## PAGE 7

**ဣဿရိယ**ဘုန်းတော် ၈-ပါး
(၁) အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော "**အဏိမာ**"ဘုန်းတော်။
(၂) စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန် ဈာန်ပျံ ကြွသွားနိုင်သော “**လဃိမာ**” ဘုန်းတော်။
(၃) <mark>...</mark> <mark>ကိုယ်တော်သဏ္ဌာန်</mark> ပုံဟန်တိုင်းငြား မနှိုင်းအားဖို့ ကြီးမားလေ အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော “**မဟိမာ**” ဘုန်းတော်။
(၄) ဆီးတားကွယ်ကာမရှိပါဘဲ လိုရာတိုင်းပေါက်တစ်ခဏလောက် ဖြင့် ကြွရောက်နိုင်သော “**ပတ္တိ**” ဘုန်းတော်။
(၅) အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တစ်ခဏတည်း ဖြင့် ပြီးစီးနိုင်သော “**ပါကမ္မ**” ဘုန်းတော်။
(၆) ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း လူနတ် မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော “**ဤသိတာ**” ဘုန်းတော်။
(၇) သမာပတ်ဈာန် အဘိညာဏ်ကို ဝင်စံလိုက တစ်ခဏချင်းပိုင် ဝင်စားနိုင်သော “**ဝသိတာ**” ဘုန်းတော်။
(၈) ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော် <mark>ဆောလျှင်</mark>မသွေ ပြီးဆုံးစေနိုင်သော “**ယတ္ထကာမာဝသာယိတာ**” ဘုန်းတော်။

**ဘုန်းတော် ၆-ပါး**
ရှစ်ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ "**ဣဿရိယ**" (၁) ဘုန်းတော်။
ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာတရားဟူသော “**ဓမ္မ**” ဘုန်းတော်။

## PAGE 8

ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်း လောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်း ဟူသော “**ယသ**” (၃) ဘုန်းတော်။
ရွှေမျက်နှာတော်လက်ခြေတော်မှ စ၍မကြွင်းပင်လုံးဝင်းသည့် ပန်းမင်းအနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပါယ်တော်မူသော “**သိရီ**” (၄) ဘုန်းတော်။
အလိုတော်အတိုင်းတောင့်တတိုင်းပင် မဆိုင်းမတွပြီးစီးရသည့် “**ကာမ**” (၅) ဘုန်းတော်။
တစ်လောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာ ကြိုးကုတ် အားထုတ်တော်မူသော “**ပယတ္တ**” (၆) ဘုန်းတော်။

ဤခြောက်ဖော်ဂုဏ် ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ **ဘဂဝါ-** / **ဘဂဝါ** ဟူသော ဂုဏ်တော် ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါ ပေသည်တကား။

---

#### ဘုရားရှိခိုး ဂါထာဖွင့်
**ဧဝံ နဝဟိ ဂုဏေဟိ, လောကမှိ ကိတ္တိဗျာပိတံ၊**
**အတုလံ ဓမ္မရာဇာနံ, ဝန္ဒာမိ တီဟိ သာဒရံ။**

**ဧဝံ နဝဟိ ဂုဏေဟိ-** = ဤ **အရဟတာ** အစလာသည့် ကိုးဖြာ သောဂုဏ်တော်တို့ဖြင့်၊
**လောကမှိ-** = ဘဝဂ์ဆုံးအောင် ဘုံသုံးဆောင်၌၊
**ကိတ္တိဗျာပိတံ-** = သိမ့်သိမ့်တုန်ခပ် ပဲ့တင်ထပ်မျှ နှံ့စပ်ကျော်စောတော် မူထသော၊
**အတုလံ-** = သီလခေါင်ထိ သမာဓိနှင့် ကြီးဘိပညာ လွန်ကဲ သာ၍ ပြိုင်လာ နှိုင်းသူ အတူလည်း ရှိတော်မမူထသော၊
**ဓမ္မရာဇာနံ-** =

## PAGE 9

သုံးဘုံမကိုဋ် သုံးထိုက်သရဖူ သုံးလူသင်းကျစ် ဓမ္မရာဇ်ထွတ်ထား ရှင်တော်မြတ်ဘုရားကို၊
**တီဟိ-** = လက်အုပ်အဉ္ဇလီ နှုတ်သံချီ၍ ရွှင်ကြည်မနော သုံးပါးသော ဒွါရတို့ဖြင့်၊
**သာဒရံ-** = လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍
**ဝန္ဒာမိ-** = ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

---

#### တရားဂုဏ်တော်
**သွာက္ခာတော ဘဂဝတာ <mark>ဓမ္မော</mark>၊**
**သန္ဒိဋ္ဌိကော အကာလိကော၊**
**ဧဟိပဿိကော <mark>ဩပနေယျကော</mark>၊**
**ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။**

---

#### သွာက္ခာတ ဂုဏ်တော်ဖွင့်
(၁) **ဘဂဝတာ-** = ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
**<mark>ဓမ္မော</mark>-** = မဂ်ဖိုလ်နိဗ္ဗာန်ဓမ္မက္ခန်ဟု ဆယ်တန်သောတရားတော်မြတ်ကို၊
**သွာက္ခာတော-** = ကြားနာရုံပင် အပူစင်၍ ကျင့်လျှင်ချမ်းသာ ကျင့်ပြီးခါ လည်း လွန်စွာငြိမ်းချမ်း နိဗ္ဗာန်နန်းနှင့် စခန်းသင့်အောင် မှန်းလင့် ရည်ရော် ကောင်းစွာဟောတော်မူအပ်ပါပေ၏။

---

#### သန္ဒိဌိက ဂုဏ်တော်ဖွင့်
(၂) **<mark>ဓမ္မော</mark>-** = မဂ်, ဖိုလ်, နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊
**သန္ဒိဋ္ဌိကော-** = ဟောပြသလောက် ကျင့်တိုင်းပေါက်၍ မဂ်ရောက်ဖိုလ်ထိ ပညာရှိသည့် များအရိယာသူတော်စွာတို့ သူတကာပြောယုံကြည်သောကြောင့် သဘောချင်းထပ် မဆည်းကပ်ဘဲ တပ်အပ်ထင်ထင်