ကဲ ဦးဇင်းတို့ စာမျက်နှာ ၇၂ နော်။ စာမျက်နှာ ၇၂ ထီးတောင်ဝှေး ဓားစသည် လက်နက်များကို ကိုင်ပြီး တရားမနာကောင်းပုံ နော်။ တရားတော် နာယူသည့် ယောဂဝေဒနာတစ်စုံတစ်ရာမရှိ ကျန်းမာသူဖြစ်လျှင် လက်ဖြင့် ထီးကို ကိုင်လျက် မဆောင်းဘဲဖြစ်စေ ဆောင်းမိုးလျက်ဖြစ်စေ တရားမနာယူကောင်းပါတဲ့ နော်။ တရားနာယူတော့မည်ဆိုလျှင် ထီးကို မြေပေါ်မှာ မြေပေါ်၌ဖြစ်စေ ပေါင်ပေါ်၌ဖြစ်စေ ချထားပြီး လက်ဖြင့် မထိမကိုင်ဘဲ လုံးဝ လွှတ်ထားမှသာလျှင် တရားကို နာယူကောင်း၏။ ထီးဆောင်းထားမှ မဟုတ်ဘူးပေါ့ နော်။ ဟို ရောဂါရှိလို့ အရမ်းနေပူလို့ မခံနိုင်လို့ ထီးဆောင်းထားတာက ရတယ်။ သာမန် ဘာမှလည်း ရောဂါတစ်စုံတစ်ရာမရှိဘူး နေလည်းမပူ မိုးလည်းမရွာဘဲနဲ့ ထီးဆောင်းထားတယ်။ တချို့ ထီးမဆောင်းထားဘူး ထီးကို လက်က ကိုင်ထားတယ်။ အဲလိုဆိုရင် ဦးဇင်းတို့ တရားနာလို့ မရဘူး။ လူမှာ အပြစ်ရှိတာ မဟုတ်ဘူးနော် ဒါ ရဟန်းမှာ အပြစ်မရှိတာ။ အဲတော့ ရဟန်းတွေ အပြစ်မရှိအောင် ကိုယ်က ချောင်မြွေဖို့အတွက်ကို ဒါ သင်တန်းပေးရတဲ့ သဘော။ အဲတော့ ထီးကိုင်ထားတဲ့ လူကို တရားဟောခွင့် မရှိဘူး။ အဲတော့ ဦးဇင်းတို့က ဒကာကြီး ထီးချလိုက်ပါလို့ ပြန်ပြောရမှာ ဦးဇင်းတို့ဘက်ကလည်း။ ဒကာမကြီး ထီးကို အောက်မှာ ချထားလိုက်ပါလို့ ပြောရမှာ။ အဲတော့ ဆောင်းထားမှ မဟုတ်ဘူး အဲတော့ ထီးဆောင်းထားရင်လည်း မဟောကောင်းဘူး၊ လက်မှာ ချိတ်ထား လက်မှာ ကိုင်ထားရင်လည်း မဟောကောင်းပါဘူးပေါ့ နော်။ အဲတော့ အောက်ကို ချထားမှ သို့မဟုတ် ခုန ထိုင်နေတဲ့အခါမှာ ပေါင်ပေါ်မှာ တင်ထားလည်း ရတယ်။ အဲတော့ အဲလိုမျိုးဆိုရင် တရားဟောလို့ ရပြီပေါ့။ မရိုမသေတဲ့ သဘောပါတဲ့အတွက်ကြောင့်ပေါ့။ မိမိထီးကို မိမိကိုယ်အင်္ဂါတစ်စုံတစ်ခုနှင့် ထိနေသော်လည်း မိမိလက်ဖြင့် မထိမကိုင်ဘဲ ထားနေခြင်းဖြင့်လည်းကောင်း၊ သူတစ်ပါးက မိမိခေါင်းပေါ်သို့ ဆောင်းမိုးပေးထားခြင်းအားဖြင့်လည်းကောင်း တရားကို နာယူကောင်းပါ၏။ ကိုယ်ကိုယ်တိုင် ဆောင်းထားတာတော့ မဟုတ်ဘူး သူများနောက်က ဆောင်းပေးလို့ ကိုယ်က လုပ်ရှိပြီး နာတာ ရတယ် နော်။ အဓိက လက်နဲ့ ကိုင်ခြင်း ဆောင်းခြင်း မရှိဖို့ပေါ့။ အဓိက အဲဒါပဲ။ အဲတော့ လက်နဲ့ မကိုင်ထားရဘူး အောက်မှာ ချထား ပေါင်ပေါ်မှာ တင်ထား ရတယ် နော်။ အဲဒါဆိုရင် ဦးဇင်းတို့ တရားဟောလို့ ရတယ်။ အဓိကတော့ လက်နဲ့ ကိုင်ထားခြင်း မရှိဖို့ပေါ့။ စာထဲမှာက သူက န ဆတ္တပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာကရဏီယာလို့ ပြောတာကိုး။ ဆတ္တပါဏိဿ ဆိုတာ လက်၌ ထီးရှိသူ။ လက်၌ ထီးရှိသောသူအား တရားမဟောရလို့ ဒီလို ဥပဒေရှိတယ်။ ဒါကြောင့် ဆောင်းသည်ဖြစ်စေ မဆောင်းသည်ဖြစ်စေ လက်ထဲမှာ ထီးရှိနေတယ်ဆိုရင် မဟောရဘူး။ ဒါကြောင့် ထီးကို ချထားရမယ်နော်။ ထီး ထီးတစ်ခုတည်းလားဆိုတော့ မဟုတ်ဘူး တောင်ဝှေးလည်း ပါပါတယ်။ ထို့ပြင် တောင်ဝှေးကိုလည်း ကိုင်လျက်လည်း တရားတော်ကို မနာယူကောင်း။ အကယ်၍ တရားနာလိုလျှင် မိမိလက်၌ ကိုင်ဆောင်ထားသော ဒုတ်ကိုလည်းကောင်း၊ တောင်ဝှေးကိုလည်းကောင်း လက်မှ ချထားလျက်သာ တရားကို နာယူကောင်း၏။ အဲ့အတိုင်းပဲ တချို့ ဒကာကြီးတွေ ဒကာမကြီးတွေ တောင်ဝှေးသုံးတဲ့ ဒကာကြီးတွေ ဒကာမကြီးတွေကျတော့ သတိထားစရာပေါ့။ တောင်ဝှေးကို သာ ချပြီးခါမှ တရားနာနော်။ အဲ့တော့ တောင်ဝှေးကို တစ်နေရာမှာ ထောင်ထားပေါ့။ လက်ထဲမှာတော့ မထားနဲ့ပေါ့နော်။ ယောဂဝေဒနာ အရမ်းခံစားရတယ်ပေါ့နော်။ ခံစားနေရသော မကျန်းမာသူများသည်သာ ဒုတ်တောင်ဝှေးကို ကိုင်လျက် တရားနာယူကောင်း၏။ ဒုတ်မရှိရင် မဖြစ်နိုင်ဘူး ဘယ်လိုမှ ဒုတ်မပါလို့ မရတဲ့ အနေအထားဖြစ်နေရင်တော့ ဒုတ်ကို အားပြုရတယ်ဆိုရင်တော့ ဒုတ်ကို ဆောင်ထားလို့ရတယ်ပေါ့။ ဒုတ်မပါဘဲလည်း ရတယ်ဆိုရင်တော့ ဒုတ်ကို လွှတ်ထားလို့ရတယ်ပေါ့နော်။ အဲ့တော့ ဒုတ်ပါမှ ဖြစ်မယ့် လူမျိုးဆိုရင်တော့ ရပါတယ် ခြွင်းချက်ပေါ့။ ဤ၌ ဒုတ်တောင်ဝှေးတို့ဟူသည် လေးတောင် အတိုင်းအရှည်ရှိသော ဒုတ်တောင်ဝှေးကို ဆိုလိုသည်။ လေးတောင်အောက် တိုသော ဒုတ်တောင်ဝှေးနှင့် ထိုထက်ရှည်သော ဒုတ်တောင်ဝှေးကို ကိုင်၍ကာ တရားကို နာယူကောင်းပါ၏။ ဝိနည်းဆိုတာ အဲ့ဒါပဲ လောပဲလေ ဥပဒေပဲ သူက။ သူ့ဘောင်ထဲက လွတ်သွားရင် ဒါ ရသွားပြီနော်။ ဘာဖြစ်လို့လဲဆိုတော့ သူက လေးတောင်ကိုမှ အစာပေထဲမှာ ဒုတ်လို့ ခေါ်တယ်။ လေးတောင်ထက် ပိုသွားရင်လည်း ဒုတ်လို့မခေါ်ဘူး။ လေးတောင်အောက် တိုသွားရင်လည်း ဒုတ်မခေါ်ဘူးတဲ့။ တချို့ဆို ပြောမှာပါ အရှင်ဘုရား အတူတူပဲလို့ ပြောမှာပါပဲနော်။ တိုတိုရှည်ရှည် ဒုတ်က ဒုတ်ပဲ မလားလို့ ပြောမှာ။ ဒါပေမဲ့ ဥပဒေက သူက လေးတောင်ကိုပဲ ဒုတ်လို့ သတ်မှတ်တာ။ လေးတောင်ထက် ကျော်သွားခဲ့ရင် ဒုတ်လို့မခေါ်ဘူး။ လေးတောင်အောက် တိုခဲ့ရင်လည်း ဒုတ်မခေါ်ဘူး။ အဲ့ဒါကြောင့် ရဟန်းတော်တွေ ဒုတ်ကိုင်မယ်ဆိုလို့ရှိရင် သူက သမ္မုတိယူရသေးတယ် အခွင့်ပြုချက်ယူရသေးတယ်။ အဲ့ဒီ လေးတောင်လောက်ရှိတဲ့ ဒုတ်ကို ကိုင်မယ်ဆိုလို့ရှိရင် သံဃာတွေက ကမ္မဝါစာဖတ်ပြီး ခွင့်ပြုမှ ကိုင်ရတာ။ ကိုင်ချင်တိုင်း ကိုင်လို့မရဘူး ဒုတ်ကို သူက။ အဲ့တော့ သူ့ထက် တိုသွားခဲ့ရင် ကိုင်လို့ရတယ်။ ရှည်သွားရင်လည်း ကိုင်လို့ရတယ်။ ဒုတ်မဟုတ်တဲ့အတွက်ကြောင့် ဒုတ်စာရင်းထဲမှာ မပါဘူး။ အဲ့ဒါ ဒုတ်ကို သူက လေးတောင်ပဲ သတ်မှတ်ထားတာ။ အဲ့ဒါကြောင့် လေးတောင်ရှိတဲ့ ဒုတ်ကို ရဟန်းတစ်ပါး ဆရာတော်တစ်ပါးသည် ကိုင်မယ်ဆိုရင် သမ္မုတိယူရမယ်။ ဒီဆရာတော်သည် ဒုတ်မပါဘဲနဲ့ ရပ်လို့မရပါဘူး နေလို့မရပါဘူး။ ဒါကြောင့် ဒီဆရာတော်ကို ဒုတ်ကိုင်ခွင့်ပြုပါဆိုပြီးတော့... အဲ့ဒီလိုမျိုး။ အဲ့ဒါ မဟုတ်ဘူးဆိုရင် ဦးဇင်းတို့ အာပတ်သင့်တယ်ပေါ့နော်။ အဲ့ဒါကြောင့် လေးတောင်အောက်တိုတဲ့တုတ်၊ ခြေထောက်တုတ်ဆိုရင် တုတ်လို့မခေါ်ဘူး၊ ကိုင်လို့ရတယ်။ အဲ့ဒါကြောင့် ဒကာဒကာမတွေလည်း လေးတောင်အောက်တိုတဲ့တုတ်၊ လေးတောင်အောက်ခြေထောက်တုတ်ကိုင်လို့ရှိရင်တော့ ဒါ တရားဟောလို့ရတယ်။ လေးတောင်တိတိရှိတဲ့တုတ်ကိုဆိုရင်တော့ တရားမဟောရဘူးပေါ့။ ထို့ပြင်လည်း တရားနာသူသည် တရားတော်ကို နာယူသောအခါ ကျန်းမာလျက် ဓား၊ သံလျက်၊ လှံ၊ တင်းပုတ်၊ သေနတ် စသော လက်နက်တို့ကို ကိုင်ဆောင်လျက် တရားတော်ကို မနာယူကောင်း။ ဓားစသည်တို့ကို လက်ဖြင့်မကိုင်ဘဲ ပုခုံးဖြင့် လွယ်ထား၍ကား တရားကို နာယူကောင်း၏။ ဒါလည်း ဝိနည်းပဲ။ တချို့ကပြောတယ်၊ အရှင်ဘုရား လက်မှာကိုင်ထားတာနဲ့ ခါးမှာချိတ်ထားတာ ဘာထူးသေးလဲ တချို့ကပြောတယ်။ မဟုတ်ဘူး၊ ဝိနည်းမှာက လက်မှာပဲပြောထားတာ၊ ခါးမပါဘူး။ အဲ့ဒါကြောင့် ပါတဲ့အတိုင်းပဲ ဆုံးဖြတ်ရတယ် ဝိနည်းဆိုတာကလေ။ အတူတူပဲလို့ ဒီလို သဘောထားကြီးကြီးသွားမပြောနဲ့လေ။ ဥပဒေက ဥပဒေပဲပေါ့နော်။ သူ့ဥပဒေထဲမှာ မပါရင် ဒါ လွတ်တာပဲ။ အဲ့တော့ ဘုရားက လက်မှာရှိရင် ဓား၊ လက်နက်တွေ လက်မှာရှိရင် မဟောနဲ့လို့ပြောတာ။ အဲ့တော့ လက်မှာမထားဘူး၊ ခါးမှာထိုးထားမယ် ဓားတွေကို။ နောက်ကျောမှာ လွယ်ထားမယ်။ ဒါ ဟောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဘုရားက လက်ထဲမှာရှိမှသာ မဟောရဘူးလို့ ပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့်။ ဒါ ဘုရားဥပဒေက သူ့အတိအကျပဲပေါ့နော်၊ ခွဲလို့မရဘူးဗျ။ ဒီ ဟောရင် ဟောခဲ့တဲ့အတိုင်းပဲ သူက ဘယ်ဆိုဘယ် ညာဆိုညာပဲ သူက။ ဒီလိုလေးတော့မရဘူးလား၊ ဟိုလိုလေးတော့မရဘူးလား မဟုတ်ဘူး၊ သူပြောတဲ့အတိုင်းပဲ လုပ်ရတာနော်။ အဲ့တော့ ဘုရားက လက်ထဲမှာဆို လက်ထဲမှာပဲ။ တခြားမှာရှိရင် ဟောလို့ရတယ်။ အဲ့လိုပဲ ဟို သေနတ်တွေဘာတွေ။ တချို့တစ်ခါတလေ ဦးဇင်းတို့ အရာရှိတွေဘာတွေ တရားနာလာလို့ရှိရင် သေနတ်တွေဘာတွေ ပါတတ်တယ်။ အဲ့တော့ သူတို့က ခါးကြားမှာ ထိုးထားတယ်။ အချို့က မဟောကောင်း မဟောကောင်း ငြင်းကြတယ်။ ဟောကောင်းပါတယ်၊ ဘုရားက လက်မှာမကိုင်ထားရင် ဟောလို့ရတာ။ တချို့ကလည်း အရှင်ဘုရား ပစ်သတ်ရင် ဘယ်လိုလုပ်မလဲ ဟိုက ခါးထဲမှာထိုးထားရင် အချိန်မရွေး ပစ်သတ်လို့ရတယ်ပေါ့။ ဒါကတော့ ဘုရားက ခါးကိုပြောတာမဟုတ်ဘူး၊ မရိုမသေဖြစ်မှာစိုးလို့ ဘုရားပြောနေတာ။ ပစ်သတ်တာ မပစ်သတ်တာ ဘုရားပြောတာမဟုတ်ဘူး။ သတ်ချင်လို့ကတော့ ဘယ်လိုပဲသတ်သတ် သတ်လို့ရတာပဲ။ ခါးမှာရှိထားမှ မဟုတ်ဘူးပေါ့နော်။ အဲ့တော့ ဘုရားက လက်ထဲမှာကိုင်ထားရင် ဒါ အဂါရဝဖြစ်နေတယ်။ ဒါကြောင့် လက်ထဲမှာမကိုင်ထားစေနဲ့လို့ ဘုရားပြောချင်တာ။ သေနတ်ကြီးတစ်ကားကားနဲ့ တရားဟောတာ အဆင်မပြေဘူးလေ။ အဲ့ဒါကြောင့် ဘုရားက ရှေ့မှာချထားတာ၊ ခါးမှာချိတ်ထားတာ၊ ကျောမှာလွယ်ထားတာဆိုရင်တော့ ဟောလို့ရတယ်လို့ ပြောတာ။ ကျောမှာပဲ ချိတ်ချိတ် လက်ထဲမှာ သေနတ်မကိုင်ထားရင် ပြီးရော။ အဲ့လိုပြောတာပါနော်။ အဲ့တော့ တချို့က ဟာ အတူတူပဲလေ လက်ထဲမှာ ကိုင်ထားတာနဲ့ ခါးမှာ ချိတ်ထားတာ ဘာထူးသေးလို့လဲပေါ့။ ထူးပါတယ်နော်။ ဘုရားက နည်းနည်းလေး လက်ထဲမှာ ကိုင်ထားတာက မရိုမသေ သဘောသက်ရောက်စေတယ်။ ခါးမှာ ချိတ်ထားတာက သူ့ဟာသူ ချိတ်ထားတာ ဘာမှ မရိုမသေ သဘောမသက်ရောက်ဘူး။ သူက uniform သဘောအတိုင်းပဲပေါ့နော်။ ဒါကြောင့်မို့လို့ ဘုရားရဲ့ ဥပဒေကို ဟိုလိုလေး ဒီလိုလေး သွားပြင်လို့မရဘူး။ သူ့အတိုင်းပဲ သွားရမှာပေါ့နော်။ အဲ့တော့ ခုနက အဲ့တော့ ဓားတို့၊ သံလျက်တို့၊ လှံ၊ တင်းပုတ်၊ သေနတ်နော် ဒါတွေကို ဦးဇင်းတို့ လက်ထဲမှာ မရှိရင် ဟောလို့ရတယ်။ လက်ထဲမှာ ရှိရင် မဟောကောင်းဘူး။ ဒကာကြီး သေနတ်ကို ခဏ ဘေးဖယ်ထားပေးပါ၊ ဒါမှမဟုတ် ခါးမှာ ချိတ်ထားပေးပါလို့ ပြောရတယ်နော်။ ထို့ပြင် တရားနာယူလိုသူသည် တရားတော်ကို နာယူသောအခါ ကျန်းမာလျက် လေးကို လက်ဖြင့် ကိုင်ဆောင်ကာ တရားမနာယူကောင်း။ ဒူးလေးတို့၊ လေးတို့ဘာတို့ ပြောတာ။ မြားတို့ဘာတို့ ပြောတာ။ ဤ၌ လေးသက်သက်ပင်ဖြစ်စေ၊ မြားနှင့် လေးနွှဲလျက်ဖြစ်စေ၊ ညွှတ်တင်ထားသည်ဖြစ်စေ၊ ညွှတ်မတင်ထားသည်ဖြစ်စေ လေးနှင့်ဆိုင်ရာ လေးကိုင်း၊ လေးကြိုး၊ မြားတို့သည် လေးစာရင်း၌ အကျုံးဝင်သည်။ ဘာမှမကိုင်ထားရဘူး လေးနဲ့ပတ်သက်တဲ့ ပစ္စည်းပေါ့နော်။ လေး၊ မြား ဘာတစ်ခုမှ မကိုင်ရဘူး။ ကြိုးတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ မကိုင်ရဘူးပေါ့။ မြားတို့ကို ပုခုံး၌ လွယ်ထားလျှင်သော်လည်းကောင်း၊ အောက်၌ ချထားလျှင်သော်လည်းကောင်း လက်ဖြင့် မထိမကိုင်ထားလျှင်သော်လည်းကောင်း တရားနာယူကောင်းသည်။ လိုရင်းကတော့ လက်ထဲမှာ မရှိဖို့ပဲ။ အဲ့ဒီ ထီးရယ်၊ တောင်ဝှေးရယ်၊ ဓား စတဲ့ လက်နက်အမျိုးမျိုး အဲ့ဒါ လက်ထဲမှာ မရှိရင် တရားဟောလို့ရတယ်။ ရှိရင် မဟောကောင်းဘူး ဆိုတာ။ အဲ့ဒီမှာလည်းပဲ တိတိကျကျ ပြောရမယ်ဆိုရင် တရားဆိုတဲ့ နေရာမှာလည်း ပါဠိစာကို ပြောတာပဲ သူက။ မြန်မာလို ဟောလို့ရတယ်ဆိုတဲ့ အခွင့်အရေးကလည်း လာပြန်တယ် သူက။ ဒီခုနက ပါဠိအဋ္ဌကထာပေါ့နော်။ ပါဠိစကားနဲ့ အဋ္ဌကထာစကား၊ ပါဠိစကား၊ အဋ္ဌကထာစကားတွေကို ပါဠိဘာသာနဲ့ ဟောတာ။ အဲ့တော့ မြန်မာလို၊ အင်္ဂလိပ်လိုကတော့ အခွင့်အရေးရှိ ဟောလို့ရတယ်ဆိုပြီးတော့ အဋ္ဌကထာဆရာများက ဆက်လက်ပြီးတော့ ဖွင့်ဆိုရေးသားတာ ရှိတယ်။ အဲ့ဒါကြောင့် လက်ထဲမှာ ဓားကိုင်ထားတဲ့လူ၊ တုတ်ကိုင်ထားတဲ့လူ၊ ထီးကိုင်ထားတဲ့လူတွေကို မြန်မာဘာသာနဲ့ ဟောရင် ရတယ်နော်။ တရားစကားတော့ ပါဠိဘာသာကျတော့ လေးနက်တယ်ပေါ့။ အလေးထားရမယ့် စာပေဖြစ်နေတယ်။ အလေးထားရမယ့် ပါဠိစာပေဖြစ်တဲ့အတွက်ကြောင့် လေးစားထိုက်တဲ့ ပါဠိစာပေကို ဟောတဲ့အခါကျတော့ လက်ထဲမှာ ဓားတွေ မရှိစေနဲ့။ မြန်မာလိုကတော့ ကြိုက်တဲ့ဘာသာနဲ့ ဟော ဒါကတော့ လေးစားမှု... ဒီနေ့တော့ ဗုဒ္ဓဘာသာ စကားမဟုတ်တဲ့အတွက်ကြောင့် အဲ့လိုမျိုးပေါ့နော်။ အဲ့ဒါ ဦးဇင်းတို့ တရားနာတဲ့အခါမှာ လက်ထဲမှာ မရှိရမယ့် ပစ္စည်းတွေနော်။ ထီးရယ်၊ တောင်ဝှေးရယ်၊ လက်နက်အမျိုးမျိုးပေါ့နော်။ အဲ့ဒါ လက်ထဲမှာ မရှိစေရဘူး တရားနာတဲ့အခါမှာ။ ဒါကတော့ မြို့သူမြို့သားတွေမှာတော့ ရှားပါတယ်။ တောသူတောသားတွေမှာတော့ ဒါလေးရှိတတ်တယ်ပေါ့။ မြို့သားတွေမှာတော့ ဘာရှိမလဲဆိုတော့ ထီးတို့ တောင်ဝှေးတို့တော့ ရှိတတ်တယ်ပေါ့။ တောသူတောသားတွေမှာကျတော့ ဓားတို့ဘာတို့နော်၊ တူစင်းတို့ဘာတို့ ရှိတာပေါ့ လက်ထဲမှာကို။ နောက်ပြီး စာမျက်နှာ ၇၄ ပေါ့နော်။ တရားမနာကောင်းတဲ့ဟာ။ ယာဉ်ပေါ်မှ နောက်တစ်ခါ အိပ်ရာပေါ်မှာ နေပြီး တရားမနာကောင်းတဲ့ဥစ္စာ။ တရားဟောပုဂ္ဂိုလ်က ယာဉ်ထက်နိမ့်သော နေရာမှာ နေ၍ တရားဟောသည်ကို တရားနာယူသူက ကျန်းမာလျက် ယာဉ်ပေါ်မှာ နေထိုင်ကာ တရားမနာယူကောင်း။ ယာဉ်ပေါ်မှ ဆင်းသက်ပြီးမှသာ တရားတော်ကို နာယူကောင်း၏။ ဆိုတာ ဟောသူက အောက်ကပေါ့နော်။ နာသူက ကားပေါ်က အဲ့လိုဖြစ်နေတယ်ဆိုတော့ မြင့်နေတာပေါ့ သူက။ အဲ့လိုမရဘူးလေနော်။ အဲ့တော့ တရားဟောသူနဲ့ တရားနာသူမှာ ဟောသူက အပေါ်ကပဲ ဖြစ်ရမယ်။ တရားနာသူက အောက်ကဖြစ်ရမယ်။ ဒီလိုဖြစ်ရမယ်။ အဲ့တော့ တရားနာသူက အပေါ်က ယာဉ်ကားပေါ်က ဖြစ်နေတယ်။ ဟောသူက အောက်ကနေ ဟောမယ်။ မရဘူးပေါ့နော်။ တစ်ခါတလေ ဒကာဒကာမတွေက ကားပေါ်က ဘုန်းကြီးက အောက်ကနေပြီးတော့ မတ်တပ်ရပ်ပြီး ဟောတယ်။ မရဘူးပေါ့နော်။ အဲ့ဒါမရဘူး။ အဲ့တော့ အကယ်၍ ဘုန်းကြီးကလည်း ကားပေါ်က လူလည်း ကားပေါ်ကဆိုရင်တော့ ဟောလို့ရတယ်။ သူလည်း ကားပေါ် ကိုယ်လည်း ကားပေါ် level တူတယ်။ level တူရင် ဟောလို့ရတယ်။ အဲ့လိုမျိုးပေါ့။ အဲ့တော့ ယာဉ်ပေါ်က ဆင်းသက်ပြီးမှသာ တရားတော်ကို နာယူကောင်း၏။ အမှန်တကယ် ရောဂါဖြစ်နေ၍ ထိုင်မရ ထမရ လမ်းလျှောက်၍ မရခဲ့လျှင် ယာဉ်ပေါ်မှသာ နေရသူဖြစ်လျှင် ယာဉ်ပေါ်မှာပင် တရားနာယူကောင်း၏နော်။ တစ်ခါတလေ ဟိုမသွားနိုင်မလာနိုင်တဲ့လူတွေက ကားပေါ်မှာပဲ ထိုင် ထလို့အဆင်မပြေဘူး။ အဲ့ဒါဆိုရင်တော့ ရတယ် ဂိလာနလို့ခေါ်တယ်နော်။ သို့မဟုတ် တရားဟောပုဂ္ဂိုလ်ကလည်း တရားနာယူသူနှင့် ယာဉ်တစ်ခုတည်း၌ပင် နေ၍ တရားဟောကြားရာမျိုး၌ ယာဉ်ပေါ်မှာပင် တရားကို နာယူကောင်း၏နော်။ Level တူသွားတယ်။ သူလည်း ကားပေါ် ကိုယ်လည်း ကားပေါ်က။ သူလည်း လှေပေါ်မှာ ကိုယ်လည်း လှေပေါ်မှာ ရတယ်။ ယခုကာလ လှည်း၊ လှေ၊ သင်္ဘော၊ ရထား၊ ကား အမျိုးမျိုး၊ အဝတ်ထမ်းစင်များနှင့်တကွ လူနှစ်ယောက် လက်ချင်းယှက်၍ မချီယူအပ်သော လက်ယှက်မှုများကိုပါ ယာဉ်ဟုခေါ်ပါသည်နော်။ ဟုတ်ကဲ့ပါခင်ဗျာ။ လူတွေဘာတွေ ထိုင်ထားတဲ့ဥစ္စာလည်း ဒါရင်ပဲ။ နည်းနည်းလေး ဝှီးချဲလ်တွေဘာတွေလည်း ရင်ထဲထည့် အကုန်ထည့်နော်။ အကုန်ထည့်မယ်။ ကျန်းမာလျက် ထိုရင်ပေါ်၌ နေကာ တရားမနာကောင်း။ တရားဟောပုဂ္ဂိုလ်က ရင်တစ်စီးပေါ်မှ ဟော၍ တရားနာသူကလည်း အခြားရင်တစ်စီးပေါ်မှ နာယူရာ၌ တရားနာသူရင်သည် တရားဟောပုဂ္ဂိုလ်၏ ရင်၏ နောက်မှ နေလျှင်လည်းကောင်း၊ တရားနာသူရင်က မြင့်နေလျှင်လည်းကောင်း တရားမဟောကောင်းချေ။ ကားနှစ်စီး ယှဉ်မောင်းရင်းနဲ့တော့ ရတယ်။ အဲ့မှာလည်း ကိုယ့်ကားက မြင့်နေရင် ရသေးတယ်။ ဟောတဲ့ပုဂ္ဂိုလ်ရဲ့ ကားက နိမ့်နေရင်လည်း အဆင်မပြေသေးဘူးနော်။ ကားချင်းတူပေမယ့်လည်း ဟို နာသူရဲ့ကားက မြင့် ဟောသူရဲ့ကားက နိမ့်ရင် တရားမဟောကောင်း။ နောက်တစ်ခါ ရှေ့ဆင့်နောက်ဆင့် ကိုယ့်ကားက ရှေ့က အော် ဆောရီး ဟောတဲ့ဘုန်းကြီးရဲ့ကားက နောက်က နာတဲ့ဘုန်းကြီးက နာတဲ့လူက ရှေ့ကဆိုလည်း မရဘူး။ ဘာလို့လဲဆိုတော့ နောက်ကမဟောကောင်း တရား။ နောက်မှာ လာလိမ့်မယ် သူက တရားဟောတဲ့အခါမှာ နောက်ကနေ ရှေ့ကို မဟောကောင်း။ အဲ့တော့ ကားတစ်စီးထဲမှာ အဲ့ဒါ သတိထားရမှာ။ ကားတစ်စီးထဲမှာ ဟို လူတွေက ရှေ့ကထိုင်တယ်။ ဘုန်းကြီးက နောက်ကထိုင်ပြီး တရားဟောတယ်။ မအပ်ဘူး အဲ့ဒါ။ အဲ့တော့ တရားဟောသူသည် ရှေ့ကထိုင်ရမှာနော်။ အဲ့ကြောင့် တစ်ခါတစ်လေ ကားပေါ်မှာ တရားစကားတွေ ပြောစရာရှိတယ်ဆိုရင် ဘုန်းကြီးက ရှေ့ကနေရမယ်။ အဲ့တော့ နောက်ကနေပြီး လူတွေကို ရှေ့ကို တရားဟောတာ မဖြစ်စေရဘူး။ ဒါလည်း သတိထားစရာနော်။ အဲ့တော့ တရားဟောတဲ့အခါမှာ ကားတစ်စီးထဲမှာတောင်မှ ရှေ့နဲ့နောက်နဲ့ သတိထားရမယ်။ နောက်ကနေကာ ရှေ့က ရှေ့ကသူကို မဟောကောင်း။ ဒါ မလေးမစားရောက်တယ်ပေါ့ တရားကိုနော်။ အဲ့ကြောင့် ဦးဇင်းတို့ ဝိနည်းမှာတောင်မှ တရားနာတဲ့ ဟို တရား ဒီစာဝါတွေ ချတဲ့အခါမှာလေ တစ်ခါတစ်လေ ဦးဇင်းတို့ စာချတဲ့အခါမှာ ကိုယ့်ထက် ဝါငယ်တဲ့ ဦးဇင်းတွေဘာတွေ ပါတတ်တယ် ဟို ဝါကြီးတဲ့ပုဂ္ဂိုလ်တွေ ပါတတ်တယ်လေ။ စာချတဲ့ဘုန်းကြီးက ဝါငယ်နေတယ်။ စာလိုက်တတ်တဲ့ပုဂ္ဂိုလ်က ဝါကြီးနေတယ်။ အဲ့ဆိုရင် ဘယ်လိုထိုင်ကြမလဲပေါ့နော်။ မြတ်စွာဘုရားလက်ထက်တော်တုန်းက အဲ့လိုကြုံဖူးတယ်လေ။ အရှင်ဥပါလိဆီမှာ မြတ်စွာဘုရားက ဝိနည်းတွေ သွားသင်ကြဖို့ တိုက်တွန်းတယ်။ ဝိနည်းဆိုတာ သာသနာမှာ အရေးကြီးတယ်ပေါ့နော်။ အဲ့ကြောင့် ဝိနည်းသွားသင်ကြပါဆိုပြီး မြတ်စွာဘုရား တိုက်တွန်းတယ်။ တိုက်တွန်းတော့ အကုန်လုံး ဝါကြီးတဲ့ပုဂ္ဂိုလ်တွေရော ဝါငယ်တဲ့ပုဂ္ဂိုလ်တွေရော အရှင်ဥပါလိဆီမှာ ဝိနည်းသွားသင်ကြတယ်။ သွားသင်တော့ အရှင်ဥပါလိက ဝါငယ်တော့ သူ စာသင်ရတာ တော်တော်ခက်နေတယ်။ အော် အပေါ်ကထိုင်ရမလား အောက်ကထိုင်ရမလား အဲ့လိုဖြစ်နေတယ် သူက။ အပေါ်ကထိုင်ပြန်ရင်လည်း မထေရ်ကြီးတွေကို မလေးမစားဖြစ်မယ်။ ဟို အောက်ကနေ သင်ပြန်ရင်လည်း တရားတော်ကို မလေးမစားဖြစ်မယ်။ တရားကို မလေးမစားဖြစ်မယ်။ အဲ့တော့ ဘယ်လိုထိုင်ရမလဲ မေးတော့ မြတ်စွာဘုရားက နှစ်မျိုးပြောတယ်။ စာဝါလိုက်တဲ့ မထေရ်ကြီးများကလည်းပဲ တဲ့ ဓမ္မကို ဂါရဝထားတဲ့ အနေဖြင့် အောက်က ထိုင်ပေးပါ အရှင်ဘုရား နော်။ ပုဂ္ဂိုလ်ကို မဟုတ်ဘူး စာချပေးတဲ့ ဆရာတော်ကို လေးစားတာ မဟုတ်ဘူး သူပို့ချတဲ့ ဓမ္မကို လေးစားသောအားဖြင့် အောက်ကနေ ထိုင်ပေးပါ။ စာချတဲ့ ပုဂ္ဂိုလ်ကလည်း ဝါငယ်တယ် ဆိုပေမယ့်လည်း ဓမ္မကို လေးစားသောအားဖြင့် အပေါ်က ထိုင်ပေးပါ အရှင်ဘုရားက နော်။ အဲ့တော့ ဓမ္မကို လေးစားသောအားဖြင့် ဝါငယ်သော်လည်း အပေါ်ကနေ ထိုင်။ လိုက်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဓမ္မကို လေးစားသောအားဖြင့် အောက်ကနေ ထိုင်ပေးပါ။ ဒါမှမဟုတ်ရင်လည်း တန်းတူထိုင်ပါ နှစ်ခုပေးတယ် နော်။ အဲ့တော့ တရားဟောတဲ့ ပုဂ္ဂိုလ်သည် အပေါ်က ထိုင်လည်းထိုင် မဟုတ် တန်းတူထိုင်။ အောက်ကတော့ မထိုင်စေရဘူး ဝါနဲ့မဆိုင်တော့ဘူး။ တခြားနေရာမှာဆိုရင်တော့ ဝါနဲ့ဆိုင်တယ် ဝါငယ်လို့ရှိရင် အောက်ကပဲ ထိုင်ရတယ် အပေါ်မထိုင်ရဘူး နော်။ ဒါပေမယ့် ဒီနေရာမှာကျတော့ သူက တရားတော်ကို လေးစားသောအားဖြင့် ဟောသူက အပေါ်ကထိုင် နာသူက အောက်ကထိုင်။ အဲ့ဒါကြောင့် ခုနက ရှေ့နဲ့နောက်မှာဆိုရင်လည်း ဟောသူက ရှေ့ကနေ နာသူက နောက်ကနေ နော်။ အဲ့လို သတိထားရမှာပေါ့နော်။ ထို့ပြင်လည်း တရားဟောပုဂ္ဂိုလ်က နော် ထိုင်လျက်ဖြစ်စေ ရပ်လျက်ဖြစ်စေ တရားနာဟောနေသည်ကို တရားနာသူက ကျန်းမာရေးနဲ့ ပြည့်စုံနေ အိပ်လျက်မနာကောင်း။ ဒါ နေမကောင်းရင်တော့ ရတယ်နော် လူမမာက နေမကောင်းလို့ အိပ်ရာမှာ လဲနေတာကို တရားသွားဟောတာ ရတယ်။ ကျန်းမာရေး ကောင်းပါလျက်နဲ့ အပျင်းထူပြီးတော့ အိပ်ရာက မထဘူး ဘုန်းကြီးက တရားသွားဟော မရဘူးနော်။ အဲ့လို အိပ်နေတဲ့ တရားကြောင့် တရားနာလို့ရှိရင် အိပ်ပြီး မနာနဲ့။ တချို့က အိပ်ပြီး တရားနာတတ်ကြတယ် နားကြပ်တပ်ပြီးတော့ထားတာ သူက အေးအေးဆေးဆေးပဲ နာတယ်နော် အဲ့လိုမျိုး။ အဲ့တော့ ရိုရိုသေသေနာဖို့ပေါ့ တရားနာရင်။ အဲ့တော့ တရားဟောတဲ့ ကက်ဆက်တို့ ဘာတို့ဆိုရင်လည်း ခုံပေါ်မှာ အမြင့်မှာ ထားပြီးတော့ ဖွင့်သင့်တာပေါ့နော်။ တရားကို လေးစားသောအားဖြင့်ပေါ့ ဟုတ်လား သူကနော်။ ရိုရိုသေသေလေး တကယ် ဆရာတော်တစ်ပါးက တရားဟောနေသလိုမျိုး နာရင် ပိုကောင်းတာပေါ့နော် ပိုကောင်းပါတယ်။ တရားနာတဲ့အခါမှာ အဲ့ကက်ဆက်တို့ ဘာတို့ကို အပေါ်မှာ ထားပြီးတော့ နာတာကောင်းတယ်။ ရိုရိုသေသေနာ ကိုယ်မနာချင်တော့ဘူးဆိုရင်လည်း ပိတ်ပြီးတော့ အိပ်လိုက်ရုံရှိတာပေါ့နော်။ အခုခေတ်ကတော့ လွယ်လွယ်ကူကူပဲလေ နားကြပ်ကလေး တပ်ပြီးတော့ နာလိုက်ကြတာပေါ့နော်။ ပြီးရင် တရားနာရင်းနဲ့ပဲ အိပ်ပျော်သွားတာပေါ့ ဖွင့်ထား အိပ်ပျော်။ မသင့်ရင်ပဲ ကိုယ်အိပ် ဟိုဟာ သိပ်ပေးသလို ဖြစ်နေတာနော် အိပ်ဆေးဖြစ်နေတယ် တရားတော်က။ တရားတော်က အိပ်ဆေးဖြစ်နေတာနော်။ အဲ့ဒါ အတတ်နိုင်ဆုံး ဂါရဝတရားထားပြီးတော့ နာသင့်ပါတယ် တရားတော်ကိုနော်။ ဆရာတော်တစ်ပါး လာပြီးတော့ ဟောနေသလိုမျိုးပေါ့။ သွားလာပြီး ဟောနေသလိုမျိုး ကက်ဆက်ဖွင့်ရင်လည်း ရိုရိုသေသေ နာကြပေါ့ နော်။ အဲ့တော့ ခုန ကျန်းမာရေးကောင်းရဲ့သားနဲ့ အိပ်ရာထဲက မနာရဘူးတဲ့ နော်။ ကျန်းမာရေးမကောင်းဘူးဆိုရင်တော့ အိပ်ရာထဲမှာ နာလို့ရပါတယ်နော်။ တရားဟောပုဂ္ဂိုလ်နှင့် တရားနာသူ နှစ်ယောက်လုံးသည် အိပ်လျက် ဟောပြောနာယူရာ၌လည်း တရားနာသူက နိမ့်ရာအရပ်၌ အိပ်လျက်သာလျှင် တရားနာယူအပ်၏။ အဲ့တော့ သူလည်း ကုတင်ပေါ်မှာ အိပ်နေ ကိုယ်လည်း ကုတင်ပေါ်မှာ အိပ်ပြီးတော့ ဟို တရားဟောမယ်ဆိုရင် အိပ်ပြီးဟောလို့ရတယ်။ သူက ဣရိယာပုဒ်ထဲမှာ သူက အိပ်တဲ့ပုဒ်က ဇိမ်ကျတယ်လေ သူက။ အဲ့တော့ အိပ်တဲ့ပုဒ်က သူက မြင့်မြတ်တယ်လို့ ယူဆတယ်။ အဲ့တော့ ဣရိယာပုဒ် သုံးခုပေါ့နော် လေးခုပေါ့ သွား ရပ် ထိုင် လျောင်းမှာ လျောင်းစက်ဣရိယာပုဒ်က ပိုပြီးတော့ သာတယ်ပေါ့လေ။ အဲ့တော့ ကိုယ်က ရပ်ပြီးဟောတယ်ဆိုရင် ဒါ နည်းနည်း အောက်တယ်ပေါ့လေ သူက အဲ့သဘောဖြစ်သွားတယ်။ အဲ့ဒါကြောင့် ကိုယ်လည်း အိပ်ဟော အဲ့ဆိုရင် သူအိပ် ကိုယ်လည်း အိပ်ဟော အဲ့ဒါဆို တူသွားတယ် အဲ့ဒါဆို ရတယ်နော်။ အဲ့လို အိပ်ဟောတဲ့အခါမှာလည်း သူ့ကုတင်နဲ့ ကိုယ့်ကုတင်က ဟိုဟာ လယ်ဗယ်တူရင်လည်းတူ သို့မဟုတ် ကိုယ်က မြင့်ရမယ်။ အဲ့တော့ ဟောတဲ့သူရဲ့ ကုတင်က မြင့်နေရမယ်။ ဟောတဲ့သူက ကုတင်က နိမ့်မနေရဘူး။ ကုတင်လယ်ဗယ်လည်း ကြည့်ရဦးမှာပေါ့နော်။ အဲ့ဒါကြောင့် သို့သော်တဲ့နော် လျောင်းခြင်း ထိုင်ခြင်း ရပ်ခြင်း သွားခြင်းဟူသော ဣရိယာပုဒ် လေးပါးတို့တွင် ရပ်ခြင်း ထိုင်ခြင်း နှစ်မျိုးတို့ဖြင့် နာယူခြင်းသည်သာ တရားဟောပုဂ္ဂိုလ်နှင့် တရားတော်တို့ကို လေးစားရာရောက်သည်နော်။ မြန်မာနိုင်ငံမှာ ထူးဆန်းတာက မတ်တပ်ရပ်တာကို မရိုသေဘူးလို့ တချို့က သတ်မှတ်တယ်နော်။ ဒီမှာ အဲ့လိုမဟုတ်ဘူး သူက စာပေထဲမှာက အဲ့လိုမဟုတ်ဘူး သူက။ ဒါ ထိုင်ခြင်းဣရိယာပုဒ်နဲ့ ဒီ ရပ်ခြင်းဣရိယာပုဒ်က သူက သူ့ကို respect ပေးတာပဲနော်။ လေးစားပေးတာ လေးစားတာ ဒါက။ အဲ့ဒါကြောင့် ဦးဇင်းတို့ ဆရာတော်ကြီးတွေလာရင် မတ်တပ်ရပ်ပေးတယ်လေ။ ဒါ လေးစားတာပဲ ဒါနော်။ အဲ့ဒါကြောင့် ဒါ မတ်တပ်ရပ်နာယူတယ်ဆိုတာ ဒါ လေးစားတာပဲ ဒါ။ အဲ့လိုရတယ်။ အဲ့ဒါကြောင့် ဦးဇင်းတို့ ဒီ ရပ်ပြီးတော့ နာတာ ထိုင်ပြီးတော့ နာတာဟာ သင့်ပါတယ်နော်။ တချို့က ဟာ မရပ်နဲ့ ထိုင် တချို့ပြောကြတယ်။ မဟုတ်ဘူး သူက ရပ်တာဟာ respect ပေးတာပဲ တကယ်တော့။ လူကြီးတွေလာတဲ့အချိန် နေရာထပေးတာဘာညာဆိုတာ လေးစားတာပဲနော် အဲ့ဒါကြောင့်။ အဲ့ဒါကြောင့် တရားဟောပုဂ္ဂိုလ်နှင့် တရားတော်တို့ကို လေးစားရာရောက်ပါသည်တဲ့ ထိုင်ခြင်းဣရိယာပုဒ်နဲ့ ရပ်ခြင်းဣရိယာပုဒ်။ အဲ့ဒါကြောင့် လျောင်းခြင်း သွားခြင်း ဣရိယာပုဒ်တို့ဖြင့် တရားနာယူမှုသည် ရိုသေလေးစားမှု နည်းပါးရာရောက်၍ ထိုလျောင်းခြင်း သွားခြင်းတို့ဖြင့် မနာယူမိအောင် သတိထားသင့်သည်တဲ့နော်။ အဲ့ဒါကြောင့် အိပ်ပြီးနာတာတို့ လမ်းလျှောက်ပြီးနာတာတို့က မရိုသေရာရောက်တယ်ပေါ့နော်။ မသင့်တော်ဘူးပေါ့နော်။ အဲ့တော့ ဟောတဲ့သူကတော့ သူက အိပ်ပြီးဟောလို့ရတယ် ဘာမှမဖြစ်ဘူးနော်။ ဟောတဲ့သူက အိပ်နေမယ်၊ နာတဲ့သူက ထိုင်နေမယ် ဒါကရတယ် ပြဿနာမရှိဘူးနော်။ အဲ့တော့ အဓိကက ဘာလဲဆိုတော့ ခုနက ဟိုအိပ်နေတဲ့သူကို မဟောမိဖို့နော် အဲ့လိုမျိုး အဲ့ဒါ သတိထားဖို့ပဲ။ အဲ့တော့ ဟိုနာတဲ့ ဟိုဒီ နာတဲ့သူနဲ့ ဟောတဲ့သူမှာ ထိုင်ခြင်း ရပ်ခြင်းဆိုတာလည်း ရှိသေးတာကိုနော်။ အဲ့တော့ နာတဲ့သူက မတ်တပ်ရပ်နေမယ်၊ ဟောတဲ့သူက ထိုင်နေမယ် ဒါရတယ် ဘာမှမဖြစ်ဘူး သဘောပေါက်လားမသိဘူး။ အဲ့တော့ ထိုင်ပြီးတော့ မတ်တပ်ရပ်တဲ့သူကို ဟောလို့ရတယ် ဟုတ်လား။ အဲ့တော့ ရပ်ပြီးတော့ ထိုင်တဲ့သူကို မဟောကောင်းဘူး သူက အဲ့ဒါသတိထားမယ်နော်။ အဲ့ဒါ သတိထားရမယ် ဦးဇင်းတို့ စာချတဲ့အခါ တရားဟောတဲ့အခါ မတ်တပ်မဟောရဘူး အဲ့ဒါသတိထားရမယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်ပေါ့ ဟောတဲ့ဆရာတော်က ကျန်းမာရေးအရ မကောင်းလို့ ထိုင်လို့အဆင်မပြေလို့ မတ်တပ်ဟောတာ ဒါရတယ်။ ဟောတဲ့ဆရာတော် အဲ့ဒါကြောင့် ဦးဇင်းတို့ စာချဘုန်းကြီးတွေဆိုတာ သတိထားရတယ် မတ်တပ်ရပ်ပြီး စာမချမိအောင် သတိထားရတယ်နော်။ မြန်မာနိုင်ငံမှာဆိုတော့ ဒါကိုတော့ ဂရုစိုက်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ မတ်တပ်ရပ်တာက ဒါဘာမှမဖြစ်ဘူး ထင်မှာလေ။ အဲ့တော့ ဒါပေမဲ့ ဟောတဲ့ပုဂ္ဂိုလ်က မတ်တပ်မရပ်ရဘူး ဟောတဲ့ပုဂ္ဂိုလ်က ထိုင်ရမှာ။ နာတဲ့ပုဂ္ဂိုလ်က ရပ်နေလို့ရတယ် သူက မတ်တပ်နာလို့ရတယ်နော်။ အဲ့တော့ ဟောသူက ထိုင်မယ် နာတဲ့သူက မတ်တပ်ရပ်မယ် ဒါရတယ်။ အဲ့တော့ ဟောသူက မတ်တပ်ရပ်နေရင် မရဘူး အဲ့လိုရှိတယ်နော်။ အဲ့ဒါ တစ်ခါတုန်းက ဦးဇင်းတို့ အစည်းအဝေးတစ်ခုမှာလေ ရွှေကျင်ဂိုဏ်း အစည်းအဝေးမှာ မြောင်းမြဆရာတော်ကြီးက တရားဟောဖို့ တာဝန်ကျတယ်ထင်တယ်။ မြောင်းမြဆရာတော်ကြီးကို ဆရာတော်ကြီးတွေက ကဲ ဦးဇင်းတရားဟောစမ်းပါဦး တာဝန်ပေးတယ်ပေါ့ ဩဝါဒပေးခိုင်းတာလား တရားဟောခိုင်းတာလားမသိဘူး တာဝန်ကျတယ်။ ကျတော့ ဆရာတော်ကြီးက ဟို ဂါရဝတရားတဲ့အနေအားဖြင့်လည်း ပါတယ် နောက်တစ်ခု ခုနက ဆရာတော်ကြီးတွေလည်း ရှိနေတော့ သူက မတ်တပ်ရပ်လိုက်တယ်။ အဲ့တော့ မတ်တပ်ရပ်ပြီးတော့ တရားဟောရမှာဆိုတော့ ဝိနည်းတော်အရ မအပ်စပ်ဘူးနော်။ အဲ့တော့ တခြားသံဃာတွေက ထိုင်နေတယ်လေ ဆရာတော်က မတ်တပ်ရပ်နေတယ်။ အဲ့တော့ မတ်တပ်ရပ်ပြီးတော့ တရားမဟောကောင်းဘူး စာမချကောင်းဘူး ဒီတော့ ဆရာတော်ဘာလုပ်ရလဲဆိုတော့ တစ်ပါးကို မတ်တပ်ရပ်ခိုင်း တပည့်တစ်ပါးကို ကဲ ဦးဇင်းမတ်တပ်ရပ်ဆို ဦးဇင်းတစ်ပါးကို မတ်တပ်ရပ်ခိုင်းလိုက်တယ်။ အဲ့တော့ အဲ့ဒီဦးဇင်းကို ပြောတဲ့ပုံစံမျိုးနဲ့ တရားဟောတာ လယ်ဗယ်တူသွားတယ် သူလည်းမတ်တပ်ရပ် ကိုယ်လည်းမတ်တပ်ရပ်။ ထိုင်တဲ့ပုဂ္ဂိုလ်ကို မရည်ရွယ်ဘူး၊ မတ်တပ်ရပ်တဲ့ပုဂ္ဂိုလ်ကို ရည်ရွယ်တယ်။ ဒါပေမဲ့ အကုန်လုံးကြားရတယ်၊ အကုန်လုံးနာရတယ်၊ အဲ့သဘော။ ဝိနည်းက အဲ့လိုလေးတွေရှိတယ်။ အဲ့တော့ ထိုင်ပြီးတော့ဟောရင် ဘယ်သူ့ကိုမဆို ဟောလို့ရတယ်။ ဟို အိပ်နေတဲ့သူတော့ ဟောလို့မရဘူးပေါ့။ အဲ့တော့ မတ်တပ်ရပ်ပြီးဆိုရင်တော့ ဦးဇင်းတို့ ထိုင်တဲ့ပုဂ္ဂိုလ်ကို ဟောလို့မရဘူး။ အဲ့တော့ မတ်တပ်ရပ်တဲ့သူအချင်းချင်း ဟောလို့ရတယ်။ ဒါကြောင့် ကိုယ်က မတ်တပ်ရပ်ပြီး တရားဟောတော့မယ်၊ မတ်တပ်ရပ်ပြီး စာချတော့မယ်ဆိုရင် တစ်ပါးပါးကို မတ်တပ်ရပ်ခိုင်းလိုက်၊ တစ်ယောက်ယောက်ကို မတ်တပ်ရပ်ခိုင်းလိုက်။ အဲ့ဒါဆိုရင် သူ့ကိုပြောတဲ့အနေနဲ့ ပြောလို့ရတယ်၊ ဟောလို့ရတယ်။ အဲ့ဒါ သတိထားရတယ်နော်။ တရားဟောတဲ့အခါ မတ်တပ်ရပ်တရားဟောတာ၊ စာချတဲ့အခါ မတ်တပ်ရပ်စာချတာ သတိထားစရာပေါ့နော်။ နောက်တစ်ခု ဦးထုပ် ခေါင်းပေါင်း စသည်တို့ဖြင့် တရားမနာကောင်းပုံတဲ့။ တရားနာယူသောအခါ မိမိတို့၏ ဦးခေါင်း၌ ဆံစမပေါ်အောင် ဦးထုပ်ဆောင်းခြင်း၊ ခေါင်းပေါင်းခြင်း၊ မကိုဋ်ဆောင်းတားခြင်း၊ အဝတ်ပုဆိုးတို့ဖြင့် ရစ်ပတ်ခြုံထားခြင်းတို့ဖြင့် တရားကို မနာယူကောင်း။ ရှေးတောတောင်သူတောင်သားတွေက ခေါင်းပေါင်းနေပါသေးတယ်နော်၊ ပုဆိုးနဲ့ပေါင်းထားတဲ့အခါမျိုး။ စာပေထဲမှာတော့ တိတိကျကျပြောရင်တော့ ဆံပင်မပေါ်အောင် ဖုံးထားတာ သူက။ ခေါင်းပေါင်းနေပါသေးတယ်။ အဲ့တော့ ဆံပင်ပေါ်ရင်တော့ ရတယ်လို့ ဒီလိုဆိုတယ် သူကတော့။ ဦးထုပ်ဆောင်းထားပေမဲ့ ခေါင်းပေါင်းထားပေမဲ့ ဆံစကလေး ထွက်နေတယ်ဆိုရင် ရတယ်။ အဲ့တော့ ဆံစမပေါ်အောင် လုံလုံခြုံခြုံပေါင်းထားတာပေါ့။ တချို့ ဦးဇင်းတို့ ပအိုဝ်းတိုင်းရင်းသားတွေဘာဆို သူတို့ အလုံးပေါင်း အလုံးပေါင်းထားတာနော်။ ပအိုဝ်းတိုင်းရင်းသားတွေဆို ဆံစလုံးဝမပေါ်ဘူး။ အဲ့လိုမျိုးဆိုရင်တော့ တရားဟောလို့မရဘူး၊ ဖြည်ခိုင်းမှရမယ်။ အဲ့လို ခေါင်းပေါင်းပေါင်းထားရင်တော့ တရားဟောလို့မရဘူးနော်။ အဲ့ဒါ သတိထားစရာလေးပေါ့ ဒါလည်း။ ဒါကြောင့် တရားနာတဲ့ ဒကာ ဒကာမတွေအနေနဲ့ ဘုန်းကြီးတွေဆီ ရောက်ပြီဆိုရင် ဦးထုပ်ကို ချွတ်လိုက်ပါ။ ခေါင်းပေါင်းတွေကို ဖြည်လိုက်ပါနော်၊ အဲ့ဒါရှိတယ်။ ဟို မင်္ဂလာဆောင် သတို့သားတွေ သတိထားရမယ့်ကိစ္စပဲနော်။ သတို့သားတွေ ခေါင်းတွေဘာတွေ ပေါင်းထားတဲ့အခါကျရင် တရားဟောတဲ့အခါလေ။ ခေါင်းပေါင်းချွတ်ပေးပါဦးနော်၊ အေး ခေါင်းပေါင်းချွတ်ပေးပါဦးနော်။ အဲ့တော့ ခေါင်းပေါင်းပေါင်းထားရင် တရားဟောလို့မရဘူးနော်၊ ဦးထုပ်ဆောင်းထားရင် တရားဟောလို့မရဘူး။ တရားနာသောအခါ ဦးထုပ်စသည်တို့ကို ဆောင်းထားလျှင် ဆံစကို ဖော်ထားမှသာ တရားနာယူကောင်း၏။ ဝိနည်းမှာ တိတိကျကျပဲ သူက ဆံပင်မပေါ်အောင် ဦးထုပ်ဆောင်းထားတာကို ဆိုလိုတာတဲ့။ ဒါကြောင့် ဦးထုပ်ဆောင်းထားပေမဲ့လည်း ဆံပင်ပေါ်နေတယ်ဆိုရင် ရပါတယ်ဆိုပြီးတော့ ဒီလိုလာတယ်။ ဒါကြောင့် တချို့ မဖြစ်မနေ ဦးထုပ်ဆောင်းရမယ်ဆို ဆံပင်ကလေးတော့ နည်းနည်းဖော်ထားပေးပေါ့။ မကျန်းမာခြင်းကြောင့် ကာဆန်းစမဖော်ဘဲ ဦးခေါင်းတစ်လုံးကို ရစ်ပတ်ဆောင်းအုပ်ထားပြီး တရားကို နာယူနိုင်ပါ၏။ လုံးဝနေမကောင်းဘူး နေအထိမခံနိုင်ဘူးပေါ့နော် ခေါင်းကနေအထိလို့မရဘူးဆိုရင်တော့ ဒါဆောင်းထားလို့ရပါတယ်။ ထို့ပြင် တရားနာယူသောအခါမှာ ကျန်းမာလျက် ခြေနင်းစီးထားလျက်ဖြစ်စေ ဖိနပ်စီးထားလျက်ဖြစ်စေ တရားကိုမနာယူကောင်း ဖိနပ်စီးပြီး တရားမနာရဘူးပေါ့နော်။ ဒါမရိုမသေရောက်တယ်ပေါ့။ ဤ၌ ခြေနင်းဟူသည် တည်းကြိုးမပါသော ခုံ၏အဖျား၌ ကြေးဖူးတပ်၍ ထိုကြေးဖူးကို ခြေမခြေညှိုးတို့ဖြင့် ညှပ်၍စီးရသော ပါဠိလို ပါဒုကလို့ခေါ်တယ်။ ဖိနပ်မျိုးဖြစ်သည် ဒါမြန်မာနိုင်ငံမှာတော့မစီးတော့ဘူး အိန္ဒိယမှာတော့ ယနေ့အချိန်ထိစီးသေးတာပဲ။ သူက ကြိုးမပါဘူးလေ ထိပ်ဖျားလေးမှာ ဖူးသီးလေးတစ်ဖူးပဲပါတယ်။ အဲ့ဖူးသီးလေးကို ခြေမလေးနဲ့ညှပ်ပြီးစီးရတာ။ အကျင့်မပါတဲ့လူဆိုရင်တော့ သိပ်မမြဲလောက်ဘူး။ အကျင့်ပါတဲ့လူကျတော့ မြဲတယ် သူက ခုံဖိနပ်လိုပဲလေ။ ခုံဖိနပ် မြန်မာနိုင်ငံခုံဖိနပ်ကျတော့ ဝိုင်းထိုးရတာကိုး။ သူတို့ခုံဖိနပ်က အဲ့လိုမဟုတ်ဘူး သူက ညှပ်ရတာ ကြိုးမပါဘူး အဲ့တော့ ကြိုးမပါတဲ့အဲ့ညှပ်ရတဲ့စီးဖိနပ်ကို သူက ခြေနင်းလို့ခေါ်တယ်။ မြန်မာတွေကတော့ ဦးဇင်းတို့ ငယ်ငယ်တုန်းက အဲ့ဒီ မန္တလေးနန်းတော်ကိုရောက်တယ်။ မန္တလေးနန်းတော်မှာ ခြေနင်းဆိုတာကြည့်တော့ သူက ရှေးခေတ်က ဘွတ်ဖိနပ်လိုဟာမျိုးပေါ့နော် ခြေနင်းကျတော့ ဒီ မင်းသားမင်းကြီး မင်းညီမင်းသားတွေစီးတဲ့ဖိနပ်ကို ခြေနင်းဆိုပြီးရေးထားတာ။ တကယ်တော့ စာပေထဲမှာ ခြေနင်းဆိုတာ အဲ့လိုမဟုတ်ဘူး။ အိန္ဒိယနိုင်ငံမှာစီးတဲ့ခြေနင်းက ကြိုးမပါဘူး ဖူးသီးလေးကိုပဲ ခြေထောက်နဲ့ညှပ်ရတာ အဲ့ခြေနင်းခေါ်တယ်။ ဦးဇင်းတို့ ရဟန်းတော်တွေမှာ အဲ့ဒီခြေနင်းက သူက တခြားနေရာမှာမစီးရဘူး။ ကုဋီ ကုဋီထဲမှာပဲစီးလို့ရတယ်။ တခြားနေရာမှာ အဲ့ဒီဖိနပ်တွေစီးခွင့်မပေးဘူး ခြေနင်းမစီးရဘူး။ အသံဗလံတို့နဲ့တူတယ်ကြည့်ရတာ။ အသံဗလံဆိုတော့ ဘုရားက အဲ့ဒါစီးခွင့်မပေးဘူး ဖိနပ်ပဲစီးလို့ရတာ။ ခြေနင်းကို တခြားနေရာ ကျောင်းထဲမှာတောင်စီးလို့မရဘူး ကုဋီထဲမှာပဲစီးခွင့်ရှိတယ် အဲ့ခြေနင်းက။ ဒါပေမယ့် ယနေ့ခေတ် မြန်မာနိုင်ငံမှာတော့ ခြေနင်းမစီးကြတော့ပါဘူးနော်။ မြန်မာလူမျိုးလည်းမစီးတော့ဘူး ဘုန်းကြီးတွေလည်းမစီးတော့ဘူး ခြေနင်းမစီးတော့ဘူး။ အဲ့တော့ အဲ့ဒီခြေနင်းစီးထားရင်လည်း မအပ်စပ်ဘူးပေါ့နော်။ ထိုခြေနင်းကို သစ်သား ထန်းလက် ဝါး မြက် သစ်ရွက်တို့ဖြင့် ပြုလုပ်လေ့ရှိကြ၏။ အများအားဖြင့် သစ်သားနဲ့လုပ်ကြတာများတယ်။ အဲ့ ဆဗ္ဗဂ္ဂီရဟန်းတွေကလေ အဲ့ဒီခြေနင်းသစ်သားဖိနပ်တွေစီးပြီးတော့ သွားလမ်းလျှောက်ပြီးစကားများနေကြတာ။ ခွက်ခွက်ခွက်ခွက်နဲ့သွား အသံဗလံကလည်းများရော သူက။ အဲ့အခါကျတော့ ဘေးက တရားအားထုတ်တဲ့ဦးဇင်းတွေ အနှောင့်အယှက်အရမ်းဖြစ်တာ။ သူက အသံဆိုတာ သမာဓိရဲ့အနှောင့်အယှက်ပဲ။ ဒီတော့ မြတ်စွာဘုရားက ခုဖိနပ်မစီးဖို့ တားမြစ်ထားတယ်။ ရဟန်းတော်တွေ သစ်သားဖိနပ်မစီးရဘူး၊ ခုဖိနပ်မစီးရဘူးနော်။ သစ်သားနဲ့လုပ်တဲ့ဖိနပ် ရဟန်းတွေ မစီးကောင်းဘူးပေါ့။ အဲ့ဒီမှာ ဘာဖြစ်ကုန်လဲဆိုတော့ သစ်သားဖိနပ်မစီးရဆိုတော့ ယနေ့ခေတ် ရာဘာဖိနပ်တွေ ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာတက်လာပြန်တယ်။ ရာဘာဆိုတာ သစ်ပင်ကနေ ထွက်လာတဲ့ ပစ္စည်းဆိုပြီးတော့လေ။ အဲ့လို သံသယတွေဖြစ်ပြီးတော့ ရာဘာဖိနပ် မစီးကောင်းဘူးဆိုတဲ့ ဝါဒတစ်ခုလည်း မြန်မာနိုင်ငံမှာ ပေါ်လာခဲ့ဖူးသေးတယ်နော်။ အဲ့ဒါကြောင့် အချို့ဆရာတော်ကြီးတွေ ညောင်တုန်းဆရာတော်လည်း ပါတယ် အဲ့ထဲမှာ။ တကယ် ညောင်တုန်းတိုက် ဆရာတော်ကြီးတို့ဆိုရင်လည်း ရာဘာဖိနပ်တွေ မအပ်စပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။ ရာဘာဖိနပ် မစီးရဘူး၊ ယနေ့ခေတ် မြန်မာနိုင်ငံ တော်တော်များများ ရာဘာခံဖိနပ်တွေ များတယ်နော်။ အောက်က တာယာဖိနပ်တွေလေ၊ တာယာတို့ ရာဘာတို့ဆိုတာ မအပ်စပ်ဘူးပေါ့ သူက။ အဲ့တော့ ဘာဖိနပ်မှ အပ်စပ်လဲဆိုတော့ သားရေစစ်စစ် သူက နွားသားရေတို့ ဘာတို့နဲ့လုပ်တဲ့ဖိနပ်ကိုပဲ အပ်တယ်ဆိုပြီး ဆရာတော်ကြီးက ဆုံးဖြတ်ကြတာ။ သားရေစစ်စစ်ဖိနပ်ပေါ့၊ အဲ့လိုမျိုးပြောတာ။ ဒါ ဆရာတော်ကြီးတချို့က အဲ့လို သစ်သားဖိနပ် မအပ်စပ်ဘူးဆိုတဲ့အတွက်ကြောင့် ရာဘာဖိနပ် မအပ်ဘူးလို့ ဆုံးဖြတ်ကြတယ်။ အဲ့လိုလည်း ဗဟုသုတတစ်ခု မှတ်ထားပါနော် ဖိနပ်နဲ့ပတ်သက်လာရင်။ အဲ့ဒါကြောင့် တချို့ ဝိနည်းတော် ဆရာတော်ကြီးက တချို့ အရမ်းထက်တာပေါ့နော်။ ဒီလို နည်းနည်းမှ တိမ်းစောင်းမခံဘူးဆိုတဲ့ အချို့ ဆရာတော်ကြီးတချို့ကျတော့ ဒီခေတ်ဖိနပ်တွေ လုံးဝမစီးချင်ဘူး။ အဲ့လိုမျိုး သားရေသား ဒီနွားသားရေတို့ ဘာတို့နဲ့ လုပ်ထားတဲ့ ဖိနပ်စစ်စစ်ကိုမှ စီးတယ် အချို့ဆရာတော်ကြီးတွေက။ မအပ်ဘူးလို့ ပြောခဲ့တာကိုး။ သစ်သားဖိနပ် မအပ်တာ ပစ္စည်းလည်း ပါတယ်ဆိုပြီးတော့ ယူဆတာပေါ့နော်။ တကယ်တော့ သိပ်တော့ မဆိုင်တော့ မဆိုင်ဘူးပေါ့။ ဘာလို့လဲဆိုတော့ ရည်ရွယ်ချက်က သစ်သားဖိနပ်က အသံမြည်တာကိုး။ ခွပ်ခွပ်ခွပ်ခွပ်နဲ့ဆိုတော့ သွားရင်လေ အသံမြည်တော့ ရဟန်းတော်တွေနဲ့ အဆင်မပြေဘူး။ ဒါကြောင့် ဘုရားက မအပ်ဘူးလို့ ပြောလိုက်တာ။ ဒါပေမဲ့ အဲ့ဒါကို အကြောင်းပြုပြီးတော့ အသစ်ဆိုရင် ဘာမှမအပ်ဘူးဆိုတော့ အဲ့လို ဖြစ်ကုန်တာပေါ့နော်။ အဲ့လို ဖြစ်သွားတာ။ အဲ့တော့ ရှေးတုန်းက အဲ့ကြောင့် ဒီ သားရေဖိနပ်ကလွဲရင် ဘယ်ဖိနပ်မှ မအပ်ဘူးဆိုပြီးတော့ ဆုံးဖြတ်တဲ့ ဆရာတော်တွေ ရှိတယ်။ အဲ့လိုမျိုး ရှိတာပေါ့။ ဦးဇင်းတို့ မကြာခဏ မေးခံရတဲ့ ဖိနပ်ကတော့ ကတ္တီပါဖိနပ် ပြဿနာပဲ။ ကတ္တီပါဖိနပ် အပ်လား မအပ်လား ဒီလိုမျိုး မေးကြတာပေါ့။ ဦးဇင်းတို့ ငယ်ငယ်တုန်းကလည်း ကတ္တီပါဖိနပ် မအပ်ဘူးလို့ပဲ မှတ်ထားခဲ့တာပေါ့နော်။ အဲ့ မစီးဘူးပေါ့။ ငယ်ငယ်တုန်းက မစီးဘူး။ ဒါပေမဲ့ နောက်ပိုင်းကျတော့ စာတွေကို နောက်ပြန် လိုက်ဖတ်တော့ ကတ္တီပါဖိနပ်ကို မအပ်ဘူးလို့ ပြောတဲ့နေရာ မတွေ့မိဘူး။ ဝိနည်းထဲမှာ ပါဠိတော်မှာလည်း မပါ၊ အဋ္ဌကထာထဲမှာ ဋီကာထဲမှာ ဘယ်နေရာမှာမှ ကတ္တီပါဖိနပ် မအပ်ဘူးဆိုတာ မပါဘူး။ အဲ့တော့ နောက်ပိုင်း လိုက်ရှာရင်း လိုက်ရှာရင်းနဲ့ ဆရာတော်တွေရဲ့ ယူဆချက်ကို နည်းနည်း နားလည်လာတယ်။ ဆရာတော်တွေက ကတ္တီပါဖိနပ်ကို ဘာကြောင့် မအပ်ဘူးလို့ ပြောသလဲဆိုတော့ သူတို့က ဖိနပ်ဆိုရင် သားရေနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကိုင်ထားတာ သူတို့က။ ဖိနပ်ဆိုရင် ဘာနဲ့မှ မလုပ်ရဘူး၊ သားရေနဲ့ပဲ လုပ်ရမယ်။ သားရေကလွဲရင် ကျန်တဲ့ဖိနပ် မအပ်ဘူး အဲ့လို ဖြစ်သွားတာ သူက။ အဲ့ခါကျတော့ ယနေ့ခေတ် ဆင်ခြေ မြင်းခြေ ဖိနပ်တွေ မအပ်ဘူး ယူလိုက်တာ သူတို့က။ နောက် ဖိနပ်က ကတ္တီပါသားတွေ လုပ်တာ မအပ်ဘူး ဖြစ်သွားတာ။ သူတို့က ဘာပဲဖြစ်ဖြစ် တစ်ခုပဲ၊ သားရေနဲ့ လုပ်ရမယ် ဒါပဲ သူတို့က။ အဲ့လို ဆရာတော်တွေက ယူဆလိုက်တာ သူက။ အဲ့ဒီမှာ လွဲကုန်ကြတာပေါ့။ ဖိနပ်ဆိုရင် သားရေနဲ့ လုပ်ရမယ်၊ တခြားဟာနဲ့ မလုပ်ရဘူး ဒီလို ယူဆလိုက်တာ။ သားရေဖိနပ် မဟုတ်ရင် မအပ်စပ်ဘူးပေါ့ အဲ့လို ပြောတာ။ အဲ့ခါကျတော့ သားရေနဲ့ လုပ်တဲ့ဖိနပ်ကလွဲလို့ ကျန်တဲ့ဖိနပ် ဘယ်ဖိနပ်မှ မအပ်တော့ ဖြစ်သွားတာ။ တကယ်တော့ အဲ့ဒါဟာလည်း စာယူဆပုံ ယူဆနည်း နည်းနည်းလေးတော့ လွဲတယ်လို့ ဦးဇင်းကတော့ ထင်တယ်ပေါ့။ အဲ့တော့ ဆရာတော်တွေ ကျမ်းကိုးတဲ့ဥစ္စာ ဦးဇင်း လိုက်ရှာတယ်။ ဒီဆရာတော်တွေ ဘာအထောက်အထားနဲ့ ဒီလိုပြောသလဲပေါ့နော်။ ဘာအထောက်အထား ရှိသလဲလို့ လိုက်ရှာတဲ့အခါကျတော့ ပါဠိစာပေထဲမှာ "ယေန ကေနစိ စမ္မေနေဝ ကာတုံ ဝဋ္ဋတိ" ဆိုတာ ပါတာကိုး။ သူက ရဟန်းတော်တွေမှာ သားရေနဲ့ ပတ်သက်လာရင် အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေတော့ ခွဲသေးတယ်။ ဟိုနေ့က ဦးဇင်း ပြောတယ်၊ စိတ်သားရေတို့ နော်... နော် ဟို သိုးတို့ ကျွဲတို့ သမင်တို့ဆိုရင် ထိုင်ခင်းလုပ်လို့ရတယ်။ တခြား နွားတို့ ကျွဲတို့ဆိုလို့ရှိရင် တခြားသားရေတွေဆိုရင် ထိုင်ခင်းလုပ်လို့မရဘူး။ အဲ့တော့ ထိုင်ခင်းလုပ်တဲ့နေရာမှာ အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေ ရှိတယ်။ ဆိုတော့ ထိုင်ခင်းလုပ်တဲ့နေရာမှာ အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေ ခွဲသော်လည်းပဲ ဖိနပ်မှာကျရင် မခွဲတော့ဘူး။ ဖိနပ်သည် ဘယ်သားရေမဆို လုပ်ကောင်းတယ်ဆိုတာကို အဋ္ဌကထာဆရာက ဖွင့်တာ။ ဖိနပ်နဲ့ပတ်သက်လာရင် မအပ်စပ်တဲ့သားရေမရှိ။ နွားသားရေလည်း ဖိနပ်လုပ်လို့ရတယ်၊ ကျွဲသားရေလည်း ဖိနပ်လုပ်လို့ရတယ်၊ ဘယ်သားရေမဆို ဖိနပ်လုပ်လို့ရတယ်။ အဋ္ဌကထာဆရာ ဒီလိုဆိုလိုတာနော်။ ဖိနပ်နဲ့ပတ်သက်လာရင် မအပ်စပ်တဲ့သားရေမရှိပါဘူးလို့ ဆိုလိုတာ။ အဲ့ဒါကို ဆရာတော်ကြီးတွေက နားလည်မှုလွဲပြီးတော့ ဪ ဖိနပ်မှန်ရင် သားရေနဲ့ပဲလုပ်ရမယ်လို့ အဓိပ္ပာယ်တစ်မျိုး ကောက်ယူသွားလိုက်တယ်။ အဲ့ဒီမှာဆိုရင် ဖိနပ်မှန်ရင် သားရေနဲ့ဖြစ်ရမယ်၊ ကျန်တာမအပ်ဘူးဆိုပြီးတော့ ကတ္တီပါဖိနပ်တွေ မအပ်ဘူးဆို ပယ်လိုက်ကြတာပေါ့။ တကယ်တော့ ကတ္တီပါဖိနပ်မအပ်တဲ့စာ မရှိပါဘူး။ ဖိနပ်ကို သားရေနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ဟာမျိုးလည်း အဓိပ္ပာယ်မျိုး မရှိပါဘူး။ ဆရာတော်တွေ ကြံဆ ကြံဆမှု နည်းနည်းလေး လိုသွားတဲ့သဘောပေါ့နော်။ အဲ့ဒါကြောင့် ဦးဇင်းတို့ ယနေ့ခေတ်ပေါ်ဖိနပ်တွေ စီးကောင်းပါတယ်။ ဒါပေမဲ့ လူစီးဖိနပ် မစီးသင့်ဘူးပေါ့နော်။ လူစီးဖိနပ်မစီးသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာပေထဲမှာ ဂိဟိပရိဘောဂလို့ခေါ်တယ်။ လူ့အသုံးအဆောင်။ အဲ့တော့ လူ့အသုံးအဆောင်ဆိုလို့ရှိရင် သူက ရဟန်းတွေမသုံးကောင်းဘူး၊ ဂိဟိပရိဘောဂ။ မြန်မာနိုင်ငံမှာက ဖိနပ်တွေကို သံဃာသုံးဖိနပ် လူစီးဖိနပ်လို့ ခွဲထားတယ်လေ။ ခွဲထားတော့ ဒါ သံဃာစီးဖိနပ်ကို သံဃာပဲစီးသင့်တယ်၊ လူစီးဖိနပ်ကို သံဃာမစီးသင့်ဘူးပေါ့နော်။ ဘုရားလက်ထက်မှာတော့ အဲ့လိုခွဲတာတော့ မရှိဘူးပေါ့။ ဘုရားလက်ထက်မှာတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ်လို့ မခွဲထားဘူး၊ အတူတူပဲ။ ဘာဖြစ်လို့ပြောရသလဲဆိုတော့ အရှင်သောဏဆိုတဲ့ ရဟန်းတော်တစ်ပါးက သူဌေးသားဘဝကလာတာ။ သူ့ခြေထောက်က အင်မတန်နူးညံ့တယ်။ ဘယ်လောက်တောင်နူးညံ့သလဲဆိုတော့ သူ့ခြေထောက်မှာ အမွှေးတောင်ပေါက်တာလေ။ နူးညံ့လွန်းအားကြီးလို့ ဖဝါးမှာတောင် အမွှေးတွေပေါက်တာ။ အဲ့တော့ ဘုရားက ဖိနပ်စီးခွင့်မပေးထားတော့ သူကလည်း ဖိနပ်မစီးရဲဘူး။ ဒီလိုပဲ ဖိနပ်မစီးဘဲသွားတော့ သူ့ခြေထောက်က သွေးခြေတွေဥ၊ သွေးတွေထွက်။ ဒါလည်းသူက ဇွဲလုံ့လဝီရိယမလျှော့ဘူး။ ဒါကြောင့် ဝီရိယနဲ့ပတ်သက်လာရင် ဒါထိပ်ဆုံးပဲ သာသနာမှာသူက။ ဖိနပ်မစီးဘဲ ဒီလိုပဲသွားတာ သွေးတွေထွက်လာ။ အဲ့တော့ မြတ်စွာဘုရားက သူ့ကို... အဲ့ဒါ သူကို မထကာ တစ်ယောက်ကနေပြီးတော့ သူစီးထားတဲ့ ဖိနပ်ကို ချွတ်ပေးတာ။ အရှင်ဘုရား ဒီဖိနပ်စီးပါ ဖိနပ်ချွတ်ပေးတာ။ အဲ့တော့ သူက မစီးဘူး။ မြတ်စွာဘုရားက ငါတို့ကို ဖိနပ်စီးခွင့်မပေးထားဘူး။ ဒါကြောင့် ငါမစီးဘူးလို့ သူက ငြင်းတယ်။ အဲ့ဒါ မြတ်စွာဘုရား သိတော့ စီးလိုက်ပါ၊ အခွင့်ပြုပါတယ်၊ ဖိနပ်စီးခွင့်ပြုပါတယ်ပေါ့ ဆိုပြီးတော့ ဘုရားက ဖိနပ်စီးခွင့်ပြုလိုက်တာ။ အဲ့ဒီတော့ အဲ့ဒီမှာ လူစီးဖိနပ်ကို ဘုရားခွင့်ပြုထားတယ်။ ဆိုတော့ အဲ့ဒါကို ထောက်ဆသောအားဖြင့် ဘုရားလက်ထက်တုန်းကတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ်လို့ မခွဲထားဘူး။ စီးလို့ရတယ်ပေါ့နော်။ ဒါပေမဲ့ ယနေ့ခေတ်မှာကျတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ် ခွဲထားတာ။ ခွဲထားတော့ အဲ့ဒီလို ပျံလွန်တော်မူသွားတဲ့ သာသနာ့ဝန်ဆောင် ဆရာတော်ကြီးတို့က လူစီးဖိနပ်စီးတာ မကြိုက်ဘူး။ လူစီးဖိနပ်ဟာ ဒါ လူ့အသုံးအဆောင်ပစ္စည်းဖြစ်တယ်။ ဝိနည်းတော်ထဲမှာ ဂိဟိပရိဘောဂေါ နဝဋ္ဋတိ လူ့အသုံးအဆောင်သည် မအပ်စပ်ဘူးဆိုတဲ့ အဋ္ဌကထာစကား ရှိနေတယ်။ ဒါကြောင့် လူစီးဖိနပ်ကို ရဟန်းတွေ မစီးသင့်ဘူးဆိုပြီးတော့ ဦးဇင်းတို့ ပျံလွန်တော်မူသွားတဲ့ သာသနာ့ဝန်ဆောင် ဆရာတော်ကြီးက ဆုံးဖြတ်တော်မူတယ်။ အဲ့ဒါ မြန်မာနိုင်ငံမှာကျတော့ လူစီးဖိနပ်တွေ ဘုန်းကြီးမစီးသင့်ဘူးပေါ့။ အဲ့တော့ ဟို ဘွတ်ဖိနပ်လိုဟာမျိုးကတော့ လုံးဝမအပ်စပ်ဘူး ရဟန်းတော်တွေ ဒါကတော့ ဘယ်လိုမစီးကောင်းဘူး။ သူက ရှေ့ဖုံးဖိနပ် စီးတဲ့အခါမှာ ဟို ဖနောင့်ဖုံးတဲ့ဖိနပ်လိုမျိုး ရှိတယ်လေ။ ဖနောင့်ဖုံးတဲ့ဖိနပ်တို့ ဘွတ်ဖိနပ်အခြေတို့ဘာတို့လေ။ ဟို လယ်တောသွားတဲ့အခါမှာ စီးတဲ့အခြေတို့၊ အဲ့တော့ ရှူးဖိနပ်တို့ ဘုန်းကြီးတွေ မစီးရဘူးနော်။ ရှူးဖိနပ်လည်း မစီးရဘူး၊ ဘွတ်ဖိနပ်လည်း မစီးရဘူး၊ ဖနောင့်ဖုံးတဲ့ဖိနပ်လည်း မစီးရဘူး။ ဘုန်းကြီးတွေ မစီးကောင်းတဲ့ ဖိနပ်တွေနော်။ ခုနက ဒီ သစ်သားတို့ ထန်းလက်တို့ဆိုတာနဲ့ လုပ်တာနဲ့ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဖိနပ်နဲ့ပတ်သက်လို့ ပြောဖြစ်တာနော်။ အဲ့တော့ ရဟန်းတွေ မစီးကောင်းတဲ့ ဖိနပ်က အဲ့ဒါတွေရှိတယ်။ အဲ့တော့ လူစီးဖိနပ်မှန်ရင် ရဟန်းတွေ မစီးကောင်းတော့ ရဟန်းတွေကို မလှူနဲ့ပေါ့ လူစီးဖိနပ်ကို။ သံဃာစီးဖိနပ်ပဲ လှူပေါ့။ ကတ္တီပါဖိနပ်ကတော့ မအပ်စပ်ဘူးလို့ ပြောလို့မရပါဘူးနော်။ ဒါပေမဲ့ တချို့တချို့ ကျောင်းတိုက်တွေမှာတော့ ကတ္တီပါဖိနပ် မစီးခိုင်းပါဘူး။ ဦးဇင်းတို့ကျောင်းတိုက်လည်း မစီးခိုင်းပါဘူး။ ဟို မအပ်ဘူးလို့တော့ ဦးဇင်းမပြောပါဘူးနော်။ ဒါပေမဲ့ မသင့်တော်ဘူးပေါ့နော်၊ နည်းနည်း အရမ်းကို လှပသာယာလွန်းအားကြီးတယ်ပေါ့။ အဲ့တော့ အောက်မှာ နည်းနည်းလေး ဖတ်ကြည့်မယ်ဆိုရင် ဖိနပ်ကို စီးနင်းထားလျက်နော် အောက်ဆုံးပိုဒ်လေး၊ တရားတော်ကို မနာယူကောင်းတဲ့။ ဖိနပ်စီးနင်းလျက် တရားတော်ကို နာယူခြင်းကြောင့် မိမိလည်း တရားတော်ကို မရိုသေရာရောက်၍ ဆိုးကျိုးရနိုင်သည့်အပြင် ဖိနပ်စီးထားသူကို တရားဟောမိခြင်းကြောင့် တရားဟောပုဂ္ဂိုလ်... အာပတ်သင့်ရောက်၏။ ထို့ကြောင့် တရားနာယူသူသည် ကျန်းမာလျက် ဖိနပ်စီး၍ တရားနာခြင်း စသည်တို့ကို မပြုလုပ်မိကြစေရန် အထူးသတိထားသင့်သည် တဲ့။ တတ်နိုင်ဆုံးတော့ ဦးဇင်းတို့ ရိုသေပြဖို့ ပေါ့နော်။ ဦးဇင်းတို့ သုတ္တန်ဒေသနာတွေထဲမှာ ဓမ္မဂါရဝဆိုတာ ရှိတယ်။ ဝိနည်းနဲ့တော့ မဆိုင်တော့ဘူး အဲ့ဒီအပိုင်းတွေကျတော့လေ။ ဘာပြောလဲဆိုတော့ တရားနာနေတဲ့အချိန်မှာ အိပ်ငိုက်နေတယ်။ အဲ့ဒါ အဂါရဝဖြစ်တာကြောင့်ပေါ့။ နောက် တရားနာနေတဲ့အချိန်မှာ စကားပြောနေတယ်။ ဒါ အဂါရဝပဲပေါ့။ ဒါကြောင့် ဦးဇင်းတို့ ကျောင်းမှာဆို ပြောရတယ်။ ဖုန်းတွေကို silent လုပ်ထား၊ ဖုန်းတွေပိတ်ထားဖို့ပေါ့။ တချို့က တရား ဆရာတော်ရှေ့က ဟော၊ ဖုန်းဖွင့်ထားတော့ တရား အာရုံ အရမ်းနောက်တာပဲ။ ဟောတဲ့သူကလည်း သမာဓိနဲ့ အာရုံပြုပြီး ဟောနေရတာလေ။ နားထောင်တဲ့သူကလည်း စိတ်စိုက်ပြီး နားနေတာ။ အဲ့အချိန် ဖုန်းထမြည်တော့ အရမ်းစိတ်တိုဖို့ကောင်းတာပဲ။ အဲ့တော့ စာပေထဲမှာလည်း အဲ့ကြောင့် တရားဟောနေတဲ့အချိန်မှာ စကားပြောခြင်း၊ ငေးနေခြင်း၊ ငိုက်နေခြင်း မပြုရဘူးပေါ့။ ဒါတွေက အဂါရဝဖြစ်တယ်လို့ စာထဲမှာ ဆိုထားတယ်။ ဝိနည်းနဲ့တော့ မဆိုင်ဘူးပေါ့နော်။ သုတ္တန်သဘောတရား၊ သုတ္တန်ကျင့်ဝတ်တွေပေါ့။ အဂါရဝသဘောတရားတွေနော်။ အဲ့ဒါမျိုးတွေတော့ ရှိတယ်။ အဲ့ဒါ ဝိနည်းမှာတော့ မပါဘူး အဲ့ဒါတွေကတော့။ ဒါဆိုလို့ရှိရင် ဦးဇင်းတို့ အခန်း ၉ ပြီးသွားပြီလား။ အခန်း ၉ ပြီးသွားပြီပေါ့နော်။ အခန်း ၉ ပြီးသွားတော့ အခန်း ၁၀ တို့ကျတော့လေ သူက ဒီ ယဉ်ကျေးမှုပိုင်းဆိုင်ရာကို ပြောထားတာပေါ့နော်။ အဲ့ဒါတော့ ကိုယ့်ဘာသာဖတ်လိုက်ရင်လည်း အဆင်ပြေပါတယ်။ ဟို ဝိနည်းနဲ့တော့ မဆိုင်တော့ အရမ်းကြီး လေးလေးနက်နက်လည်း မပါဘူးပေါ့။ အဲ့တော့ ကိုယ့်ဘာသာဖတ်လိုက်ရင်တော့ ရတယ်ပေါ့နော်။ ဟို သွားတဲ့အခါမှာ အသံမမြည်အောင်သွားတာတို့၊ လက်အုပ်ချီတာတို့၊ နောက်ကို ဆုတ်သွားတာတို့ အဲ့ဒါလေးတွေကို သူ ပြောထားတာပေါ့နော်။ အဲ့တော့ ဒီမှာ အဲ့ဒါတွေတော့ မပါတော့ဘူး။ အဲ့ဒါ ဝိနည်းတွေ မပါတော့ဘူးပေါ့။ နောက်ခဏ အခန်း ၁၁ ကို သွားလိုက်ပါ။ အခန်း ၁၁ မှာလည်း သူက ဝိနည်းရဲ့ အထွေထွေသိမှတ်ဖွယ်ရာဆိုပြီးတော့ သူက ဟိုလိုမျိုး သီးသန့်ကြီးတော့ မပါတော့ဘူး။ အဲ့တော့ ဝစီရိုင်းပြ ဇာတ်နိမ့်ကျဆိုပြီးတော့ စာမျက်နှာ ၈၃ လုံးမှာ သူ ပြောထားတာကို ရိုင်းရိုင်းစိုင်းစိုင်း မပြောမိကြဖို့ပေါ့နော်။ အဲ့ဒါလေးတွေ သူ ရဟန်းတော်တွေကို မဆဲမိအောင် မဆဲမိအောင် ဂရုစိုက်ဖို့ ဒါလေးတွေ ပြောထားတာပါ။ အဲ့တော့ ဒါတွေ ကိုယ့်ဘာသာဖတ်လည်း သိတယ်ပေါ့နော်။ ရဟန်းတော်တွေကို မဆဲမိစေဖို့ပေါ့။ အဲ့တော့ တော်တော်များများ... အဲတော့ ဝိနည်းက နောက်ပိုင်း အုပ်စရတွေက လေးနဲ့ထက် ဝိနည်းတွေ မပါတော့ ကိုယ့်ဘာကိုယ် ဖတ်လို့ရတယ် ပေါ့နော်။ အဲတော့ ဦးဇင်း ဖြည့်စွက် သင်ကြားစရာလေးတွေတော့ ရှိတယ်။ အခု ဒီနေ့ စာရွက်ကလေးတွေတော့ ယူလာတယ်။ လောက်မလာတော့ မသိဘူး နည်းနည်း ဝေပေးလိုက်ပါနော် တစ်ခါတည်း။ အဲတော့ ဒီ ကပ္ပိယကာရက သင်တန်းတက် ဖြည့်စွက် သင်ခန်းစာ ဆိုတာ ဦးဇင်းအနေနဲ့ နည်းနည်းလေး မပါတာလေးတွေ စုထားတာ ပေါ့နော်။ တချို့ဟာလေးလည်း ပြန်ထပ်ကောင်း ထပ်နိုင်တာလေးတွေ ပါမယ်။ ဒါမပြောခင် ခုနက ဟို စာအုပ်ထဲမှာ ဟို ဖိနပ်တွေ ထိတယ် ဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းထဲ နည်းနည်းလေး ဝင်တာလေး နည်းနည်း ပြောလိုက်ဦးမယ်။ ဟို ဖိနပ်ကိစ္စတော့ နည်းနည်းတော့ ရှင်းသွားပါပြီနော်။ အပ်စပ်တဲ့ ဖိနပ်၊ မအပ်စပ်တဲ့ ဖိနပ် အကြမ်းဖျင်းတော့ နည်းနည်းတော့ သဘောပေါက်သွားတာ ပေါ့။ ထီးမှာလည်းပဲ အပ်စပ်တဲ့ ထီး၊ မအပ်စပ်တဲ့ ထီး ရှိတယ် ပေါ့နော်။ အဲဒါလေး နည်းနည်း ပြောလိုက်မယ်။ ဒီထဲမှာလည်း အဲဒါတော့ မရေးထားလိုက်တော့ဘူး။ ခေါင်းထဲမှာ နည်းနည်းလေး ပေါ်လာလို့ပါ။ ထီးနဲ့ ပတ်သက်ပြီးတော့ ရဟန်းတော်တွေ မဆောင်းကောင်းတဲ့ ထီးဆိုတာ ရှိတယ်။ နော် ဘယ်လို ထီးမျိုး မအပ်စပ်လဲ ဆိုတော့ ဟို ထီးလှူတဲ့ ဒကာ ဒကာမတွေလည်း သိရအောင် ပေါ့လေ။ ရှေးတုန်းကတော့ ဦးဇင်းတို့ ပုသိမ်ထီးတွေ လှူကြတယ် မြန်မာနိုင်ငံမှာ ပေါ့။ အခုခေတ်တော့ ပုသိမ်ထီး သိပ်မဆောင်းကြတော့ဘူး။ အကြမ်းမခံတာလည်း ပါတာပေါ့။ အဲတော့ ပုသိမ်ထီး ဆိုလို့ရှိရင် ပေါ့ ဦးဇင်းတို့ ဝိနည်းတော်မှာက ဒါ ချည်နဲ့ ချုပ်ထားတဲ့ ထီး ပေါ့ ဒါ ပုသိမ်ထီးဆို ချည်နဲ့ ချုပ်ထားတာ။ အဲတော့ အဲဒီ ပုသိမ်ထီး ဆိုလို့ရှိရင် ရောင်စုံချည်ဆိုရင် မအပ်စပ်ဘူး။ အဲဒါ ဗဟုသုတ တစ်ခုနော် နည်းနည်း မှတ်ထားနော်။ အဲ ပုသိမ်ထီးမှာ ဦးဇင်းတို့ ချည်ရောင် မျိုးစုံနဲ့ ချုပ်ထားတယ် ဆိုရင် အဲဒီ ထီးသည် မအပ်စပ်ဘူး။ ချည်ရောင် တစ်ရောင်တည်း ဖြစ်ရမယ်။ အနီဆို အနီတစ်ရောင်တည်း၊ အဝါဆို အဝါတစ်ရောင်၊ အမည်းဆို အမည်းတစ်ရောင် တစ်ရောင်တည်း ဖြစ်တဲ့ ထီးမှ အပ်စပ်တယ်။ ရောင်စုံထီး ဗြောင် အဲဒီ ပေါ့ အထဲမှာ ဟို ဒုတ်ချောင်းတွေကို ချုပ်ထားတဲ့ ချည်တွေ ရှိတယ်။ ပုသိမ်ထီး မြင်ဖူးကြမှာပါနော်။ အဲ ပုသိမ်ထီးတွေမှာ ရောင်စုံနဲ့ တချို့ အလှလုပ်ထားတာ ရှိတယ်လေ။ အဲလို ရောင်စုံချည်ဆိုရင် မအပ်စပ်ဘူး။ တစ်ရောင်တည်းနဲ့ ချုပ်တဲ့ ပုသိမ်ထီးက အပ်စပ်တယ်။ ဒါတစ်ခုနော်။ နောက်တစ်ခုက လက်ကိုင်ရိုးတွေမှာ အရစ်တွေ ပါရင် မအပ်စပ်ဘူး ဗြောင်ဖြစ်ရမယ်။ နော် အဲတော့ လက်ကိုင်ရိုးသည် ဗြောင်ဖြစ်နေမှ အပ်စပ်တယ်။ အဲတော့ ဦးဇင်းတို့ တချို့ ဝိနည်းလေးစားတဲ့ ဆရာတော်ကြီးတွေဆိုရင် ပုသိမ်ထီး လာလှူလို့ရှိရင် အဲဒီ ထီးအရိုးကို ဓားနဲ့ ရှစ်ပစ်လိုက်တယ် သူက။ ဓားနဲ့ ခုတ်ပစ်လိုက်တယ် အဲဒီ ဟာကို အထစ်တွေကိုလေ။ အဲတော့ အဲဒီ လက်ကိုင်ရစ်မှာ ဖြစ်စေ ဟို ထိပ်ဖူးမှာ ထိပ်ဖူးမှာဆိုလည်း အထစ်အထစ်တွေ ပါတယ်လေ။ အဲတော့ ပုသိမ်ထီးရဲ့ ထိပ်ဖူးမှာလည်း အရစ်တွေ အရစ်တွေ ပါတယ်၊ လက်ကိုင်မှာလည်း အရစ်တွေ အရစ်တွေ ပါတယ်။ အဲဒီ လက်ကိုင်ရစ်တွေ ထိပ်ဖူးတွေကို ဖျက်ပစ်လိုက်ရတယ်။ မအပ်စပ်ဘူး။ အဲ့တော့ ဦးဇင်းတို့ အော်ဒါမှာတဲ့အခါမှာ သေချာမှာရတယ်။ သံဃာတော်များ သုံးတဲ့ထီး မှာမယ်ဆိုလို့ရှိရင် တို့ သံဃာတော်တွေက ဒီလိုထီးမျိုး ဆောင်တယ်။ အဲ့တော့ ခြေကို တစ်မျိုးတည်းနဲ့ ချုပ်ပေးပါ။ ပြီးတော့ လက်ကိုင်မှာလည်း အရစ်တွေ မပါပါစေနဲ့။ ထိပ်ဖူးမှာလည်း ဟို အရစ်တွေ မပါပါစေနဲ့။ အဲ့လိုမျိုး ပြောပေးရတယ်။ အဲ့သုံးချက်ကို သတိထားရမယ်။ နောက်တစ်ချက် သတိထားစရာ ရှိသေးတယ်။ ထီးရဲ့ အဝိုင်းဟာ ဟို ထီးအရွက်ပေါ့နော်၊ ထီးရွက်အဝိုင်း။ အဝိုင်းမှာ ဦးဇင်းတို့က ဒီ လခြမ်းပုံသဏ္ဌာန် မဖြစ်ရဘူး။ လခြမ်းကွေးလေးဆိုတာ အနားမှာ လခြမ်းလေး အကွေးလေး ဖြစ်ဖြစ်နေတာ အနားမှာလေ။ အဲ့လို ကွေးကွေးလေး မဖြစ်ရဘူး။ ညီအညီ ဖြစ်ရမယ်။ သဘောပေါက်လား မသိဘူး။ ဟို အစွန်း ဟို ဘယ်လိုပြောမလဲ၊ အချွန်တစ်ခုနဲ့တစ်ခု ဆက်တဲ့အခါလေ။ ကြားမှာ ကွေးကွေးလေး ဖြစ်နေတာမျိုးတွေ လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။ သတိထားမိလား ထီးတွေဘာတွေလေ။ အဲ့လို ကွေးကွေးလေး။ မဟုတ်ဘူး မဟုတ်ဘူး ထီးကိုင်း ဟိုဟာ ပြောတာလေ။ ဘာခေါ်လဲ။ ထီးရိုးလား။ ထီးရိုးက အကွေး။ ထီးပါရင် နမူနာပြစမ်းပါ။ အေး ပြစမ်းပါဦး ခဏ။ အေး ဟုတ်ပြီ။ နည်းနည်း အဲ့ဒါ နမူနာ သရုပ်ပြစမ်းပါဦး။ ဖွင့်လိုက်။ အေး ဟုတ်ပြီ။ ဟုတ်ပြီ။ အဲ့မှာလေ။ ဟိုမှာ သူက လခြမ်းပုံသဏ္ဌာန် မဖြစ်ဘူး အဲ့မှာ။ ဟိုမှာ အဲ့ဒါ မဟုတ်ဘူး။ အဲ့မှာ ဒီအနားကို ပြောတာ။ အေး အနား ဟုတ်တယ်။ အေး အဲ့ဒါ။ အဲ့ဒီ အနားသည် ကွေးကွေးလေးဆိုရင် မအပ်စပ်ဘူး။ သဘောပေါက်လား။ အဲ့ဒီ အနားသည် ဝိုင်းဝိုင်း ထီးဆိုတော့ ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အရင်တုန်းက တချို့ ထီးတွေ လူထုဆောင်တဲ့ ထီးတချို့မှာလည်း ပါပါတယ်။ ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အဲ့လို ဝိုင်းဝိုင်းလေး ဖြစ်နေရင် မအပ်စပ်ဘူး သူက။ ညီရမယ် အနားညီရမယ်။ အညီဖြစ်ရမယ် ဟုတ်။ အဲ့လိုမျိုး ဖြစ်ရမယ်။ အဲ့လို အနားညီမှ အပ်စပ်တယ်။ အဲ့တော့ ဝိုင်းနေလို့ရှိရင် လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။ အဲ့တော့ လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။ အဲ့တော့ ထီးနဲ့ပတ်သက်လာရင် အဲ့လေးချက် မှတ်ပေးရမယ် နော်။ အဲ့တော့ အရောင်မျိုးစုံပါတဲ့ ထီး မအပ်စပ်ဘူး။ အထိပ်မှာ အရစ်ပါရင် အောက်မှာ အရစ်ပါရင် မအပ်စပ်ဘူး။ နောက် လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။ အဲ့ဒီဟာကို ရှောင်ရမယ် ထီးက နော်။ သံဃာတော်တွေနဲ့ အပ်စပ်အောင်။ အဲ့ဒါကြောင့် တချို့ မေးတယ်လေ။ ခေါက်ထီး အပ်စပ်လား မအပ်စပ်လား။ ခုနက လေးချက်နဲ့ တိုက်ကြည့်။ ဟုတ်လား သွား။ အဲ့ဒါ လေးချက်တိုက်ကြည့် မညီဘူးဆိုရင် အပေါ် အဲ့ဒီ လေးချက်နဲ့ ညီတယ်ဆိုရင် မအပ်ဘူး။ ညီအပ်တယ်။ အဲ့တော့ ခေါက်ထီး လက်ကိုင်ရိုးမှာ အရစ်ပါလား ကြည့်လိုက်။ အရစ်ပါရင် အဲ့အရစ်ကို ဖြုတ် အဲ့ဒါ အပ်တယ်။ အေး မဖြုတ်လို့ မရဘူးဆိုရင် မဆောင်နဲ့ပေါ့။ အေး ခေါက်ထီးရဲ့ ထိပ်မှာရော အဲ့လို အရစ်တွေ ပါသလား ကြည့်။ ဒါပေမဲ့ ယနေ့ခေတ် ထီးတော်တော်များများက အရစ်တွေ ထိပ်မှာ မပါဘူး နော်။ ငုံသီးလေးပဲ ပါ အချွန်လေးပဲ ပါတာပေါ့ နော်။ အဲ့မှာ လက်ကိုင်မှာကျတော့ အချို့ အရစ်တွေ ပါတတ်တယ်။ အချို့ အချစ်ပါတာ ရှိတယ်၊ အမွှမ်းပါတာ ရှိတယ်။ ဟို တချို့ လက်ကိုင်မှာ ဟို ဘာလဲ လက်အရာပုံစံမျိုးလား ဟုတ်လား။ လက်ကိုင်မှာလေ လက်ငါးချောင်း အရာပုံစံ လုပ်ထားတာပေါ့နော်။ အဲ့ဒါကျတော့ အလှအယစ်မဟုတ်ဘူးပေါ့နော်။ ကိုင်ဖို့အတွက် ခိုင်ခံ့အောင်လို့ လုပ်ထားတဲ့ သဘော အဲ့ဒါတော့ ရတယ်။ အလှပုံစံမျိုး အယစ်ဖော်တိုင်းတော့ မအပ်စပ်ဘူး။ အဲ့ဒါ သတိထားရမယ်ပေါ့။ အချို့ အလှအယစ်ကလေးတွေ လုပ်ထားတာလေ။ အဲ့ဒါဆိုရင် မအပ်စပ်ဘူး။ အဲ့ဒါကြောင့် ထီးနဲ့ပတ်သက်လာရင် ထိပ်မှာ အယစ်အဆိပ်ပါရင် မအပ်ဘူး။ အောက်မှာ အယစ်တွေပါရင် မအပ်ဘူး။ နောက် ချည်အရောင်စုံပါရင် မအပ်ဘူး။ ဟိုနား လာချောင်းပုံသဏ္ဍာန်ပါရင် မအပ်ဘူး။ နော် အဲ့ဒါကြောင့် သံဃာတော်တွေနဲ့ အပ်စပ်တဲ့ထီး မအပ်စပ်တဲ့ထီး အဲ့လိုခွဲရမယ်။ အဲ့လို အဲ့ဒီမှာ မပါဘူး အဲ့ဒါ ထီးမရေးထားလိုက်ဘူး ဒီထဲမှာ။ အဲ့တော့ နော် ကိုယ့်ဘာသာကိုယ်ပဲ အဲ့ဒါ မှတ်ကြပေါ့ ထီးကတော့ နော် အပ်စပ်ထီး မအပ်စပ်တဲ့ထီး။ အဲ့တော့ ဖိနပ်ကလည်း တော်တော်တော့ ပြီးသွားပါပြီနော်။ ဖိနပ်ပြီးတယ် ထီးပြီးသွားတယ်။ သပိတ်တွေလည်း ဦးဇင်းတို့ ရှေ့မှာတင် ပြောခဲ့ပြီးသားဆိုတော့ နော် ပြီးပြီ သပိတ်လည်း ပြီးသွားပြီ။ ပလတ်စတစ်သပိတ်တွေ ဖန်သပိတ်တွေက မအပ်စပ်ဘူးနော်။ နှီးသပိတ်တွေ သံသပိတ်တွေ မအပ်စပ်ဘူး ပြောခဲ့ပြီးပြီ။ သင်္ကန်းဆိုရင်လည်း ဖြစ်နိုင်ရင်တော့ ဓားကွက်ဓားဖောက် သင်္ကန်းဆိုရင်တော့ ပိုကောင်းတယ်ပေါ့နော်။ အကုန်လုံး ဖြတ်ချုပ်ဆိုရင်တော့ ပိုကောင်းတယ်ပေါ့။ အဲ့ဒါလည်း ပြောခဲ့ပြီးပြီပေါ့နော်။ အဲ့ဒါဆိုရင် သင်္ကန်း ဆွမ်း ကျောင်း ဆေးကတော့ တော်တော်များများ စုံသွားပြီ။ အဲ့တော့ ဦးဇင်းတို့ ဒီ ဖြည့်စွက်သင်ခန်းစာလေးကို သွားကြည့်ရအောင်နော်။ အဲ့တော့ ဖြည့်စွက်သင်ခန်းစာမှာ စစချင်း ဦးဇင်းတို့ ရဟန်းတို့ မကိုင်ကောင်းသော အရာများတဲ့နော်။ ရဟန်းတွေ မကိုင်ကောင်းတဲ့ အရာများက နံပါတ်တစ်က အမျိုးသမီးရဲ့ ကိုယ်ခန္ဓာ။ ဟိုနေ့က ပါသွားပြီနော် အမျိုးသမီးခန္ဓာကိုယ် မထိကောင်းဘူးဆိုတာ ပြောပြီးပြီ။ ကိုယ့်အမေလည်း မရဘူး ကိုယ့်အစ်မလည်း မရဘူး ကိုယ့်ညီမလည်း မရဘူး။ အဒေါ်တွေဘာတွေလည်း မရဘူး တူမ တူမလေးတွေလည်း မရဘူးပေါ့နော်။ အမျိုးသမီးဆိုရင် ဆွေမျိုးတော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ ဘာစိတ်နဲ့မှကို ထိလို့မရတာ။ ဒါ မကိုင်ကောင်းတဲ့ထဲမှာ ပါသွားတာ။ အာ ငါတို့က မသာယာဘူးဆိုလည်း မရဘူးနော်။ ဒါက သာယာရင် အာပတ်တစ်မျိုး မသာယာရင် အာပတ်တစ်မျိုး။ ဘယ်လိုပဲဖြစ်ဖြစ် အာပတ်ကတော့ မလွတ်ကို မလွတ်တာ။ ဟုတ်ပြီနော် အဲ့တော့ ငါတို့က မသာယာပါဘူး ကိုယ့်ညီမမို့လို့ ကိုင်တာပါ ကိုယ့်တူမလေးမို့လို့ ကိုင်တာ မရပါဘူး။ ဘယ်လိုမှ မရဘူး။ အာ ကိုယ့်အဖွားအရွယ်ပဲတဲ့ မရပါဘူးနော်။ ဘယ်အရွယ်ပဲ ဖြစ်နေဖြစ်နေ မရပါဘူး။ နောက် နံပါတ်နှစ်က အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ။ ဒါ ဟိုနေ့ကလည်း ပြောခဲ့ပြီး ဝတ်ထားသည်ဖြစ်စေ မဝတ်ထားသည်ဖြစ်စေ သူတို့ရဲ့ အဝတ်အစားတွေနော်။ နောက် ခုနက တခြားအသုံးအဆောင်ပစ္စည်းတွေ မထိကောင်းဘူး မကိုင်ကောင်းဘူးပေါ့။ ဒါ ဟို ကျောင်းမှာ ကျန်ခဲ့တဲ့ဥစ္စာကျတော့ ဒါ ကောက်သိမ်းပေးလို့ရတယ် ပြောခဲ့ပြီးပြီနော်။ အဲ့ဒါ နောက်မှာလည်း တစ်ခု ပါဦးမှာ။ နောက် နာမည်နဲ့ အမျိုးသမီး ရုပ်ပုံ ရုပ်ထု ပေါ့နော်။ ဒီ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ အမျိုးသမီးပုံ ပါတယ်လေ။ အဲ့ဒါတွေ မကိုင်ရဘူး။ နောက် ခုနက အဲ့ဒီ ရုပ်ထုတွေ ပေါ့။ အမျိုးသမီး ရုပ်ထုတွေ သွားထိကိုင်လို့ မရဘူး။ ပန်းပု၊ ပန်းချီ၊ ပန်းပု ဘာမှ အမျိုးသမီးဆို ကိုင်လို့ မရဘူး။ အဲ့တော့ ခုနက ပြောသလို ဟို မအပ်ကောင်းတဲ့ အထဲမှာ အမျိုးသမီး မအပ်ကောင်းဆိုတော့ အမျိုးသမီး အမ၊ တိရစ္ဆာန် အမတွေလည်း ပါတယ် ပြောခဲ့တယ်လေ။ အဲ့အတိုင်းပဲ မကိုင်ကောင်းတဲ့ အထဲမှာလည်း တိရစ္ဆာန် အမတွေလည်း ပါတယ်ဆိုတော့ တိရစ္ဆာန် အမရုပ်တွေလည်း မကိုင်ရဘူး။ ပုံတွေ ပေါ့နော်။ ပုံမှာ တိရစ္ဆာန် အမရုပ်ပုံ ပါရင်လည်း မထိရဘူး။ အဲ့ကြောင့် ရှေးတုန်းက ဆရာတော်ကြီးတွေဆို မီးခြစ်မှာ နတ်သမီးရုပ်လေးတွေ ပါတော့ ဆရာတော်ကြီးတွေက အဲ့မီးခြစ်ဝါးလွှာကို ဖြတ်ပစ်လိုက်ရတယ်။ နတ်သမီးရုပ် ဖြတ်ပစ်လိုက်ရတယ်။ အဲ့ကြောင့် ဦးဇင်းတို့ အမျိုးသမီးပုံ ပါတဲ့ ဥစ္စာကို ကိုင်ချင်တယ် ဆိုလို့ရှိရင် သူက နှစ်မျိုးရှိတယ် ကိုင်တာက။ မထိအောင် ဘေးနား ကိုင်လို့ရတယ်။ သူက ပုံကို မထိရတာ။ စာအုပ်ကို ကိုင်လို့ရတယ်။ ဥပမာ ပေါ့ ဆရာတော်တွေ သတင်းစာ ဖတ်ကြတယ်၊ ဂျာနယ်တွေ ဖတ်ကြတယ်။ အမျိုးသမီးပုံတွေ ပါတယ်လေ။ အဲ့တော့ မထိအောင် ကိုင်မယ်၊ ဘေးကနေ ကိုင်မယ်။ ပုံက အလယ်မှာ ရှိမယ်၊ ကိုယ်က နံဘေးနားလေးကို ကိုင်ပြီး လှန်မယ် ပေါ့။ နော်။ အဲ့ဒါဆို ရတယ်။ သူက အမျိုးသမီး ပါရင် ဘာမှ မထိရဘူး ဆိုတာ မဟုတ်ဘူးနော်။ ပုံကိုသာ မထိရတာ၊ ဘေးနံဘေးကို ထိလို့ရတယ်။ အဲ့ကြောင့် အမျိုးသမီးပုံကို မထိနဲ့၊ ဘေးနံဘေးကို ထိ။ နော် အဲ့လိုမျိုး ရတယ်။ တချို့က နားမလည်တော့ ဟို သွားပြီးတော့ အပြစ်မှားမိတတ်မှာ စိုးလို့ ပြောတာ။ နောက်တစ်ခါ ကိုင်လို့ရတာက အမျိုးသမီးပုံကို ဘောပင်နဲ့ ခြစ်ပစ်လိုက်။ အဲ့ဒါဆို ပုံကို တိုက်ရိုက် ကိုင်လို့ ရသွားပြီ အဲ့ဒါဆိုရင်တော့။ နော်။ ပုံကို ဆော့ပင်တို့ ဘောပင်တို့နဲ့ ပုံကို ခြစ်ပစ်လိုက် ပေါ့နော်။ အဲ့လိုဆို ဦးဇင်းတို့ ကိုင်လို့ ရသွားပြီ။ အဲ့ကြောင့် ဦးဇင်းတို့ တစ်ခါ ကြုံဖူးတယ်လေ။ အဲ့ဒီ ဂျာမနီက အမျိုးသမီး တစ်ယောက်နဲ့ တစ်ခါ ကြုံတာ ပေါ့။ အဲ့ဒီ သူငယ်ချင်း တစ်ယောက်က ဘုန်းကြီးလူထွက် တစ်ယောက်က သူ့မိတ်ဆွေ သူ့အလုပ်ပိုင်ရှင်နဲ့ တူပါတယ်၊ သူက ခေါ်လာတာ ပေါ့။ ကျောင်းလာပြတာ ဂျာမနီ အမျိုးသမီး ခေါ်လာတော့။ ဦးဇင်းက အဲ့ဒီမှာ ဟို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစာ မိတ်ခွန်းလား ဘာလား မသိဘူး။ အဲ့စာအုပ် တစ်အုပ်ကို ဖတ်နေတဲ့ အချိန်။ ဒါပေမဲ့ အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အများကြီး ပါတယ်လေ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အများကြီး ပါတော့ မအပ်စပ်ဘူးလေ။ ဦးဇင်းက အဲ့ဒါကို အကုန်လုံး ဘောပင်နဲ့ ခြစ်ပစ်လိုက်တာ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အကုန်လုံး ဘောပင်နဲ့ အကုန် ခြစ်ပစ်လိုက်တာ။ ခြစ်ပစ်လိုက်တော့ ဦးဇင်းက အဲ့ဒါကို ဖတ်နေတော့ သူက ပုံတွေကို ကြက်ခြေခတ်ထားတာ သူမြင်တော့ "အရှင်ဘုရား ဒေါ်အောင်ဆန်းစုကြည်ကို မုန်းလို့လား" တဲ့။ "အရှင်ဘုရား ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်လို့ ကြက်ခြေခတ်ထားတာလား" ပေါ့။ ဟိုဆိုတော့ "မဟုတ်ဘူး" လို့။ အဲ့တော့ ဝိနည်းမှာက ဒီအမျိုးသမီးပုံတွေက ရဟန်းတွေ ထိလို့မရဘူးလို့ အဲ့ကြောင့် အမျိုးသမီးမှန်ရင် ဘယ်သူပဲဖြစ်ဖြစ် တို့က ကိုင်လို့မရတဲ့အတွက်ကြောင့် ကြက်ခြေခတ်ထားတာလို့ သူပြောတော့ သူသဘောတွေ ကျသွားတယ် အဲ့လိုမျိုးပေါ့နော်။ ဆိုတော့ အဲ့လိုမျိုးရှိတယ်ပေါ့။ အဲ့ကြောင့် ဆိုလိုတာက အမျိုးသမီးပုံကို ထိလို့မရဘူး သို့သော် ကြက်ခြေခတ်ထားရင် ဟိုဘောပင်နဲ့ ခြစ်ပစ်လိုက်ရင် ထိလို့ရတယ် နောက်ဘာမှမလုပ်ရင်လည်း နှုတ်ခမ်းသားလေးကို ကိုင်တော့ ရတယ်နော်။ အဲ့လိုမျိုးလည်း ရှိတယ်အေး။ အဲ့ကြောင့် တချို့ဒကာမတွေက ဟိုတချို့စာအုပ်တွေ လှူဒါန်းတဲ့အခါမှာ အမျိုးသမီးပုံပါရင် ဘာလုပ်လဲဆိုတော့ ကိုယ့်ဘာကိုယ် ဖြတ်ပြီးတော့ လှူကြတာမျိုးလည်း ရှိတယ်ပေါ့နော် ဆရာတော်ကို ကပ်တဲ့အခါမှာ ကိုယ်တိုင်ပဲ အိမ်မှာ တစ်ခါတည်း ဖြတ်လာခဲ့တာမျိုးတွေရှိတယ်။ အဲ့လိုမျိုး။ ဒါမှမဟုတ်လည်း တချို့ဒီလိုလေ တချို့စာအုပ်တွေမှာ မျက်နှာဖုံးမှာ အမျိုးသမီးပုံတွေပါတယ်။ အဲ့ဆို ကိုင်ရတာ နည်းနည်းခက်နေတယ်ပေါ့ ချောင်ကိုင်ဖို့ကလည်း မလွယ်ဘူးလေ။ အဲ့အခါကျတော့ အပြင်ကနေပြီးတော့ တစ်ခုခု အုပ်လိုက်ရင်လည်း ရတယ်။ အပြင်ကနေ ဗလာစာအုပ်ဖြစ်ဖြစ် စာရွက်ဖြစ်ဖြစ် တစ်ခုခုနဲ့ cover ထားလိုက်ပေါ့။ အဲ့ဆိုလည်း အမျိုးသမီးပုံကို မထိမိတော့ဘူးလေ။ အဲ့ဒါမျိုးကျတော့ မထိမိဖို့က အဓိကပဲနော်။ ရှိတာက ပြဿနာမရှိဘူး မထိဖို့လိုတယ်။ အေး။ နောက်နံပါတ်လေးက ရတနာအမျိုးမျိုးတဲ့နော်။ ရတနာဆိုရင် ဘယ်ရတနာမှ ရဟန်းတော်တွေ မထိကောင်းပါဘူးနော်။ အလှူခံလို့လည်း မရဘူးပေါ့နော်။ ဟို သံဃဿ ဒေမ လှူလာရင်လည်း မရဘူး။ အဲ့တော့ တစ်ခုတော့ရှိတယ်ပေါ့ ဦးဇင်းတို့ တစ်နေ့က ပြောတယ်လေ။ ဟိုကျောင်းတိုက်အား လှူပါ၏ဆိုရင်တော့ ရတယ်။ ဒါပေမဲ့ ရဟန်းလက်ခံလို့တော့ မရဘူးလေ။ ငြင်းလည်း မငြင်းရဘူး ပြောခဲ့ပြီလေ။ အဲ့တော့ ရဟန်းတော်တွေက ဆန်စပါးတွေ ကိုင်လို့မရဘူးလေ နော်။ ဆန်စပါးတွေ ကိုင်လို့မရဘူး။ အဲ့တော့ ကျောင်းသားတွေ ကပ္ပိယတွေကိုပဲ ပေးရမှာပေါ့ ဆန်တွေစပါးတွေ ကပ်မယ်ဆိုရင်လေ။ နောက် လက်နက်အမျိုးမျိုး နော်။ ရဟန်းတွေက ဘယ်လက်နက်မှ ကိုင်လို့မရဘူး။ မကိုင်ဘူးလို့ ဆိုပြီး သေနတ်တွေဘာတွေ သွားကိုင်ကြည့်တာ ကိုင်ကြည့်လို့မရဘူးနော်။ တချို့က သေနတ် ဒကာကြီး ခဏ သေနတ်ခဏလောက် ပေးစမ်း ကိုင်ကြည့်ချင်လို့ပါဆို သွားကိုင်လို့မရဘူး။ တကယ့်အစစ်ပြောတာပေါ့နော်။ အတုတော့မဟုတ်ဘူးပေါ့။ ကလေးကစားစရာ ပလတ်စတစ်သေနတ်တော့ မဟုတ်ဘူးပေါ့။ အဲ့တော့ တကယ့်သေနတ်တွေဘာတွေ ရဟန်းတွေ သွားကိုင်လို့မရဘူး။ လက်နက်တွေလေ။ လှံတို့ မြှားတို့ လေးတို့ ဟုတ်လား သူက။ အဲ့ဒါတွေ ရဟန်းတွေ ကိုင်လို့မရဘူး။ အဲ့တော့ နောက်တစ်ခါ တူရိယာအမျိုးမျိုးတဲ့ နော်။ ဒီဗုံတွေ အိုးစည်တွေ ရဟန်းတွေ ထိလို့မရဘူးနော်။ ယနေ့ခေတ်ဆိုရင် ဘာအော်ဂန်တွေ ဟုတ်လား သူက။ ဒရမ်တို့ဘာတို့ပေါ့။ အကုန်လုံး ရဟန်းတွေ ခေတ်ပေါ်တူရိယာဖြစ်ဖြစ် ရှေးဟောင်းတူရိယာဖြစ်ဖြစ် ဘယ်တူရိယာမျိုးစုံကိုမှ ရဟန်းတွေ ကိုင်လို့မရဘူး ထိလို့မရဘူး။ သာယာတာ မသာယာတာနဲ့ မဆိုင်ဘူးနော်။ ငါတို့က မသာယာဘူး မသာယာရင် လုပ်ချင်လုပ်လို့ရတယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်နော် ယနေ့ခေတ်ကလေ။ မဆိုင်ဘူးနော် ဒါတွေက သာယာသည်ဖြစ်စေ မသာယာသည်ဖြစ်စေ လုံးဝထိလို့မရတဲ့ ပစ္စည်းတွေ ဒါတွေက။ ဟုတ်ပြီနော်။ အခုပြောခဲ့တဲ့ ပစ္စည်းစာရင်းသည် သာယာရာ မသာယာရာ မထိကောင်းတဲ့ ပစ္စည်းတွေ ဒါက နော်။ အဲ့တော့ ငါတို့က မသာယာဘူး မမြတ်နိုးဘူးလို့ ကိုင်ကြည့်တာလည်း မရဘူးနော်။ ကိုင်လို့ကို မရတာ အဲ့ဒါမျိုး။ ကဲ အဲ့ဒါဆို ဦးဇင်းတို့ ဆက်ကြည့်ရအောင်။ ဒါဆိုရင် ဦးဇင်းတို့ ရဟန်းတို့ မကိုင်ကောင်းသော အရာများ ခုနစ်မျိုးပေါ့နော်။ တစ်ခေါက်လောက်တော့ ဖတ်ကြည့်လိုက်ပါ ခဏလောက် အားလုံးဆိုကြည့်ပါဦး။ အမျိုးသမီးကိုယ်ခန္ဓာ။ အမျိုးသမီးသုံးဆောင်ပစ္စည်း ဝတ်ဆင်ထားသည်ဖြစ်စေ မဝတ်ဆင်ထားသည်ဖြစ်စေ အမျိုးသမီးရုပ်ပုံ ရတနာမျိုးစုံ။ စပါးမျိုးစုံ လက်နက်မျိုးစုံ တူရိယာမျိုးစုံ။ ဟုတ်ပြီနော်။ ဒါ ဦးဇင်းတို့ ဘုရားဥပဒေတော်ကြီးမှာလည်း အဲ့ဒါ ကြည့်လို့ရတယ်ပေါ့။ ကျမ်းညွှန်းလေးလည်း ပေးထားပါတယ်နော်။ ဒါ ဆရာတော်ကြီးက ဟို အဋ္ဌကထာတွေထဲမှာ ပျံ့နှံ့စကားတွေကြီး ဝိနည်းက တစ်နေရာတည်းမှာ စုမနေဘူး သူက။ ဟိုနေရာ ဒီနေရာ ကောက်သင့်ကောက်သလို ကောက်ထားရတာ သူက။ အဲ့ဒါကြောင့် ဒီမှာ တစ်စုတစ်စည်းတည်းဖြစ်အောင်လို့ ပြန်ဖော်ပြပေးထားတာ။ စာအုပ်မှာ လိုက်ရှာမယ်ဆို တော်တော်ရှာရတာ သူက ဟိုမှာတစ်ခု ဒီမှာတစ်ခု ပျံ့နေတာ သူကနော်။ နောက် ကုလဒူသန ရှစ်ပါးဆိုတာ ဒါကို ရှေ့က ဦးဇင်းတို့ ဟိုစာအုပ်ထဲမှာလည်း နည်းနည်းပါသွားပါပြီနော်။ ဟို ရဟန်းတော်တွေဆီမှာ သစ်သီးတို့ ပန်းတို့ မတောင်းကောင်းဘူးဆိုတာလေ။ ဒါ အခု တစ်နေရာတည်းမှာ ပြန်စုပြလိုက်တဲ့ သဘော။ အားလုံးမှ ရှစ်ခုပေါ့ သူက။ အားလုံး ဆိုကြည့်ပါဦး။ ပန်းပေးခြင်း၊ ပန်းပေးခြင်း၊ ဓမ္မပူပေးခြင်း၊ သစ်သီးပေးခြင်း၊ ဆပ်ပြာပေးခြင်း၊ မြေညက်ပေးခြင်း၊ ဝါးပေးခြင်း၊ စေခိုင်းရာသို့ သွားခြင်း၊ ဆေးကုခြင်း။ အဲတော့ ဒကာ ဒကာမတွေဘက်က အဲဒါ မတောင်းကောင်းဘူးပေါ့နော်။ ပန်း ရဟန်းတော်တွေက ပန်းမပေးကောင်းဘူးဆိုတော့ ပန်းသွားမတောင်းရဘူး။ နောက် ဓမ္မပူပေါ့။ ယနေ့ခေတ်ဆို သွားတိုက်တံတို့ ဘာတို့ပေါ့နော်။ အဲဒါ ပါပါတယ်။ သစ်သီးတွေ ရဟန်းတော်တွေ ပေးလို့မရဘူး။ အဲတော့ ကိုယ်က မတောင်းရဘူး။ နောက် ဆပ်ပြာပေးခြင်းပေါ့။ နောက် မြေညက်ဆိုတာ ရှေးခေတ်တုန်းက ဒီမြေညက်ဆိုတဲ့ သဘောတရားက ဆပ်ပြာသဘောနဲ့ သုံးတာလေ။ ပဲဆပ်ပြာတို့ ဘာတို့ အရင်တုန်းက ရှိပါတယ်နော် မြန်မာနိုင်ငံမှာလည်း။ အဲဒါမျိုးပေါ့။ နောက် ဝါးတွေဘာတွေပေါ့။ ကျောင်းမှာ ဝါးပင်တွေ စိုက်တော့ အရှင်ဘုရား ဝါးတစ်လုံးလောက် စွန့်ပါဘုရား၊ နှစ်လုံးလောက် စွန့်ပါဘုရား ဝါးသွားတောင်းတာမျိုး မလုပ်ကောင်းဘူး။ နောက် စေခိုင်းရာသို့ သွားခြင်းဆိုတာ အရှင်ဘုရား ဘယ်လေးတော့ သွားပေးပါဦးဘုရားဆိုတာ ဘုန်းကြီးကို သွားခိုင်းတာပေါ့။ ဟို ကျောင်းကိစ္စမဟုတ် သံဃာကိစ္စမဟုတ်ဘဲနဲ့ ခိုင်းတာပေါ့။ လူကိစ္စတွေမှာ ခိုင်းမိတာလေ။ အရှင်ဘုရား ကယ်ဆယ်ရေး ဘယ်လေး သွားပြီးတော့ ပေးပေးပါဦးဘုရားဆိုတာ ဒါ ဘုန်းကြီးတွေကို မခိုင်းကောင်းဘူးနော်။ ဒါ ကြည့်မယ်ဆိုရင်တော့ ပရဟိတဆိုပေမယ့်လည်း ဘုန်းကြီးကို သွားခိုင်းလို့မရဘူး။ ဒါ လူကိစ္စ ဖြစ်နေတာကိုး။ အရှင်ဘုရား ဟိုဘက်ကို မသွားဘူးလားဘုရား။ သွားရင် ဒါလေးတော့ ယူသွားပေးဦးဘုရားဆိုတာ မလုပ်နဲ့နော်။ အဲဒါ စေခိုင်းရာသို့ သွားခြင်းထဲမှာ ပါသွားတယ်။ ဘုန်းကြီးတွေ အာပတ်သင့်တယ်။ နောက် ဆေးကုပေးခြင်းပေါ့နော်။ ဆေးနည်းပေးတာတွေ ပါတယ်ပေါ့။ မလုပ်ကောင်းဘူးပေါ့နော်။ ဒါကို ကုလဒူသနလို့ ခေါ်တယ်။ မနေ့က ပြောတဲ့ ကုလဒူသန အဓိပ္ပာယ်က ဒကာ ဒကာမတို့ရဲ့ သဒ္ဓါစစ် သဒ္ဓါမှန်ကို ဖျက်ဆီးတဲ့ အမှုကိစ္စတွေပေါ့။ ဒီလို လုပ်ပေးမှ ဘာဖြစ်သွားသလဲဆိုတော့ သူတို့မှာ သံဃာကောင်းတွေအပေါ်မှာ ကြည်ညိုတဲ့စိတ် လျော့သွားတယ်။ ဒီလို လုပ်ပေးမှပဲ သဘောကျတဲ့စိတ် ဖြစ်သွားတယ် သူတို့မှာလည်း။ ဆေးကုပေးတဲ့သူနဲ့ ဆေးမကုပေးတဲ့သူဆိုရင် ဆေးကုပေးတာ သဘောကျတယ်။ ပိုပြီး လှူချင်တဲ့စိတ် ပေါ်လာတယ်။ သူတို့မှပဲ တကယ့် ပရဟိတအစစ်ဆိုတာမျိုး စိတ်က ဝင်သွားတယ်။ ဘာမှမလုပ်ဘဲ တောထဲမှာ နေရင် သိပ်မကျတော့ဘူးပေါ့။ ဘုန်းကြီးတွေ အိပ်စားနေတယ်လို့ ထင်သွားတယ်ပေါ့။ အဲလိုမျိုးတွေ ဖြစ်သွားတယ်။ အဲဒါကြောင့် မြတ်စွာဘုရားက ဒီအလုပ်တွေ မလုပ်ကြပါနဲ့။ တခြား သံဃာတွေအပေါ်မှာ အထင်လွဲစေနိုင်တယ်။ ကုလဒူသနကိစ္စတွေလို့ သတ်မှတ်တာပေါ့နော်။ အဲတော့ ထပ်ပြီးတော့ ကုလဒူသနနဲ့ အလားတူတာက အနေသန ၂၁ ပါးဆိုတာ ပါလာတယ်။ အနေသနဆိုတာက ရဟန်းတော်တွေ... အနေသန မချာမီသင့်နဲ့ ချာမီခြင်းလို့ ခေါ်တာ။ သူက န ဧသန နှစ်ပုဒ်ပေါင်းထားတာ။ ဧသန ဆိုတာ ချာမီခြင်း၊ န ဆိုတာက မသင့်ဘူးလို့ ပြောတာ။ အဲတော့ မချာမီသင့်ဘူး၊ မလုပ်သင့်ဘူးလို့ ဆိုလိုတာ။ အဲတော့ ရဟန်းတွေ မလုပ်သင့်တဲ့ အလုပ် ၂၁ ခု ရှိတယ်ပေါ့။ အဲဒီထဲမှာလည်း ခုနက ပါပြီးသား အချက်တွေ ပြန်ပါလာတယ်။ ပန်းပေးခြင်း၊ သစ်သီးပေးခြင်း၊ သစ်ရွက်ပေးခြင်းတဲ့။ အဲတော့ သစ်ရွက်ဆိုတာက သူတို့ခေတ်က ဒီခေါင်မိုးတွေမှာ မိုးလို့ရတယ်။ သက်ကယ်မိုး ပုံစံမျိုးလေး၊ အဲလိုမျိုး အင်ဖက်တွေဘာတွေဆို ဦးဇင်းတို့က မိုးလို့ရတယ်လေ။ အဲလိုမျိုး အသုံးပြုလို့ရတဲ့ သစ်ရွက်တွေပေါ့နော်။ နောက် ဟင်းရွက်တွေ ပုံစံမျိုးလေး စားလို့ရတဲ့ ဟင်းရွက်တွေဘာတွေဆိုတာ သစ်ရွက်ထဲမှာ ပါတယ်ပေါ့။ အဲဒါမျိုးတွေ မပေးကောင်းဘူးပေါ့။ နောက် ဒန်ပူပေးတာ၊ ဒါပြောပြီး မျက်နှာသစ်ရေ၊ နောက် ရေတွေဘာတွေ ပေးတာ။ ချိုးရေပေးခြင်းလည်း မရဘူးနော်။ အဲတော့ တချို့ တောရွာတွေမှာ ကြုံဖူးတယ်။ ဘုန်းကြီးကျောင်းမှာ ရေတွင်းတူးထားတာလေ။ အဲတော့ ဘုန်းကြီးကျောင်းမှာ ရေလာခပ်ကြတယ်။ ဒါမျိုးတွေလည်း ဒါ စဉ်းစားစရာတွေ ဖြစ်လာတာပေါ့။ ချိုးရေပေးခြင်း၊ မျက်နှာသစ်ရေပေးခြင်း တစ်ခုမှ မရဘူးလေ။ ရေပေးလို့ မရဘူး။ အဲတော့ စကတည်းက လူတွေကနေပြီးတော့ သူတို့ဘာသာသူတို့ ကျောင်းနားမှာ သူတို့လာတူးထားတာ ပြဿနာမရှိဘူး။ ဘုန်းကြီးတွေက သူတို့ဘာသာသူတို့ ကျောင်းသံဃာသုံးဖို့အတွက် တူးထားတဲ့ ဥစ္စာကို လူတွေလာတောင်းတယ်ဆို ဘုန်းကြီးတွေ ပေးလို့မရဘူး ဒီရေကို။ ဘုန်းကြီးတွေရဲ့ အဝီစိတွင်းရေ ပေးလို့မရဘူး။ ဘုန်းကြီးတွေ အဲဒါ ရေပေးတဲ့အလုပ်ကို ဘုန်းကြီးတွေ လုပ်လို့မရဘူး။ မျက်နှာသစ်ရေလည်း ပေးလို့မရဘူး၊ ချိုးရေလည်း ပေးလို့မရဘူး။ ဘုန်းကြီးတွေ ရေပေးခွင့်မရှိဘူး။ ဟုတ်ပြီနော်၊ ဒါ သတိထားစရာတွေ တစ်ခုပဲ။ ဒါ အနေသနထဲမှာ ပါတယ်နော်။ နောက်တစ်ခါ ဆပ်ပြာပေးခြင်း ပါပြီးသွားပြီ၊ မြေညက်ပေးခြင်း ပါပြီးသွားပြီ၊ ဝါးပေးခြင်း ပါပြီးသွားပြီ၊ ဆေးကုခြင်း ပါပြီးသွားပြီ။ နောက် ဆွမ်းပေးခြင်း တိုးလာတယ်။ လက်ဆောင်ပေးခြင်းပေါ့ present နော် လက်ဆောင်ပေးခြင်းတွေ။ နှစ်သစ်လက်ဆောင်ပေးတာတို့၊ မွေးနေ့လက်ဆောင်ပေးတာတို့ ဘုန်းကြီးနဲ့ လူနဲ့က ဘာမှမဆိုင်တဲ့ ကိစ္စတွေ ဒါတွေနော်။ အဲတော့ သူ့မွေးနေ့လက်ဆောင်မို့လို့ ပေးရတာနဲ့၊ ကိုယ့်မွေးနေ့လက်ဆောင်မို့လို့ ပေးရတာနဲ့ အဆင်မပြေတဲ့ ကိစ္စတွေပေါ့နော်။ လက်ဆောင်တော့ ဘုန်းကြီးဆီမှာလည်း သွားမတောင်းနဲ့၊ အရှင်ဘုရား လက်ဆောင်ပေးဦးလေဘုရား သွားမတောင်းနဲ့နော်။ တချို့က သွားပြီးတော့ ခင်တဲ့အခါကျတော့လေ အရှင်ဘုရား တပည့်တော်ကို လက်ဆောင်မပါဘူးလားဘုရား ဆိုတာမျိုး လုပ်သေးတာနော်။ မလုပ်ကောင်းပါဘူး၊ အဲဒီအကျင့်တွေ ဖျောက်ရတော့မယ်နော်။ အဲဒါတွေ ဖျောက်ရမယ်။ အဲဒါ လက်ဆောင်တောင်းခြင်း မလုပ်ရပါဘူး။ နောက် စေခိုင်းရာသို့ သွားခြင်း ခုနကလို ဒကာဒကာမတွေက ခိုင်းတာပေါ့။ အရှင်ဘုရား ဘယ်သွားပေးပါဦး၊ အေး သွားလိုက်မယ် ဒကာမကြီး သွားလိုက်ဦးမယ်ဆို ခိုင်းတာ မသွားပေးရဘူး။ စေခိုင်းရာကို အလုပ်ပေးခြင်းပေါ့နော်၊ ဘာလေးလုပ်ပေးပါဦးဘုရား မလုပ်ပေးရဘူးနော်။ ကလေးထိန်းပေးခြင်း ဒါမျိုး မလုပ်ရဘူးနော်။ ကလေးထိန်းတဲ့ အလုပ် ဘုန်းကြီးအလုပ် မဟုတ်ဘူး။ နော် ကလေးထိန်းတာ မလုပ်ရဘူး။ ဘုန်းကြီးက ကလေးထိန်းတဲ့ အလုပ် မထိုက်တန်ပါဘူး။ အဲ့တော့ ဟို ကလေးပွေ့ချီတာတွေလည်း ပါတာပေါ့ အဲ့ထဲမှာလေ။ ထိန်းတယ်ဆိုတဲ့ နေရာမှာလေ။ ကလေးတွေဘာတွေ ပွေ့ချီတဲ့ အလုပ်တွေ မလုပ်ရဘူး။ နောက် လိုက်လျော၍ ပြောဆိုခြင်းဆိုတာက ဟို လူအကြိုက်ကို လိုက်ပြောတာ။ မဟုတ်မမှန်ဘဲနဲ့ ပြောတာနော်။ ဟုတ်မှန်တာကို လိုက်ပြောတာ ပြဿနာမရှိဘူး။ မဟုတ်ဘဲနဲ့ သူတို့ သဘောကျအောင် လိုက်ပြောတာ သဘော မလုပ်ရဘူး ဒါနော်။ ဒါ ဟို လူတွေကို ဖားတဲ့ သဘောလည်း ဖြစ်စေရဘူး ဆိုလိုတာပဲ အဓိကတော့နော်။ အဲ့သဘော မဖြစ်စေရဘူးပဲ။ နောက် မိမိကိုယ်ကို အောက်ချ၍ ဒကာကို မြှောက်ပင့် ပြောဆိုခြင်းဆိုတာ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အရမ်းနှိမ့်ချလွန်းခြင်း လူတွေနဲ့ ပတ်သက်လာလို့ရှိရင်လေ။ မလုပ်ရဘူး ဘုန်းကြီးဆိုတာ အဲ့လိုမျိုး အောက်သံနဲ့ကျ မလုပ်ရဘူး လူတွေဆီမှာလည်းနော်။ ဒကာကိုကျတော့ မြှောက်တယ်။ ကိုယ့်ကျတော့ နှိမ့်ချပြီး ပြောတယ်။ ဒါက ကိုယ့်သံဃာချင်းချင်းသာ နှိမ့်ချရမှာ။ လူတွေရှေ့မှာ ဘုန်းကြီးဆိုတာ နှိမ့်ချပြောတာမျိုး မဟုတ်ဘူး။ နောက် မြေ၏ အကျိုးအပြစ်ကို ဟောပြောခြင်းဆိုတာက ဒီမြေမှာ ဟို ဆိုင်ခန်းဖွင့်ရင် ကောင်းတယ်။ ဒီမြေက ဘူမိနက်သန်မြေ ဘာညာပေါ့ ဟောပြောတာလေ။ အဲ့ဒီနေရာက မြေကောင်း၊ အောင်မြေ။ ဒီနေရာမှာ ဆိုင်ခန်းဖွင့်၊ အရှေ့ဘက်ကို လှည့်၊ အနောက်ဘက်ကို လှည့် ဒါမျိုးတွေပေါ့နော်။ ဆိုင်ခန်းတွေ၊ ကုမ္ပဏီတွေ၊ အိမ်တွေ ဆောက်ဖို့အတွက်ကို နမိတ်တွေဘာတွေ မြေတွေဘာတွေ သွားသတ်မှတ်ပေးတာမျိုး မလုပ်ရဘူး။ အဲ့တော့ ဘုန်းကြီးကို သွားမပင့်နဲ့။ အရှင်ဘုရား လိုက်ကြည့်ပေးပါဦး တပည့်တော်တို့ မြေလေးဘာလေး။ သွားမပင့်နဲ့နော်။ မလုပ်ရဘူး ဒါနော်။ ဟို ပရိတ်ရွတ်ဖို့ ပင့်တာ ပင့်လို့ရတယ်။ အဲ့တော့ မြေကောင်းလား ဆိုးလား သွားဘုန်းကြီး မမေးနဲ့နော်။ တပည့်တော်တို့က ဒီမြေမှာ အိမ်ဆောက်သင့်လား မဆောက်သင့်လား ကြည့်ပေးပါဦး ဘုရားနော်။ အဲ့ဒါ မလုပ်ရဘူး။ အဲ့ဒါ မမေးရဘူး။ ဘုန်းကြီးဆိုတာက ဟို ဗေဒင်ဆရာမှ မဟုတ်တာနော်။ အဲ့တော့ ကိုးကွယ်မှု မှားနေတယ်။ ဘုန်းကြီးနဲ့ ဗေဒင်ဆရာနဲ့ကို လွဲနေတာ ဖြစ်နေတယ်နော်။ နောက် ၂၂ က နက္ခတ်ဗေဒင် ဟောခြင်းပေါ့။ နက္ခတ်လည်း မပြောရဘူး၊ ဗေဒင်လည်း မပြောရဘူးနော်။ အား ဒကာကြီးတွေ ဒီနက္ခတ်နဲ့ ဒီနက္ခတ် ချိတ်နေပြီ။ ဒီအချိန်မှာ အကောင်းဆုံးပဲ။ စီးပွားရေးလုပ် အောင်မြင်မယ်။ နောက် ဒီအချိန်မှာ ကုမ္ပဏီဖွင့်၊ ဘယ်နေ့ကျရင် ရုံးခန်းဖွင့် ကောင်းတယ်ဆိုတာ။ အဲ့လို အခါပေးတာမျိုးတွေ မလုပ်ရဘူး။ အခါပေးတွေ ရဟန်းအလုပ် မဟုတ်ဘူးနော်။ အခါပေးခြင်းအလုပ် ရဟန်းအလုပ် မဟုတ်ဘူး။ ဗေဒင်ဟောတာ ရဟန်းအလုပ် မဟုတ်ဘူးနော်။ နောက် အင်္ဂါဝိဇ္ဇာ ဟောခြင်း အတူတူပဲပေါ့နော်။ ဒါ ခန္ဓာကိုယ် အင်္ဂါတွေ ကြည့်ပြီးတော့ သတ်မှတ်ပြောတာလေ။ အဲ့ဒီ မင်းအင်္ဂါက ဒါ မင်းဖြစ်မယ့် အင်္ဂါပဲ၊ သူဌေးဖြစ်မယ့် အင်္ဂါပဲ ဆိုတာမျိုး ဟောပြောတာတွေ ရဟန်း မလုပ်ရပါဘူးနော်။ အဲ့တော့ အဲ့လို လုပ်လို့ရတဲ့ ပစ္စည်းတွေဟာ ဘယ်သံဃာမှ ဘယ်ဝိနည်းမှ မသုံးကောင်းတဲ့ ပစ္စည်းတွေ။ ခုန ကုလဒူသန ၈ ပါး၊ အနေသန ၂၁ ပါး။ အဲ့ဒီကိစ္စတွေဟာ ရဟန်းတော်တွေ လုံးဝမလုပ်ရပါဘူး။ ဒီလိုလုပ်လို့ ရလာတဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးသည် ဘယ်ကိုရင်၊ ဘယ်ဦးဇင်းမှ မသုံးကောင်းပါဘူး။ အဲ့ဒါကြောင့် ဦးဇင်းတို့ ဒီ ပရဟိတလုပ်ငန်းတွေက နည်းနည်းစဉ်းစားစရာရှိတယ်နော် ဒီကိစ္စတွေမှာ။ အဲ့တော့ ဒီ ကုလဒူသနကိစ္စ၊ အနေသနကိစ္စနဲ့ သွားငြိတွယ်နေတယ်။ အဲ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဇင်းတို့ သီတဂူဆရာတော်ကြီးတို့၊ ရွှေကျင်ဆရာတော်ကြီးတို့က ဝိနိစ္ဆယတစ်ခု စာတမ်းတစ်ခုကို ရေးခဲ့သေးတယ်။ ဟို အချို့ကလည်း ဒီလိုပြောတာလေ။ မျှော်လင့်ချက်မရှိဘဲနဲ့ တမင်တကာ ဂရုဏာစိတ်နဲ့ သနားစိတ်နဲ့ လုပ်ရင်ရော မရဘူးလားလို့ မေးကြတာလေ။ ဘာမှသူတို့ဆီက မမျှော်လင့်ဘူး။ သူတို့ငါ့ကို လှူပါစေ၊ ပေးပါစေဆိုတဲ့စိတ် လုံးဝမပါဘူး။ မရဘူး။ ရွှေကျင်ဆရာတော်ကြီးက လုံးဝမရဘူး။ အာမိသကို မျှော်လင့်သည်ဖြစ်စေ၊ မမျှော်လင့်သည်ဖြစ်စေ မပေးရဘူး။ အဲ့တော့ အာမိသကို မျှော်လင့်ပြီး ပေးလို့ရှိရင် ဦးဇင်းတို့ ကုလဒူသနလည်းဖြစ်တယ်၊ မိစ္ဆာဇီဝလည်းဖြစ်တယ်။ အာပတ်နှစ်ချက်တောင် သင့်တယ် သူက။ သုံးချက်သင့်တယ် နောက်တစ်ခုက။ ဒကာဒကာမတွေ သဒ္ဓါတရားနဲ့ လှူထားတဲ့ပစ္စည်းကို လူတကာကို ပေးလိုက်တဲ့အတွက်ကြောင့် အာပတ်တစ်ချက် ထပ်သင့်ပြန်တယ်။ သူက သဒ္ဓါဒေယျ ဝိနိပါတ ဒုက္ကဋ်လို့ ခေါ်တယ်။ အာပတ်သုံးချက်သင့်တယ်။ ဟုတ်ပြီနော်။ မျှော်လင့်ချက်နဲ့ပေါ့။ ဒီလိုငါ ရေပေးလိုက်လို့ရှိရင်ပေါ့။ ဘုန်းကြီးက ပရဟိတ ထောက်ကူထောင်ထားတယ်၊ ရေပေးဝေတဲ့ ပရဟိတတစ်ခု လုပ်မယ်။ အဲ့တော့ ရေတွေပေးဝေလို့ရှိရင် ငါ့ကိုလူတွေက ကြည်ညိုကြလိမ့်မယ်။ ငါ့ကိုကျောင်းတွေ လာဆောက်ပေးကြလိမ့်မယ်၊ ပစ္စည်းလေးပါးတွေ လာလှူကြလိမ့်မယ်ဆိုတဲ့ အနေနဲ့ မျှော်လင့်ချက်ထားမယ်ပေါ့။ အဲ့လိုမျှော်လင့်ချက်ထားပြီးတော့ အဲ့ဒီရေပေးဝေတဲ့အလုပ်ကို လုပ်ခဲ့ရင်။ ဟုတ်ပြီနော်။ အဲ့ဒါဆိုရင် သူက မျှော်လင့်ချက်ထားတဲ့အတွက်ကြောင့် သူ့ကို မိစ္ဆာဇီဝလို့ ခေါ်တယ်။ အဲ့တော့ ဒုက္ကဋ်တစ်ချက်သင့်တယ်။ နောက်တစ်ခါ ဟို လူတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးရာရောက်တဲ့အတွက်ကြောင့် ကုလဒူသန ဒုက္ကဋ်တစ်ချက် ထပ်သင့်ပြန်တယ်။ နောက်တစ်ခါ ဒကာဒကာမတွေ ဒီရေပေးတဲ့ ဝတ္ထုငွေတွေက ဒကာဒကာမတွေ သဒ္ဓါတရားလှူထားတဲ့ ပိုက်ဆံတွေ ဖြစ်နေတယ်။ အဲ့တော့ ဒကာဒကာမတွေ သဒ္ဓါတရားနဲ့လှူထားတဲ့ ပိုက်ဆံကို အလွဲသုံးစားလုပ်တဲ့အတွက်ကြောင့် ဒုက္ကဋ်ပဲ တစ်ချက်ထပ်သင့်ပြန်တယ်။ အဲ့တော့ အာပတ်သုံးချက်သင့်တယ်လို့ ဦးဇင်းတို့ ရွှေကျင်ဆရာတော်ကြီးက ဆုံးဖြတ်ထားတာ။ ရွှေကျင်ဆရာတော်ကြီးရဲ့ ဒီကုလဒူသန ဝိနိစ္ဆယရှိတယ်။ အဲ့တော့ မျှော်လင့်ချက်နဲ့ ပေးခဲ့ရင် အာပတ်သုံးချက်။ မျှော်လင့်ချက်မပါဘဲ ပေးခဲ့ရင် နှစ်ချက်။ သူက ကုလဒူသန မျှော်လင့်ချက်မပါဘဲနဲ့ ပေးခဲ့ရင်တော့ မိစ္ဆာဇီဝတော့ မဖြစ်ဘူး။ ဒါပေမဲ့ ကုလဒူသန အာပတ်သင့်တယ်။ နဲ့ နောက် သဒ္ဓါဒေယျ ဝိနိပါတ လို့ ခေါ်တဲ့ ဒကာ ဒကာမတို့ရဲ့ သဒ္ဓါတရားကို ဖျက်ဆီးမှု အာပတ် တစ်ချက် ထပ်သင့်တယ်။ အဲ့တော့ မျှော်လင့်ချက်နဲ့ ပေးရင် သုံးချက်၊ မျှော်လင့်ချက် မပါဘဲ ပေးရင် နှစ်ချက်။ နော်။ အဲ့ဒါ ဦးဇင်းတို့ အကျယ်တဝင့် ဖတ်ချင်ရင်တော့ ရွှေကျင်ဆရာတော်ကြီးရဲ့ ဧကုနုတ္တရ ဝိနိစ္ဆယ စာတမ်းထဲမှာ ဖတ်လို့ ရပါတယ်။ ဒါ အကျဉ်းချုပ်လေး ပြောပြတာနော်။ တချို့က "တပည့်တော်တို့က ဘာမှ မမျှော်လင့်ဘူး၊ လူတွေ ချမ်းသာဖို့ပဲ ပေးတာပါ" လို့ ပြောတတ်လို့ ဒီဟာကို ပြောပြတာနော်။ အဲ့ဒါ ဦးဇင်းတို့ ဒါကို ထောက်ဆသောအားဖြင့် ဘယ်နည်းနဲ့မှ ဦးဇင်းတို့ လုပ်လို့ မရဘူးဆိုတာ ပေါ်သွားတယ်။ နော်။ လုပ်လို့ မရဘူး။ အဲ့တော့ မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မလုပ်ရပါဘူးနော်။