## PAGE 1

**သင်္ကန်း၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ**
ချမ်း-ပူကို ဖျက်၊ ခြင်-မှတ်-လေ-နေ၊ ကင်း-မြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေ တတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကို စံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ် မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း ဝတ်ရုံပါသတည်း။

---

**ဆွမ်း၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ**
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပ ရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည် ရှည်အောင်<mark>တည်လျှင်</mark>၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်း-သစ်၊ မဖြစ်စေရ၊ ယာပိုလ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

---

**ကျောင်းအိပ်ရာ-နေရာ ၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ**
ချမ်း-ပူကိုဖျက်၊ ခြင်-မှတ်-လေ-နေ၊ ကင်းမြွေဝေးမှု၊ ဥတု ဘေးဘျမ်း၊ မသန်း ကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာ ကျောင်းကို ကိန်းအောင်းမှီခို ပါသတည်း။

---

**ဆေးအကပ်ခံရာ ဆေးဘုဉ်းပေးရာ၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ**
ကျင်နာခံခက်၊ နှိပ်စက်ဖิစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွာ<mark>ပယ်လျှင်</mark>၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ Thathana ကို၊ ကြည်သာရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်ဖို့ ရည်မှန်းသုံးဆောင်ပါသတည်း။

## PAGE 2

---

**အမျှပေးဝေပုံ**
ဤကုသိုလ်၏ အဖို့ဘာဂကို မိဘဆရာ သံဃာတော်အပေါင်း ဒါယကာ, ဒါယိကာမအပေါင်း နတ်အပေါင်းနှင့်တကွ သတ္တဝါဟူသမျှ တို့အား အမျှပေးဝေကြပါကုန်၏ အမျှရကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

---

**၁။ နေ့အလိုက် ဂုဏ်တော်ပူဇော်ရန်**
**တနင်္ဂနွေနေ့** ဘုရားဂုဏ်တော် (စာ-၁၆) (အရဟံဂုဏ်တော်မှ သုဂတဂုဏ်တော်အထိ)
**တနင်္လာနေ့** ဘုရားဂုဏ်တော် (စာ-၁၈) (လောကဝိဒူဂုဏ်တော်မှ ဗုဒ္ဓဂုဏ်တော်အထိ)
**အင်္ဂါနေ့** ဘုရားဂုဏ်တော် (စာ-၂၀) (ဣဿရိယဘုန်းတော်)
**ဗုဒ္ဓဟူးနေ့** ဘုရားဂုဏ်တော် (စာ-၂၀) (ဓမ္မဘုန်းတော်မှ ပယတ္တဘုန်းတော်အထိ)
**ကြာသပတေးနေ့** တရားဂုဏ်တော်အကုန် (စာ-၂၂)
**သောကြာနေ့** သံဃာ့ဂုဏ်တော် (စာ-၂၅) (သုပ္ပဋိပန္နဂုဏ်တော်မှ ပုရိသယုဂါနိပါဠိအဖွင့်အထိ)
**စနေနေ့** သံဃာ့ဂုဏ်တော် (စာ-၂၆) (အာဟုနေယျဂုဏ်တော်မှ အနုတ္တရပုညက္ခေတ္တအထိ)

## PAGE 3

---

**ညဝတ်ရွတ်စဉ်**
**ဗုဒ္ဓံ ပူဇေမိ။**
**ဓမ္မံ ပူဇေမိ။**
**သံဃံ ပူဇေမိ။**

---

**ဘုရားဂုဏ်တော်များ**

---

**ဂုဏ်တော် ၉-ပါး ပါဠိတော်**
**ဣတိပိ သော ဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော, လောကဝိဒူ, အနုတ္တရော ပုရိသဒမ္မသာရထိ, သတ္ထာဒေဝမနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါ။**

---

**အရဟံ ဂုဏ်တော်အဖွင့်**
(၁) **သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား သည် **ဣတိပိ ဣမိနာစ ကာရဏေန** = တစ်ထောင့်ငါးရာကิလေသာတို့ ဝါသနာဓလေ့ အထုံငွေ့ မျှ မငွေ့ မရိပ် ဝင်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သောဤအကြောင်းကြောင့်လည်း၊ **အရဟံ** = အရဟံဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။
