## PAGE 34

နယုန်လဆန်း ၁၄-ရက်နှင့် နတ်တော်လဆန်း ၁၄-ရက်တို့၌ အာဂုံရေးဖြေကျင်းပကာ ထိုစာမေးပွဲအောင်မှသာ ရေးဖြေစာမေးပွဲ ဝင်ဖြေခွင့်ရှိသည်။

ပဓာနနာယကဆရာတော် နှင့် ဂဏဝါစကအဖွဲ့
မဟာဝิဟာရကျောင်းတိုက် လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

## PAGE 35

ဝါဆိုလပြည့်ကျော် ၁ ရက်နေ့
ဝါဆိုဝါကပ်ပုံပါဠိ
**ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ။**

(ပါစိတျာဒိအဋ္ဌကထာ - ၃၄၉)

အနက်။ ။ **ဣမသ္မိံ ဝိဟာရေ** - ဤကျောင်းတိုက်၌၊ **ဣမံ တေမာသံ** - ဤဝါတွင်းသုံးလပတ်လုံး၊ **ဝဿံ** - ဝါသို့၊ **ဥပေမိ** - ကပ်ရောက်ပါ၏ (တစ်နည်းကား) **ဝဿံ ဥပေမိ** – ဝါဆိုပါ၏။

<mark>၁၀</mark>

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ မူ
ပဉ္စင်းသစ်၏ ဝန်ခံရန်အချက်များ

ဆရာတော်, သံဃာတော် အရှင်သူမြတ်တို့ဘုရား
ဘုရားတပည့်တော် .. သည်
၁။ ရဟန်းအဖြစ်၌ တည်၍ အသက်ရှည်သမျှကာလပတ်လုံး အထူးသဖြင့် **ပါတိမောက္ခသံဝရသီလ**နှင့် ပြည့်စုံသူဖြစ်ပါအံ့ ဘုရား။
၂။ အနည်းငယ်မျှလောက်သော **အစိတ္တကသိက္ခာပုဒ်**အပြစ်တို့၌ပင် “ဘေး” ဟု ရှုလေ့ရှိပြီး ဆောက်တည်ကျင့်သုံးပါအံ့...ဘုရား။
၃။ အခါခပ်သိမ်းလက်ကစားခြင်း, ခြေကစားခြင်း,ကိုယ်ကစားခြင်း ကိုလည်း မဖြစ်စေဘဲ **စက္ခု**-စသော **ဣန္ဒြေ**တို့ကို ကောင်းစွာ စောင့်စည်း၍ **ဣန္ဒိယသံဝရသီလ**နှင့် ပြည့်စုံအောင် နေထိုင်ပါအံ့…..ဘုရား။

## PAGE 36

၄။ တစ်စုံတစ်ခုသောအာပတ်၌ **ကုက္ကုစ္စ**မကင်းပါလျှင် အချိန်မကုန်စေဘဲ အလွန်လျင်မြန်စွာ **ဂရုကအာပတ်**ကို **ဝုဋ္ဌာနကံ**ဖြင့်လည်းကောင်း, **လဟုကအာပတ်**ကို **ဒေသနာကံ**ဖြင့်လည်းကောင်း ကုစား၍ မိမိကိုယ်ကို စင်ကြယ်အောင်ပြုပါအံ့... ဘုရား။
၅။ အခါခပ်သိမ်း ကောင်းမွန်သေသပ်စွာ ဝတ်ရုံ၍ **ပရိမဏ္ဍလသိက္ခာပုဒ်**ကို ကောင်းစွာစောင့်ရှောက်ပါအံ့..ဘုရား။
၆။ ရွာတွင်းသို့ ဝင်သည့်အခါ, ရွာတွင်း၌ နေသည့်အခါတို့၌ ထိုထိုဤဤမကြည့်ရှုဘဲ **ဩက္ခိတ္တစက္ခုသိက္ခာပုဒ်**ကိုလည်း အထူးလုံခြုံအောင် စောင့်ရှောက်ပါအံ့…..ဘုရား။
၇။ ပြောပလောက်သော အကြောင်းအရာတို့ကို ကြဉ်၍ နေလွဲအခါ ကွမ်းစားခြင်း, အဖျော်ရည်သောက်ခြင်း, ဆေးလိပ်သောက်ခြင်း အမှု မပြုပါအံ့..ဘုရား။
၈။ ပန်းပေးခြင်း စသည့် **ကုလဒူသန**အမှုကိုလည်းကောင်း၊ ဆေးကုခြင်း, တမန်မှုပြုခြင်း, စေခိုင်း၍သွားခြင်း, ရှေးဦးစ၍ပြောခြင်း, အပြုံးကိုရှေ့သွားပြုခြင်း, ပဲနောက်ဟင်းကဲ့သို့ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်း, ကလေးသူငယ်တို့ကို ချီပွေ့ချော့မြူခြင်း စသော **အနေသန**အမှုတို့ကိုလည်းကောင်း မလွန်ကျူးဘဲ အထူးသတိပြုကာ စောင့်ရှောက်ပါ....ဘုရား။
၉။ အခြားသီတင်းသုံးဖော်ငါးယောက်တို့၏ **ကုလဒူသန** စသည်တို့ကြောင့် ဖြစ်ပေါ်လာသည့် မအပ်သောပစ္စည်းတို့ကိုလည်း မသုံးစွဲမူ၍ သန့်ရှင်းစင်ကြယ်သော အသက်မွေးမှုရှိသူ ဖြစ်ပါအံ့…..ဘုရား။
