## PAGE 4

**သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့်**

**(၂) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = <mark>သဗ္ဗညုတ</mark>ဉာဏ်အား စွမ်းပကားဖြင့် များသင်္ခါရ ဝိကာရနှင့် လက္ခဏပညတ် နိဗ္ဗာန်ဓာတ်ဟု ငါးရပ်သိရန် ဉေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိတော်မူသော ဤအကြောင်းကြောင့်လည်း၊ **သမ္မာသမ္ဗုဒ္ဓေါ** = သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

---

**<mark>ဝိဇ္ဇာ</mark>စရဏသမ္ပန္န ဂုဏ်တော်ဖွင့်**

**(၃) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = သုံးပါး ရှစ်ပါး နှစ်မျိုးအားဖြင့် ဟောထား ပညာ ဉာဏ်<mark>ဝိဇ္ဇာ</mark>တည်း၊ နိဗ္ဗာနဓာတ် အမြိုက်ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့် အကျင့်စရဏ ဆယ့်ငါးဝနှင့် တကွဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ **<mark>ဝိဇ္ဇာ</mark>စရဏသမ္ပန္နော** = <mark>ဝိဇ္ဇာ</mark>စရဏသမ္ပန္န ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

---

**သုဂတ ဂုဏ်တော်ဖွင့်**

**(၄) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = ဒီပင်္ကရာ ထွတ်ချာသနင်း ခြေတော်ရင်းမှ မှန်ကင်းသီရိ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင် ပါရမီ စုံပြည့်ညီလျက် သုံးလီဘဝ များသတ္တ၏ သုခစီးပွား ကျင့်သော အားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက ဆံမြူတစိ မကပ်ငြိဘဲ သတိ

## PAGE 5

သမ္ပဇဉ် မပြတ်ယှဉ်လျက် <mark>သဗ္ဗညုတ</mark>ဉာဏ်တော် ရကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ **သုဂတော** = သုဂတ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

---

**လောကဝိဒူ ဂုဏ်တော်ဖွင့်**

**(၅) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = <mark>သတ္တောကာသ</mark> သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့် ကောင်းစွာ ကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း၊ **လောကဝိဒူ** = လောကဝိဒူဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

---

**<mark>အနုတ္တရောပုရိသဒမ္မသာရထိ</mark> ဂုဏ်တော်ဖွင့်**

**(၆) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = ဆုံးမသင့်ရန် သတ္တဝါမှန်သော် ခြောက်တန်လျှင်ခြောက်မြှောက်တန်မြှောက်၍ အောက်အောက်ထက် ဂုဏ် ဆင့်ဆင့်စုံဖို့ ဖုံဖုံသင်ပေး အစဉ်ဖေးလျက် ယဉ်ကျေးလေအောင် သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ **အနုတ္တရော ပုရိသဒမ္မသာရထိ** = အနုတ္တရော ပုရိသဒမ္မသာရထိ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

## PAGE 6

---

**သတ္ထာဒေဝ<mark>မနုဿာနံ</mark> ဂုဏ်တော်ဖွင့်**

**(၇) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = <mark>သတ္ထဝါဟော</mark> ကုန်သည် ကျော်သည် ဖော်လှော်ငယ်သား နောက်ပါများကို ရေရှားဘေးခ ကန္တာရမှ ခေမမြေငူ ထုတ်ကယ်ယူသို့ ထို့တူတစ် ခဲယဉ်းဘိသည့် ဇာတိ ဇရာ မရဏာဟု ကန္တာရကြမ်း ခရီးလမ်းမှ ရွှေနန်းမြေငူ ပြည် နိဗ္ဗူသို့ နတ်လူ ဗြဟ္မာ သတ္တဝါကို ကောင်းစွာဆောင်ယူ ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ **သတ္ထာဒေဝ<mark>မနုဿာနံ</mark>** = သတ္ထာဒေဝ<mark>မနုဿာနံ</mark> ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင် ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

---

**ဗုဒ္ဓ ဂုဏ်တော်ဖွင့်**

**(၈) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည် **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** = ဒုက္ခ၊ သမုဒယ နိရောဓနှင့် မဂ္ဂမည်သာ လေးသစ္စာကို <mark>ဦးစွာ</mark>ပိုင်ပိုင် သိမြင်နိုင်၍ သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မသွေအတူသိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ **ဗုဒ္ဓေါ** = ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

---

**ဘဂဝါ ဂုဏ်တော်ဖွင့်**

**(၉) သော ဘဂဝါ** = ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ **<mark>ဣတိပိ</mark> <mark>ဣမိနာ</mark> စ <mark>ကာရဏေန</mark>** =