


## PAGE 1

**သင်္ကန်း၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ**
ချမ်း-ပူကို ဖျက်၊ ခြင်-မှတ်-လေ-နေ၊ ကင်း-မြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေ တတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကို စံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ် မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း ဝတ်ရုံပါသတည်း။

**ဆွမ်း၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ**
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပ ရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည် ရှည်အောင်<mark>တည်လျှင်</mark>၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်း-သစ်၊ မဖြစ်စေရ၊ ယာပိုလ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

**ကျောင်းအိပ်ရာ-နေရာ ၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ**
ချမ်း-ပူကိုဖျက်၊ ခြင်-မှတ်-လေ-နေ၊ ကင်းမြွေဝေးမှု၊ ဥတု ဘေးဘျမ်း၊ မသန်း ကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာ ကျောင်းကို ကိန်းအောင်းမှီခို ပါသတည်း။

**ဆေးအကပ်ခံရာ ဆေးဘုဉ်းပေးရာ၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ**
ကျင်နာခံခက်၊ နှိပ်စက်ဖิစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွာ<mark>ပယ်လျှင်</mark>၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ Thathana ကို၊ ကြည်သာရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်ဖို့ ရည်မှန်းသုံးဆောင်ပါသတည်း။

## PAGE 2

**အမျှပေးဝေပုံ**
ဤကုသိုလ်၏ အဖို့ဘာဂကို မိဘဆရာ သံဃာတော်အပေါင်း ဒါယကာ, ဒါယိကာမအပေါင်း နတ်အပေါင်းနှင့်တကွ သတ္တဝါဟူသမျှ တို့အား အမျှပေးဝေကြပါကုန်၏ အမျှရကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

**၁။ နေ့အလိုက် ဂုဏ်တော်ပူဇော်ရန်**
**တနင်္ဂနွေနေ့** ဘုရားဂုဏ်တော် (စာ-၁၆) (အရဟံဂုဏ်တော်မှ သုဂတဂုဏ်တော်အထိ)
**တနင်္လာနေ့** ဘုရားဂုဏ်တော် (စာ-၁၈) (လောကဝိဒူဂုဏ်တော်မှ ဗုဒ္ဓဂုဏ်တော်အထိ)
**အင်္ဂါနေ့** ဘုရားဂုဏ်တော် (စာ-၂၀) (ဣဿရိယဘုန်းတော်)
**ဗုဒ္ဓဟူးနေ့** ဘုရားဂုဏ်တော် (စာ-၂၀) (ဓမ္မဘုန်းတော်မှ ပယတ္တဘုန်းတော်အထိ)
**ကြာသပတေးနေ့** တရားဂုဏ်တော်အကုန် (စာ-၂၂)
**သောကြာနေ့** သံဃာ့ဂုဏ်တော် (စာ-၂၅) (သုပ္ပဋိပန္နဂုဏ်တော်မှ ပုရိသယုဂါနိပါဠိအဖွင့်အထိ)
**စနေနေ့** သံဃာ့ဂုဏ်တော် (စာ-၂၆) (အာဟုနေယျဂုဏ်တော်မှ အနုတ္တရပုညက္ခေတ္တအထိ)

## PAGE 3

**ညဝတ်ရွတ်စဉ်**
**ဗုဒ္ဓံ ပူဇေမိ။**
**ဓမ္မံ ပူဇေမိ။**
**သံဃံ ပူဇေမိ။**

**ဘုရားဂုဏ်တော်များ**

**ဂုဏ်တော် ၉-ပါး ပါဠိတော်**
**ဣတိပိ သော ဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော, လောကဝိဒူ, အနုတ္တရော ပုရိသဒမ္မသာရထိ, သတ္ထာဒေဝမနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါ။**

**အရဟံ ဂုဏ်တော်အဖွင့်**
(၁) **သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား သည် **ဣတိပိ ဣမိနာစ ကာရဏေန** = တစ်ထောင့်ငါးရာကิလေသာတို့ ဝါသနာဓလေ့ အထုံငွေ့ မျှ မငွေ့ မရိပ် ဝင်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သောဤအကြောင်းကြောင့်လည်း၊ **အရဟံ** = အရဟံဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။



## PAGE 4

**သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့်**

**(၂) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = <mark>သဗ္ဗညုတ</mark>ဉာဏ်အား စွမ်းပကားဖြင့် များသင်္ခါရ ဝိကာရနှင့် လက္ခဏပညတ် နိဗ္ဗာန်ဓာတ်ဟု ငါးရပ်သိရန် ဉေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိတော်မူသော ဤအကြောင်းကြောင့်လည်း၊ **သမ္မာသမ္ဗုဒ္ဓေါ** = သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

**<mark>ဝိဇ္ဇာ</mark>စရဏသမ္ပန္န ဂုဏ်တော်ဖွင့်**

**(၃) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = သုံးပါး ရှစ်ပါး နှစ်မျိုးအားဖြင့် ဟောထား ပညာ ဉာဏ်<mark>ဝိဇ္ဇာ</mark>တည်း၊ နိဗ္ဗာနဓာတ် အမြိုက်ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့် အကျင့်စရဏ ဆယ့်ငါးဝနှင့် တကွဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ **<mark>ဝိဇ္ဇာ</mark>စရဏသမ္ပန္နော** = <mark>ဝိဇ္ဇာ</mark>စရဏသမ္ပန္န ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

**သုဂတ ဂုဏ်တော်ဖွင့်**

**(၄) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = ဒီပင်္ကရာ ထွတ်ချာသနင်း ခြေတော်ရင်းမှ မှန်ကင်းသီရိ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင် ပါရမီ စုံပြည့်ညီလျက် သုံးလီဘဝ များသတ္တ၏ သုခစီးပွား ကျင့်သော အားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက ဆံမြူတစိ မကပ်ငြိဘဲ သတိ

## PAGE 5

သမ္ပဇဉ် မပြတ်ယှဉ်လျက် <mark>သဗ္ဗညုတ</mark>ဉာဏ်တော် ရကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ **သုဂတော** = သုဂတ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

**လောကဝိဒူ ဂုဏ်တော်ဖွင့်**

**(၅) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = <mark>သတ္တောကာသ</mark> သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့် ကောင်းစွာ ကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း၊ **လောကဝိဒူ** = လောကဝိဒူဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

**<mark>အနုတ္တရောပုရိသဒမ္မသာရထိ</mark> ဂုဏ်တော်ဖွင့်**

**(၆) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = ဆုံးမသင့်ရန် သတ္တဝါမှန်သော် ခြောက်တန်လျှင်ခြောက်မြှောက်တန်မြှောက်၍ အောက်အောက်ထက် ဂုဏ် ဆင့်ဆင့်စုံဖို့ ဖုံဖုံသင်ပေး အစဉ်ဖေးလျက် ယဉ်ကျေးလေအောင် သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ **အနုတ္တရော ပုရိသဒမ္မသာရထိ** = အနုတ္တရော ပုရိသဒမ္မသာရထိ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

## PAGE 6

**သတ္ထာဒေဝ<mark>မနုဿာနံ</mark> ဂုဏ်တော်ဖွင့်**

**(၇) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = <mark>သတ္ထဝါဟော</mark> ကုန်သည် ကျော်သည် ဖော်လှော်ငယ်သား နောက်ပါများကို ရေရှားဘေးခ ကန္တာရမှ ခေမမြေငူ ထုတ်ကယ်ယူသို့ ထို့တူတစ် ခဲယဉ်းဘိသည့် ဇာတိ ဇရာ မရဏာဟု ကန္တာရကြမ်း ခရီးလမ်းမှ ရွှေနန်းမြေငူ ပြည် နိဗ္ဗူသို့ နတ်လူ ဗြဟ္မာ သတ္တဝါကို ကောင်းစွာဆောင်ယူ ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ **သတ္ထာဒေဝ<mark>မနုဿာနံ</mark>** = သတ္ထာဒေဝ<mark>မနုဿာနံ</mark> ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင် ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

**ဗုဒ္ဓ ဂုဏ်တော်ဖွင့်**

**(၈) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည် **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = ဒုက္ခ၊ သမုဒယ နိရောဓနှင့် မဂ္ဂမည်သာ လေးသစ္စာကို <mark>ဦးစွာ</mark>ပိုင်ပိုင် သိမြင်နိုင်၍ သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မသွေအတူသိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ **ဗုဒ္ဓေါ** = ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

**ဘဂဝါ ဂုဏ်တော်ဖွင့်**

**(၉) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** =


## PAGE 7

**ဣဿရိယ**ဘုန်းတော် ၈-ပါး
(၁) အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော "**အဏိမာ**"ဘုန်းတော်။
(၂) စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန် ဈာန်ပျံ ကြွသွားနိုင်သော “**လဃိမာ**” ဘုန်းတော်။
(၃) <mark>...</mark> <mark>ကိုယ်တော်သဏ္ဌာန်</mark> ပုံဟန်တိုင်းငြား မနှိုင်းအားဖို့ ကြီးမားလေ အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော “**မဟိမာ**” ဘုန်းတော်။
(၄) ဆီးတားကွယ်ကာမရှိပါဘဲ လိုရာတိုင်းပေါက်တစ်ခဏလောက် ဖြင့် ကြွရောက်နိုင်သော “**ပတ္တိ**” ဘုန်းတော်။
(၅) အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တစ်ခဏတည်း ဖြင့် ပြီးစီးနိုင်သော “**ပါကမ္မ**” ဘုန်းတော်။
(၆) ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း လူနတ် မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော “**ဤသိတာ**” ဘုန်းတော်။
(၇) သမာပတ်ဈာန် အဘိညာဏ်ကို ဝင်စံလိုက တစ်ခဏချင်းပိုင် ဝင်စားနိုင်သော “**ဝသိတာ**” ဘုန်းတော်။
(၈) ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော် <mark>ဆောလျှင်</mark>မသွေ ပြီးဆုံးစေနိုင်သော “**ယတ္ထကာမာဝသာယိတာ**” ဘုန်းတော်။

**ဘုန်းတော် ၆-ပါး**
ရှစ်ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ "**ဣဿရိယ**" (၁) ဘုန်းတော်။
ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာတရားဟူသော “**ဓမ္မ**” ဘုန်းတော်။

## PAGE 8

ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်း လောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်း ဟူသော “**ယသ**” (၃) ဘုန်းတော်။
ရွှေမျက်နှာတော်လက်ခြေတော်မှ စ၍မကြွင်းပင်လုံးဝင်းသည့် ပန်းမင်းအနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပါယ်တော်မူသော “**သိရီ**” (၄) ဘုန်းတော်။
အလိုတော်အတိုင်းတောင့်တတိုင်းပင် မဆိုင်းမတွပြီးစီးရသည့် “**ကာမ**” (၅) ဘုန်းတော်။
တစ်လောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာ ကြိုးကုတ် အားထုတ်တော်မူသော “**ပယတ္တ**” (၆) ဘုန်းတော်။

ဤခြောက်ဖော်ဂုဏ် ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ **ဘဂဝါ-** / **ဘဂဝါ** ဟူသော ဂုဏ်တော် ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါ ပေသည်တကား။

#### ဘုရားရှိခိုး ဂါထာဖွင့်
**ဧဝံ နဝဟိ ဂုဏေဟိ, လောကမှိ ကိတ္တိဗျာပိတံ၊**
**အတုလံ ဓမ္မရာဇာနံ, ဝန္ဒာမိ တီဟိ သာဒရံ။**

**ဧဝံ နဝဟိ ဂုဏေဟိ-** = ဤ **အရဟတာ** အစလာသည့် ကိုးဖြာ သောဂုဏ်တော်တို့ဖြင့်၊
**လောကမှိ-** = ဘဝဂ์ဆုံးအောင် ဘုံသုံးဆောင်၌၊
**ကိတ္တိဗျာပိတံ-** = သိမ့်သိမ့်တုန်ခပ် ပဲ့တင်ထပ်မျှ နှံ့စပ်ကျော်စောတော် မူထသော၊
**အတုလံ-** = သီလခေါင်ထိ သမာဓိနှင့် ကြီးဘိပညာ လွန်ကဲ သာ၍ ပြိုင်လာ နှိုင်းသူ အတူလည်း ရှိတော်မမူထသော၊
**ဓမ္မရာဇာနံ-** =

## PAGE 9

သုံးဘုံမကိုဋ် သုံးထိုက်သရဖူ သုံးလူသင်းကျစ် ဓမ္မရာဇ်ထွတ်ထား ရှင်တော်မြတ်ဘုရားကို၊
**တီဟိ-** = လက်အုပ်အဉ္ဇလီ နှုတ်သံချီ၍ ရွှင်ကြည်မနော သုံးပါးသော ဒွါရတို့ဖြင့်၊
**သာဒရံ-** = လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍
**ဝန္ဒာမိ-** = ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

#### တရားဂုဏ်တော်
**သွာက္ခာတော ဘဂဝတာ <mark>ဓမ္မော</mark>၊**
**သန္ဒိဋ္ဌိကော အကာလိကော၊**
**ဧဟိပဿိကော <mark>ဩပနေယျကော</mark>၊**
**ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။**

#### သွာက္ခာတ ဂုဏ်တော်ဖွင့်
(၁) **ဘဂဝတာ-** = ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
**<mark>ဓမ္မော</mark>-** = မဂ်ဖိုလ်နိဗ္ဗာန်ဓမ္မက္ခန်ဟု ဆယ်တန်သောတရားတော်မြတ်ကို၊
**သွာက္ခာတော-** = ကြားနာရုံပင် အပူစင်၍ ကျင့်လျှင်ချမ်းသာ ကျင့်ပြီးခါ လည်း လွန်စွာငြိမ်းချမ်း နိဗ္ဗာန်နန်းနှင့် စခန်းသင့်အောင် မှန်းလင့် ရည်ရော် ကောင်းစွာဟောတော်မူအပ်ပါပေ၏။

#### သန္ဒိဌိက ဂုဏ်တော်ဖွင့်
(၂) **<mark>ဓမ္မော</mark>-** = မဂ်, ဖိုလ်, နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊
**သန္ဒိဋ္ဌိကော-** = ဟောပြသလောက် ကျင့်တိုင်းပေါက်၍ မဂ်ရောက်ဖိုလ်ထိ ပညာရှိသည့် များအရိယာသူတော်စွာတို့ သူတကာပြောယုံကြည်သောကြောင့် သဘောချင်းထပ် မဆည်းကပ်ဘဲ တပ်အပ်ထင်ထင်


## PAGE 10

ကိုယ်တိုင်လည်း သိမြင်ထိုက်ပါပေ၏။

**အကာလိက ဂုဏ်တော်ဖွင့်**

(၃) **ဓမ္မော**- မဂ်တရားသည်၊ **အကာလိကော**- ငါးရက် ခုနစ်ရက် စသည်တက်၍ <mark>ငံ့လျက်</mark>ရှည်ဝေး အကျိုးပေးရာ အခါမငဲ့ အခြားမဲ့ဖိုလ် အကျိုးကိုလည်း ပေးတော် မူတတ်ပါပေ၏။

**ဧဟိပဿိက ဂုဏ်တော်ဖွင့်**

(၄) **ဓမ္မော**- မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊ **ဧဟိပဿိကော**- ဝေဟာတက်ထွန်း ယုဂန်စွန်း၌ လဝန်းအလား ပတ္တမြားသဖွယ် စင်ကြယ်ထင်ရှား ရှိသည်များကြောင့် အားရရွှင်လန်း လိုက်ခဲ့စမ်းပါ ရှုစမ်းပါဟု သံသာချိုမြ ဖိတ်ခေါ်ပြဖို့ မုချဧကန် အမှန်သင့်လျော် ထိုက်တော်မူပါပေ၏။

**ဩပနေယျက ဂုဏ်တော်ဖွင့်**

(၅) **ဓမ္မော**- မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊ **ဩပနေယျကော**- မိမိစိတ်တွင် တစ်ကြိမ်ထင်က လေးခွင်အပါယ် ဝဋ်မီးကွယ်သဖြင့် ကိုယ်ဝယ်ဝတ်နှောင် ဆံဥသျှောင်ကို မီးလောင်သော်ငြား မငြိမ်းအားဘဲ တရားမျက်ရှင် စိတ်စွဲထင်အောင် ကျင့်ဆောင်<mark>ခြင်းငှာ</mark>လည်း ထိုက်တော်မူပါပေ၏။

**ပစ္စတ္တံဝေဒိတဗ္ဗ ဂုဏ်တော်ဖွင့်**

(၆) **ဓမ္မော**- မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်ကို၊ **ဝိညူဟိ**- ပုထုဇန်နှင့် မတန်သင့်စွာ လေးသစ္စာကို ကောင်းစွာမြင်သိ ပညာရှိအပေါင်း အရိယာသူတော်ကောင်းတို့သည်၊ **ပစ္စတ္တံ ဝေဒိတဗ္ဗော**-

## PAGE 11

ကိုယ်စီကိုယ်င လိုတိုင်းရ၍ နိဗ္ဗာနဓာတ် သမာပတ်ဖြင့် မပြတ်သိပိုင် ခံစားနိုင်ပါပေ၏။

**တရားရှိခိုး ဂါထာဖွင့်**

**ဣစ္စေဝံ ဆဟိ ဂုဏေဟိ, ပါကဋီ ဇိနပူဇိတံ၊**
**သမ္ပတ္တိဒါယကံ ဓမ္မံ, ဝန္ဒာမိ တီဟိ သာဒရံ။**

**ဣစ္စေဝံ ဆဟိ ဂုဏေဟိ**- ဤသွာက္ခာတတာ အစလာသည့် ခြောက်ဖြာသော <mark>ဂုဏ်တော်တို့ဖြင့်</mark>၊ **ပါကဋ**- တိတ္ထိတို့ဘောင် လွန်မြားမြောင်သည့် ဟန်ဆောင်တရား အစားစားထက် မားမားစွင့်စွင့် ဂုဏ်ရည်တင့်၍ ကြီးမြင့်ထင်ရှားပေထသော၊ **ဇိနပူဇိတံ**- ကိုယ်တိုင်သိငြား ကိုယ့်တရားလည်း ငါးပါးမာရ်နှိမ် မာရဇိန်ပင် ကြိမ်ကြိမ်လေးမြတ် မှီဝဲပူဇော်တော်မူအပ်ထသော၊ **သမ္ပတ္တိဒါယကံ**- ကျင့်ကြံလိုက်နာ ဝေနေယျာအား <mark>လူ့ရွာ</mark>နတ်ဌာန် နိဗ္ဗာန်အထိ သမ္ပတ္တိကို မိမိရရ ပေးစွမ်းနိုင်ပေထသော၊ **ဓမ္မုံ**- မဂ်၊ ဖိုလ်၊ နိဗ္ဗာန်၊ ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်မြတ်ကို၊ **တီဟိ**- လက်အုပ်အဉ္ဇလီ နှုတ်သံချီ၍ ရွှင်ကြည်မနော သုံးပါးသော <mark>ဒွါရတို့ဖြင့်</mark>၊ **သာဒရံ**- လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍၊ **ဝန္ဒာမိ**- စိတ်ဖြင့်ဦးတန်း ဂုဏ်တော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။

**သံဃာ့ဂုဏ်တော်ဖွင့်**

**သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော**
**ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော**
**ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော**
**သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော**

## PAGE 12

(၁) (**ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ**),
**ဧသ ဘဂဝတော သာဝကသံဃော**
**အာဟုနေယျော ပါဟုနေယျော**
**ဒက္ခိဏေယျော အဉ္ဇလိကရဏီယော**
**အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။**

**သုပ္ပဋိပန္န ဂုဏ်တော်ဖွင့်**

**ဘဂဝတော**- ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ **သာဝကသံဃော**- ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်၊ **သုပ္ပဋိပန္နော**- တရားသဖြင့် ဆုံးမသင့်ရာ သာသနာဝယ် လျော်စွာထုံးပြ ဆုံးအမကို လုံးဝလိုက်နာ ကောင်းမွန်စွာလည်း ကျင့်တော်မူတတ်ပါပေ၏။

**ဥဇုပ္ပဋိပန္န ဂုဏ်တော်ဖွင့်**

(၂) **ဘဂဝတော**- ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ **သာဝကသံဃော**- ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်၊ **ဥဇုပ္ပဋိပန္နော**- စဉ်းလဲသမှု မာယာစုဖြင့် ဖုဖုထစ်ထစ် မကောက်ကျစ်ဘဲ စင်စစ်နိဗ္ဗာန် လမ်းဖြောင့်မှန်အောင် လျော်ကန်ချင့်မျှော် ကျင့်ကြံတော်မူတတ်ပါပေ၏။


## PAGE 13

#### ဉာယပ္ပဋိပန္န ဂုဏ်တော်ဖွင့်
(၃) **ဘဂဝတော** -/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊/ **သာဝကသံဃော**၊/ ဆုံးမထားဟန် တရားမှန်ကို/ နာခံလိုက်နာ အရိယာဟု/ သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်၊/ **ဉာယပ္ပဋိပန္နော** - ကိုယ်ဝယ် ဝတ်နှောင် ဆံဥသျှောင်ကို/ မီးလောင်သော်ငြား မငြိမ်းအားဘဲ/ ကြီးမားလောင်မီး ဒုက္ခကြီးတို့/ အပြီးဧကန် ငြိမ်းရာမှန်သည့်/ နိဗ္ဗာန်<mark>အလို့ငှာ</mark> ကျင့်တော်မူတတ်ပါပေ၏။

#### သာမိစိပ္ပဋိပန္န ဂုဏ်တော်ဖွင့်
(၄) **ဘဂဝတော** -/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊/ **သာဝကသံဃော** -/ ဆုံးမထားဟန် တရားမှန်ကို/ နာခံလိုက်နာ အရိယာဟု/ သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်၊/ **သာမိစိပ္ပဋိပန္နော** - ရိုသေသမှု လူတို့ပြုသည့်/ သာမိစိကံလျော်ထိုက်တန်အောင်/ ကျင့်ကြံတော်မူတတ်ပါပေ၏။

#### ပုရိသယုဂါနိ ပါဠိဖြင့်
**စတ္တာရိ** -/ မဂ်, ဖိုလ် နှစ်ပါး အစုံအားဖြင့် လေးပါးကုန်သော၊/ **ယဒိဒံ ပုရိသယုဂါနိ** -/ အကြင်ယောက်ျားအစုံတို့သည်/ **အဋ္ဌ** -/ အသီးအခြား ခွဲသောအားဖြင့် ရှစ်ပါးကုန်သော၊/ **ပုရိသပုဂ္ဂလာ** -/ ပုရိသပုဂ္ဂလ ခေါ်ကြထိုထို/ မြင့်မြတ်သော ပုဂ္ဂိုလ်တို့ပါပေတည်း။

#### <mark>အာဟုနေယျ</mark> ဂုဏ်တော်ဖွင့်
(၅) **ဘဂဝတော** -/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏/ **ဧသ ဧသော သာဝကသံဃော** -/ အစုံလေးပါး <mark>သီးခြား</mark>ရှစ်ဖော်/ သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်၊/ **<mark>အာဟုနေယျ</mark>ော** -/

## PAGE 14

တုံ့ပြန်ကြီးလေး အကျိုးပေးသဖြင့်/ အဝေးမှယူ ဆောင်၍မူလည်း/ ကြည်ဖြူ လေးမြတ် ပူဇော်အပ်သည့်/ လာဘ်သပ်ပကာ အဖြာဖြာကို ကောင်းစွာသိမ်းပိုက် ခံယူခြင်းငှာလည်း ထိုက်တော်မူပါပေ၏။

#### ပါဟုနေယျ ဂုဏ်တော်ဖွင့်
(၆) **ဘဂဝတော** -/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ **ဧသ ဧသော သာဝကသံဃော** -/ အစုံလေးပါး <mark>သီးခြား</mark>ရှစ်ဖော်/ သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်၊/ **ပါဟုနေယျော** -/ ဝေးရပ်မျိုးနွယ် များဧည့်သည်ဖို့/ ရည်ရွယ်မှန်းထား ပစ္စည်းများကို ဘုရားတစ်ဆူ ပွင့်တော်မူမှ ပေါ်လာကြသည့်/ ကမ္ဘာ့ဧည့်ကောင်း သူတော်ပေါင်းမို့/ အကြောင်းတိုက်စွာ ပေးလှူခြင်းငှာလည်း ထိုက်တော်မူပါပေ၏။

#### ဒက္ခိဏေယျ ဂုဏ်တော်ဖွင့်
(၇) **ဘဂဝတော** -/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊/ **ဧသ ဧသော သာဝကသံဃော** -/ အစုံလေးပါး <mark>သီးခြား</mark>ရှစ်ဖော်/ သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်၊/ **ဒက္ခိဏေယျော** -/ တမလွန်စခန်း ကြီးပွားလမ်းဖို့/ မျှော်မှန်းရည်ရွယ် ပေးလှူဖွယ်ကို/ ရည်ရွယ်သမျှ အကျိုးရသဖြင့်/ တစ်စမချန် အလှူခံခြင်းငှာလည်း ထိုက်တော်မူပါပေ၏။

#### <mark>အဉ္ဇလိကရဏီယ</mark> ဂုဏ်တော်ဖွင့်
(၈) **ဘဂဝတော** -/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏/ **ဧသ ဧသော သာဝကသံဃော** -/ အစုံလေးပါး <mark>သီးခြား</mark>ရှစ်ဖော်/ သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်/ **<mark>အဉ္ဇလိကရဏီယ</mark>ော** -/

## PAGE 15

တစ်လောကလုံး ကိုင်းညွတ်ရုံးလျက်/ ရွှင်ပြုံးကြည်ညို ရိုသေမြတ်နိုး လက်အုပ်မိုး၍/ ရှိခိုးခြင်းကိုလည်း ထိုက်တော်မူပါပေ၏။

#### အနုတ္တရ ပုညက္ခေတ္တ ဂုဏ်တော်ဖွင့်
(၉) **ဘဂဝတော** -/ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊/ **ဧသ ဧသော သာဝကသံဃော** -/ အစုံလေးပါး <mark>သီးခြား</mark>ရှစ်ဖော်/ သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်၊/ **လောကဿ** -/ လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်း၏၊/ **<mark>အနုတ္တရံ</mark>** -/ အတုမရှိ မြတ်ခေါင်ထိသော၊/ **<mark>ပုညက္ခေတ္တံ</mark>** -/ ကုသိုလ်ကောင်းမှု မျိုးစေ့စု၏၊/ ကြီးထုမြင့်မား စွင့်စွင့်ကားလျက်/ ဖွင့်ထွားဖွယ်ရာ လယ်ယာမြေကောင်းအတူ ဖြစ်တော်မူပါပေ၏။

#### သံဃာရှိခိုး ဂါထာဖွင့်
**ဧဝံ နဝဟိ ဂုဏေဟိ, လောကမှိ <mark>ဝိဿုတံ</mark> ဂဏံ၊**
**သာသနံ စိရဓာတာရံ ဝန္ဒာမိ တီဟိ သာဒရံ။**

**ဧဝံ နဝဟိ ဂုဏေဟိ** -/ ဤသုပ္ပဋိပန္နတာ အစလာသည့်/ ကိုးဖြာသော ဂုဏ်တော်အပေါင်းတို့ဖြင့်၊/ **လောကမှိ** -/ ဘဝဂ်ဆုံးအောင် ဘုံသုံးဆောင်၌၊/ **<mark>ဝိဿုတံ</mark>** -/ တိတ္ထိတို့ဘောင် လွန်များမြောင်သည့်/ ဟန်ဆောင်သံဃာ အဖြာဖြာထက်/ အရာရာဖြင့် ဂုဏ်ရည်တင့်၍/ ကြီးမြင့်ထင်ရှားပေထသော၊/ **သာသနံ** -/ ကမ္ဘာ့ကမ္ဘာ လွန်လေပါလည်း/ တစ်ခါတစ်ဖန် ကြုံရန်ခဲကပ်/ အမြတ်ရတနာ ဤသာသနာတော် မြတ်ကြီးကို၊/ **စိရဓာတာရံ** -/ ဘုရားလက်ထက် အဆက်ဆက်မှ/ မပျက်ရအောင် ပို့ချသင်ယူ/ ဆောင်ရွက်တော်မူလာပေထသော၊/ **ဂဏံ** -/ အတွင်းစိတ်ဓာတ် မြင့်မြတ်ကြည်လင်/ သူတော်စင်ကောင်း အရိယာ သံဃာတော်အပေါင်းကို၊/ **တီဟိ** -/ လက်အုပ်အဉ္ဇလီ နှုတ်သံချီ၍/



## PAGE 16

ဘုရား။

၁။ **တနင်္ဂနွေနေ့**
၂။ **တနင်္လာနေ့**
၃။ **အင်္ဂါနေ့**
၄။ **ဗုဒ္ဓဟူးနေ့**

ရွှင်ကြည်မနော သုံးပါးသော ဒွါရတို့ဖြင့်၊ **သာဒရံ** = လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍၊ **ဝန္ဒာမိ** = ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။

နေ့အလိုက် ပရိတ်ရွတ်ရန်
- သမန္တာမှ စ၍ မင်္ဂလသုတ် (စာ-၃၀)
- ရတနသုတ် (စာ-၃၅)
- မေတ္တသုတ် (စာ-၄၁)
- ခန္ဓသုတ်၊ မောရသုတ်၊ ဝဋ္ဋသုတ် (စာ-၄၃)

၅။ **ကြာသပတေးနေ့** - ဓဇဂ္ဂသုတ် (စာ-၄၇)
၆။ **သောကြာနေ့** - အာဋာနာဋိယသုတ် (စာ-၅၄)
၇။ **စနေနေ့** - အင်္ဂုလိမာလသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ပုဗ္ဗဏှသုတ် (စာ-၅၉)

## PAGE 17

### အရပ်ဆယ်မျက်နှา မေတ္တာပို့

၁။ အရှေ့အရပ်၌ နေကြကုန်သော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
၂။ အရှေ့တောင်ထောင့်အရပ်၌ နေကြကုန်သော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
၃။ တောင်အရပ်၌ နေကြကုန်သော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
၄။ အနောက်တောင်ထောင့်အရပ်၌ နေကြကုန်သော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်း kွာ ကျန်းမာချမ်းသာကြပါစေ။
၅။ အနောက်အရပ်၌ နေကြကုန်သော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
၆။ အနောက်မြောက်ထောင့်အရပ်၌ နေကြကုန်သော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
၇။ မြောက်အရပ်၌ နေကြကုန်သော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
၈။ အရှေ့မြောက်ထောင့်အရပ်၌ နေကြကုန်သော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
၉။ အောက်အရပ်၌ နေကြကုန်သော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
<mark>၁၀</mark>။ အထက်အရပ်၌ နေကြကုန်သော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

## PAGE 18

### ကျောင်းတိုက်၏ ကျင့်ဝတ်စည်းကမ်းများ

စာအံကျောင်းသိမ်းချိန် ရွတ်ဆိုရန်
အကျင့်လည်း ပြင်၊ စာလည်း သင်၊ မြှင့်တင် သာသနာ။

#### ကြမ်း (၉) ပါး
စားကြမ်း, အိပ်ကြမ်း၊ အသွားကြမ်း၊ အထိုင်ကြမ်းကို ပယ်ရမည်။
ရယ်ကြမ်း, စိတ်ကြမ်း၊ ကိုယ်, နှုတ်ကြမ်း၊ ဆုံးမကြမ်းလည်း ပယ်ရမည်။

#### ကျယ် (၅) ပါး
စကားပြောကျယ်၊ အရယ်ကျယ်နှင့်၊ ခေါ်ကျယ်, ချေကျယ်၊ အသန်းကျယ် ကျယ်ငါးပါးကို ပယ်ရမည်။



## PAGE 19

**များ (၈) ပါး**
စကား, အိပ်, စား၊ မှုသစ်များ၊ အရယ်များကို ပယ်ရမည်။
ပစ္စည်းစုများ၊ ရောနှောများ၊ လည်ပတ်များလည်း ပယ်ရမည်။

**ဗာလ နှင့် ပဏ္ဍိတ**
ကြမ်း, ကျယ်, များ ကို၊ မပယ်လို၊ ထိုထိုလူ့ ဗာလ။
ကြမ်း, ကျယ်, များ ကို၊ ပယ်ပါမှ၊ မောင်ပဏ္ဍိတ ဖြစ်မည်ပ။

**<mark>စည်းကမ်း</mark> (၁၀) <mark>ချက်</mark>**
စိတ်, ဝိ, ကျန်း, သန့်၊ ဝတ်, နေ, ပြော, ไป, စည်း, စာ၊ ဤဆယ်ဖြာ သေချာ ဂရုပြု။

ဤကျောင်းတိုက်၌—
**စိတ်ကောင်းရှိဖို့က** ပထမ
**ဝိနည်းလေးစားဖို့က** ဒုတိယ
**ကျန်းမာဖို့က** တတိယ
**သန့်ရှင်းဖို့က** စတုတ္ထ
**အဝတ်အစားတတ်ဖို့က** ပဉ္စမ
**အနေအထိုင်တတ်ဖို့က** ဆဋ္ဌမ
**အပြောအဆိုတတ်ဖို့က** သတ္တမ
**အသွားအလာတတ်ဖို့က** အဋ္ဌမ
**<mark>စည်းကမ်း</mark>လိုက်နာဖို့က** နဝမ
**စာတတ်ဖို့က** ဒသမ
ဤဆယ်<mark>ချက်</mark>ကို အစဉ်အတိုင်း ဂရုစိုက်ပါ။

## PAGE 20

**မေတ္တာပို့**
ငါတို့၏ ဆွမ်းခံရွာ၌ နေထိုင်ကြကုန်သော ဒါယကာ, ဒါယိကာမ အပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

မဟာဝိဟာရ၏ ပစ္စယဒါယကာ, ဒါယိကာမအပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

ဗုဒ္ဓသာသနာတော်မြတ်ကြီး၏ ပစ္စယဒါယကာ, ဒါယိကာမ အပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

**အမျှပေးဝေပုံ**
ဤကုသိုလ်၏ အဖို့ဘာဂကို မိဘဆရာ သံဃာတော်အပေါင်း ဒါယကာ, ဒါယိကာမအပေါင်း နတ်အပေါင်းနှင့်တကွ သတ္တဝါဟူသမျှ တို့အား အမျှပေးဝေကြပါကုန်၏၊ အမျှရကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု

**နေ့စဉ် တရားသိမ်းသောအခါ ရွတ်ဆိုရန်**
**ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ** ဗုဒ္ဓံ ပူဇေမိ။
**ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ** ဓမ္မံ ပူဇေမိ။
**ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ** သံဃံ ပူဇေမိ။
**အဒ္ဓါ ဣမာယ ပဋိပတ္တိယာ** ဇာတိဇရာဗျာဓိမရဏမှာ <mark>ပရိမုစ္စိဿာမိ</mark>။

## PAGE 21

**မေတ္တာပို့**
ငါတို့၏ ဆွမ်းခံရွာ၌ နေထိုင်ကြကုန်သော ဒါယကာ, ဒါယိကာမအပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

မဟာဝိဟာရ၏ ပစ္စယဒါယကာ, ဒါယိကာမအပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

ဗုဒ္ဓသာသနာတော်မြတ်ကြီး၏ ပစ္စယဒါယကာ, ဒါယိကာမ အပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

**အမျှပေးဝေပုံ**
ဤကုသိုလ်၏ အဖို့ဘာဂကို မိဘဆရာ သံဃာတော်အပေါင်း ဒါယကာ, ဒါယိကာမအပေါင်း နတ်အပေါင်းနှင့်တکွ သတ္တဝါဟူသမျှ တို့အား အမျှပေးဝေကြပါကုန်၏၊ အမျှရကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု



## PAGE 22

ရွာတွင်း **ဆွမ်းခံကြွခါနီး၌** ရွတ်ဆိုရန်

#### ပိဏ္ဍပါတ်ဓုတင်
**အတိရေကလာဘံ ပဋိက္ခိပါမိ။**
**ပိဏ္ဍပါတိကင်္ဂ သမာဒိယာမိ။**

#### သပဒါနဓုတင်
**လောလုပ္ပစာရံ ပဋိက္ခိပါမိ။**
**သပဒါနစာရိကင်္ဂ သမာဒိယာမိ။**

**၁။ <mark>ဥဋ္ဌိဋ္ဌေ</mark> <mark>နပ္ပမဇ္ဇေယျ</mark>၊ ဓမ္မံ သုစရိတံ စရေ။**
**ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။**
(ခု - ၁၊ ၃၈၊ ဓမ္မပဒ)

**၂။ ယထာပိ ဘမရော <mark>ပုပ္ဖံ</mark>၊ <mark>ဝဏ္ဏဂန္ဓံ</mark> <mark>အဟေဌယံ</mark>။**
**ပလေတိ <mark>ရသမာဒါယ</mark>၊ ဧဝံ ဂါမေ မုနီ စရေ။**
(ခု - ၁၊ ၂၀၊ ဓမ္မပဒ)

**၃။ ယထာ <mark>ကဏ္ဍကဋ္ဌာနမှိ</mark>၊ စရေယျ အနုပါဟနော။**
**<mark>သတိံ</mark> ဥပဋ္ဌပေတွာန၊ ဧဝံ ဂါမေ မုနီ စရေ။**
(ထေရဂါထာဋ္ဌ-ဒု-၃၅၀, ပါရာပရိယတ္ထေရဝတ္ထု)

**၁။** **<mark>ဥဋ္ဌိဋ္ဌေ</mark>** = မြို့သူရွာသား, အိမ်တံခါးဝယ်, ရပ်နားမျှော်မှန်း, ခံယူအပ်သောဆွမ်း၌၊ **<mark>နပ္ပမဇ္ဇေယျ</mark>** = အိမ်စဉ်မပြတ်, တန့်နားရပ်လျက်, ခံအပ်ဓလေ့, မမေ့မလျော့, မပေါ့ဆရာ၊ ဝါ-ဆွမ်းခံဖျက်ကာ, ဆွမ်းကောင်းရှာလျက်, သဒ္ဒါအားပျော့, မမေ့မလျော့, မပေါ့ဆရာ၊ **သုစရိတံ** = ဗုဒ္ဓမြတ်စွာ,

## PAGE 23

အရိယာတို့, လွန်စွာလေးမြတ်, ကောင်းစွာပြုကျင့်အပ်သော၊ **ဓမ္မံ** = မအပ်ဘောဇဉ်, ပယ်ရှောင်ကြဉ်လျက်, အိမ်စဉ်လှည့်ပတ်, ဆွမ်းခံကျင့်ဝတ်ကို၊ **စရေ** = ဘုရားအဆူဆူ, ကျင့်ရိုးမူမို့ ကြည်ဖြူကောင်းစွာ, ပြုကျင့်ရာ၏၊ **ဓမ္မစာရီ** = အိမ်စဉ်လှည့်ပတ်, ဆွမ်းခံဝတ်ကို, မပြတ်ကြည်ဖြူ, ကျင့်နေသူသည်၊ **အသ္မိံ လောကေ** = မျက်မှောက်ကြုံရ, ဤလောက၌လည်းကောင်း၊ **ပရမှိ စ** = မျက်ကွယ်ဖြစ်ရ, တစ်ပါးသောဘဝ၌လည်းကောင်း၊ **သုခံ** = လျောင်းထိုင်ရပ်သွား, လေးပါးလုံးမှာ, ချမ်းသာစွာ၊ **သေတိ** = ဝမ်းသာรွှင်ပျ နေထိုင်ရလေတော့၏။
(ဓမ္မပဒပန်းကုံး - ၂၂၅)

**၂။** **ဘမရော** = ပန်းမှာနားလျက်, ပန်းဝတ်ရက်ကို, စွဲမက်စားသုံး, ပျားပိတုန်းသည်၊ **<mark>ပုပ္ဖံ</mark>** = ပွင့်လန်းတင့်ဆန်း, မိမိနားရာပန်းကိုလည်းကောင်း၊ **<mark>ဝဏ္ဏဂန္ဓမ္ပိ</mark>** = လှပသင်းပျံ့, ဆင်းယနံ့ကိုလည်းကောင်း၊ **<mark>အဟေဌယံ</mark>** = နဂိုရှိရင်း, ချို့ယိုယွင်းအောင်, မညှဉ်းဆဲ မပျက်စီးစေဘဲ၊ **ရသံ** = မိမိနှစ်သက်, ပန်းဝတ်ရက်ကို၊ **အာဒါယ** = သောက်စားအချို့၊ အချို့ကိုမူ, ရအောင်ယူ၍၊ **ပလေတိ ယထာ** = အုံပြုကြိုးပမ်း, ကိုယ့်စခန်းသို့ ဖြောင့်တန်း<mark>လျှင်လျား</mark>, ပျံသန်းသွားသကဲ့သို့၊ **ဧဝံ** = ဤအတူ၊ **မုနိ** = သိဉာဏ်ပြည့်ဖြိုး, ရဟန်းမျိုးသည်၊ **ဂါမေ** = မိမိမှီရာ, မြို့ကျေးရွာ၌၊ **စရေ** = လှူဒါန်းဒကာ, စေတနာနှင့်, ဥစ္စာလျော့ပါး, မပျက်ပြားအောင်, ခံဆောင်ယူကာ ကျင့်သုံးရာ၏။
(ဓမ္မပဒပန်းကုံး - ၇၆)

**ပုရိသော** = ယောက်ျားသည်၊ **ကေနစိဒေဝ ပယောဇနေန** = တစ်စုံ<mark>တစ်ခု</mark>သော ဆေးဝါးမန္တရားမန္တာန်ဖြင့်၊ **<mark>ကဏ္ဍကဋ္ဌာနမှိ</mark>** = ဆူးတို့ဖြင့် ပြည့်သောအရပ်၌၊ **အနုပါဟနော** = ဖိနပ်မစီးဘဲ၊ **စရေယျ ယထာ** = သွားနိုင်သ

## PAGE 24

ကဲ့သို့၊ **ဧဝံ တထာ** = ထို့အတူ၊ **ဂါမေ** = ကိလေသာတည်း ဟူသော ဆူးတို့ဖြင့်ပြည့်သော ဆွမ်းခံရွာ၌၊ **မုနိ** = ရဟန်းသည်၊ **<mark>သတိံ</mark>** = သတိပညာ အဆင်အခြင်ကို၊ **ဥပဋ္ဌပေတွာ** = ဖြစ်စေ၍၊ **စရေ စာရေယျ** = သွားရာ၏။
(မိုးထိမူ၊ စာချက်၊ ထေရဂါထာဋ္ဌ-နိသျ၊ စ-တွဲ-၂၀၆)

**၁။** ဆွမ်းခံအကျင့် မမေ့သင့်၊ ဆွမ်းခံအကျင့် ကောင်းကောင်းကျင့်။
ဆွမ်းခံကျင့်မှ ချမ်းသာရ၊ ယခုဘဝ နောင်ဘဝ။

**၂။** ပျားလို ပန်းကို ဆင်းနံ့ကို၊ ဘာဆိုဘာမျှ မညှင်းဆဲ။
ဝတ်ရည်ယူ၍ ပျံကာဖဲ၊ ထို့အတူရွာထဲ ရဟန်းကျင့်မြဲ။

**၃။** ဖိနပ်မပါ ဆူးရှိရာ၊ သတိထားကာ သွားသည့်နှယ်။
ရှင်, ရဟန်းလဲ မြို့ရွာထဲ၊ သတိမြဲစွာ သွားရမယ်။

**အေးချမ်းသာယာဆရာတော်**


## PAGE 25

**အဖိတ်နေ့ညချမ်း၌ ရွတ်ဆိုရန်များ**

**အဖိတ်နေ့ည၌ တရားသိမ်းပြီး အကျဉ်းချုပ်**

**ပစ္စဝေက္ခဏာဆင်ခြင်ပုံ**

ဖိနပ်, ဆီမီးကို အစပြု၍ ဤယခုနေ့ ရှေ့နောက် အရုဏ်နှစ်ခု အကြား သုံးဆောင်မှီဝဲအပ်သမျှ သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်းလေးပါးတို့ကို ကစားစံပယ် မြူးရယ်မာန်ကြွ လှပရေဆင်း ပြည့်ဖြိုးခြင်းငှာ သုံးဆောင်မှီဝဲသည် မဟုတ်ပါ။

နိဿတ္တ, နိဇီဝ, အဗျာကတ သုည ဓာတ်ရုပ်အစစ် အနိစ္စ, ဒုက္ခ, အနတ္တ အသုဘ အရိုးစုဖြစ်သော ဤကိုယ်ခန္ဓာ အတွင်း, အပြင်ရောဂါ ဘေးဘယာ ကင်းကွာ၍ ကျန်းမာ, ချမ်းသာ အသက်ရှည်စွာ တည်နေနိုင်လျက် စာပေ ကျမ်းဂန် သင်အံလေ့လာနိုင်ခြင်း, သီလ, သမာဓိ, ဝိပဿနာ ရဟန်းတရားတို့ကို ပွားများအားထုတ်နိုင်ခြင်းအကျိုးငှာ မှီဝဲသုံးဆောင်ပါသတည်း။

**ဩဝါဒမမှာခင် ရှေးဦးစွာ**

**ဆရာတော်ကို ဩကာသဖြင့် ကန်တော့ရန်**

ဩကာသ ဩကာသ ဩကာသ ကာယကံ, <mark>ဝစီကံ</mark> မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ, ဒုတိယ တတိယ တစ်ကြိမ်, နှစ်ကြိမ်, သုံးကြိမ်မြောက်အောင် ဘုရားရတနာ, တရားရတနာ, သံဃာရတနာ, ရတနာမြတ်သုံးပါး ဆရာသမားတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား။

## PAGE 26

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး, ဝိပတ္တိတရားလေးပါး, ဗျသနတရားငါးပါး, <mark>အနာအမျိုး</mark> <mark>ကိုးဆယ့်ခြောက်ပါး</mark>တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာ ဖြစ်၍ မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန် ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

**မှတ်ချက်။ ။** ထို့နောက် ဩဝါဒနာကြရပါသည်။

**အာဂန္တုကဆရာတော်ကြီးများကို ဩကာသဖြင့် ကန်တော့ပုံ**

ဩကာသ ဩကာသ ဩကာသ၊ ကာယကံ, <mark>ဝစီကံ</mark>, မနောကံ သဗ္ဗဒေါသ အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်ရာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ဆရာတော် ဘုရားကြီး၏ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့ကို ရည်မျှော်၍ ပထမ, ဒုတိယ, တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။

**ခရီးသွားခါနီး သံဃာတောင်းပန်ပုံ**

ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ဘုရား ...

ဘုရားတပည့်တော်သည်လည်းကောင်း ဤကျောင်းတိုက်၌ နေထိုင်ခဲ့သမျှကာလပတ်လုံး ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အပေါ်၌ မိုက်မှားသည့်အလျောက်၊ တွေဝေသည့်အလျောက် မသိမလိမ္မာသည့်အလျောက်၊ ကာယကံ၊ <mark>ဝစီကံ</mark>၊ မနောကံတည်းဟူသော ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့် ပစ်မှားခဲ့သည်များ အကယ်၍ ရှိခဲ့ပါအံ့ဘုရား။ သံဃိကပစ္စည်း၊ ပုဂ္ဂလိက ပစ္စည်းတို့ကိုလည်း မရိုမသေ မလေးမစားထုတ်ယူသုံးစွဲခဲ့သည်များ

## PAGE 27

အကယ်၍ရှိခဲ့ပါအံ့ဘုရား။ ထိုအပြစ်တို့ကို ဘုရားတပည့်တော်(တို့)အား သနားသောအားဖြင့် သည်းခံ(ခွင့်လွှတ်)တော်မူကြပါဘုရား။

ဘုရားတပည့်တော်(တို့)ကလည်း ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား အလုံးစုံသည်းခံ(ခွင့်လွှတ်)ပါ၏ ဘုရား။

**မှတ်ချက်။ ။** ခွင့်ပြု ဟု မှားဆိုတတ်သည်။ ခွင့်ပြုမဟုတ်၊ ခွင့်လွှတ်သာ အမှန်။



## PAGE 28

**ကိုရင်များ ဝတ်ကြီးဝတ်ငယ် လျှောက်ထားပုံ**

**ဥပဇ္ဈာယ်ဆရာ/ ဓမ္မာစရိယစာချဆရာ/** ဖြစ်တော်မူကြကုန်သော/ **ဆရာသခင် အရှင်သူမြတ်တို့ဘုရား** . . ./ ဆရာမြတ်တို့အပေါ်၌ ဘုရားတပည့်တော်တို့က/ ပြုရမည့်ကျင့်ဝတ်များ/ အထင်အရှား ရှိပါသည်ဘုရား၊/ ထိုကျင့်ဝတ်တို့ကို/ အလုံးစုံပြီးပြည့်စုံအောင်/ ဖြည့်ကျင့်ခြင်းငှာ/ မစွမ်းနိုင်ခဲ့သည်ရှိသော်/ ဘုရားတပည့်တော်တို့အား/ သနားသောအားဖြင့်/ သည်းခံခွင့်ပြု (<mark>ခွင့်လွှတ်မဟုတ်</mark>) တော်မူကြပါကုန် ဘုရား/ ဘုရားတပည့်တော်တို့ကလည်း/ ခွင့်ပြုပါ၏ဘုရား။

## PAGE 29

**ရဟန်းတော်တိုင်း မဖြစ်မနေသိထားသင့်သော ဝိနည်းကံများ**

**ဥပဇ္ဈာယ်ယူပုံ နှင့် နိဿရည်းယူပုံ**

တပည့်။ ။ **ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ။** (ဥပဇ္ဈာယ်ယူပါဠိ)

။ **အာစရိယော မေ ဘန္တေ ဟောဟိ၊/ အာယသ္မတော နိဿာယ ဝစ္ဆာမိ။** (နိဿရည်းယူပါဠိ)

ဆရာ။ ။ **ပါသာဒိကေန သမ္ပာဒေထ။**

တပည့်။ ။ **<mark>အာမ</mark> <mark>ဘန္တေ။</mark>**

တပည့်။ ။ **ဘန္တေ** = အရှင်မြတ်ဘုရား၊/ **အာယသ္မာ** = သက်တော် ရှည်တော်မူလတ္တံ့သော၊ **တွံ** = အရှင်မြတ်ဘုရားသည်၊ **မေ** = ဘုရားတပည့်တော်၏၊/ **အာစရိယော** = မှီခိုအားထား ရာ နိဿရည်းဆရာမြတ်သည်၊/ **ဟောဟိ** = ဖြစ်တော်မူပါ အရှင်ဘုရား၊/ **အာယသ္မတော** = အရှင်မြတ်ဘုရားကို၊/

## PAGE 30

**နိဿာယ** = အမှီပြု၍၊/ **ဝစ္ဆာမိ** = နေပါအံ့ဘုရား။

ဆရာ။ ။ **ပါသာဒိကေန** = ကြည်ညိုဖွယ်ကို ဆောင်သော ကိုယ်အမူ အရာ နှုတ်အမူအရာ สတ်မူအရာဖြင့်၊ **တိဝိဓသိဒ္ဓံ** = သီလ သိက္ခာ, သမာဓိသိက္ခာ, ပညာသိက္ခာ ဟုဆိုအပ်သော သိက္ခာသုံးရပ် အကျင့်မြတ်ကို၊ (တစ်နည်း) **တိဝိဓသဒ္ဓမ္မံ** = ပရိယတ္တိသဒ္ဓမ္မ, ပဋိပတ္တိသဒ္ဓမ္မ ပဋိဝေဓသဒ္ဓမ္မ ဟုဆိုအပ် သော သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးကို၊ **သမ္မာဒေထ** - **နိပ္ပာဒေထ** = ပြီးပြည့်စုံစေကြကုန်လော့။

တပည့်။ ။ **<mark>အာမ</mark> <mark>ဘန္တေ။</mark>**

**ရဟန်းတော်များ ဝတ်ကြီးဝတ်ငယ် လျှောက်ထားပုံ**

**နိဿရည်းဆရာ (ဥပဇ္ဈာယ်ဆရာ) / ဓမ္မာစရိယစာချဆရာ/** ဖြစ်တော်မူကြကုန်သော/ **ဆရာသခင် အရှင်သူမြတ်တို့ဘုရား** ဆရာမြတ်တို့အပေါ်၌/ ဘုရားတပည့်တော်တို့က/ ပြုရမည့်ကျင့်ဝတ် များ/ အထင်အရှားရှိပါသည်ဘုရား၊/ ထိုကျင့်ဝတ်တို့ကို/ အလုံးစုံ ပြီးပြည့်စုံအောင်/ ဖြည့်ကျင့်ခြင်းငှာ/ မစွမ်းနိုင်ခဲ့သည်ရှိသော်/ ဘုရား တပည့်တော်တို့အား/ သနားသောအားဖြင့်/ သည်းခံခွင့်ပြု (ခွင့်လွှတ် မဟုတ်) တော်မူကြပါကုန်ဘုရား၊/ ဘုရားတပည့်တော်တို့ကလည်း/ ခွင့်ပြုပါ၏ဘုရား။



## PAGE 31

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကလိတော်အနောက်ကျေးရွာအဖိုး၊ မဟာဝိဟာရကျောင်းတိုက်
အခြေခံပညာရေး ပြဌာန်းကျမ်းစာများ

## သဒ္ဓါဝဍ္ဎနတန်း

၁။ ရုပ်ပုံရှင်ကျင့်ဝတ်ဘာသာ
၂။ ရတနာ့ဂုဏ်ရည်ဘာသာ
၃။ သဒ္ဒါဘာသာ -
(က) **သန္ဓေသုတ်စဉ်**
(ခ) **ပါဠိသိက္ခာ**နှင့် **သဒ္ဒါအကျဉ်း** (**သန္ဓိအကျဉ်း** နှင့် **ပု**, **စိတ်**, **ကညာဂိုဏ်း**)

မှတ်ချက်။ ။ သဒ္ဓါဝဍ္ဎနတန်း ၌ တစ်ဘာသာလျှင် ၆-ပုစ္ဆာ မေးရမည်။ အာဂုံအောင်မှတ် <mark>၁၀</mark>-မှတ်နှင့်တကွ စုစုပေါင်းအောင်မှတ်မှာ ၂၄-မှတ် ဖြစ်သည်။ ၅၀-မှတ်သည် ဂုဏ်ထူးမှတ်, ၅၄-မှတ်သည် ဝိသိဋ္ဌ ဂုဏ်ထူးမှတ် ဖြစ်သည်။

## သဒ္ဓါဝဍ္ဎနဘာသာ (မူကြိုတန်း)

၁။ (က) ရုပ်ပုံရှင်ကျင့်ဝတ် (ခ) ရတနာ့ဂုဏ်ရည်

## PAGE 32

၃။ သဒ္ဒါဘာသာ
(က) အခြေပြုသဒ္ဒါ (တွဲဖက်) (**သုတ်စဉ်-သန္ဓေ**, **နာမ်**, **အာချာတ်**။ **ဂိုဏ်းစဉ် - နာမ်ဂိုဏ်း**)
(ခ) အခြေပြုသဒ္ဒါသုတ်နက် (**သန္ဓေ**, **နာမ်**)

သင်္ဂဟဘာသာ (**စိတ်**, **စေတသိက်**)
(က) **အဘိဓမ္မတ္ထသင်္ဂဟပါဌ်**
(ခ) အခြေပြုသင်္ဂြိုဟ်

၄။ **ပါဠိသိက္ခာ**နှင့်**သဒ္ဒါအကျဉ်း** (**ပါဠိသိက္ခာ**အကုန်နှင့် **နာမ်ဂိုဏ်း**အကျဉ်း, **အာချာတ်ဂိုဏ်း** အကျဉ်း, **သန္ဓေ**အကျဉ်း)

မှတ်ချက်။ ။ မူကြိုတန်း ၌ တစ်ဘာသာလျှင် ၆-ပုစ္ဆာ မေးရမည်။ အာဂုံအောင်မှတ် <mark>၁၀</mark>-မှတ်နှင့်တကွစုစုပေါင်းအောင်မှတ်မှာ ၂၄-မှတ် ဖြစ်သည်။ ၅၀-မှတ်သည် ဂုဏ်ထူးမှတ်, ၅၄-မှတ်သည် ဝိသိဋ္ဌ ဂုဏ်ထူးမှတ် ဖြစ်သည်။

## မူလတန်း

၁။ သဒ္ဒါဘာသာ
(က) အခြေပြုသဒ္ဒါ (တွဲဖက်) (တစ်အုပ်လုံး)
(ခ) အခြေပြုသဒ္ဒါသုတ်နက် (**သန္ဓေ**, **နာမ်**, **ကာရက**, **အာချာတ်**)

၂။ သင်္ဂဟဘာသာ (**စိတ်**, **စေတသိက်**, **ပကိဏ်း**, **ရုပ်**, **သမုစ္စည်း**)
(က) **အဘိဓမ္မတ္ထသင်္ဂဟပါဌ်**
(ခ) အခြေပြုသင်္ဂြိုဟ်

## PAGE 33

၃။ **ဓမ္မပဒဋ္ဌကထာ** (**ယမကဝဂ်** ၆-ဝတ္ထု)
၄။ **ပါဠိသိက္ခာဘာသာ** (**ပါဠိသိက္ခာ**နှင့် **သဒ္ဒါအကျဉ်း** တစ်အုပ်လုံး)

မှတ်ချက်။ ။ မူလတန်း ၌ တစ်ဘာသာလျှင် ၈-ပုစ္ဆာ မေးရမည်။ အာဂုံအောင်မှတ် <mark>၁၀</mark>-မှတ်နှင့်တကွစုစုပေါင်းအောင်မှတ်မှာ ၃၂-မှတ် ဖြစ်သည်။ ၆၅-မှတ်သည် ဂုဏ်ထူးမှတ်, ၇၂-မှတ်သည် ဝိသိဋ္ဌ ဂုဏ်ထူးမှတ် ဖြစ်သည်။

## ဥပစာတန်း

၁။ **မဟာဝါပါဠိတော်** (**မဟာခန္ဓက**)
၂။ **အင်္ဂုတ္တိုရ်ပါဠိတော်** (**ဧကကနိပါတ်**)
၃။ **ဓမ္မပဒအဋ္ဌကထာ** (**ယမကဝဂ်**)

မှတ်ချက်။ ။ ဥပစာတန်း ၌ “သဒ္ဒါ ၂-ပုစ္ဆာ၊ သင်္ဂဟ ၂-ပုစ္ဆာ၊ ကျမ်းရင်း ၆-ပုစ္ဆာ” ဟူ၍ တစ်ဘာသာလျှင် (<mark>၁၀</mark>) ပုစ္ဆာ သာသနာလင်္ကာရစာမေးပွဲ ပထမဆင့်ပုံစံအတိုင်း မေးရမည်။ အောင်မှတ်မှာ တစ်ဘာသာလျှင် သဒ္ဒါ (၈) မှတ်၊ သင်္ဂဟ (၈) မှတ်၊ ကျမ်းရင်း (၃၀) မှတ် ဖြစ်သည်။ ၈၀-မှတ်သည် ဂုဏ်ထူးမှတ်, ၉၀-မှတ်သည် ဝိသိဋ္ဌဂုဏ်ထူးမှတ် ဖြစ်သည်။

## ၆-လပတ် အတန်းတင်စာမေးပွဲကျင်းပချိန်

နယုန်လပြည့်ကျော် (၁၊ ၂၊ ၃၊ ၄) ရက် ၁-ကြိမ်နှင့် နတ်တော်လပြည့်ကျော် (၁၊ ၂၊ ၃၊ ၄) ရက် ၁-ကြိမ် ဟု တစ်နှစ်လျှင် ၂-ကြိမ် နှစ်စဉ် ကျင်းပရန်။



## PAGE 34

နယုန်လဆန်း ၁၄-ရက်နှင့် နတ်တော်လဆန်း ၁၄-ရက်တို့၌ အာဂုံရေးဖြေကျင်းပကာ ထိုစာမေးပွဲအောင်မှသာ ရေးဖြေစာမေးပွဲ ဝင်ဖြေခွင့်ရှိသည်။

ပဓာနနာယကဆရာတော် နှင့် ဂဏဝါစကအဖွဲ့
မဟာဝิဟာရကျောင်းတိုက် လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

## PAGE 35

ဝါဆိုလပြည့်ကျော် ၁ ရက်နေ့
ဝါဆိုဝါကပ်ပုံပါဠိ
**ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ။**

(ပါစိတျာဒိအဋ္ဌကထာ - ၃၄၉)

အနက်။ ။ **ဣမသ္မိံ ဝိဟာရေ** - ဤကျောင်းတိုက်၌၊ **ဣမံ တေမာသံ** - ဤဝါတွင်းသုံးလပတ်လုံး၊ **ဝဿံ** - ဝါသို့၊ **ဥပေမိ** - ကပ်ရောက်ပါ၏ (တစ်နည်းကား) **ဝဿံ ဥပေမိ** – ဝါဆိုပါ၏။

<mark>၁၀</mark>

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ မူ
ပဉ္စင်းသစ်၏ ဝန်ခံရန်အချက်များ

ဆရာတော်, သံဃာတော် အရှင်သူမြတ်တို့ဘုရား
ဘုရားတပည့်တော် .. သည်
၁။ ရဟန်းအဖြစ်၌ တည်၍ အသက်ရှည်သမျှကာလပတ်လုံး အထူးသဖြင့် **ပါတိမောက္ခသံဝရသီလ**နှင့် ပြည့်စုံသူဖြစ်ပါအံ့ ဘုရား။
၂။ အနည်းငယ်မျှလောက်သော **အစိတ္တကသိက္ခာပုဒ်**အပြစ်တို့၌ပင် “ဘေး” ဟု ရှုလေ့ရှိပြီး ဆောက်တည်ကျင့်သုံးပါအံ့...ဘုရား။
၃။ အခါခပ်သိမ်းလက်ကစားခြင်း, ခြေကစားခြင်း,ကိုယ်ကစားခြင်း ကိုလည်း မဖြစ်စေဘဲ **စက္ခု**-စသော **ဣန္ဒြေ**တို့ကို ကောင်းစွာ စောင့်စည်း၍ **ဣန္ဒိယသံဝရသီလ**နှင့် ပြည့်စုံအောင် နေထိုင်ပါအံ့…..ဘုရား။

## PAGE 36

၄။ တစ်စုံတစ်ခုသောအာပတ်၌ **ကုက္ကုစ္စ**မကင်းပါလျှင် အချိန်မကုန်စေဘဲ အလွန်လျင်မြန်စွာ **ဂရုကအာပတ်**ကို **ဝုဋ္ဌာနကံ**ဖြင့်လည်းကောင်း, **လဟုကအာပတ်**ကို **ဒေသနာကံ**ဖြင့်လည်းကောင်း ကုစား၍ မိမိကိုယ်ကို စင်ကြယ်အောင်ပြုပါအံ့... ဘုရား။
၅။ အခါခပ်သိမ်း ကောင်းမွန်သေသပ်စွာ ဝတ်ရုံ၍ **ပရိမဏ္ဍလသိက္ခာပုဒ်**ကို ကောင်းစွာစောင့်ရှောက်ပါအံ့..ဘုရား။
၆။ ရွာတွင်းသို့ ဝင်သည့်အခါ, ရွာတွင်း၌ နေသည့်အခါတို့၌ ထိုထိုဤဤမကြည့်ရှုဘဲ **ဩက္ခိတ္တစက္ခုသိက္ခာပုဒ်**ကိုလည်း အထူးလုံခြုံအောင် စောင့်ရှောက်ပါအံ့…..ဘုရား။
၇။ ပြောပလောက်သော အကြောင်းအရာတို့ကို ကြဉ်၍ နေလွဲအခါ ကွမ်းစားခြင်း, အဖျော်ရည်သောက်ခြင်း, ဆေးလိပ်သောက်ခြင်း အမှု မပြုပါအံ့..ဘုရား။
၈။ ပန်းပေးခြင်း စသည့် **ကုလဒူသန**အမှုကိုလည်းကောင်း၊ ဆေးကုခြင်း, တမန်မှုပြုခြင်း, စေခိုင်း၍သွားခြင်း, ရှေးဦးစ၍ပြောခြင်း, အပြုံးကိုရှေ့သွားပြုခြင်း, ပဲနောက်ဟင်းကဲ့သို့ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်း, ကလေးသူငယ်တို့ကို ချီပွေ့ချော့မြူခြင်း စသော **အနေသန**အမှုတို့ကိုလည်းကောင်း မလွန်ကျူးဘဲ အထူးသတိပြုကာ စောင့်ရှောက်ပါ....ဘုရား။
၉။ အခြားသီတင်းသုံးဖော်ငါးယောက်တို့၏ **ကုလဒူသန** စသည်တို့ကြောင့် ဖြစ်ပေါ်လာသည့် မအပ်သောပစ္စည်းတို့ကိုလည်း မသုံးစွဲမူ၍ သန့်ရှင်းစင်ကြယ်သော အသက်မွေးမှုရှိသူ ဖြစ်ပါအံ့…..ဘုရား။



## PAGE 37

**၁၀။** ဘုရားရှင်သာသနာတော်၌ အဓိကရုဏ်းတစ်စုံတစ်ခုပေါ်ပေါက်လာသော် ငြင်းခုံမှု, ခိုက်ရန်ပြုမှု မဖြစ်စေဘဲ **ထေရ**, **နဝ**, **မဇ္ဈိမ** ရဟန်းတို့အပေါ်၌ အထူးရိုသေတုပ်ဝပ်ပြီး ထိုပုဂ္ဂိုလ်တို့၏ စကားကို ကောင်းစွာ လိုက်နာပြုကျင့်ပါအံ့...ဘုရား။ မိမိထက် တစ်နေ့, တစ်ရက်, တစ်နာရီကြီးသော ပုဂ္ဂိုလ်ကို အသက်ထက်ဆုံး ရှိခိုးလေ့ရှိသူဖြစ်ပါအံ့...ဘုရား။

**၁၁။**

**၁၂။** ဆန်းကြယ်သော အဆင်းပုံသဏ္ဌာန်ရှိသော ထီးကိုလည်းကောင်း, လက်ကိုင်ပဝါ-စသည်တို့ကိုလည်းကောင်း ရဟန်းတို့နှင့် မသင့်လျော်သော လူတို့၏ အသုံးအဆောင်မျိုးကိုလည်းကောင်း, မသုံးဆောင်ပါအံ့...ဘုရား။

**၁၃။** လဇ္ဇီကုက္ကုစ္စကပုဂ္ဂိုလ်တို့ အလွန်အလေးအမြတ်ပြုသော အရာဌာနဖြစ်သည့် ၅-ခဏ်း-စသည်ဖြတ်၍ချုပ်အပ်သော သင်္ကန်းကိုသာ ဝတ်ရုံသုံးဆောင်ပါအံ့၊ ထိုသို့ မချုပ်သော သင်္ကန်းကို မသုံးဆောင်ပါအံ့...ဘုရား။

**၁၄။** <mark>ဆယ်ဝါ</mark>အတွင်း၌ အာရာမ်ပိုင်(ကျောင်းထိုင်)အဖြစ်မနေဘဲ နိဿရည်းဆရာ(ကျောင်းထိုင်)အင်္ဂါအရာ၌လည်း သတိပြုပါအံ့.....ဘုရား။

**၁၅။** <mark>ဆယ်ဝါ</mark>ကျော်သော်လည်း “ **အဘိဓမ္မာ** အရာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်၏၊ အလုံးစုံသော **ဝိနည်းပိဋက** ၌ ဆုံးမခြင်းငှာ စွမ်းနိုင်၏။ “ဤသို့လာသော နိဿရည်းဆရာအင်္ဂါကို နှလုံးပြု၍ ထိုအင်္ဂါနှင့်ပြည့်စုံမှသာ အာရာမ်ပိုင်အဖြစ်နေလျက် ပရိသတ်မွေးမြူကာ ဘုရားရှင်သာသနာ ထွန်းလင်းတောက်ပစေရန် အစွမ်းသတ္တိရှိသမျှ အားထုတ်ပါအံ့...ဘုရား။

## PAGE 38

**၁၆။** သင်္ကန်း-စသော ပစ္စည်းလေးပါးတို့ကို သုံးဆောင်သောအခါ၌လည်း ကြွေးယူသုံးဆောင်မှု **ဣဏပရိဘောဂ** မဖြစ်စေရန် **ပစ္စဝေက္ခဏာ** ဆင်ခြင်၍ သုံးဆောင်ပါအံ့...ဘုရား။

**၁၇။** “ဆံပင် အမွေး လက်သည်းခြေသည်း သွား အရေ” ဤသို့စသည်ဖြင့် **သမထကမ္မဋ္ဌာန်း** ကိုလည်းကောင်း, “**ခန္ဓာ ၅-ပါး** တို့သည် မမြဲသောတရား, ဆင်းရဲသောတရား, အစိုးမရ အတ္တမဟုတ်သော တရားတို့တည်း "ဤသို့စသော **ဝਿပဿနာကမ္မဋ္ဌာန်း** ကိုလည်းကောင်း, နေ့စဉ်နေ့တိုင်း အစွမ်းသတ္တိရှိသမျှ ပွားများကာ နေပါ....ဘုရား။

**<mark>၁၈။</mark>** ယခု ပဉ္စင်းဖြစ်ချိန်မှစကာ အကြောင်းညီညွတ်၍ စွမ်းနိုင်သမျှ **ဝိနည်းတိစီဝရိတ်** ကိုလည်းကောင်း, **ဓုတင်တိစီဝရိတ်** ကိုလည်းကောင်း ဆောင်ပါအံ့...ဘုရား။

ဤလောကုတ္တရာတရားအားလျော်သော အကျင့်မြတ်ဖြင့် ဘုရားရှင်ကို ပူဇော်ပါ၏၊ တရားတော်ကို ပူဇော်ပါ၏၊ သံဃာတော်ကို ပူဇော်ပါ၏။ ဤအကျင့်မြတ်ဖြင့် အိုခြင်း, သေခြင်းမှ မချွတ်ဧကန် <mark>လွတ်မြောက်</mark>ရပါလို၏....ဘုရား။

ဦးမာနိတသိရဘိဝံသ ၏
ပထမရွှေကျင်ဆရာတော်
(ထေရုပ္ပတ္တိကျမ်း) စာ-၁၉၄ / ၅ / ၆

## PAGE 39

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကလိထော်အနောက်ကျေးရွာအနီး **မဟာဝိဟာရကျောင်းတိုက်**

### တစ်နေ့တာ ပရိယတ်, ပဋိပတ်အားထုတ်မှုအချိန်ဇယား

| အချိန် | အစီအစဉ် |
|-||
| <mark>နံနက်</mark> ၄ : ၁၅ | အားလုံး အိပ်ရာထ |
| <mark>နံနက်</mark> ၄ : ၃၀ | အရုဏ်တက်ချိန် |
| <mark>နံနက်</mark> ၄ : ၄၅ | အားလုံး စုပေါင်းဘုရားရှိခိုး |
| <mark>နံနက်</mark> ၅ : ၁၅ | အားလုံး စုပေါင်းတရားထိုင် |
| | သေနာသနကျင့်ဝတ်ဖြည့်ကျင့် |
| | ဆွမ်းဘုဉ်းပေး |
| | အရုဏ်ဆွမ်းဘုန်းပြီးချိန် |
| | စာချ/ စာတက်/ စာကျက် |
| | အလှည့်ကျသူများ ရွာထဲဆွမ်းခံကြွ |
| | ဆွမ်းခံပြန်ချိန်မှ <mark>နံနက်</mark> ၁ : <mark>၀၀</mark> အထိ စာချ/ စာအံ/ စာကျက် |
| <mark>နံနက်</mark> ၁၀ : <mark>၀၀</mark> | ရေချိုးချိန် (အဖိတ်နေ့၌ <mark>နံနက်</mark> ၉ : <mark>၀၀</mark> မိမိနေရာနှင့်အဆောင် သန့်ရှင်း၊ ခေါင်းရိတ်၊ ရေချိုး) |
| <mark>နံနက်</mark> ၁၀ : ၄၅ | နေ့ဆွမ်းဘုဉ်းပေး |
| | နေ့ဆွမ်းဘုဉ်းပေးပြီးချိန် |
| | အာမခံအထံ စာပြန်/ အနားယူချိန် |
| နေ့လယ် ၁ : <mark>၀၀</mark> မှ ညနေ ၅ : ၃၀ အထိ | စာချ/ စာတက်/ စာကျက် (အဖိတ်နေ့၌ ညနေ ၅ : <mark>၀၀</mark> အထိ စာချ၊ စာတက်၊ စာကျက်) |



## PAGE 40

**နေ့လယ် ၃:၀၀ မှ ၃:၃၀** - သင်္ကန်းရုတ်/ မိမိအာမခံထံ စာပြန်
**ည ၆:၃၀** - ၁၅ မိနစ်ခန့် တရားထိုင်/ စုပေါင်းဘုရားရှိခိုး
**ည ဘုရားရှိခိုးပြီး** - ဩဝါဒနာယူ
**ည ဩဝါဒပြီး** - အဖျော်ရည်ဘုဉ်းပေး/ အာမခံထံ စာပြန်

မဟာဝိဟာရကျောင်းတိုက် (လှည်းကူး)

**ည <mark>၈:၀၀</mark> မှ ည ၁၀:၀၀ အထိ** - စာချ/ စာတက်/ စာကျက်
**ည ၁၀:၃၀** - အနားယူအိပ်စက်

**မှတ်ချက်။** ။ ၁၄ နှစ်အောက် ကိုရင်ငယ်လေးများ ည ၉:၀၀ အချိန်တွင် မိမိနေရာ၌ ၅ မိနစ် တရားထိုင်၍ အနားယူအိပ်စက်ရမည်။

အဖိတ်နေ့ ညနေ ၆:၀၀ တွင် စုပေါင်းတရားထိုင်၍ ည ၇:၀၀ တွင် ဩဝါဒခံယူရပါမည်။ ဩဝါဒအပြီးတွင် ရဟန်းတော်များ နိဿရည်းယူ၍, ကိုရင်များ သီလယူရမည်။ အဖျော်ရည်ဘုဉ်းပေးပြီးချိန်မှ ည ၁၀:၀၀ နာရီအထိ စာကျက်ရမည်။

ဥပုသ်နေ့တိုင်း အပတ်စဉ်စာမေးပွဲကို ဖြေဆိုကြရမည်။ ဥပုသ်နေ့ ညနေ ၄:၀၀ နာရီတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ရမည်။ ကိုရင်ငယ်လေးများကား စုပေါင်းကာ ကဗျာဆိုရမည်၊ သန့်ရှင်းရေးမလုပ်ရ။ ၈ ရက် ဥပုသ်နေ့တိုင်း ည ၆:၀၀ နာရီအချိန်တွင် စုပေါင်းကာ ပဋ္ဌာန်းပူဇော်ကြရပြီး ရွှေကျင်စာတမ်းဖတ်ပြ၊ ရှင်းပြသည်ကို နားထောင်ကြရမည်။

## PAGE 41
