗုဒ္ဓံ ပူဇေမိ။
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ/ ဓမ္မံ ပူဇေမိ။
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ/ သံဃံ ပူဇေမိ။
အဒ္ဓါ ဣမာယ ပဋိပတ္တိယာ/ ဇာတိဇရာဗျာဓိမရဏမှာ/
ပရိမုစ္ဆိဿာမိ။
Scanned with
ES CamScanner'

## PAGE 21

ဝတ်ရွတ်စဉ်
မေတ္တာပို့
ငါတို့၏ ဆွမ်းခံရွာ၌/ နေထိုင်ကြကုန်သော/ ဒါယကာ,
ဒါယိကာမအပေါင်းတို့သည်/ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊/ ဒေါသ
ခပ်သိမ်း ငြိမ်းကြပါစေ၊/ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊/ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ။
မဟာဝိဟာရ၏/ ပစ္စယဒါယကာ, ဒါယိကာမအပေါင်းတို့သည်/
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊/ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊/
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊/ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။