## PAGE 34

ဝတ်ရွတ်စဉ်
နယုန်လဆန်း ၁၄-ရက်နှင့် နတ်တော်လဆန်း ၁၄-ရက်တို့၌
အာဂုံရေးဖြေကျင်းပကာ ထိုစာမေးပွဲအောင်မှသာ ရေးဖြေစာမေးပွဲ
ဝင်ဖြေခွင့်ရှိသည်။
ပဓာနနာယကဆရာတော်
နှင့်
ဂဏဝါစကအဖွဲ့
မဟာဝိဟာရကျောင်းတိုက်
လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
Scanned with
ES CamScanner'

## PAGE 35

မဟာဝိဟာရကျောင်းတိုက်(လှည်းကူး)
ဝါဆိုလပြည့်ကျော် ၁ ရက်နေ့
ဝါဆိုဝါကပ်ပုံပါဠိ
ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ။
-
(ပါစိတျာဒိအဋ္ဌကထာ - ၃၄၉)
-
အနက်။ ။ ဣမသ္မိံ ဝိဟာရေ - ဤကျောင်းတိုက်၌၊ ဣမံ
တေမာသံ - ဤဝါတွင်းသုံးလပတ်လုံး၊ ဝဿံ - ဝါသို့၊ ဥပေမိ - ကပ်
ရောက်ပါ၏ (တစ်နည်းကား) ဝဿံ ဥပေမိ – ဝါဆိုပါ၏။
10
၁။
၂။
၃။
-
-
ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ မူ
ပဉ္စင်းသစ်၏ ဝန်ခံရန်အချက်များ
ဆရာတော်, သံဃာတော် အရှင်သူမြတ်တို့ဘုရား
ဘုရားတပည့်တော် .. သည်
...
.........
ရဟန်းအဖြစ်၌ တည်၍ အသက်ရှည်သမျှကာလပတ်လုံး
အထူးသဖြင့် ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသူဖြစ်ပါအံ့
ဘုရား။
အနည်းငယ်မျှလောက်သော အစိတ္တကသိက္ခာပုဒ်အပြစ်တို့၌ပင်
“ဘေး” ဟု ရှုလေ့ရှိပြီး ဆောက်တည်ကျင့်သုံးပါအံ့...ဘုရား။
အခါခပ်သိမ်းလက်ကစားခြင်း, ခြေကစားခြင်း,ကိုယ်ကစားခြင်း
ကိုလည်း မဖြစ်စေဘဲ စက္ခု-စသော ဣန္ဒြေတို့ကို ကောင်းစွာ
စောင့်စည်း၍ ဣန္ဒိယသံဝရသီလနှင့် ပြည့်စုံအောင် နေထိုင်
ပါအံ့…..ဘုရား။
☑
Scanned with
ES CamScanner'

## PAGE 36

ဝတ်ရွတ်စဉ်
၄။ တစ်စုံတစ်ခုသောအာပတ်၌ ကုက္ကုစ္စမကင်းပါလျှင် အချိန်
မကုန်စေဘဲအလွန်လျင်မြန်စွာဂရုကအာပတ်ကို ဝုဋ္ဌာနကံဖြင့်
လည်းကောင်း, လဟုကအာပတ်ကို ဒေသနာကံဖြင့်လည်း
ကောင်း ကုစား၍ မိမိကိုယ်ကို စင်ကြယ်အောင်ပြုပါအံ့...
၅။
ဘုရား။
အခါခပ်သိမ်း ကောင်းမွန်သေသပ်စွာ ဝတ်ရုံ၍ ပရိမဏ္ဍလ
သိက္ခာပုဒ်ကို ကောင်းစွာစောင့်ရှောက်ပါအံ့..ဘုရား။
၆။ ရွာတွင်းသို့ ဝင်သည့်အခါ, ရွာတွင်း၌ နေသည့်အခါတို့၌ ထိုထို
ဤဤမကြည့်ရှုဘဲ ဩက္ခိတ္တစက္ခုသိက္ခာပုဒ်ကိုလည်း အထူး
လုံခြုံအောင် စောင့်ရှောက်ပါအံ့…..ဘုရား။
၇။ ပြောပလောက်သော အကြောင်းအရာတို့ကို ကြဉ်၍ နေလွဲအခါ
ကွမ်းစားခြင်း, အဖျော်ရည်သောက်ခြင်း, ဆေးလိပ်သောက်ခြင်း
အမှု မပြုပါအံ့..ဘုရား။
၈။
ပန်းပေးခြင်း စသည့် ကုလဒူသနအမှုကိုလည်းကောင်း၊ ဆေးကု
ခြင်း, တမန်မှုပြုခြင်း, စေခိုင်း၍သွားခြင်း, ရှေးဦးစ၍ပြောခြင်း,
အပြုံးကိုရှေ့သွားပြုခြင်း, ပဲနောက်ဟင်းကဲ့သို့ အမှန်နည်းပါး
အမှားများသော စကားကို ပြောဆိုခြင်း, ကလေးသူငယ်တို့ကို
ချီပွေ့ချော့မြူခြင်း စသော အနေသနအမှုတို့ကိုလည်းကောင်း
မလွန်ကျူးဘဲ အထူးသတိပြုကာ စောင့်ရှောက်ပါ....ဘုရား။
၉။ အခြားသီတင်းသုံးဖော်ငါးယောက်တို့၏ ကုလဒူသန စသည်
တို့ကြောင့် ဖြစ်ပေါ်လာသည့် မအပ်သောပစ္စည်းတို့ကိုလည်း
မသုံးစွဲမူ၍ သန့်ရှင်းစင်ကြယ်သော အသက်မွေးမှုရှိသူ ဖြစ်ပါ
အံ့…..ဘုရား။
Scanned with
ES CamScanner'
