## PAGE 37

မဟာဝိဟာရကျောင်းတိုက်(လှည်းကူး)
၁၀။ ဘုရားရှင်သာသနာတော်၌ အဓိကရုဏ်းတစ်စုံတစ်ခုပေါ်ပေါက်
လာသော် ငြင်းခုံမှု, ခိုက်ရန်ပြုမှု မဖြစ်စေဘဲ ထေရ, နဝ, မဇ္ဈိမ
ရဟန်းတို့အပေါ်၌ အထူးရိုသေတုပ်ဝပ်ပြီး ထိုပုဂ္ဂိုလ်တို့၏
စကားကို ကောင်းစွာ လိုက်နာပြုကျင့်ပါအံ့...ဘုရား။
မိမိထက် တစ်နေ့, တစ်ရက်, တစ်နာရီကြီးသော ပုဂ္ဂိုလ်ကို
အသက်ထက်ဆုံး ရှိခိုးလေ့ရှိသူဖြစ်ပါအံ့...ဘုရား။
၁၁။
၁၂။ ဆန်းကြယ်သော အဆင်းပုံသဏ္ဌာန်ရှိသော ထီးကိုလည်း
ကောင်း, လက်ကိုင်ပဝါ-စသည်တို့ကိုလည်းကောင်း ရဟန်းတို့
နှင့် မသင့်လျော်သော လူတို့၏ အသုံးအဆောင်မျိုးကိုလည်း
ကောင်း, မသုံးဆောင်ပါအံ့...ဘုရား။
၁၃။ လဇ္ဇီကုက္ကုစ္စကပုဂ္ဂိုလ်တို့ အလွန်အလေးအမြတ်ပြုသော အရာ
ဌာနဖြစ်သည့် ၅-ခဏ်း-စသည်ဖြတ်၍ချုပ်အပ်သော သင်္ကန်း
ကိုသာ ဝတ်ရုံသုံးဆောင်ပါအံ့၊ ထိုသို့ မချုပ်သော သင်္ကန်းကို
မသုံးဆောင်ပါအံ့...ဘုရား။
၁၄။ .. ဆယ်ဝါအတွင်း၌ အာရာမ်ပိုင်(ကျောင်းထိုင်)အဖြစ်မနေဘဲ
နိဿရည်းဆရာ(ကျောင်းထိုင်)အင်္ဂါအရာ၌လည်း သတိပြုပါ
အံ့.....ဘုရား။
၁၅။ ဆယ်ဝါကျော်သော်လည်း “ အဘိဓမ္မာအရာ၌ ဆုံးမခြင်းငှာ
စွမ်းနိုင်၏၊ အလုံးစုံသော ဝိနည်းပိဋက၌ ဆုံးမခြင်းငှာ စွမ်းနိုင်
၏။ “ဤသို့လာသော နိဿရည်းဆရာအင်္ဂါကို နှလုံးပြု၍
ထိုအင်္ဂါနှင့်ပြည့်စုံမှသာ အာရာမ်ပိုင်အဖြစ်နေလျက် ပရိသတ်
မွေးမြူကာ ဘုရားရှင်သာသနာ ထွန်းလင်းတောက်ပစေရန်
အစွမ်းသတ္တိရှိသမျှ အားထုတ်ပါအံ့...ဘုရား။
Scanned with
ES CamScanner'

## PAGE 38

ဝတ်ရွတ်စဉ်
၁၇။
၁၆။ သင်္ကန်း-စသော ပစ္စည်းလေးပါးတို့ကို သုံးဆောင်သောအခါ၌
လည်း ကြွေးယူသုံးဆောင်မှု ဣဏပရိဘောဂ မဖြစ်စေရန်
ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်ပါအံ့...ဘုရား။
“ဆံပင် အမွေး လက်သည်းခြေသည်း သွား အရေ” ဤသို့
စသည်ဖြင့် သမထကမ္မဋ္ဌာန်းကိုလည်းကောင်း, “ခန္ဓာ ၅-ပါး
တို့သည် မမြဲသောတရား, ဆင်းရဲသောတရား, အစိုးမရ
အတ္တမဟုတ်သော တရားတို့တည်း "ဤသို့စသော ဝိပဿနာ
ကမ္မဋ္ဌာန်းကိုလည်းကောင်း, နေ့စဉ်နေ့တိုင်း အစွမ်းသတ္တိရှိသမျှ
ပွားများကာ နေပါ....ဘုရား။
၁၈။
ယခု ပဉ္စင်းဖြစ်ချိန်မှစကာ အကြောင်းညီညွတ်၍ စွမ်းနိုင်သမျှ
ဝိနည်းတိစီဝရိတ်ကိုလည်းကောင်း, ဓုတင်တိစီဝရိတ်ကိုလည်း
ကောင်း ဆောင်ပါအံ့...ဘုရား။
ဤလောကုတ္တရာတရားအားလျော်သော အကျင့်မြတ်ဖြင့်
ဘုရားရှင်ကို ပူဇော်ပါ၏၊ တရားတော်ကို ပူဇော်ပါ၏၊ သံဃာတော်ကို
ပူဇော်ပါ၏။ ဤအကျင့်မြတ်ဖြင့် အိုခြင်း, သေခြင်းမှ မချွတ်ဧကန်
လွတ်မြောက်ရပါလို၏....ဘုရား။
ဦးမာနိတသိရဘိဝံသ ၏
ပထမရွှေကျင်ဆရာတော်
(ထေရုပ္ပတ္တိကျမ်း) စာ-၁၉၄ / ၅ / ၆
Scanned with
ES CamScanner'

## PAGE 39

ļ
ဝတ်ရွတ်စဉ်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊
ကလိထော်အနောက်ကျေးရွာအနီး
မဟာဝိဟာရကျောင်းတိုက်
တစ်နေ့တာ ပရိယတ်, ပဋိပတ်အားထုတ်မှုအချိန်ဇယား
၁၈၅
နံနက် ၄ : ၁၅
အားလုံး အိပ်ရာထ
နံနက် ၄ : ၃၀
နံနက် ၄:၄၅
နံနက် ၅: ၁၅
အရုဏ်တက်ချိန်
အားလုံး စုပေါင်းဘုရားရှိခိုး
အားလုံး စုပေါင်းတရားထိုင်
သေနာသနကျင့်ဝတ်ဖြည့်ကျင့်
ဆွမ်းဘုဉ်းပေး
အရုဏ်ဆွမ်းဘုန်းပြီးချိန်
စာချ/ စာတက်/ စာကျက်
အလှည့်ကျသူများ ရွာထဲဆွမ်းခံကြွ
ဆွမ်းခံပြန်ချိန်မှ နံနက်၁ : ၀၀ အထိ စာချ/ စာအံ/ စာကျက်
နံနက် ၁၀ : ၀၀
ရေချိုးချိန်
(အဖိတ်နေ့၌ နံနက် ၉ : ၀၀
မိမိနေရာနှင့်အဆောင် သန့်ရှင်း၊
ခေါင်းရိတ်၊ ရေချိုး)
နံနက် ၁၀ : ၄၅
နေ့ဆွမ်းဘုဉ်းပေး
နေ့ဆွမ်းဘုဉ်းပေးပြီးချိန်
အာမခံအထံ စာပြန်/ အနားယူချိန်
နေ့လယ် ၁:၀၀ မှ
ညနေ ၅:၃၀အထိ
စာချ/ စာတက်/ စာကျက်
(အဖိတ်နေ့၌ ညနေ ၅: ၀၀ အထိ စာချ၊ စာတက်၊ စာကျက်)
Scanned with
ES CamScanner'
