## PAGE 37

**၁၀။** ဘုရားရှင်သာသနာတော်၌ အဓိကရုဏ်းတစ်စုံတစ်ခုပေါ်ပေါက်လာသော် ငြင်းခုံမှု, ခိုက်ရန်ပြုမှု မဖြစ်စေဘဲ **ထေရ**, **နဝ**, **မဇ္ဈိမ** ရဟန်းတို့အပေါ်၌ အထူးရိုသေတုပ်ဝပ်ပြီး ထိုပုဂ္ဂိုလ်တို့၏ စကားကို ကောင်းစွာ လိုက်နာပြုကျင့်ပါအံ့...ဘုရား။ မိမိထက် တစ်နေ့, တစ်ရက်, တစ်နာရီကြီးသော ပုဂ္ဂိုလ်ကို အသက်ထက်ဆုံး ရှိခိုးလေ့ရှိသူဖြစ်ပါအံ့...ဘုရား။

**၁၁။**

**၁၂။** ဆန်းကြယ်သော အဆင်းပုံသဏ္ဌာန်ရှိသော ထီးကိုလည်းကောင်း, လက်ကိုင်ပဝါ-စသည်တို့ကိုလည်းကောင်း ရဟန်းတို့နှင့် မသင့်လျော်သော လူတို့၏ အသုံးအဆောင်မျိုးကိုလည်းကောင်း, မသုံးဆောင်ပါအံ့...ဘုရား။

**၁၃။** လဇ္ဇီကုက္ကုစ္စကပုဂ္ဂိုလ်တို့ အလွန်အလေးအမြတ်ပြုသော အရာဌာနဖြစ်သည့် ၅-ခဏ်း-စသည်ဖြတ်၍ချုပ်အပ်သော သင်္ကန်းကိုသာ ဝတ်ရုံသုံးဆောင်ပါအံ့၊ ထိုသို့ မချုပ်သော သင်္ကန်းကို မသုံးဆောင်ပါအံ့...ဘုရား။

**၁၄။** <mark>ဆယ်ဝါ</mark>အတွင်း၌ အာရာမ်ပိုင်(ကျောင်းထိုင်)အဖြစ်မနေဘဲ နိဿရည်းဆရာ(ကျောင်းထိုင်)အင်္ဂါအရာ၌လည်း သတိပြုပါအံ့.....ဘုရား။

**၁၅။** <mark>ဆယ်ဝါ</mark>ကျော်သော်လည်း “ **အဘိဓမ္မာ** အရာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်၏၊ အလုံးစုံသော **ဝိနည်းပိဋက** ၌ ဆုံးမခြင်းငှာ စွမ်းနိုင်၏။ “ဤသို့လာသော နိဿရည်းဆရာအင်္ဂါကို နှလုံးပြု၍ ထိုအင်္ဂါနှင့်ပြည့်စုံမှသာ အာရာမ်ပိုင်အဖြစ်နေလျက် ပရိသတ်မွေးမြူကာ ဘုရားရှင်သာသနာ ထွန်းလင်းတောက်ပစေရန် အစွမ်းသတ္တိရှိသမျှ အားထုတ်ပါအံ့...ဘုရား။

## PAGE 38

**၁၆။** သင်္ကန်း-စသော ပစ္စည်းလေးပါးတို့ကို သုံးဆောင်သောအခါ၌လည်း ကြွေးယူသုံးဆောင်မှု **ဣဏပရိဘောဂ** မဖြစ်စေရန် **ပစ္စဝေက္ခဏာ** ဆင်ခြင်၍ သုံးဆောင်ပါအံ့...ဘုရား။

**၁၇။** “ဆံပင် အမွေး လက်သည်းခြေသည်း သွား အရေ” ဤသို့စသည်ဖြင့် **သမထကမ္မဋ္ဌာန်း** ကိုလည်းကောင်း, “**ခန္ဓာ ၅-ပါး** တို့သည် မမြဲသောတရား, ဆင်းရဲသောတရား, အစိုးမရ အတ္တမဟုတ်သော တရားတို့တည်း "ဤသို့စသော **ဝਿပဿနာကမ္မဋ္ဌာန်း** ကိုလည်းကောင်း, နေ့စဉ်နေ့တိုင်း အစွမ်းသတ္တိရှိသမျှ ပွားများကာ နေပါ....ဘုရား။

**<mark>၁၈။</mark>** ယခု ပဉ္စင်းဖြစ်ချိန်မှစကာ အကြောင်းညီညွတ်၍ စွမ်းနိုင်သမျှ **ဝိနည်းတိစီဝရိတ်** ကိုလည်းကောင်း, **ဓုတင်တိစီဝရိတ်** ကိုလည်းကောင်း ဆောင်ပါအံ့...ဘုရား။

ဤလောကုတ္တရာတရားအားလျော်သော အကျင့်မြတ်ဖြင့် ဘုရားရှင်ကို ပူဇော်ပါ၏၊ တရားတော်ကို ပူဇော်ပါ၏၊ သံဃာတော်ကို ပူဇော်ပါ၏။ ဤအကျင့်မြတ်ဖြင့် အိုခြင်း, သေခြင်းမှ မချွတ်ဧကန် <mark>လွတ်မြောက်</mark>ရပါလို၏....ဘုရား။

ဦးမာနိတသိရဘိဝံသ ၏
ပထမရွှေကျင်ဆရာတော်
(ထေရုပ္ပတ္တိကျမ်း) စာ-၁၉၄ / ၅ / ၆

## PAGE 39

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကလိထော်အနောက်ကျေးရွာအနီး **မဟာဝိဟာရကျောင်းတိုက်**

---

### တစ်နေ့တာ ပရိယတ်, ပဋိပတ်အားထုတ်မှုအချိန်ဇယား

| အချိန် | အစီအစဉ် |
|-------|---------|
| <mark>နံနက်</mark> ၄ : ၁၅ | အားလုံး အိပ်ရာထ |
| <mark>နံနက်</mark> ၄ : ၃၀ | အရုဏ်တက်ချိန် |
| <mark>နံနက်</mark> ၄ : ၄၅ | အားလုံး စုပေါင်းဘုရားရှိခိုး |
| <mark>နံနက်</mark> ၅ : ၁၅ | အားလုံး စုပေါင်းတရားထိုင် |
| | သေနာသနကျင့်ဝတ်ဖြည့်ကျင့် |
| | ဆွမ်းဘုဉ်းပေး |
| | အရုဏ်ဆွမ်းဘုန်းပြီးချိန် |
| | စာချ/ စာတက်/ စာကျက် |
| | အလှည့်ကျသူများ ရွာထဲဆွမ်းခံကြွ |
| | ဆွမ်းခံပြန်ချိန်မှ <mark>နံနက်</mark> ၁ : <mark>၀၀</mark> အထိ စာချ/ စာအံ/ စာကျက် |
| <mark>နံနက်</mark> ၁၀ : <mark>၀၀</mark> | ရေချိုးချိန် (အဖိတ်နေ့၌ <mark>နံနက်</mark> ၉ : <mark>၀၀</mark> မိမိနေရာနှင့်အဆောင် သန့်ရှင်း၊ ခေါင်းရိတ်၊ ရေချိုး) |
| <mark>နံနက်</mark> ၁၀ : ၄၅ | နေ့ဆွမ်းဘုဉ်းပေး |
| | နေ့ဆွမ်းဘုဉ်းပေးပြီးချိန် |
| | အာမခံအထံ စာပြန်/ အနားယူချိန် |
| နေ့လယ် ၁ : <mark>၀၀</mark> မှ ညနေ ၅ : ၃၀ အထိ | စာချ/ စာတက်/ စာကျက် (အဖိတ်နေ့၌ ညနေ ၅ : <mark>၀၀</mark> အထိ စာချ၊ စာတက်၊ စာကျက်) |
