[0] ကဲ ဦးဇင်းတို့ စာမျက်နှာ ၇၂ နော်။ [1] စာမျက်နှာ ၇၂ ထီးတောင်ဝှေး ဓားစသည် လက်နက်များကို ကိုင်ပြီး တရားမနာကောင်းပုံ နော်။ [2] တရားတော် နာယူသည့် ယောဂဝေဒနာတစ်စုံတစ်ရာမရှိ ကျန်းမာသူဖြစ်လျှင် လက်ဖြင့် ထီးကို ကိုင်လျက် မဆောင်းဘဲဖြစ်စေ ဆောင်းမိုးလျက်ဖြစ်စေ တရားမနာယူကောင်းပါတဲ့ နော်။ [3] တရားနာယူတော့မည်ဆိုလျှင် ထီးကို မြေပေါ်မှာ မြေပေါ်၌ဖြစ်စေ ပေါင်ပေါ်၌ဖြစ်စေ ချထားပြီး လက်ဖြင့် မထိမကိုင်ဘဲ လုံးဝ လွှတ်ထားမှသာလျှင် တရားကို နာယူကောင်း၏။ [4] ထီးဆောင်းထားမှ မဟုတ်ဘူးပေါ့ နော်။ [5] ဟို ရောဂါရှိလို့ အရမ်းနေပူလို့ မခံနိုင်လို့ ထီးဆောင်းထားတာက ရတယ်။ [6] သာမန် ဘာမှလည်း ရောဂါတစ်စုံတစ်ရာမရှိဘူး နေလည်းမပူ မိုးလည်းမရွာဘဲနဲ့ ထီးဆောင်းထားတယ်။ [7] တချို့ ထီးမဆောင်းထားဘူး ထီးကို လက်က ကိုင်ထားတယ်။ [8] အဲလိုဆိုရင် ဦးဇင်းတို့ တရားနာလို့ မရဘူး။ [9] လူမှာ အပြစ်ရှိတာ မဟုတ်ဘူးနော် ဒါ ရဟန်းမှာ အပြစ်မရှိတာ။ [10] အဲတော့ ရဟန်းတွေ အပြစ်မရှိအောင် ကိုယ်က ချောင်မြွေဖို့အတွက်ကို ဒါ သင်တန်းပေးရတဲ့ သဘော။ [11] အဲတော့ ထီးကိုင်ထားတဲ့ လူကို တရားဟောခွင့် မရှိဘူး။ [12] အဲတော့ ဦးဇင်းတို့က ဒကာကြီး ထီးချလိုက်ပါလို့ ပြန်ပြောရမှာ ဦးဇင်းတို့ဘက်ကလည်း။ [13] ဒကာမကြီး ထီးကို အောက်မှာ ချထားလိုက်ပါလို့ ပြောရမှာ။ [14] အဲတော့ ဆောင်းထားမှ မဟုတ်ဘူး အဲတော့ ထီးဆောင်းထားရင်လည်း မဟောကောင်းဘူး၊ လက်မှာ ချိတ်ထား လက်မှာ ကိုင်ထားရင်လည်း မဟောကောင်းပါဘူးပေါ့ နော်။ [15] အဲတော့ အောက်ကို ချထားမှ သို့မဟုတ် ခုန ထိုင်နေတဲ့အခါမှာ ပေါင်ပေါ်မှာ တင်ထားလည်း ရတယ်။ [16] အဲတော့ အဲလိုမျိုးဆိုရင် တရားဟောလို့ ရပြီပေါ့။ [17] မရိုမသေတဲ့ သဘောပါတဲ့အတွက်ကြောင့်ပေါ့။ [18] မိမိထီးကို မိမိကိုယ်အင်္ဂါတစ်စုံတစ်ခုနှင့် ထိနေသော်လည်း မိမိလက်ဖြင့် မထိမကိုင်ဘဲ ထားနေခြင်းဖြင့်လည်းကောင်း၊ [19] သူတစ်ပါးက မိမိခေါင်းပေါ်သို့ ဆောင်းမိုးပေးထားခြင်းအားဖြင့်လည်းကောင်း တရားကို နာယူကောင်းပါ၏။ [20] ကိုယ်ကိုယ်တိုင် ဆောင်းထားတာတော့ မဟုတ်ဘူး သူများနောက်က ဆောင်းပေးလို့ ကိုယ်က လုပ်ရှိပြီး နာတာ ရတယ် နော်။ [21] အဓိက လက်နဲ့ ကိုင်ခြင်း ဆောင်းခြင်း မရှိဖို့ပေါ့။ အဓိက အဲဒါပဲ။ [22] အဲတော့ လက်နဲ့ မကိုင်ထားရဘူး အောက်မှာ ချထား ပေါင်ပေါ်မှာ တင်ထား ရတယ် နော်။ [23] အဲဒါဆိုရင် ဦးဇင်းတို့ တရားဟောလို့ ရတယ်။ အဓိကတော့ လက်နဲ့ ကိုင်ထားခြင်း မရှိဖို့ပေါ့။ [24] စာထဲမှာက သူက န ဆတ္တပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာကရဏီယာလို့ ပြောတာကိုး။ [25] ဆတ္တပါဏိဿ ဆိုတာ လက်၌ ထီးရှိသူ။ [26] လက်၌ ထီးရှိသောသူအား တရားမဟောရလို့ ဒီလို ဥပဒေရှိတယ်။ [27] ဒါကြောင့် ဆောင်းသည်ဖြစ်စေ မဆောင်းသည်ဖြစ်စေ လက်ထဲမှာ ထီးရှိနေတယ်ဆိုရင် မဟောရဘူး။ [28] ဒါကြောင့် ထီးကို ချထားရမယ်နော်။ [29] ထီး ထီးတစ်ခုတည်းလားဆိုတော့ မဟုတ်ဘူး တောင်ဝှေးလည်း ပါပါတယ်။ [30] ထို့ပြင် တောင်ဝှေးကိုလည်း ကိုင်လျက်လည်း တရားတော်ကို မနာယူကောင်း။ [31] အကယ်၍ တရားနာလိုလျှင် မိမိလက်၌ ကိုင်ဆောင်ထားသော ဒုတ်ကိုလည်းကောင်း၊ တောင်ဝှေးကိုလည်းကောင်း လက်မှ ချထားလျက်သာ တရားကို နာယူကောင်း၏။ [32] အဲ့အတိုင်းပဲ တချို့ ဒကာကြီးတွေ ဒကာမကြီးတွေ တောင်ဝှေးသုံးတဲ့ ဒကာကြီးတွေ ဒကာမကြီးတွေကျတော့ သတိထားစရာပေါ့။ [33] တောင်ဝှေးကို သာ ချပြီးခါမှ တရားနာနော်။ [34] အဲ့တော့ တောင်ဝှေးကို တစ်နေရာမှာ ထောင်ထားပေါ့။ [35] လက်ထဲမှာတော့ မထားနဲ့ပေါ့နော်။ [36] ယောဂဝေဒနာ အရမ်းခံစားရတယ်ပေါ့နော်။ [37] ခံစားနေရသော မကျန်းမာသူများသည်သာ ဒုတ်တောင်ဝှေးကို ကိုင်လျက် တရားနာယူကောင်း၏။ [38] ဒုတ်မရှိရင် မဖြစ်နိုင်ဘူး ဘယ်လိုမှ ဒုတ်မပါလို့ မရတဲ့ အနေအထားဖြစ်နေရင်တော့ ဒုတ်ကို အားပြုရတယ်ဆိုရင်တော့ ဒုတ်ကို ဆောင်ထားလို့ရတယ်ပေါ့။ [39] ဒုတ်မပါဘဲလည်း ရတယ်ဆိုရင်တော့ ဒုတ်ကို လွှတ်ထားလို့ရတယ်ပေါ့နော်။ [40] အဲ့တော့ ဒုတ်ပါမှ ဖြစ်မယ့် လူမျိုးဆိုရင်တော့ ရပါတယ် ခြွင်းချက်ပေါ့။ [41] ဤ၌ ဒုတ်တောင်ဝှေးတို့ဟူသည် လေးတောင် အတိုင်းအရှည်ရှိသော ဒုတ်တောင်ဝှေးကို ဆိုလိုသည်။ [42] လေးတောင်အောက် တိုသော ဒုတ်တောင်ဝှေးနှင့် ထိုထက်ရှည်သော ဒုတ်တောင်ဝှေးကို ကိုင်၍ကာ တရားကို နာယူကောင်းပါ၏။ [43] ဝိနည်းဆိုတာ အဲ့ဒါပဲ လောပဲလေ ဥပဒေပဲ သူက။ [44] သူ့ဘောင်ထဲက လွတ်သွားရင် ဒါ ရသွားပြီနော်။ [45] ဘာဖြစ်လို့လဲဆိုတော့ သူက လေးတောင်ကိုမှ အစာပေထဲမှာ ဒုတ်လို့ ခေါ်တယ်။ [46] လေးတောင်ထက် ပိုသွားရင်လည်း ဒုတ်လို့မခေါ်ဘူး။ [47] လေးတောင်အောက် တိုသွားရင်လည်း ဒုတ်မခေါ်ဘူးတဲ့။ [48] တချို့ဆို ပြောမှာပါ အရှင်ဘုရား အတူတူပဲလို့ ပြောမှာပါပဲနော်။ [49] တိုတိုရှည်ရှည် ဒုတ်က ဒုတ်ပဲ မလားလို့ ပြောမှာ။ [50] ဒါပေမဲ့ ဥပဒေက သူက လေးတောင်ကိုပဲ ဒုတ်လို့ သတ်မှတ်တာ။ [51] လေးတောင်ထက် ကျော်သွားခဲ့ရင် ဒုတ်လို့မခေါ်ဘူး။ [52] လေးတောင်အောက် တိုခဲ့ရင်လည်း ဒုတ်မခေါ်ဘူး။ [53] အဲ့ဒါကြောင့် ရဟန်းတော်တွေ ဒုတ်ကိုင်မယ်ဆိုလို့ရှိရင် သူက သမ္မုတိယူရသေးတယ် အခွင့်ပြုချက်ယူရသေးတယ်။ [54] အဲ့ဒီ လေးတောင်လောက်ရှိတဲ့ ဒုတ်ကို ကိုင်မယ်ဆိုလို့ရှိရင် သံဃာတွေက ကမ္မဝါစာဖတ်ပြီး ခွင့်ပြုမှ ကိုင်ရတာ။ [55] ကိုင်ချင်တိုင်း ကိုင်လို့မရဘူး ဒုတ်ကို သူက။ [56] အဲ့တော့ သူ့ထက် တိုသွားခဲ့ရင် ကိုင်လို့ရတယ်။ [57] ရှည်သွားရင်လည်း ကိုင်လို့ရတယ်။ ဒုတ်မဟုတ်တဲ့အတွက်ကြောင့် ဒုတ်စာရင်းထဲမှာ မပါဘူး။ [58] အဲ့ဒါ ဒုတ်ကို သူက လေးတောင်ပဲ သတ်မှတ်ထားတာ။ [59] အဲ့ဒါကြောင့် လေးတောင်ရှိတဲ့ ဒုတ်ကို ရဟန်းတစ်ပါး ဆရာတော်တစ်ပါးသည် ကိုင်မယ်ဆိုရင် သမ္မုတိယူရမယ်။ [60] ဒီဆရာတော်သည် ဒုတ်မပါဘဲနဲ့ ရပ်လို့မရပါဘူး နေလို့မရပါဘူး။ [61] ဒါကြောင့် ဒီဆရာတော်ကို ဒုတ်ကိုင်ခွင့်ပြုပါဆိုပြီးတော့... [62] အဲ့ဒီလိုမျိုး။ [63] အဲ့ဒါ မဟုတ်ဘူးဆိုရင် ဦးဇင်းတို့ အာပတ်သင့်တယ်ပေါ့နော်။ [64] အဲ့ဒါကြောင့် လေးတောင်အောက်တိုတဲ့တုတ်၊ ခြေထောက်တုတ်ဆိုရင် တုတ်လို့မခေါ်ဘူး၊ ကိုင်လို့ရတယ်။ [65] အဲ့ဒါကြောင့် ဒကာဒကာမတွေလည်း လေးတောင်အောက်တိုတဲ့တုတ်၊ လေးတောင်အောက်ခြေထောက်တုတ်ကိုင်လို့ရှိရင်တော့ ဒါ တရားဟောလို့ရတယ်။ [66] လေးတောင်တိတိရှိတဲ့တုတ်ကိုဆိုရင်တော့ တရားမဟောရဘူးပေါ့။ [67] ထို့ပြင်လည်း တရားနာသူသည် တရားတော်ကို နာယူသောအခါ ကျန်းမာလျက် ဓား၊ သံလျက်၊ လှံ၊ တင်းပုတ်၊ သေနတ် စသော လက်နက်တို့ကို ကိုင်ဆောင်လျက် တရားတော်ကို မနာယူကောင်း။ [68] ဓားစသည်တို့ကို လက်ဖြင့်မကိုင်ဘဲ ပုခုံးဖြင့် လွယ်ထား၍ကား တရားကို နာယူကောင်း၏။ [69] ဒါလည်း ဝိနည်းပဲ။ တချို့ကပြောတယ်၊ အရှင်ဘုရား လက်မှာကိုင်ထားတာနဲ့ ခါးမှာချိတ်ထားတာ ဘာထူးသေးလဲ တချို့ကပြောတယ်။ [70] မဟုတ်ဘူး၊ ဝိနည်းမှာက လက်မှာပဲပြောထားတာ၊ ခါးမပါဘူး။ [71] အဲ့ဒါကြောင့် ပါတဲ့အတိုင်းပဲ ဆုံးဖြတ်ရတယ် ဝိနည်းဆိုတာကလေ။ [72] အတူတူပဲလို့ ဒီလို သဘောထားကြီးကြီးသွားမပြောနဲ့လေ။ [73] ဥပဒေက ဥပဒေပဲပေါ့နော်။ သူ့ဥပဒေထဲမှာ မပါရင် ဒါ လွတ်တာပဲ။ [74] အဲ့တော့ ဘုရားက လက်မှာရှိရင် ဓား၊ လက်နက်တွေ လက်မှာရှိရင် မဟောနဲ့လို့ပြောတာ။ [75] အဲ့တော့ လက်မှာမထားဘူး၊ ခါးမှာထိုးထားမယ် ဓားတွေကို။ [76] နောက်ကျောမှာ လွယ်ထားမယ်။ ဒါ ဟောလို့ရတယ်။ [77] ဘာလို့လဲဆိုတော့ ဘုရားက လက်ထဲမှာရှိမှသာ မဟောရဘူးလို့ ပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့်။ [78] ဒါ ဘုရားဥပဒေက သူ့အတိအကျပဲပေါ့နော်၊ ခွဲလို့မရဘူးဗျ။ [79] ဒီ ဟောရင် ဟောခဲ့တဲ့အတိုင်းပဲ သူက ဘယ်ဆိုဘယ် ညာဆိုညာပဲ သူက။ [80] ဒီလိုလေးတော့မရဘူးလား၊ ဟိုလိုလေးတော့မရဘူးလား မဟုတ်ဘူး၊ သူပြောတဲ့အတိုင်းပဲ လုပ်ရတာနော်။ [81] အဲ့တော့ ဘုရားက လက်ထဲမှာဆို လက်ထဲမှာပဲ။ တခြားမှာရှိရင် ဟောလို့ရတယ်။ [82] အဲ့လိုပဲ ဟို သေနတ်တွေဘာတွေ။ [83] တချို့တစ်ခါတလေ ဦးဇင်းတို့ အရာရှိတွေဘာတွေ တရားနာလာလို့ရှိရင် သေနတ်တွေဘာတွေ ပါတတ်တယ်။ [84] အဲ့တော့ သူတို့က ခါးကြားမှာ ထိုးထားတယ်။ [85] အချို့က မဟောကောင်း မဟောကောင်း ငြင်းကြတယ်။ ဟောကောင်းပါတယ်၊ ဘုရားက လက်မှာမကိုင်ထားရင် ဟောလို့ရတာ။ [86] တချို့ကလည်း အရှင်ဘုရား ပစ်သတ်ရင် ဘယ်လိုလုပ်မလဲ ဟိုက ခါးထဲမှာထိုးထားရင် အချိန်မရွေး ပစ်သတ်လို့ရတယ်ပေါ့။ [87] ဒါကတော့ ဘုရားက ခါးကိုပြောတာမဟုတ်ဘူး၊ မရိုမသေဖြစ်မှာစိုးလို့ ဘုရားပြောနေတာ။ [88] ပစ်သတ်တာ မပစ်သတ်တာ ဘုရားပြောတာမဟုတ်ဘူး။ သတ်ချင်လို့ကတော့ ဘယ်လိုပဲသတ်သတ် သတ်လို့ရတာပဲ။ [89] ခါးမှာရှိထားမှ မဟုတ်ဘူးပေါ့နော်။ [90] အဲ့တော့ ဘုရားက လက်ထဲမှာကိုင်ထားရင် ဒါ အဂါရဝဖြစ်နေတယ်။ [91] ဒါကြောင့် လက်ထဲမှာမကိုင်ထားစေနဲ့လို့ ဘုရားပြောချင်တာ။ [92] သေနတ်ကြီးတစ်ကားကားနဲ့ တရားဟောတာ အဆင်မပြေဘူးလေ။ [93] အဲ့ဒါကြောင့် ဘုရားက ရှေ့မှာချထားတာ၊ ခါးမှာချိတ်ထားတာ၊ ကျောမှာလွယ်ထားတာဆိုရင်တော့ ဟောလို့ရတယ်လို့ ပြောတာ။ [94] ကျောမှာပဲ ချိတ်ချိတ် လက်ထဲမှာ သေနတ်မကိုင်ထားရင် ပြီးရော။ [95] အဲ့လိုပြောတာပါနော်။ အဲ့တော့ တချို့က [96] ဟာ အတူတူပဲလေ လက်ထဲမှာ ကိုင်ထားတာနဲ့ ခါးမှာ ချိတ်ထားတာ ဘာထူးသေးလို့လဲပေါ့။ [97] ထူးပါတယ်နော်။ ဘုရားက နည်းနည်းလေး လက်ထဲမှာ ကိုင်ထားတာက မရိုမသေ သဘောသက်ရောက်စေတယ်။ [98] ခါးမှာ ချိတ်ထားတာက သူ့ဟာသူ ချိတ်ထားတာ ဘာမှ မရိုမသေ သဘောမသက်ရောက်ဘူး။ [99] သူက uniform သဘောအတိုင်းပဲပေါ့နော်။ [100] ဒါကြောင့်မို့လို့ ဘုရားရဲ့ ဥပဒေကို ဟိုလိုလေး ဒီလိုလေး သွားပြင်လို့မရဘူး။ [101] သူ့အတိုင်းပဲ သွားရမှာပေါ့နော်။ [102] အဲ့တော့ ခုနက အဲ့တော့ ဓားတို့၊ သံလျက်တို့၊ လှံ၊ တင်းပုတ်၊ သေနတ်နော် ဒါတွေကို ဦးဇင်းတို့ [103] လက်ထဲမှာ မရှိရင် ဟောလို့ရတယ်။ လက်ထဲမှာ ရှိရင် မဟောကောင်းဘူး။ [104] ဒကာကြီး သေနတ်ကို ခဏ ဘေးဖယ်ထားပေးပါ၊ ဒါမှမဟုတ် ခါးမှာ ချိတ်ထားပေးပါလို့ ပြောရတယ်နော်။ [105] ထို့ပြင် တရားနာယူလိုသူသည် တရားတော်ကို နာယူသောအခါ ကျန်းမာလျက် [106] လေးကို လက်ဖြင့် ကိုင်ဆောင်ကာ တရားမနာယူကောင်း။ [107] ဒူးလေးတို့၊ လေးတို့ဘာတို့ ပြောတာ။ မြားတို့ဘာတို့ ပြောတာ။ [108] ဤ၌ လေးသက်သက်ပင်ဖြစ်စေ၊ မြားနှင့် လေးနွှဲလျက်ဖြစ်စေ၊ ညွှတ်တင်ထားသည်ဖြစ်စေ၊ ညွှတ်မတင်ထားသည်ဖြစ်စေ [109] လေးနှင့်ဆိုင်ရာ လေးကိုင်း၊ လေးကြိုး၊ မြားတို့သည် လေးစာရင်း၌ အကျုံးဝင်သည်။ [110] ဘာမှမကိုင်ထားရဘူး လေးနဲ့ပတ်သက်တဲ့ ပစ္စည်းပေါ့နော်။ လေး၊ မြား ဘာတစ်ခုမှ မကိုင်ရဘူး။ [111] ကြိုးတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ မကိုင်ရဘူးပေါ့။ [112] မြားတို့ကို ပုခုံး၌ လွယ်ထားလျှင်သော်လည်းကောင်း၊ အောက်၌ ချထားလျှင်သော်လည်းကောင်း [113] လက်ဖြင့် မထိမကိုင်ထားလျှင်သော်လည်းကောင်း တရားနာယူကောင်းသည်။ [114] လိုရင်းကတော့ လက်ထဲမှာ မရှိဖို့ပဲ။ [115] အဲ့ဒီ ထီးရယ်၊ တောင်ဝှေးရယ်၊ ဓား စတဲ့ လက်နက်အမျိုးမျိုး [116] အဲ့ဒါ လက်ထဲမှာ မရှိရင် တရားဟောလို့ရတယ်။ ရှိရင် မဟောကောင်းဘူး ဆိုတာ။ [117] အဲ့ဒီမှာလည်းပဲ တိတိကျကျ ပြောရမယ်ဆိုရင် တရားဆိုတဲ့ နေရာမှာလည်း ပါဠိစာကို ပြောတာပဲ သူက။ [118] မြန်မာလို ဟောလို့ရတယ်ဆိုတဲ့ အခွင့်အရေးကလည်း လာပြန်တယ် သူက။ [119] ဒီခုနက ပါဠိအဋ္ဌကထာပေါ့နော်။ ပါဠိစကားနဲ့ အဋ္ဌကထာစကား၊ [120] ပါဠိစကား၊ အဋ္ဌကထာစကားတွေကို ပါဠိဘာသာနဲ့ ဟောတာ။ [121] အဲ့တော့ မြန်မာလို၊ အင်္ဂလိပ်လိုကတော့ အခွင့်အရေးရှိ ဟောလို့ရတယ်ဆိုပြီးတော့ [122] အဋ္ဌကထာဆရာများက ဆက်လက်ပြီးတော့ ဖွင့်ဆိုရေးသားတာ ရှိတယ်။ [123] အဲ့ဒါကြောင့် လက်ထဲမှာ ဓားကိုင်ထားတဲ့လူ၊ တုတ်ကိုင်ထားတဲ့လူ၊ ထီးကိုင်ထားတဲ့လူတွေကို [124] မြန်မာဘာသာနဲ့ ဟောရင် ရတယ်နော်။ [125] တရားစကားတော့ ပါဠိဘာသာကျတော့ လေးနက်တယ်ပေါ့။ အလေးထားရမယ့် စာပေဖြစ်နေတယ်။ [126] အလေးထားရမယ့် ပါဠိစာပေဖြစ်တဲ့အတွက်ကြောင့် လေးစားထိုက်တဲ့ ပါဠိစာပေကို ဟောတဲ့အခါကျတော့ လက်ထဲမှာ ဓားတွေ မရှိစေနဲ့။ [127] မြန်မာလိုကတော့ ကြိုက်တဲ့ဘာသာနဲ့ ဟော ဒါကတော့ လေးစားမှု... [128] ဒီနေ့တော့ ဗုဒ္ဓဘာသာ စကားမဟုတ်တဲ့အတွက်ကြောင့် အဲ့လိုမျိုးပေါ့နော်။ [129] အဲ့ဒါ ဦးဇင်းတို့ တရားနာတဲ့အခါမှာ လက်ထဲမှာ မရှိရမယ့် ပစ္စည်းတွေနော်။ ထီးရယ်၊ တောင်ဝှေးရယ်၊ လက်နက်အမျိုးမျိုးပေါ့နော်။ [130] အဲ့ဒါ လက်ထဲမှာ မရှိစေရဘူး တရားနာတဲ့အခါမှာ။ [131] ဒါကတော့ မြို့သူမြို့သားတွေမှာတော့ ရှားပါတယ်။ တောသူတောသားတွေမှာတော့ ဒါလေးရှိတတ်တယ်ပေါ့။ [132] မြို့သားတွေမှာတော့ ဘာရှိမလဲဆိုတော့ ထီးတို့ တောင်ဝှေးတို့တော့ ရှိတတ်တယ်ပေါ့။ [133] တောသူတောသားတွေမှာကျတော့ ဓားတို့ဘာတို့နော်၊ တူစင်းတို့ဘာတို့ ရှိတာပေါ့ လက်ထဲမှာကို။ [134] နောက်ပြီး စာမျက်နှာ ၇၄ ပေါ့နော်။ တရားမနာကောင်းတဲ့ဟာ။ ယာဉ်ပေါ်မှ နောက်တစ်ခါ အိပ်ရာပေါ်မှာ နေပြီး တရားမနာကောင်းတဲ့ဥစ္စာ။ [135] တရားဟောပုဂ္ဂိုလ်က ယာဉ်ထက်နိမ့်သော နေရာမှာ နေ၍ တရားဟောသည်ကို တရားနာယူသူက ကျန်းမာလျက် ယာဉ်ပေါ်မှာ နေထိုင်ကာ တရားမနာယူကောင်း။ [136] ယာဉ်ပေါ်မှ ဆင်းသက်ပြီးမှသာ တရားတော်ကို နာယူကောင်း၏။ ဆိုတာ ဟောသူက အောက်ကပေါ့နော်။ [137] နာသူက ကားပေါ်က အဲ့လိုဖြစ်နေတယ်ဆိုတော့ မြင့်နေတာပေါ့ သူက။ အဲ့လိုမရဘူးလေနော်။ [138] အဲ့တော့ တရားဟောသူနဲ့ တရားနာသူမှာ ဟောသူက အပေါ်ကပဲ ဖြစ်ရမယ်။ [139] တရားနာသူက အောက်ကဖြစ်ရမယ်။ ဒီလိုဖြစ်ရမယ်။ အဲ့တော့ တရားနာသူက အပေါ်က ယာဉ်ကားပေါ်က ဖြစ်နေတယ်။ [140] ဟောသူက အောက်ကနေ ဟောမယ်။ မရဘူးပေါ့နော်။ တစ်ခါတလေ ဒကာဒကာမတွေက ကားပေါ်က ဘုန်းကြီးက အောက်ကနေပြီးတော့ မတ်တပ်ရပ်ပြီး ဟောတယ်။ မရဘူးပေါ့နော်။ အဲ့ဒါမရဘူး။ [141] အဲ့တော့ အကယ်၍ ဘုန်းကြီးကလည်း ကားပေါ်က လူလည်း ကားပေါ်ကဆိုရင်တော့ ဟောလို့ရတယ်။ သူလည်း ကားပေါ် ကိုယ်လည်း ကားပေါ် level တူတယ်။ level တူရင် ဟောလို့ရတယ်။ အဲ့လိုမျိုးပေါ့။ [142] အဲ့တော့ ယာဉ်ပေါ်က ဆင်းသက်ပြီးမှသာ တရားတော်ကို နာယူကောင်း၏။ [143] အမှန်တကယ် ရောဂါဖြစ်နေ၍ ထိုင်မရ ထမရ လမ်းလျှောက်၍ မရခဲ့လျှင် ယာဉ်ပေါ်မှသာ နေရသူဖြစ်လျှင် ယာဉ်ပေါ်မှာပင် တရားနာယူကောင်း၏နော်။ [144] တစ်ခါတလေ ဟိုမသွားနိုင်မလာနိုင်တဲ့လူတွေက ကားပေါ်မှာပဲ ထိုင် ထလို့အဆင်မပြေဘူး။ အဲ့ဒါဆိုရင်တော့ ရတယ် ဂိလာနလို့ခေါ်တယ်နော်။ [145] သို့မဟုတ် တရားဟောပုဂ္ဂိုလ်ကလည်း တရားနာယူသူနှင့် ယာဉ်တစ်ခုတည်း၌ပင် နေ၍ တရားဟောကြားရာမျိုး၌ ယာဉ်ပေါ်မှာပင် တရားကို နာယူကောင်း၏နော်။ [146] Level တူသွားတယ်။ သူလည်း ကားပေါ် ကိုယ်လည်း ကားပေါ်က။ သူလည်း လှေပေါ်မှာ ကိုယ်လည်း လှေပေါ်မှာ ရတယ်။ [147] ယခုကာလ လှည်း၊ လှေ၊ သင်္ဘော၊ ရထား၊ ကား အမျိုးမျိုး၊ အဝတ်ထမ်းစင်များနှင့်တကွ လူနှစ်ယောက် လက်ချင်းယှက်၍ မချီယူအပ်သော လက်ယှက်မှုများကိုပါ ယာဉ်ဟုခေါ်ပါသည်နော်။ [148] ဟုတ်ကဲ့ပါခင်ဗျာ။ လူတွေဘာတွေ ထိုင်ထားတဲ့ဥစ္စာလည်း ဒါရင်ပဲ။ နည်းနည်းလေး ဝှီးချဲလ်တွေဘာတွေလည်း ရင်ထဲထည့် အကုန်ထည့်နော်။ အကုန်ထည့်မယ်။ [149] ကျန်းမာလျက် ထိုရင်ပေါ်၌ နေကာ တရားမနာကောင်း။ [150] တရားဟောပုဂ္ဂိုလ်က ရင်တစ်စီးပေါ်မှ ဟော၍ တရားနာသူကလည်း အခြားရင်တစ်စီးပေါ်မှ နာယူရာ၌ [151] တရားနာသူရင်သည် တရားဟောပုဂ္ဂိုလ်၏ ရင်၏ နောက်မှ နေလျှင်လည်းကောင်း၊ [152] တရားနာသူရင်က မြင့်နေလျှင်လည်းကောင်း တရားမဟောကောင်းချေ။ [153] ကားနှစ်စီး ယှဉ်မောင်းရင်းနဲ့တော့ ရတယ်။ အဲ့မှာလည်း ကိုယ့်ကားက မြင့်နေရင် ရသေးတယ်။ [154] ဟောတဲ့ပုဂ္ဂိုလ်ရဲ့ ကားက နိမ့်နေရင်လည်း အဆင်မပြေသေးဘူးနော်။ [155] ကားချင်းတူပေမယ့်လည်း ဟို နာသူရဲ့ကားက မြင့် ဟောသူရဲ့ကားက နိမ့်ရင် တရားမဟောကောင်း။ [156] နောက်တစ်ခါ ရှေ့ဆင့်နောက်ဆင့် ကိုယ့်ကားက ရှေ့က အော် ဆောရီး ဟောတဲ့ဘုန်းကြီးရဲ့ကားက နောက်က [157] နာတဲ့ဘုန်းကြီးက နာတဲ့လူက ရှေ့ကဆိုလည်း မရဘူး။ ဘာလို့လဲဆိုတော့ နောက်ကမဟောကောင်း တရား။ [158] နောက်မှာ လာလိမ့်မယ် သူက တရားဟောတဲ့အခါမှာ နောက်ကနေ ရှေ့ကို မဟောကောင်း။ [159] အဲ့တော့ ကားတစ်စီးထဲမှာ အဲ့ဒါ သတိထားရမှာ။ [160] ကားတစ်စီးထဲမှာ ဟို လူတွေက ရှေ့ကထိုင်တယ်။ ဘုန်းကြီးက နောက်ကထိုင်ပြီး တရားဟောတယ်။ မအပ်ဘူး အဲ့ဒါ။ [161] အဲ့တော့ တရားဟောသူသည် ရှေ့ကထိုင်ရမှာနော်။ [162] အဲ့ကြောင့် တစ်ခါတစ်လေ ကားပေါ်မှာ တရားစကားတွေ ပြောစရာရှိတယ်ဆိုရင် ဘုန်းကြီးက ရှေ့ကနေရမယ်။ [163] အဲ့တော့ နောက်ကနေပြီး လူတွေကို ရှေ့ကို တရားဟောတာ မဖြစ်စေရဘူး။ ဒါလည်း သတိထားစရာနော်။ [164] အဲ့တော့ တရားဟောတဲ့အခါမှာ ကားတစ်စီးထဲမှာတောင်မှ ရှေ့နဲ့နောက်နဲ့ သတိထားရမယ်။ [165] နောက်ကနေကာ ရှေ့က ရှေ့ကသူကို မဟောကောင်း။ ဒါ မလေးမစားရောက်တယ်ပေါ့ တရားကိုနော်။ [166] အဲ့ကြောင့် ဦးဇင်းတို့ ဝိနည်းမှာတောင်မှ တရားနာတဲ့ ဟို တရား ဒီစာဝါတွေ ချတဲ့အခါမှာလေ [167] တစ်ခါတစ်လေ ဦးဇင်းတို့ စာချတဲ့အခါမှာ ကိုယ့်ထက် ဝါငယ်တဲ့ ဦးဇင်းတွေဘာတွေ ပါတတ်တယ် ဟို ဝါကြီးတဲ့ပုဂ္ဂိုလ်တွေ ပါတတ်တယ်လေ။ [168] စာချတဲ့ဘုန်းကြီးက ဝါငယ်နေတယ်။ စာလိုက်တတ်တဲ့ပုဂ္ဂိုလ်က ဝါကြီးနေတယ်။ [169] အဲ့ဆိုရင် ဘယ်လိုထိုင်ကြမလဲပေါ့နော်။ [170] မြတ်စွာဘုရားလက်ထက်တော်တုန်းက အဲ့လိုကြုံဖူးတယ်လေ။ [171] အရှင်ဥပါလိဆီမှာ မြတ်စွာဘုရားက ဝိနည်းတွေ သွားသင်ကြဖို့ တိုက်တွန်းတယ်။ [172] ဝိနည်းဆိုတာ သာသနာမှာ အရေးကြီးတယ်ပေါ့နော်။ [173] အဲ့ကြောင့် ဝိနည်းသွားသင်ကြပါဆိုပြီး မြတ်စွာဘုရား တိုက်တွန်းတယ်။ တိုက်တွန်းတော့ [174] အကုန်လုံး ဝါကြီးတဲ့ပုဂ္ဂိုလ်တွေရော ဝါငယ်တဲ့ပုဂ္ဂိုလ်တွေရော အရှင်ဥပါလိဆီမှာ ဝိနည်းသွားသင်ကြတယ်။ [175] သွားသင်တော့ အရှင်ဥပါလိက ဝါငယ်တော့ သူ စာသင်ရတာ တော်တော်ခက်နေတယ်။ [176] အော် အပေါ်ကထိုင်ရမလား အောက်ကထိုင်ရမလား အဲ့လိုဖြစ်နေတယ် သူက။ [177] အပေါ်ကထိုင်ပြန်ရင်လည်း မထေရ်ကြီးတွေကို မလေးမစားဖြစ်မယ်။ [178] ဟို အောက်ကနေ သင်ပြန်ရင်လည်း တရားတော်ကို မလေးမစားဖြစ်မယ်။ တရားကို မလေးမစားဖြစ်မယ်။ [179] အဲ့တော့ ဘယ်လိုထိုင်ရမလဲ မေးတော့ မြတ်စွာဘုရားက နှစ်မျိုးပြောတယ်။ [180] စာဝါလိုက်တဲ့ မထေရ်ကြီးများကလည်းပဲ တဲ့ [181] ဓမ္မကို ဂါရဝထားတဲ့ အနေဖြင့် အောက်က ထိုင်ပေးပါ အရှင်ဘုရား နော်။ [182] ပုဂ္ဂိုလ်ကို မဟုတ်ဘူး စာချပေးတဲ့ ဆရာတော်ကို လေးစားတာ မဟုတ်ဘူး [183] သူပို့ချတဲ့ ဓမ္မကို လေးစားသောအားဖြင့် အောက်ကနေ ထိုင်ပေးပါ။ [184] စာချတဲ့ ပုဂ္ဂိုလ်ကလည်း ဝါငယ်တယ် ဆိုပေမယ့်လည်း [185] ဓမ္မကို လေးစားသောအားဖြင့် အပေါ်က ထိုင်ပေးပါ အရှင်ဘုရားက နော်။ [186] အဲ့တော့ ဓမ္မကို လေးစားသောအားဖြင့် ဝါငယ်သော်လည်း အပေါ်ကနေ ထိုင်။ [187] လိုက်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဓမ္မကို လေးစားသောအားဖြင့် အောက်ကနေ ထိုင်ပေးပါ။ [188] ဒါမှမဟုတ်ရင်လည်း တန်းတူထိုင်ပါ နှစ်ခုပေးတယ် နော်။ [189] အဲ့တော့ တရားဟောတဲ့ ပုဂ္ဂိုလ်သည် အပေါ်က ထိုင်လည်းထိုင် မဟုတ် တန်းတူထိုင်။ [190] အောက်ကတော့ မထိုင်စေရဘူး ဝါနဲ့မဆိုင်တော့ဘူး။ [191] တခြားနေရာမှာဆိုရင်တော့ ဝါနဲ့ဆိုင်တယ် ဝါငယ်လို့ရှိရင် အောက်ကပဲ ထိုင်ရတယ် အပေါ်မထိုင်ရဘူး နော်။ [192] ဒါပေမယ့် ဒီနေရာမှာကျတော့ သူက တရားတော်ကို လေးစားသောအားဖြင့် [193] ဟောသူက အပေါ်ကထိုင် နာသူက အောက်ကထိုင်။ [194] အဲ့ဒါကြောင့် ခုနက ရှေ့နဲ့နောက်မှာဆိုရင်လည်း ဟောသူက ရှေ့ကနေ နာသူက နောက်ကနေ နော်။ [195] အဲ့လို သတိထားရမှာပေါ့နော်။ [196] ထို့ပြင်လည်း တရားဟောပုဂ္ဂိုလ်က နော် ထိုင်လျက်ဖြစ်စေ ရပ်လျက်ဖြစ်စေ တရားနာဟောနေသည်ကို [197] တရားနာသူက ကျန်းမာရေးနဲ့ ပြည့်စုံနေ အိပ်လျက်မနာကောင်း။ [198] ဒါ နေမကောင်းရင်တော့ ရတယ်နော် လူမမာက နေမကောင်းလို့ အိပ်ရာမှာ လဲနေတာကို တရားသွားဟောတာ ရတယ်။ [199] ကျန်းမာရေး ကောင်းပါလျက်နဲ့ အပျင်းထူပြီးတော့ အိပ်ရာက မထဘူး ဘုန်းကြီးက တရားသွားဟော မရဘူးနော်။ [200] အဲ့လို အိပ်နေတဲ့ တရားကြောင့် တရားနာလို့ရှိရင် အိပ်ပြီး မနာနဲ့။ [201] တချို့က အိပ်ပြီး တရားနာတတ်ကြတယ် နားကြပ်တပ်ပြီးတော့ထားတာ သူက အေးအေးဆေးဆေးပဲ နာတယ်နော် အဲ့လိုမျိုး။ [202] အဲ့တော့ ရိုရိုသေသေနာဖို့ပေါ့ တရားနာရင်။ [203] အဲ့တော့ တရားဟောတဲ့ ကက်ဆက်တို့ ဘာတို့ဆိုရင်လည်း ခုံပေါ်မှာ အမြင့်မှာ ထားပြီးတော့ ဖွင့်သင့်တာပေါ့နော်။ [204] တရားကို လေးစားသောအားဖြင့်ပေါ့ ဟုတ်လား သူကနော်။ [205] ရိုရိုသေသေလေး တကယ် ဆရာတော်တစ်ပါးက တရားဟောနေသလိုမျိုး နာရင် ပိုကောင်းတာပေါ့နော် ပိုကောင်းပါတယ်။ [206] တရားနာတဲ့အခါမှာ အဲ့ကက်ဆက်တို့ ဘာတို့ကို အပေါ်မှာ ထားပြီးတော့ နာတာကောင်းတယ်။ [207] ရိုရိုသေသေနာ ကိုယ်မနာချင်တော့ဘူးဆိုရင်လည်း ပိတ်ပြီးတော့ အိပ်လိုက်ရုံရှိတာပေါ့နော်။ [208] အခုခေတ်ကတော့ လွယ်လွယ်ကူကူပဲလေ နားကြပ်ကလေး တပ်ပြီးတော့ နာလိုက်ကြတာပေါ့နော်။ [209] ပြီးရင် တရားနာရင်းနဲ့ပဲ အိပ်ပျော်သွားတာပေါ့ ဖွင့်ထား အိပ်ပျော်။ [210] မသင့်ရင်ပဲ ကိုယ်အိပ် ဟိုဟာ သိပ်ပေးသလို ဖြစ်နေတာနော် အိပ်ဆေးဖြစ်နေတယ် တရားတော်က။ [211] တရားတော်က အိပ်ဆေးဖြစ်နေတာနော်။ [212] အဲ့ဒါ အတတ်နိုင်ဆုံး ဂါရဝတရားထားပြီးတော့ နာသင့်ပါတယ် တရားတော်ကိုနော်။ [213] ဆရာတော်တစ်ပါး လာပြီးတော့ ဟောနေသလိုမျိုးပေါ့။ [214] သွားလာပြီး ဟောနေသလိုမျိုး ကက်ဆက်ဖွင့်ရင်လည်း ရိုရိုသေသေ နာကြပေါ့ နော်။ [215] အဲ့တော့ ခုန ကျန်းမာရေးကောင်းရဲ့သားနဲ့ အိပ်ရာထဲက မနာရဘူးတဲ့ နော်။ [216] ကျန်းမာရေးမကောင်းဘူးဆိုရင်တော့ အိပ်ရာထဲမှာ နာလို့ရပါတယ်နော်။ [217] တရားဟောပုဂ္ဂိုလ်နှင့် တရားနာသူ နှစ်ယောက်လုံးသည် အိပ်လျက် ဟောပြောနာယူရာ၌လည်း [218] တရားနာသူက နိမ့်ရာအရပ်၌ အိပ်လျက်သာလျှင် တရားနာယူအပ်၏။ [219] အဲ့တော့ သူလည်း ကုတင်ပေါ်မှာ အိပ်နေ ကိုယ်လည်း ကုတင်ပေါ်မှာ အိပ်ပြီးတော့ ဟို တရားဟောမယ်ဆိုရင် အိပ်ပြီးဟောလို့ရတယ်။ [220] သူက ဣရိယာပုဒ်ထဲမှာ သူက အိပ်တဲ့ပုဒ်က ဇိမ်ကျတယ်လေ သူက။ [221] အဲ့တော့ အိပ်တဲ့ပုဒ်က သူက မြင့်မြတ်တယ်လို့ ယူဆတယ်။ [222] အဲ့တော့ ဣရိယာပုဒ် သုံးခုပေါ့နော် လေးခုပေါ့ သွား ရပ် ထိုင် လျောင်းမှာ လျောင်းစက်ဣရိယာပုဒ်က ပိုပြီးတော့ သာတယ်ပေါ့လေ။ [223] အဲ့တော့ ကိုယ်က ရပ်ပြီးဟောတယ်ဆိုရင် ဒါ နည်းနည်း အောက်တယ်ပေါ့လေ သူက အဲ့သဘောဖြစ်သွားတယ်။ [224] အဲ့ဒါကြောင့် ကိုယ်လည်း အိပ်ဟော အဲ့ဆိုရင် သူအိပ် ကိုယ်လည်း အိပ်ဟော အဲ့ဒါဆို တူသွားတယ် အဲ့ဒါဆို ရတယ်နော်။ [225] အဲ့လို အိပ်ဟောတဲ့အခါမှာလည်း သူ့ကုတင်နဲ့ ကိုယ့်ကုတင်က ဟိုဟာ လယ်ဗယ်တူရင်လည်းတူ သို့မဟုတ် ကိုယ်က မြင့်ရမယ်။ [226] အဲ့တော့ ဟောတဲ့သူရဲ့ ကုတင်က မြင့်နေရမယ်။ ဟောတဲ့သူက ကုတင်က နိမ့်မနေရဘူး။ [227] ကုတင်လယ်ဗယ်လည်း ကြည့်ရဦးမှာပေါ့နော်။ [228] အဲ့ဒါကြောင့် သို့သော်တဲ့နော် လျောင်းခြင်း ထိုင်ခြင်း ရပ်ခြင်း သွားခြင်းဟူသော ဣရိယာပုဒ် လေးပါးတို့တွင် [229] ရပ်ခြင်း ထိုင်ခြင်း နှစ်မျိုးတို့ဖြင့် နာယူခြင်းသည်သာ တရားဟောပုဂ္ဂိုလ်နှင့် တရားတော်တို့ကို လေးစားရာရောက်သည်နော်။ [230] မြန်မာနိုင်ငံမှာ ထူးဆန်းတာက မတ်တပ်ရပ်တာကို မရိုသေဘူးလို့ တချို့က သတ်မှတ်တယ်နော်။ [231] ဒီမှာ အဲ့လိုမဟုတ်ဘူး သူက စာပေထဲမှာက အဲ့လိုမဟုတ်ဘူး သူက။ [232] ဒါ ထိုင်ခြင်းဣရိယာပုဒ်နဲ့ ဒီ ရပ်ခြင်းဣရိယာပုဒ်က သူက သူ့ကို respect ပေးတာပဲနော်။ [233] လေးစားပေးတာ လေးစားတာ ဒါက။ အဲ့ဒါကြောင့် ဦးဇင်းတို့ ဆရာတော်ကြီးတွေလာရင် မတ်တပ်ရပ်ပေးတယ်လေ။ [234] ဒါ လေးစားတာပဲ ဒါနော်။ အဲ့ဒါကြောင့် ဒါ မတ်တပ်ရပ်နာယူတယ်ဆိုတာ ဒါ လေးစားတာပဲ ဒါ။ အဲ့လိုရတယ်။ [235] အဲ့ဒါကြောင့် ဦးဇင်းတို့ ဒီ ရပ်ပြီးတော့ နာတာ ထိုင်ပြီးတော့ နာတာဟာ သင့်ပါတယ်နော်။ [236] တချို့က ဟာ မရပ်နဲ့ ထိုင် တချို့ပြောကြတယ်။ မဟုတ်ဘူး သူက ရပ်တာဟာ respect ပေးတာပဲ တကယ်တော့။ [237] လူကြီးတွေလာတဲ့အချိန် နေရာထပေးတာဘာညာဆိုတာ လေးစားတာပဲနော် အဲ့ဒါကြောင့်။ [238] အဲ့ဒါကြောင့် တရားဟောပုဂ္ဂိုလ်နှင့် တရားတော်တို့ကို လေးစားရာရောက်ပါသည်တဲ့ ထိုင်ခြင်းဣရိယာပုဒ်နဲ့ ရပ်ခြင်းဣရိယာပုဒ်။ [239] အဲ့ဒါကြောင့် လျောင်းခြင်း သွားခြင်း ဣရိယာပုဒ်တို့ဖြင့် တရားနာယူမှုသည် ရိုသေလေးစားမှု နည်းပါးရာရောက်၍ [240] ထိုလျောင်းခြင်း သွားခြင်းတို့ဖြင့် မနာယူမိအောင် သတိထားသင့်သည်တဲ့နော်။ [241] အဲ့ဒါကြောင့် အိပ်ပြီးနာတာတို့ လမ်းလျှောက်ပြီးနာတာတို့က မရိုသေရာရောက်တယ်ပေါ့နော်။ [242] မသင့်တော်ဘူးပေါ့နော်။ [243] အဲ့တော့ ဟောတဲ့သူကတော့ သူက အိပ်ပြီးဟောလို့ရတယ် ဘာမှမဖြစ်ဘူးနော်။ [244] ဟောတဲ့သူက အိပ်နေမယ်၊ နာတဲ့သူက ထိုင်နေမယ် ဒါကရတယ် ပြဿနာမရှိဘူးနော်။ [245] အဲ့တော့ အဓိကက ဘာလဲဆိုတော့ ခုနက ဟိုအိပ်နေတဲ့သူကို မဟောမိဖို့နော် အဲ့လိုမျိုး အဲ့ဒါ သတိထားဖို့ပဲ။ [246] အဲ့တော့ ဟိုနာတဲ့ ဟိုဒီ နာတဲ့သူနဲ့ ဟောတဲ့သူမှာ ထိုင်ခြင်း ရပ်ခြင်းဆိုတာလည်း ရှိသေးတာကိုနော်။ [247] အဲ့တော့ နာတဲ့သူက မတ်တပ်ရပ်နေမယ်၊ ဟောတဲ့သူက ထိုင်နေမယ် ဒါရတယ် ဘာမှမဖြစ်ဘူး သဘောပေါက်လားမသိဘူး။ [248] အဲ့တော့ ထိုင်ပြီးတော့ မတ်တပ်ရပ်တဲ့သူကို ဟောလို့ရတယ် ဟုတ်လား။ [249] အဲ့တော့ ရပ်ပြီးတော့ ထိုင်တဲ့သူကို မဟောကောင်းဘူး သူက အဲ့ဒါသတိထားမယ်နော်။ [250] အဲ့ဒါ သတိထားရမယ် ဦးဇင်းတို့ စာချတဲ့အခါ တရားဟောတဲ့အခါ မတ်တပ်မဟောရဘူး အဲ့ဒါသတိထားရမယ်။ [251] ဒါပေမဲ့ တစ်ခုတော့ရှိတယ်ပေါ့ ဟောတဲ့ဆရာတော်က ကျန်းမာရေးအရ မကောင်းလို့ ထိုင်လို့အဆင်မပြေလို့ မတ်တပ်ဟောတာ ဒါရတယ်။ [252] ဟောတဲ့ဆရာတော် အဲ့ဒါကြောင့် ဦးဇင်းတို့ စာချဘုန်းကြီးတွေဆိုတာ သတိထားရတယ် မတ်တပ်ရပ်ပြီး စာမချမိအောင် သတိထားရတယ်နော်။ [253] မြန်မာနိုင်ငံမှာဆိုတော့ ဒါကိုတော့ ဂရုစိုက်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ မတ်တပ်ရပ်တာက ဒါဘာမှမဖြစ်ဘူး ထင်မှာလေ။ [254] အဲ့တော့ ဒါပေမဲ့ ဟောတဲ့ပုဂ္ဂိုလ်က မတ်တပ်မရပ်ရဘူး ဟောတဲ့ပုဂ္ဂိုလ်က ထိုင်ရမှာ။ [255] နာတဲ့ပုဂ္ဂိုလ်က ရပ်နေလို့ရတယ် သူက မတ်တပ်နာလို့ရတယ်နော်။ [256] အဲ့တော့ ဟောသူက ထိုင်မယ် နာတဲ့သူက မတ်တပ်ရပ်မယ် ဒါရတယ်။ [257] အဲ့တော့ ဟောသူက မတ်တပ်ရပ်နေရင် မရဘူး အဲ့လိုရှိတယ်နော်။ [258] အဲ့ဒါ တစ်ခါတုန်းက ဦးဇင်းတို့ အစည်းအဝေးတစ်ခုမှာလေ ရွှေကျင်ဂိုဏ်း အစည်းအဝေးမှာ မြောင်းမြဆရာတော်ကြီးက တရားဟောဖို့ တာဝန်ကျတယ်ထင်တယ်။ [259] မြောင်းမြဆရာတော်ကြီးကို ဆရာတော်ကြီးတွေက ကဲ ဦးဇင်းတရားဟောစမ်းပါဦး တာဝန်ပေးတယ်ပေါ့ ဩဝါဒပေးခိုင်းတာလား တရားဟောခိုင်းတာလားမသိဘူး တာဝန်ကျတယ်။ [260] ကျတော့ ဆရာတော်ကြီးက ဟို ဂါရဝတရားတဲ့အနေအားဖြင့်လည်း ပါတယ် နောက်တစ်ခု ခုနက ဆရာတော်ကြီးတွေလည်း ရှိနေတော့ သူက မတ်တပ်ရပ်လိုက်တယ်။ [261] အဲ့တော့ မတ်တပ်ရပ်ပြီးတော့ တရားဟောရမှာဆိုတော့ ဝိနည်းတော်အရ မအပ်စပ်ဘူးနော်။ [262] အဲ့တော့ တခြားသံဃာတွေက ထိုင်နေတယ်လေ ဆရာတော်က မတ်တပ်ရပ်နေတယ်။ [263] အဲ့တော့ မတ်တပ်ရပ်ပြီးတော့ တရားမဟောကောင်းဘူး စာမချကောင်းဘူး ဒီတော့ ဆရာတော်ဘာလုပ်ရလဲဆိုတော့ တစ်ပါးကို မတ်တပ်ရပ်ခိုင်း တပည့်တစ်ပါးကို ကဲ ဦးဇင်းမတ်တပ်ရပ်ဆို ဦးဇင်းတစ်ပါးကို မတ်တပ်ရပ်ခိုင်းလိုက်တယ်။ [264] အဲ့တော့ အဲ့ဒီဦးဇင်းကို ပြောတဲ့ပုံစံမျိုးနဲ့ တရားဟောတာ လယ်ဗယ်တူသွားတယ် သူလည်းမတ်တပ်ရပ် ကိုယ်လည်းမတ်တပ်ရပ်။ [265] ထိုင်တဲ့ပုဂ္ဂိုလ်ကို မရည်ရွယ်ဘူး၊ မတ်တပ်ရပ်တဲ့ပုဂ္ဂိုလ်ကို ရည်ရွယ်တယ်။ [266] ဒါပေမဲ့ အကုန်လုံးကြားရတယ်၊ အကုန်လုံးနာရတယ်၊ အဲ့သဘော။ [267] ဝိနည်းက အဲ့လိုလေးတွေရှိတယ်။ အဲ့တော့ ထိုင်ပြီးတော့ဟောရင် ဘယ်သူ့ကိုမဆို ဟောလို့ရတယ်။ [268] ဟို အိပ်နေတဲ့သူတော့ ဟောလို့မရဘူးပေါ့။ [269] အဲ့တော့ မတ်တပ်ရပ်ပြီးဆိုရင်တော့ ဦးဇင်းတို့ ထိုင်တဲ့ပုဂ္ဂိုလ်ကို ဟောလို့မရဘူး။ [270] အဲ့တော့ မတ်တပ်ရပ်တဲ့သူအချင်းချင်း ဟောလို့ရတယ်။ [271] ဒါကြောင့် ကိုယ်က မတ်တပ်ရပ်ပြီး တရားဟောတော့မယ်၊ မတ်တပ်ရပ်ပြီး စာချတော့မယ်ဆိုရင် [272] တစ်ပါးပါးကို မတ်တပ်ရပ်ခိုင်းလိုက်၊ တစ်ယောက်ယောက်ကို မတ်တပ်ရပ်ခိုင်းလိုက်။ [273] အဲ့ဒါဆိုရင် သူ့ကိုပြောတဲ့အနေနဲ့ ပြောလို့ရတယ်၊ ဟောလို့ရတယ်။ [274] အဲ့ဒါ သတိထားရတယ်နော်။ [275] တရားဟောတဲ့အခါ မတ်တပ်ရပ်တရားဟောတာ၊ စာချတဲ့အခါ မတ်တပ်ရပ်စာချတာ သတိထားစရာပေါ့နော်။ [276] နောက်တစ်ခု ဦးထုပ် ခေါင်းပေါင်း စသည်တို့ဖြင့် တရားမနာကောင်းပုံတဲ့။ [277] တရားနာယူသောအခါ မိမိတို့၏ ဦးခေါင်း၌ ဆံစမပေါ်အောင် ဦးထုပ်ဆောင်းခြင်း၊ [278] ခေါင်းပေါင်းခြင်း၊ မကိုဋ်ဆောင်းတားခြင်း၊ အဝတ်ပုဆိုးတို့ဖြင့် ရစ်ပတ်ခြုံထားခြင်းတို့ဖြင့် တရားကို မနာယူကောင်း။ [279] ရှေးတောတောင်သူတောင်သားတွေက ခေါင်းပေါင်းနေပါသေးတယ်နော်၊ ပုဆိုးနဲ့ပေါင်းထားတဲ့အခါမျိုး။ [280] စာပေထဲမှာတော့ တိတိကျကျပြောရင်တော့ ဆံပင်မပေါ်အောင် ဖုံးထားတာ သူက။ [281] ခေါင်းပေါင်းနေပါသေးတယ်။ အဲ့တော့ ဆံပင်ပေါ်ရင်တော့ ရတယ်လို့ ဒီလိုဆိုတယ် သူကတော့။ [282] ဦးထုပ်ဆောင်းထားပေမဲ့ ခေါင်းပေါင်းထားပေမဲ့ ဆံစကလေး ထွက်နေတယ်ဆိုရင် ရတယ်။ [283] အဲ့တော့ ဆံစမပေါ်အောင် လုံလုံခြုံခြုံပေါင်းထားတာပေါ့။ [284] တချို့ ဦးဇင်းတို့ ပအိုဝ်းတိုင်းရင်းသားတွေဘာဆို သူတို့ အလုံးပေါင်း အလုံးပေါင်းထားတာနော်။ [285] ပအိုဝ်းတိုင်းရင်းသားတွေဆို ဆံစလုံးဝမပေါ်ဘူး။ [286] အဲ့လိုမျိုးဆိုရင်တော့ တရားဟောလို့မရဘူး၊ ဖြည်ခိုင်းမှရမယ်။ [287] အဲ့လို ခေါင်းပေါင်းပေါင်းထားရင်တော့ တရားဟောလို့မရဘူးနော်။ [288] အဲ့ဒါ သတိထားစရာလေးပေါ့ ဒါလည်း။ [289] ဒါကြောင့် တရားနာတဲ့ ဒကာ ဒကာမတွေအနေနဲ့ ဘုန်းကြီးတွေဆီ ရောက်ပြီဆိုရင် ဦးထုပ်ကို ချွတ်လိုက်ပါ။ [290] ခေါင်းပေါင်းတွေကို ဖြည်လိုက်ပါနော်၊ အဲ့ဒါရှိတယ်။ [291] ဟို မင်္ဂလာဆောင် သတို့သားတွေ သတိထားရမယ့်ကိစ္စပဲနော်။ [292] သတို့သားတွေ ခေါင်းတွေဘာတွေ ပေါင်းထားတဲ့အခါကျရင် တရားဟောတဲ့အခါလေ။ [293] ခေါင်းပေါင်းချွတ်ပေးပါဦးနော်၊ အေး ခေါင်းပေါင်းချွတ်ပေးပါဦးနော်။ [294] အဲ့တော့ ခေါင်းပေါင်းပေါင်းထားရင် တရားဟောလို့မရဘူးနော်၊ ဦးထုပ်ဆောင်းထားရင် တရားဟောလို့မရဘူး။ [295] တရားနာသောအခါ ဦးထုပ်စသည်တို့ကို ဆောင်းထားလျှင် ဆံစကို ဖော်ထားမှသာ တရားနာယူကောင်း၏။ [296] ဝိနည်းမှာ တိတိကျကျပဲ သူက ဆံပင်မပေါ်အောင် ဦးထုပ်ဆောင်းထားတာကို ဆိုလိုတာတဲ့။ [297] ဒါကြောင့် ဦးထုပ်ဆောင်းထားပေမဲ့လည်း ဆံပင်ပေါ်နေတယ်ဆိုရင် ရပါတယ်ဆိုပြီးတော့ ဒီလိုလာတယ်။ [298] ဒါကြောင့် တချို့ မဖြစ်မနေ ဦးထုပ်ဆောင်းရမယ်ဆို ဆံပင်ကလေးတော့ နည်းနည်းဖော်ထားပေးပေါ့။ [299] မကျန်းမာခြင်းကြောင့် ကာဆန်းစမဖော်ဘဲ ဦးခေါင်းတစ်လုံးကို ရစ်ပတ်ဆောင်းအုပ်ထားပြီး တရားကို နာယူနိုင်ပါ၏။ [300] လုံးဝနေမကောင်းဘူး နေအထိမခံနိုင်ဘူးပေါ့နော် ခေါင်းကနေအထိလို့မရဘူးဆိုရင်တော့ ဒါဆောင်းထားလို့ရပါတယ်။ [301] ထို့ပြင် တရားနာယူသောအခါမှာ ကျန်းမာလျက် ခြေနင်းစီးထားလျက်ဖြစ်စေ ဖိနပ်စီးထားလျက်ဖြစ်စေ တရားကိုမနာယူကောင်း ဖိနပ်စီးပြီး တရားမနာရဘူးပေါ့နော်။ [302] ဒါမရိုမသေရောက်တယ်ပေါ့။ [303] ဤ၌ ခြေနင်းဟူသည် တည်းကြိုးမပါသော ခုံ၏အဖျား၌ ကြေးဖူးတပ်၍ ထိုကြေးဖူးကို ခြေမခြေညှိုးတို့ဖြင့် ညှပ်၍စီးရသော ပါဠိလို ပါဒုကလို့ခေါ်တယ်။ [304] ဖိနပ်မျိုးဖြစ်သည် ဒါမြန်မာနိုင်ငံမှာတော့မစီးတော့ဘူး အိန္ဒိယမှာတော့ ယနေ့အချိန်ထိစီးသေးတာပဲ။ [305] သူက ကြိုးမပါဘူးလေ ထိပ်ဖျားလေးမှာ ဖူးသီးလေးတစ်ဖူးပဲပါတယ်။ [306] အဲ့ဖူးသီးလေးကို ခြေမလေးနဲ့ညှပ်ပြီးစီးရတာ။ [307] အကျင့်မပါတဲ့လူဆိုရင်တော့ သိပ်မမြဲလောက်ဘူး။ [308] အကျင့်ပါတဲ့လူကျတော့ မြဲတယ် သူက ခုံဖိနပ်လိုပဲလေ။ [309] ခုံဖိနပ် မြန်မာနိုင်ငံခုံဖိနပ်ကျတော့ ဝိုင်းထိုးရတာကိုး။ [310] သူတို့ခုံဖိနပ်က အဲ့လိုမဟုတ်ဘူး သူက ညှပ်ရတာ ကြိုးမပါဘူး အဲ့တော့ ကြိုးမပါတဲ့အဲ့ညှပ်ရတဲ့စီးဖိနပ်ကို သူက ခြေနင်းလို့ခေါ်တယ်။ [311] မြန်မာတွေကတော့ ဦးဇင်းတို့ ငယ်ငယ်တုန်းက အဲ့ဒီ မန္တလေးနန်းတော်ကိုရောက်တယ်။ [312] မန္တလေးနန်းတော်မှာ ခြေနင်းဆိုတာကြည့်တော့ သူက ရှေးခေတ်က ဘွတ်ဖိနပ်လိုဟာမျိုးပေါ့နော် ခြေနင်းကျတော့ ဒီ မင်းသားမင်းကြီး မင်းညီမင်းသားတွေစီးတဲ့ဖိနပ်ကို ခြေနင်းဆိုပြီးရေးထားတာ။ [313] တကယ်တော့ စာပေထဲမှာ ခြေနင်းဆိုတာ အဲ့လိုမဟုတ်ဘူး။ [314] အိန္ဒိယနိုင်ငံမှာစီးတဲ့ခြေနင်းက ကြိုးမပါဘူး ဖူးသီးလေးကိုပဲ ခြေထောက်နဲ့ညှပ်ရတာ အဲ့ခြေနင်းခေါ်တယ်။ [315] ဦးဇင်းတို့ ရဟန်းတော်တွေမှာ အဲ့ဒီခြေနင်းက သူက တခြားနေရာမှာမစီးရဘူး။ [316] ကုဋီ ကုဋီထဲမှာပဲစီးလို့ရတယ်။ [317] တခြားနေရာမှာ အဲ့ဒီဖိနပ်တွေစီးခွင့်မပေးဘူး ခြေနင်းမစီးရဘူး။ [318] အသံဗလံတို့နဲ့တူတယ်ကြည့်ရတာ။ [319] အသံဗလံဆိုတော့ ဘုရားက အဲ့ဒါစီးခွင့်မပေးဘူး ဖိနပ်ပဲစီးလို့ရတာ။ [320] ခြေနင်းကို တခြားနေရာ ကျောင်းထဲမှာတောင်စီးလို့မရဘူး ကုဋီထဲမှာပဲစီးခွင့်ရှိတယ် အဲ့ခြေနင်းက။ [321] ဒါပေမယ့် ယနေ့ခေတ် မြန်မာနိုင်ငံမှာတော့ ခြေနင်းမစီးကြတော့ပါဘူးနော်။ [322] မြန်မာလူမျိုးလည်းမစီးတော့ဘူး ဘုန်းကြီးတွေလည်းမစီးတော့ဘူး ခြေနင်းမစီးတော့ဘူး။ [323] အဲ့တော့ အဲ့ဒီခြေနင်းစီးထားရင်လည်း မအပ်စပ်ဘူးပေါ့နော်။ [324] ထိုခြေနင်းကို သစ်သား ထန်းလက် ဝါး မြက် သစ်ရွက်တို့ဖြင့် ပြုလုပ်လေ့ရှိကြ၏။ [325] အများအားဖြင့် သစ်သားနဲ့လုပ်ကြတာများတယ်။ [326] အဲ့ ဆဗ္ဗဂ္ဂီရဟန်းတွေကလေ အဲ့ဒီခြေနင်းသစ်သားဖိနပ်တွေစီးပြီးတော့ သွားလမ်းလျှောက်ပြီးစကားများနေကြတာ။ [327] ခွက်ခွက်ခွက်ခွက်နဲ့သွား အသံဗလံကလည်းများရော သူက။ [328] အဲ့အခါကျတော့ ဘေးက တရားအားထုတ်တဲ့ဦးဇင်းတွေ အနှောင့်အယှက်အရမ်းဖြစ်တာ။ [329] သူက အသံဆိုတာ သမာဓိရဲ့အနှောင့်အယှက်ပဲ။ [330] ဒီတော့ မြတ်စွာဘုရားက ခုဖိနပ်မစီးဖို့ တားမြစ်ထားတယ်။ [331] ရဟန်းတော်တွေ သစ်သားဖိနပ်မစီးရဘူး၊ ခုဖိနပ်မစီးရဘူးနော်။ [332] သစ်သားနဲ့လုပ်တဲ့ဖိနပ် ရဟန်းတွေ မစီးကောင်းဘူးပေါ့။ [333] အဲ့ဒီမှာ ဘာဖြစ်ကုန်လဲဆိုတော့ သစ်သားဖိနပ်မစီးရဆိုတော့ ယနေ့ခေတ် ရာဘာဖိနပ်တွေ ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာတက်လာပြန်တယ်။ [334] ရာဘာဆိုတာ သစ်ပင်ကနေ ထွက်လာတဲ့ ပစ္စည်းဆိုပြီးတော့လေ။ [335] အဲ့လို သံသယတွေဖြစ်ပြီးတော့ ရာဘာဖိနပ် မစီးကောင်းဘူးဆိုတဲ့ ဝါဒတစ်ခုလည်း မြန်မာနိုင်ငံမှာ ပေါ်လာခဲ့ဖူးသေးတယ်နော်။ [336] အဲ့ဒါကြောင့် အချို့ဆရာတော်ကြီးတွေ ညောင်တုန်းဆရာတော်လည်း ပါတယ် အဲ့ထဲမှာ။ [337] တကယ် ညောင်တုန်းတိုက် ဆရာတော်ကြီးတို့ဆိုရင်လည်း ရာဘာဖိနပ်တွေ မအပ်စပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။ [338] ရာဘာဖိနပ် မစီးရဘူး၊ ယနေ့ခေတ် မြန်မာနိုင်ငံ တော်တော်များများ ရာဘာခံဖိနပ်တွေ များတယ်နော်။ [339] အောက်က တာယာဖိနပ်တွေလေ၊ တာယာတို့ ရာဘာတို့ဆိုတာ မအပ်စပ်ဘူးပေါ့ သူက။ [340] အဲ့တော့ ဘာဖိနပ်မှ အပ်စပ်လဲဆိုတော့ သားရေစစ်စစ် သူက နွားသားရေတို့ ဘာတို့နဲ့လုပ်တဲ့ဖိနပ်ကိုပဲ အပ်တယ်ဆိုပြီး ဆရာတော်ကြီးက ဆုံးဖြတ်ကြတာ။ [341] သားရေစစ်စစ်ဖိနပ်ပေါ့၊ အဲ့လိုမျိုးပြောတာ။ [342] ဒါ ဆရာတော်ကြီးတချို့က အဲ့လို သစ်သားဖိနပ် မအပ်စပ်ဘူးဆိုတဲ့အတွက်ကြောင့် ရာဘာဖိနပ် မအပ်ဘူးလို့ ဆုံးဖြတ်ကြတယ်။ [343] အဲ့လိုလည်း ဗဟုသုတတစ်ခု မှတ်ထားပါနော် ဖိနပ်နဲ့ပတ်သက်လာရင်။ [344] အဲ့ဒါကြောင့် တချို့ ဝိနည်းတော် ဆရာတော်ကြီးက တချို့ အရမ်းထက်တာပေါ့နော်။ [345] ဒီလို နည်းနည်းမှ တိမ်းစောင်းမခံဘူးဆိုတဲ့ အချို့ ဆရာတော်ကြီးတချို့ကျတော့ ဒီခေတ်ဖိနပ်တွေ လုံးဝမစီးချင်ဘူး။ [346] အဲ့လိုမျိုး သားရေသား ဒီနွားသားရေတို့ ဘာတို့နဲ့ လုပ်ထားတဲ့ ဖိနပ်စစ်စစ်ကိုမှ စီးတယ် အချို့ဆရာတော်ကြီးတွေက။ [347] မအပ်ဘူးလို့ ပြောခဲ့တာကိုး။ [348] သစ်သားဖိနပ် မအပ်တာ ပစ္စည်းလည်း ပါတယ်ဆိုပြီးတော့ ယူဆတာပေါ့နော်။ [349] တကယ်တော့ သိပ်တော့ မဆိုင်တော့ မဆိုင်ဘူးပေါ့။ [350] ဘာလို့လဲဆိုတော့ ရည်ရွယ်ချက်က သစ်သားဖိနပ်က အသံမြည်တာကိုး။ [351] ခွပ်ခွပ်ခွပ်ခွပ်နဲ့ဆိုတော့ သွားရင်လေ အသံမြည်တော့ ရဟန်းတော်တွေနဲ့ အဆင်မပြေဘူး။ [352] ဒါကြောင့် ဘုရားက မအပ်ဘူးလို့ ပြောလိုက်တာ။ [353] ဒါပေမဲ့ အဲ့ဒါကို အကြောင်းပြုပြီးတော့ အသစ်ဆိုရင် ဘာမှမအပ်ဘူးဆိုတော့ အဲ့လို ဖြစ်ကုန်တာပေါ့နော်။ [354] အဲ့လို ဖြစ်သွားတာ။ [355] အဲ့တော့ ရှေးတုန်းက အဲ့ကြောင့် ဒီ သားရေဖိနပ်ကလွဲရင် ဘယ်ဖိနပ်မှ မအပ်ဘူးဆိုပြီးတော့ ဆုံးဖြတ်တဲ့ ဆရာတော်တွေ ရှိတယ်။ [356] အဲ့လိုမျိုး ရှိတာပေါ့။ [357] ဦးဇင်းတို့ မကြာခဏ မေးခံရတဲ့ ဖိနပ်ကတော့ ကတ္တီပါဖိနပ် ပြဿနာပဲ။ [358] ကတ္တီပါဖိနပ် အပ်လား မအပ်လား ဒီလိုမျိုး မေးကြတာပေါ့။ [359] ဦးဇင်းတို့ ငယ်ငယ်တုန်းကလည်း ကတ္တီပါဖိနပ် မအပ်ဘူးလို့ပဲ မှတ်ထားခဲ့တာပေါ့နော်။ [360] အဲ့ မစီးဘူးပေါ့။ ငယ်ငယ်တုန်းက မစီးဘူး။ [361] ဒါပေမဲ့ နောက်ပိုင်းကျတော့ စာတွေကို နောက်ပြန် လိုက်ဖတ်တော့ ကတ္တီပါဖိနပ်ကို မအပ်ဘူးလို့ ပြောတဲ့နေရာ မတွေ့မိဘူး။ [362] ဝိနည်းထဲမှာ ပါဠိတော်မှာလည်း မပါ၊ အဋ္ဌကထာထဲမှာ ဋီကာထဲမှာ ဘယ်နေရာမှာမှ ကတ္တီပါဖိနပ် မအပ်ဘူးဆိုတာ မပါဘူး။ [363] အဲ့တော့ နောက်ပိုင်း လိုက်ရှာရင်း လိုက်ရှာရင်းနဲ့ ဆရာတော်တွေရဲ့ ယူဆချက်ကို နည်းနည်း နားလည်လာတယ်။ [364] ဆရာတော်တွေက ကတ္တီပါဖိနပ်ကို ဘာကြောင့် မအပ်ဘူးလို့ ပြောသလဲဆိုတော့ သူတို့က [365] ဖိနပ်ဆိုရင် သားရေနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကိုင်ထားတာ သူတို့က။ [366] ဖိနပ်ဆိုရင် ဘာနဲ့မှ မလုပ်ရဘူး၊ သားရေနဲ့ပဲ လုပ်ရမယ်။ [367] သားရေကလွဲရင် ကျန်တဲ့ဖိနပ် မအပ်ဘူး အဲ့လို ဖြစ်သွားတာ သူက။ [368] အဲ့ခါကျတော့ ယနေ့ခေတ် ဆင်ခြေ မြင်းခြေ ဖိနပ်တွေ မအပ်ဘူး ယူလိုက်တာ သူတို့က။ [369] နောက် ဖိနပ်က ကတ္တီပါသားတွေ လုပ်တာ မအပ်ဘူး ဖြစ်သွားတာ။ [370] သူတို့က ဘာပဲဖြစ်ဖြစ် တစ်ခုပဲ၊ သားရေနဲ့ လုပ်ရမယ် ဒါပဲ သူတို့က။ [371] အဲ့လို ဆရာတော်တွေက ယူဆလိုက်တာ သူက။ အဲ့ဒီမှာ လွဲကုန်ကြတာပေါ့။ [372] ဖိနပ်ဆိုရင် သားရေနဲ့ လုပ်ရမယ်၊ တခြားဟာနဲ့ မလုပ်ရဘူး ဒီလို ယူဆလိုက်တာ။ [373] သားရေဖိနပ် မဟုတ်ရင် မအပ်စပ်ဘူးပေါ့ အဲ့လို ပြောတာ။ [374] အဲ့ခါကျတော့ သားရေနဲ့ လုပ်တဲ့ဖိနပ်ကလွဲလို့ ကျန်တဲ့ဖိနပ် ဘယ်ဖိနပ်မှ မအပ်တော့ ဖြစ်သွားတာ။ [375] တကယ်တော့ အဲ့ဒါဟာလည်း စာယူဆပုံ ယူဆနည်း နည်းနည်းလေးတော့ လွဲတယ်လို့ ဦးဇင်းကတော့ ထင်တယ်ပေါ့။ [376] အဲ့တော့ ဆရာတော်တွေ ကျမ်းကိုးတဲ့ဥစ္စာ ဦးဇင်း လိုက်ရှာတယ်။ [377] ဒီဆရာတော်တွေ ဘာအထောက်အထားနဲ့ ဒီလိုပြောသလဲပေါ့နော်။ [378] ဘာအထောက်အထား ရှိသလဲလို့ လိုက်ရှာတဲ့အခါကျတော့ ပါဠိစာပေထဲမှာ [379] "ယေန ကေနစိ စမ္မေနေဝ ကာတုံ ဝဋ္ဋတိ" ဆိုတာ ပါတာကိုး။ [380] သူက ရဟန်းတော်တွေမှာ သားရေနဲ့ ပတ်သက်လာရင် အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေတော့ ခွဲသေးတယ်။ [381] ဟိုနေ့က ဦးဇင်း ပြောတယ်၊ စိတ်သားရေတို့ နော်... [382] နော် ဟို သိုးတို့ ကျွဲတို့ သမင်တို့ဆိုရင် ထိုင်ခင်းလုပ်လို့ရတယ်။ [383] တခြား နွားတို့ ကျွဲတို့ဆိုလို့ရှိရင် တခြားသားရေတွေဆိုရင် ထိုင်ခင်းလုပ်လို့မရဘူး။ [384] အဲ့တော့ ထိုင်ခင်းလုပ်တဲ့နေရာမှာ အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေ ရှိတယ်။ [385] ဆိုတော့ ထိုင်ခင်းလုပ်တဲ့နေရာမှာ အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေ ခွဲသော်လည်းပဲ ဖိနပ်မှာကျရင် မခွဲတော့ဘူး။ [386] ဖိနပ်သည် ဘယ်သားရေမဆို လုပ်ကောင်းတယ်ဆိုတာကို အဋ္ဌကထာဆရာက ဖွင့်တာ။ [387] ဖိနပ်နဲ့ပတ်သက်လာရင် မအပ်စပ်တဲ့သားရေမရှိ။ [388] နွားသားရေလည်း ဖိနပ်လုပ်လို့ရတယ်၊ ကျွဲသားရေလည်း ဖိနပ်လုပ်လို့ရတယ်၊ ဘယ်သားရေမဆို ဖိနပ်လုပ်လို့ရတယ်။ [389] အဋ္ဌကထာဆရာ ဒီလိုဆိုလိုတာနော်။ [390] ဖိနပ်နဲ့ပတ်သက်လာရင် မအပ်စပ်တဲ့သားရေမရှိပါဘူးလို့ ဆိုလိုတာ။ [391] အဲ့ဒါကို ဆရာတော်ကြီးတွေက နားလည်မှုလွဲပြီးတော့ ဪ ဖိနပ်မှန်ရင် သားရေနဲ့ပဲလုပ်ရမယ်လို့ အဓိပ္ပာယ်တစ်မျိုး ကောက်ယူသွားလိုက်တယ်။ [392] အဲ့ဒီမှာဆိုရင် ဖိနပ်မှန်ရင် သားရေနဲ့ဖြစ်ရမယ်၊ ကျန်တာမအပ်ဘူးဆိုပြီးတော့ ကတ္တီပါဖိနပ်တွေ မအပ်ဘူးဆို ပယ်လိုက်ကြတာပေါ့။ [393] တကယ်တော့ ကတ္တီပါဖိနပ်မအပ်တဲ့စာ မရှိပါဘူး။ [394] ဖိနပ်ကို သားရေနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ဟာမျိုးလည်း အဓိပ္ပာယ်မျိုး မရှိပါဘူး။ [395] ဆရာတော်တွေ ကြံဆ ကြံဆမှု နည်းနည်းလေး လိုသွားတဲ့သဘောပေါ့နော်။ [396] အဲ့ဒါကြောင့် ဦးဇင်းတို့ ယနေ့ခေတ်ပေါ်ဖိနပ်တွေ စီးကောင်းပါတယ်။ [397] ဒါပေမဲ့ လူစီးဖိနပ် မစီးသင့်ဘူးပေါ့နော်။ [398] လူစီးဖိနပ်မစီးသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာပေထဲမှာ ဂိဟိပရိဘောဂလို့ခေါ်တယ်။ [399] လူ့အသုံးအဆောင်။ အဲ့တော့ လူ့အသုံးအဆောင်ဆိုလို့ရှိရင် သူက ရဟန်းတွေမသုံးကောင်းဘူး၊ ဂိဟိပရိဘောဂ။ [400] မြန်မာနိုင်ငံမှာက ဖိနပ်တွေကို သံဃာသုံးဖိနပ် လူစီးဖိနပ်လို့ ခွဲထားတယ်လေ။ [401] ခွဲထားတော့ ဒါ သံဃာစီးဖိနပ်ကို သံဃာပဲစီးသင့်တယ်၊ လူစီးဖိနပ်ကို သံဃာမစီးသင့်ဘူးပေါ့နော်။ [402] ဘုရားလက်ထက်မှာတော့ အဲ့လိုခွဲတာတော့ မရှိဘူးပေါ့။ [403] ဘုရားလက်ထက်မှာတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ်လို့ မခွဲထားဘူး၊ အတူတူပဲ။ [404] ဘာဖြစ်လို့ပြောရသလဲဆိုတော့ အရှင်သောဏဆိုတဲ့ ရဟန်းတော်တစ်ပါးက သူဌေးသားဘဝကလာတာ။ [405] သူ့ခြေထောက်က အင်မတန်နူးညံ့တယ်။ ဘယ်လောက်တောင်နူးညံ့သလဲဆိုတော့ သူ့ခြေထောက်မှာ အမွှေးတောင်ပေါက်တာလေ။ [406] နူးညံ့လွန်းအားကြီးလို့ ဖဝါးမှာတောင် အမွှေးတွေပေါက်တာ။ [407] အဲ့တော့ ဘုရားက ဖိနပ်စီးခွင့်မပေးထားတော့ သူကလည်း ဖိနပ်မစီးရဲဘူး။ [408] ဒီလိုပဲ ဖိနပ်မစီးဘဲသွားတော့ သူ့ခြေထောက်က သွေးခြေတွေဥ၊ သွေးတွေထွက်။ [409] ဒါလည်းသူက ဇွဲလုံ့လဝီရိယမလျှော့ဘူး။ ဒါကြောင့် ဝီရိယနဲ့ပတ်သက်လာရင် ဒါထိပ်ဆုံးပဲ သာသနာမှာသူက။ [410] ဖိနပ်မစီးဘဲ ဒီလိုပဲသွားတာ သွေးတွေထွက်လာ။ အဲ့တော့ မြတ်စွာဘုရားက သူ့ကို... [411] အဲ့ဒါ သူကို မထကာ တစ်ယောက်ကနေပြီးတော့ [412] သူစီးထားတဲ့ ဖိနပ်ကို ချွတ်ပေးတာ။ [413] အရှင်ဘုရား ဒီဖိနပ်စီးပါ ဖိနပ်ချွတ်ပေးတာ။ [414] အဲ့တော့ သူက မစီးဘူး။ မြတ်စွာဘုရားက ငါတို့ကို ဖိနပ်စီးခွင့်မပေးထားဘူး။ [415] ဒါကြောင့် ငါမစီးဘူးလို့ သူက ငြင်းတယ်။ [416] အဲ့ဒါ မြတ်စွာဘုရား သိတော့ စီးလိုက်ပါ၊ အခွင့်ပြုပါတယ်၊ ဖိနပ်စီးခွင့်ပြုပါတယ်ပေါ့ ဆိုပြီးတော့ ဘုရားက ဖိနပ်စီးခွင့်ပြုလိုက်တာ။ [417] အဲ့ဒီတော့ အဲ့ဒီမှာ လူစီးဖိနပ်ကို ဘုရားခွင့်ပြုထားတယ်။ [418] ဆိုတော့ အဲ့ဒါကို ထောက်ဆသောအားဖြင့် ဘုရားလက်ထက်တုန်းကတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ်လို့ မခွဲထားဘူး။ [419] စီးလို့ရတယ်ပေါ့နော်။ [420] ဒါပေမဲ့ ယနေ့ခေတ်မှာကျတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ် ခွဲထားတာ။ [421] ခွဲထားတော့ အဲ့ဒီလို ပျံလွန်တော်မူသွားတဲ့ သာသနာ့ဝန်ဆောင် ဆရာတော်ကြီးတို့က လူစီးဖိနပ်စီးတာ မကြိုက်ဘူး။ [422] လူစီးဖိနပ်ဟာ ဒါ လူ့အသုံးအဆောင်ပစ္စည်းဖြစ်တယ်။ [423] ဝိနည်းတော်ထဲမှာ ဂိဟိပရိဘောဂေါ နဝဋ္ဋတိ လူ့အသုံးအဆောင်သည် မအပ်စပ်ဘူးဆိုတဲ့ အဋ္ဌကထာစကား ရှိနေတယ်။ [424] ဒါကြောင့် လူစီးဖိနပ်ကို ရဟန်းတွေ မစီးသင့်ဘူးဆိုပြီးတော့ ဦးဇင်းတို့ ပျံလွန်တော်မူသွားတဲ့ သာသနာ့ဝန်ဆောင် ဆရာတော်ကြီးက ဆုံးဖြတ်တော်မူတယ်။ [425] အဲ့ဒါ မြန်မာနိုင်ငံမှာကျတော့ လူစီးဖိနပ်တွေ ဘုန်းကြီးမစီးသင့်ဘူးပေါ့။ [426] အဲ့တော့ ဟို ဘွတ်ဖိနပ်လိုဟာမျိုးကတော့ လုံးဝမအပ်စပ်ဘူး ရဟန်းတော်တွေ ဒါကတော့ ဘယ်လိုမစီးကောင်းဘူး။ [427] သူက ရှေ့ဖုံးဖိနပ် စီးတဲ့အခါမှာ ဟို ဖနောင့်ဖုံးတဲ့ဖိနပ်လိုမျိုး ရှိတယ်လေ။ [428] ဖနောင့်ဖုံးတဲ့ဖိနပ်တို့ ဘွတ်ဖိနပ်အခြေတို့ဘာတို့လေ။ [429] ဟို လယ်တောသွားတဲ့အခါမှာ စီးတဲ့အခြေတို့၊ အဲ့တော့ ရှူးဖိနပ်တို့ ဘုန်းကြီးတွေ မစီးရဘူးနော်။ [430] ရှူးဖိနပ်လည်း မစီးရဘူး၊ ဘွတ်ဖိနပ်လည်း မစီးရဘူး၊ ဖနောင့်ဖုံးတဲ့ဖိနပ်လည်း မစီးရဘူး။ [431] ဘုန်းကြီးတွေ မစီးကောင်းတဲ့ ဖိနပ်တွေနော်။ [432] ခုနက ဒီ သစ်သားတို့ ထန်းလက်တို့ဆိုတာနဲ့ လုပ်တာနဲ့ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဖိနပ်နဲ့ပတ်သက်လို့ ပြောဖြစ်တာနော်။ [433] အဲ့တော့ ရဟန်းတွေ မစီးကောင်းတဲ့ ဖိနပ်က အဲ့ဒါတွေရှိတယ်။ [434] အဲ့တော့ လူစီးဖိနပ်မှန်ရင် ရဟန်းတွေ မစီးကောင်းတော့ ရဟန်းတွေကို မလှူနဲ့ပေါ့ လူစီးဖိနပ်ကို။ [435] သံဃာစီးဖိနပ်ပဲ လှူပေါ့။ [436] ကတ္တီပါဖိနပ်ကတော့ မအပ်စပ်ဘူးလို့ ပြောလို့မရပါဘူးနော်။ [437] ဒါပေမဲ့ တချို့တချို့ ကျောင်းတိုက်တွေမှာတော့ ကတ္တီပါဖိနပ် မစီးခိုင်းပါဘူး။ [438] ဦးဇင်းတို့ကျောင်းတိုက်လည်း မစီးခိုင်းပါဘူး။ ဟို မအပ်ဘူးလို့တော့ ဦးဇင်းမပြောပါဘူးနော်။ [439] ဒါပေမဲ့ မသင့်တော်ဘူးပေါ့နော်၊ နည်းနည်း အရမ်းကို လှပသာယာလွန်းအားကြီးတယ်ပေါ့။ [440] အဲ့တော့ အောက်မှာ နည်းနည်းလေး ဖတ်ကြည့်မယ်ဆိုရင် [441] ဖိနပ်ကို စီးနင်းထားလျက်နော် အောက်ဆုံးပိုဒ်လေး၊ တရားတော်ကို မနာယူကောင်းတဲ့။ [442] ဖိနပ်စီးနင်းလျက် တရားတော်ကို နာယူခြင်းကြောင့် မိမိလည်း တရားတော်ကို မရိုသေရာရောက်၍ ဆိုးကျိုးရနိုင်သည့်အပြင် [443] ဖိနပ်စီးထားသူကို တရားဟောမိခြင်းကြောင့် တရားဟောပုဂ္ဂိုလ်... [444] အာပတ်သင့်ရောက်၏။ ထို့ကြောင့် တရားနာယူသူသည် ကျန်းမာလျက် ဖိနပ်စီး၍ တရားနာခြင်း စသည်တို့ကို မပြုလုပ်မိကြစေရန် အထူးသတိထားသင့်သည် တဲ့။ [445] တတ်နိုင်ဆုံးတော့ ဦးဇင်းတို့ ရိုသေပြဖို့ ပေါ့နော်။ ဦးဇင်းတို့ သုတ္တန်ဒေသနာတွေထဲမှာ ဓမ္မဂါရဝဆိုတာ ရှိတယ်။ ဝိနည်းနဲ့တော့ မဆိုင်တော့ဘူး အဲ့ဒီအပိုင်းတွေကျတော့လေ။ [446] ဘာပြောလဲဆိုတော့ တရားနာနေတဲ့အချိန်မှာ အိပ်ငိုက်နေတယ်။ အဲ့ဒါ အဂါရဝဖြစ်တာကြောင့်ပေါ့။ နောက် တရားနာနေတဲ့အချိန်မှာ စကားပြောနေတယ်။ ဒါ အဂါရဝပဲပေါ့။ [447] ဒါကြောင့် ဦးဇင်းတို့ ကျောင်းမှာဆို ပြောရတယ်။ ဖုန်းတွေကို silent လုပ်ထား၊ ဖုန်းတွေပိတ်ထားဖို့ပေါ့။ တချို့က တရား ဆရာတော်ရှေ့က ဟော၊ ဖုန်းဖွင့်ထားတော့ တရား အာရုံ အရမ်းနောက်တာပဲ။ [448] ဟောတဲ့သူကလည်း သမာဓိနဲ့ အာရုံပြုပြီး ဟောနေရတာလေ။ နားထောင်တဲ့သူကလည်း စိတ်စိုက်ပြီး နားနေတာ။ အဲ့အချိန် ဖုန်းထမြည်တော့ အရမ်းစိတ်တိုဖို့ကောင်းတာပဲ။ [449] အဲ့တော့ စာပေထဲမှာလည်း အဲ့ကြောင့် တရားဟောနေတဲ့အချိန်မှာ စကားပြောခြင်း၊ ငေးနေခြင်း၊ ငိုက်နေခြင်း မပြုရဘူးပေါ့။ ဒါတွေက အဂါရဝဖြစ်တယ်လို့ စာထဲမှာ ဆိုထားတယ်။ [450] ဝိနည်းနဲ့တော့ မဆိုင်ဘူးပေါ့နော်။ သုတ္တန်သဘောတရား၊ သုတ္တန်ကျင့်ဝတ်တွေပေါ့။ အဂါရဝသဘောတရားတွေနော်။ အဲ့ဒါမျိုးတွေတော့ ရှိတယ်။ အဲ့ဒါ ဝိနည်းမှာတော့ မပါဘူး အဲ့ဒါတွေကတော့။ [451] ဒါဆိုလို့ရှိရင် ဦးဇင်းတို့ အခန်း ၉ ပြီးသွားပြီလား။ အခန်း ၉ ပြီးသွားပြီပေါ့နော်။ အခန်း ၉ ပြီးသွားတော့ အခန်း ၁၀ တို့ကျတော့လေ သူက ဒီ ယဉ်ကျေးမှုပိုင်းဆိုင်ရာကို ပြောထားတာပေါ့နော်။ [452] အဲ့ဒါတော့ ကိုယ့်ဘာသာဖတ်လိုက်ရင်လည်း အဆင်ပြေပါတယ်။ ဟို ဝိနည်းနဲ့တော့ မဆိုင်တော့ အရမ်းကြီး လေးလေးနက်နက်လည်း မပါဘူးပေါ့။ အဲ့တော့ ကိုယ့်ဘာသာဖတ်လိုက်ရင်တော့ ရတယ်ပေါ့နော်။ [453] ဟို သွားတဲ့အခါမှာ အသံမမြည်အောင်သွားတာတို့၊ လက်အုပ်ချီတာတို့၊ နောက်ကို ဆုတ်သွားတာတို့ အဲ့ဒါလေးတွေကို သူ ပြောထားတာပေါ့နော်။ အဲ့တော့ ဒီမှာ အဲ့ဒါတွေတော့ မပါတော့ဘူး။ [454] အဲ့ဒါ ဝိနည်းတွေ မပါတော့ဘူးပေါ့။ နောက်ခဏ အခန်း ၁၁ ကို သွားလိုက်ပါ။ အခန်း ၁၁ မှာလည်း သူက ဝိနည်းရဲ့ အထွေထွေသိမှတ်ဖွယ်ရာဆိုပြီးတော့ သူက ဟိုလိုမျိုး သီးသန့်ကြီးတော့ မပါတော့ဘူး။ [455] အဲ့တော့ ဝစီရိုင်းပြ ဇာတ်နိမ့်ကျဆိုပြီးတော့ စာမျက်နှာ ၈၃ လုံးမှာ သူ ပြောထားတာကို ရိုင်းရိုင်းစိုင်းစိုင်း မပြောမိကြဖို့ပေါ့နော်။ အဲ့ဒါလေးတွေ သူ ရဟန်းတော်တွေကို မဆဲမိအောင် မဆဲမိအောင် ဂရုစိုက်ဖို့ ဒါလေးတွေ ပြောထားတာပါ။ [456] အဲ့တော့ ဒါတွေ ကိုယ့်ဘာသာဖတ်လည်း သိတယ်ပေါ့နော်။ ရဟန်းတော်တွေကို မဆဲမိစေဖို့ပေါ့။ အဲ့တော့ တော်တော်များများ... [457] အဲတော့ ဝိနည်းက နောက်ပိုင်း အုပ်စရတွေက လေးနဲ့ထက် ဝိနည်းတွေ မပါတော့ ကိုယ့်ဘာကိုယ် ဖတ်လို့ရတယ် ပေါ့နော်။ [458] အဲတော့ ဦးဇင်း ဖြည့်စွက် သင်ကြားစရာလေးတွေတော့ ရှိတယ်။ အခု ဒီနေ့ စာရွက်ကလေးတွေတော့ ယူလာတယ်။ [459] လောက်မလာတော့ မသိဘူး နည်းနည်း ဝေပေးလိုက်ပါနော် တစ်ခါတည်း။ [460] အဲတော့ ဒီ ကပ္ပိယကာရက သင်တန်းတက် ဖြည့်စွက် သင်ခန်းစာ ဆိုတာ ဦးဇင်းအနေနဲ့ နည်းနည်းလေး မပါတာလေးတွေ စုထားတာ ပေါ့နော်။ [461] တချို့ဟာလေးလည်း ပြန်ထပ်ကောင်း ထပ်နိုင်တာလေးတွေ ပါမယ်။ [462] ဒါမပြောခင် ခုနက ဟို စာအုပ်ထဲမှာ ဟို ဖိနပ်တွေ ထိတယ် ဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းထဲ နည်းနည်းလေး ဝင်တာလေး နည်းနည်း ပြောလိုက်ဦးမယ်။ [463] ဟို ဖိနပ်ကိစ္စတော့ နည်းနည်းတော့ ရှင်းသွားပါပြီနော်။ အပ်စပ်တဲ့ ဖိနပ်၊ မအပ်စပ်တဲ့ ဖိနပ် အကြမ်းဖျင်းတော့ နည်းနည်းတော့ သဘောပေါက်သွားတာ ပေါ့။ [464] ထီးမှာလည်းပဲ အပ်စပ်တဲ့ ထီး၊ မအပ်စပ်တဲ့ ထီး ရှိတယ် ပေါ့နော်။ [465] အဲဒါလေး နည်းနည်း ပြောလိုက်မယ်။ ဒီထဲမှာလည်း အဲဒါတော့ မရေးထားလိုက်တော့ဘူး။ [466] ခေါင်းထဲမှာ နည်းနည်းလေး ပေါ်လာလို့ပါ။ ထီးနဲ့ ပတ်သက်ပြီးတော့ ရဟန်းတော်တွေ မဆောင်းကောင်းတဲ့ ထီးဆိုတာ ရှိတယ်။ [467] နော် ဘယ်လို ထီးမျိုး မအပ်စပ်လဲ ဆိုတော့ ဟို ထီးလှူတဲ့ ဒကာ ဒကာမတွေလည်း သိရအောင် ပေါ့လေ။ [468] ရှေးတုန်းကတော့ ဦးဇင်းတို့ ပုသိမ်ထီးတွေ လှူကြတယ် မြန်မာနိုင်ငံမှာ ပေါ့။ အခုခေတ်တော့ ပုသိမ်ထီး သိပ်မဆောင်းကြတော့ဘူး။ အကြမ်းမခံတာလည်း ပါတာပေါ့။ [469] အဲတော့ ပုသိမ်ထီး ဆိုလို့ရှိရင် ပေါ့ ဦးဇင်းတို့ ဝိနည်းတော်မှာက ဒါ ချည်နဲ့ ချုပ်ထားတဲ့ ထီး ပေါ့ ဒါ ပုသိမ်ထီးဆို ချည်နဲ့ ချုပ်ထားတာ။ [470] အဲတော့ အဲဒီ ပုသိမ်ထီး ဆိုလို့ရှိရင် ရောင်စုံချည်ဆိုရင် မအပ်စပ်ဘူး။ အဲဒါ ဗဟုသုတ တစ်ခုနော် နည်းနည်း မှတ်ထားနော်။ [471] အဲ ပုသိမ်ထီးမှာ ဦးဇင်းတို့ ချည်ရောင် မျိုးစုံနဲ့ ချုပ်ထားတယ် ဆိုရင် အဲဒီ ထီးသည် မအပ်စပ်ဘူး။ [472] ချည်ရောင် တစ်ရောင်တည်း ဖြစ်ရမယ်။ အနီဆို အနီတစ်ရောင်တည်း၊ အဝါဆို အဝါတစ်ရောင်၊ အမည်းဆို အမည်းတစ်ရောင် တစ်ရောင်တည်း ဖြစ်တဲ့ ထီးမှ အပ်စပ်တယ်။ [473] ရောင်စုံထီး ဗြောင် အဲဒီ ပေါ့ အထဲမှာ ဟို ဒုတ်ချောင်းတွေကို ချုပ်ထားတဲ့ ချည်တွေ ရှိတယ်။ ပုသိမ်ထီး မြင်ဖူးကြမှာပါနော်။ [474] အဲ ပုသိမ်ထီးတွေမှာ ရောင်စုံနဲ့ တချို့ အလှလုပ်ထားတာ ရှိတယ်လေ။ အဲလို ရောင်စုံချည်ဆိုရင် မအပ်စပ်ဘူး။ [475] တစ်ရောင်တည်းနဲ့ ချုပ်တဲ့ ပုသိမ်ထီးက အပ်စပ်တယ်။ ဒါတစ်ခုနော်။ [476] နောက်တစ်ခုက လက်ကိုင်ရိုးတွေမှာ အရစ်တွေ ပါရင် မအပ်စပ်ဘူး ဗြောင်ဖြစ်ရမယ်။ [477] နော် အဲတော့ လက်ကိုင်ရိုးသည် ဗြောင်ဖြစ်နေမှ အပ်စပ်တယ်။ အဲတော့ ဦးဇင်းတို့ တချို့ ဝိနည်းလေးစားတဲ့ ဆရာတော်ကြီးတွေဆိုရင် ပုသိမ်ထီး လာလှူလို့ရှိရင် အဲဒီ ထီးအရိုးကို ဓားနဲ့ ရှစ်ပစ်လိုက်တယ် သူက။ [478] ဓားနဲ့ ခုတ်ပစ်လိုက်တယ် အဲဒီ ဟာကို အထစ်တွေကိုလေ။ [479] အဲတော့ အဲဒီ လက်ကိုင်ရစ်မှာ ဖြစ်စေ ဟို ထိပ်ဖူးမှာ ထိပ်ဖူးမှာဆိုလည်း အထစ်အထစ်တွေ ပါတယ်လေ။ [480] အဲတော့ ပုသိမ်ထီးရဲ့ ထိပ်ဖူးမှာလည်း အရစ်တွေ အရစ်တွေ ပါတယ်၊ လက်ကိုင်မှာလည်း အရစ်တွေ အရစ်တွေ ပါတယ်။ အဲဒီ လက်ကိုင်ရစ်တွေ ထိပ်ဖူးတွေကို ဖျက်ပစ်လိုက်ရတယ်။ [481] မအပ်စပ်ဘူး။ [482] အဲ့တော့ ဦးဇင်းတို့ အော်ဒါမှာတဲ့အခါမှာ သေချာမှာရတယ်။ သံဃာတော်များ သုံးတဲ့ထီး မှာမယ်ဆိုလို့ရှိရင် [483] တို့ သံဃာတော်တွေက ဒီလိုထီးမျိုး ဆောင်တယ်။ အဲ့တော့ ခြေကို တစ်မျိုးတည်းနဲ့ ချုပ်ပေးပါ။ [484] ပြီးတော့ လက်ကိုင်မှာလည်း အရစ်တွေ မပါပါစေနဲ့။ [485] ထိပ်ဖူးမှာလည်း ဟို အရစ်တွေ မပါပါစေနဲ့။ [486] အဲ့လိုမျိုး ပြောပေးရတယ်။ အဲ့သုံးချက်ကို သတိထားရမယ်။ [487] နောက်တစ်ချက် သတိထားစရာ ရှိသေးတယ်။ ထီးရဲ့ အဝိုင်းဟာ [488] ဟို ထီးအရွက်ပေါ့နော်၊ ထီးရွက်အဝိုင်း။ အဝိုင်းမှာ ဦးဇင်းတို့က ဒီ လခြမ်းပုံသဏ္ဌာန် မဖြစ်ရဘူး။ [489] လခြမ်းကွေးလေးဆိုတာ အနားမှာ လခြမ်းလေး အကွေးလေး ဖြစ်ဖြစ်နေတာ အနားမှာလေ။ [490] အဲ့လို ကွေးကွေးလေး မဖြစ်ရဘူး။ ညီအညီ ဖြစ်ရမယ်။ [491] သဘောပေါက်လား မသိဘူး။ ဟို အစွန်း ဟို ဘယ်လိုပြောမလဲ၊ အချွန်တစ်ခုနဲ့တစ်ခု ဆက်တဲ့အခါလေ။ [492] ကြားမှာ ကွေးကွေးလေး ဖြစ်နေတာမျိုးတွေ လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။ [493] သတိထားမိလား ထီးတွေဘာတွေလေ။ အဲ့လို ကွေးကွေးလေး။ [494] မဟုတ်ဘူး မဟုတ်ဘူး ထီးကိုင်း ဟိုဟာ ပြောတာလေ။ ဘာခေါ်လဲ။ [495] ထီးရိုးလား။ ထီးရိုးက အကွေး။ [496] ထီးပါရင် နမူနာပြစမ်းပါ။ အေး ပြစမ်းပါဦး ခဏ။ အေး ဟုတ်ပြီ။ နည်းနည်း အဲ့ဒါ နမူနာ သရုပ်ပြစမ်းပါဦး။ [497] ဖွင့်လိုက်။ အေး ဟုတ်ပြီ။ [498] ဟုတ်ပြီ။ အဲ့မှာလေ။ [499] ဟိုမှာ သူက လခြမ်းပုံသဏ္ဌာန် မဖြစ်ဘူး အဲ့မှာ။ ဟိုမှာ အဲ့ဒါ မဟုတ်ဘူး။ အဲ့မှာ ဒီအနားကို ပြောတာ။ အေး အနား ဟုတ်တယ်။ အေး အဲ့ဒါ။ [500] အဲ့ဒီ အနားသည် ကွေးကွေးလေးဆိုရင် မအပ်စပ်ဘူး။ [501] သဘောပေါက်လား။ အဲ့ဒီ အနားသည် ဝိုင်းဝိုင်း ထီးဆိုတော့ ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အရင်တုန်းက တချို့ ထီးတွေ လူထုဆောင်တဲ့ ထီးတချို့မှာလည်း ပါပါတယ်။ [502] ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အဲ့လို ဝိုင်းဝိုင်းလေး ဖြစ်နေရင် မအပ်စပ်ဘူး သူက။ ညီရမယ် အနားညီရမယ်။ [503] အညီဖြစ်ရမယ် ဟုတ်။ အဲ့လိုမျိုး ဖြစ်ရမယ်။ [504] အဲ့လို အနားညီမှ အပ်စပ်တယ်။ အဲ့တော့ ဝိုင်းနေလို့ရှိရင် လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။ [505] အဲ့တော့ လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။ အဲ့တော့ ထီးနဲ့ပတ်သက်လာရင် အဲ့လေးချက် မှတ်ပေးရမယ် နော်။ [506] အဲ့တော့ အရောင်မျိုးစုံပါတဲ့ ထီး မအပ်စပ်ဘူး။ အထိပ်မှာ အရစ်ပါရင် အောက်မှာ အရစ်ပါရင် မအပ်စပ်ဘူး။ [507] နောက် လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။ [508] အဲ့ဒီဟာကို ရှောင်ရမယ် ထီးက နော်။ သံဃာတော်တွေနဲ့ အပ်စပ်အောင်။ အဲ့ဒါကြောင့် တချို့ မေးတယ်လေ။ ခေါက်ထီး အပ်စပ်လား မအပ်စပ်လား။ ခုနက လေးချက်နဲ့ တိုက်ကြည့်။ [509] ဟုတ်လား သွား။ အဲ့ဒါ လေးချက်တိုက်ကြည့် မညီဘူးဆိုရင် အပေါ် အဲ့ဒီ လေးချက်နဲ့ ညီတယ်ဆိုရင် မအပ်ဘူး။ ညီအပ်တယ်။ [510] အဲ့တော့ ခေါက်ထီး လက်ကိုင်ရိုးမှာ အရစ်ပါလား ကြည့်လိုက်။ အရစ်ပါရင် အဲ့အရစ်ကို ဖြုတ် အဲ့ဒါ အပ်တယ်။ [511] အေး မဖြုတ်လို့ မရဘူးဆိုရင် မဆောင်နဲ့ပေါ့။ အေး ခေါက်ထီးရဲ့ ထိပ်မှာရော အဲ့လို အရစ်တွေ ပါသလား ကြည့်။ [512] ဒါပေမဲ့ ယနေ့ခေတ် ထီးတော်တော်များများက အရစ်တွေ ထိပ်မှာ မပါဘူး နော်။ ငုံသီးလေးပဲ ပါ အချွန်လေးပဲ ပါတာပေါ့ နော်။ [513] အဲ့မှာ လက်ကိုင်မှာကျတော့ အချို့ အရစ်တွေ ပါတတ်တယ်။ [514] အချို့ အချစ်ပါတာ ရှိတယ်၊ အမွှမ်းပါတာ ရှိတယ်။ [515] ဟို တချို့ လက်ကိုင်မှာ ဟို ဘာလဲ လက်အရာပုံစံမျိုးလား ဟုတ်လား။ [516] လက်ကိုင်မှာလေ လက်ငါးချောင်း အရာပုံစံ လုပ်ထားတာပေါ့နော်။ [517] အဲ့ဒါကျတော့ အလှအယစ်မဟုတ်ဘူးပေါ့နော်။ [518] ကိုင်ဖို့အတွက် ခိုင်ခံ့အောင်လို့ လုပ်ထားတဲ့ သဘော အဲ့ဒါတော့ ရတယ်။ [519] အလှပုံစံမျိုး အယစ်ဖော်တိုင်းတော့ မအပ်စပ်ဘူး။ [520] အဲ့ဒါ သတိထားရမယ်ပေါ့။ [521] အချို့ အလှအယစ်ကလေးတွေ လုပ်ထားတာလေ။ [522] အဲ့ဒါဆိုရင် မအပ်စပ်ဘူး။ အဲ့ဒါကြောင့် ထီးနဲ့ပတ်သက်လာရင် ထိပ်မှာ အယစ်အဆိပ်ပါရင် မအပ်ဘူး။ [523] အောက်မှာ အယစ်တွေပါရင် မအပ်ဘူး။ [524] နောက် ချည်အရောင်စုံပါရင် မအပ်ဘူး။ [525] ဟိုနား လာချောင်းပုံသဏ္ဍာန်ပါရင် မအပ်ဘူး။ [526] နော် အဲ့ဒါကြောင့် သံဃာတော်တွေနဲ့ အပ်စပ်တဲ့ထီး မအပ်စပ်တဲ့ထီး အဲ့လိုခွဲရမယ်။ [527] အဲ့လို အဲ့ဒီမှာ မပါဘူး အဲ့ဒါ ထီးမရေးထားလိုက်ဘူး ဒီထဲမှာ။ [528] အဲ့တော့ နော် ကိုယ့်ဘာသာကိုယ်ပဲ အဲ့ဒါ မှတ်ကြပေါ့ ထီးကတော့ နော် အပ်စပ်ထီး မအပ်စပ်တဲ့ထီး။ [529] အဲ့တော့ ဖိနပ်ကလည်း တော်တော်တော့ ပြီးသွားပါပြီနော်။ ဖိနပ်ပြီးတယ် ထီးပြီးသွားတယ်။ [530] သပိတ်တွေလည်း ဦးဇင်းတို့ ရှေ့မှာတင် ပြောခဲ့ပြီးသားဆိုတော့ နော် ပြီးပြီ သပိတ်လည်း ပြီးသွားပြီ။ [531] ပလတ်စတစ်သပိတ်တွေ ဖန်သပိတ်တွေက မအပ်စပ်ဘူးနော်။ နှီးသပိတ်တွေ သံသပိတ်တွေ မအပ်စပ်ဘူး ပြောခဲ့ပြီးပြီ။ [532] သင်္ကန်းဆိုရင်လည်း ဖြစ်နိုင်ရင်တော့ ဓားကွက်ဓားဖောက် သင်္ကန်းဆိုရင်တော့ ပိုကောင်းတယ်ပေါ့နော်။ [533] အကုန်လုံး ဖြတ်ချုပ်ဆိုရင်တော့ ပိုကောင်းတယ်ပေါ့။ [534] အဲ့ဒါလည်း ပြောခဲ့ပြီးပြီပေါ့နော်။ အဲ့ဒါဆိုရင် သင်္ကန်း ဆွမ်း ကျောင်း ဆေးကတော့ တော်တော်များများ စုံသွားပြီ။ [535] အဲ့တော့ ဦးဇင်းတို့ ဒီ ဖြည့်စွက်သင်ခန်းစာလေးကို သွားကြည့်ရအောင်နော်။ [536] အဲ့တော့ ဖြည့်စွက်သင်ခန်းစာမှာ စစချင်း ဦးဇင်းတို့ ရဟန်းတို့ မကိုင်ကောင်းသော အရာများတဲ့နော်။ [537] ရဟန်းတွေ မကိုင်ကောင်းတဲ့ အရာများက နံပါတ်တစ်က အမျိုးသမီးရဲ့ ကိုယ်ခန္ဓာ။ [538] ဟိုနေ့က ပါသွားပြီနော် အမျိုးသမီးခန္ဓာကိုယ် မထိကောင်းဘူးဆိုတာ ပြောပြီးပြီ။ [539] ကိုယ့်အမေလည်း မရဘူး ကိုယ့်အစ်မလည်း မရဘူး ကိုယ့်ညီမလည်း မရဘူး။ [540] အဒေါ်တွေဘာတွေလည်း မရဘူး တူမ တူမလေးတွေလည်း မရဘူးပေါ့နော်။ [541] အမျိုးသမီးဆိုရင် ဆွေမျိုးတော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ ဘာစိတ်နဲ့မှကို ထိလို့မရတာ။ [542] ဒါ မကိုင်ကောင်းတဲ့ထဲမှာ ပါသွားတာ။ အာ ငါတို့က မသာယာဘူးဆိုလည်း မရဘူးနော်။ [543] ဒါက သာယာရင် အာပတ်တစ်မျိုး မသာယာရင် အာပတ်တစ်မျိုး။ [544] ဘယ်လိုပဲဖြစ်ဖြစ် အာပတ်ကတော့ မလွတ်ကို မလွတ်တာ။ [545] ဟုတ်ပြီနော် အဲ့တော့ ငါတို့က မသာယာပါဘူး ကိုယ့်ညီမမို့လို့ ကိုင်တာပါ ကိုယ့်တူမလေးမို့လို့ ကိုင်တာ မရပါဘူး။ [546] ဘယ်လိုမှ မရဘူး။ အာ ကိုယ့်အဖွားအရွယ်ပဲတဲ့ မရပါဘူးနော်။ [547] ဘယ်အရွယ်ပဲ ဖြစ်နေဖြစ်နေ မရပါဘူး။ [548] နောက် နံပါတ်နှစ်က အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ။ [549] ဒါ ဟိုနေ့ကလည်း ပြောခဲ့ပြီး ဝတ်ထားသည်ဖြစ်စေ မဝတ်ထားသည်ဖြစ်စေ သူတို့ရဲ့ အဝတ်အစားတွေနော်။ [550] နောက် ခုနက တခြားအသုံးအဆောင်ပစ္စည်းတွေ မထိကောင်းဘူး မကိုင်ကောင်းဘူးပေါ့။ [551] ဒါ ဟို ကျောင်းမှာ ကျန်ခဲ့တဲ့ဥစ္စာကျတော့ ဒါ ကောက်သိမ်းပေးလို့ရတယ် ပြောခဲ့ပြီးပြီနော်။ [552] အဲ့ဒါ နောက်မှာလည်း တစ်ခု ပါဦးမှာ။ [553] နောက် နာမည်နဲ့ အမျိုးသမီး ရုပ်ပုံ ရုပ်ထု ပေါ့နော်။ [554] ဒီ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ အမျိုးသမီးပုံ ပါတယ်လေ။ အဲ့ဒါတွေ မကိုင်ရဘူး။ [555] နောက် ခုနက အဲ့ဒီ ရုပ်ထုတွေ ပေါ့။ အမျိုးသမီး ရုပ်ထုတွေ သွားထိကိုင်လို့ မရဘူး။ ပန်းပု၊ ပန်းချီ၊ ပန်းပု ဘာမှ အမျိုးသမီးဆို ကိုင်လို့ မရဘူး။ [556] အဲ့တော့ ခုနက ပြောသလို ဟို မအပ်ကောင်းတဲ့ အထဲမှာ အမျိုးသမီး မအပ်ကောင်းဆိုတော့ အမျိုးသမီး အမ၊ တိရစ္ဆာန် အမတွေလည်း ပါတယ် ပြောခဲ့တယ်လေ။ [557] အဲ့အတိုင်းပဲ မကိုင်ကောင်းတဲ့ အထဲမှာလည်း တိရစ္ဆာန် အမတွေလည်း ပါတယ်ဆိုတော့ တိရစ္ဆာန် အမရုပ်တွေလည်း မကိုင်ရဘူး။ [558] ပုံတွေ ပေါ့နော်။ ပုံမှာ တိရစ္ဆာန် အမရုပ်ပုံ ပါရင်လည်း မထိရဘူး။ [559] အဲ့ကြောင့် ရှေးတုန်းက ဆရာတော်ကြီးတွေဆို မီးခြစ်မှာ နတ်သမီးရုပ်လေးတွေ ပါတော့ ဆရာတော်ကြီးတွေက အဲ့မီးခြစ်ဝါးလွှာကို ဖြတ်ပစ်လိုက်ရတယ်။ နတ်သမီးရုပ် ဖြတ်ပစ်လိုက်ရတယ်။ [560] အဲ့ကြောင့် ဦးဇင်းတို့ အမျိုးသမီးပုံ ပါတဲ့ ဥစ္စာကို ကိုင်ချင်တယ် ဆိုလို့ရှိရင် သူက နှစ်မျိုးရှိတယ် ကိုင်တာက။ [561] မထိအောင် ဘေးနား ကိုင်လို့ရတယ်။ သူက ပုံကို မထိရတာ။ စာအုပ်ကို ကိုင်လို့ရတယ်။ [562] ဥပမာ ပေါ့ ဆရာတော်တွေ သတင်းစာ ဖတ်ကြတယ်၊ ဂျာနယ်တွေ ဖတ်ကြတယ်။ အမျိုးသမီးပုံတွေ ပါတယ်လေ။ အဲ့တော့ မထိအောင် ကိုင်မယ်၊ ဘေးကနေ ကိုင်မယ်။ [563] ပုံက အလယ်မှာ ရှိမယ်၊ ကိုယ်က နံဘေးနားလေးကို ကိုင်ပြီး လှန်မယ် ပေါ့။ နော်။ အဲ့ဒါဆို ရတယ်။ [564] သူက အမျိုးသမီး ပါရင် ဘာမှ မထိရဘူး ဆိုတာ မဟုတ်ဘူးနော်။ ပုံကိုသာ မထိရတာ၊ ဘေးနံဘေးကို ထိလို့ရတယ်။ [565] အဲ့ကြောင့် အမျိုးသမီးပုံကို မထိနဲ့၊ ဘေးနံဘေးကို ထိ။ နော် အဲ့လိုမျိုး ရတယ်။ [566] တချို့က နားမလည်တော့ ဟို သွားပြီးတော့ အပြစ်မှားမိတတ်မှာ စိုးလို့ ပြောတာ။ [567] နောက်တစ်ခါ ကိုင်လို့ရတာက အမျိုးသမီးပုံကို ဘောပင်နဲ့ ခြစ်ပစ်လိုက်။ အဲ့ဒါဆို ပုံကို တိုက်ရိုက် ကိုင်လို့ ရသွားပြီ အဲ့ဒါဆိုရင်တော့။ [568] နော်။ ပုံကို ဆော့ပင်တို့ ဘောပင်တို့နဲ့ ပုံကို ခြစ်ပစ်လိုက် ပေါ့နော်။ အဲ့လိုဆို ဦးဇင်းတို့ ကိုင်လို့ ရသွားပြီ။ [569] အဲ့ကြောင့် ဦးဇင်းတို့ တစ်ခါ ကြုံဖူးတယ်လေ။ အဲ့ဒီ ဂျာမနီက အမျိုးသမီး တစ်ယောက်နဲ့ တစ်ခါ ကြုံတာ ပေါ့။ [570] အဲ့ဒီ သူငယ်ချင်း တစ်ယောက်က ဘုန်းကြီးလူထွက် တစ်ယောက်က သူ့မိတ်ဆွေ သူ့အလုပ်ပိုင်ရှင်နဲ့ တူပါတယ်၊ သူက ခေါ်လာတာ ပေါ့။ ကျောင်းလာပြတာ ဂျာမနီ အမျိုးသမီး ခေါ်လာတော့။ [571] ဦးဇင်းက အဲ့ဒီမှာ ဟို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစာ မိတ်ခွန်းလား ဘာလား မသိဘူး။ အဲ့စာအုပ် တစ်အုပ်ကို ဖတ်နေတဲ့ အချိန်။ [572] ဒါပေမဲ့ အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အများကြီး ပါတယ်လေ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အများကြီး ပါတော့ မအပ်စပ်ဘူးလေ။ [573] ဦးဇင်းက အဲ့ဒါကို အကုန်လုံး ဘောပင်နဲ့ ခြစ်ပစ်လိုက်တာ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အကုန်လုံး ဘောပင်နဲ့ အကုန် ခြစ်ပစ်လိုက်တာ။ [574] ခြစ်ပစ်လိုက်တော့ ဦးဇင်းက အဲ့ဒါကို ဖတ်နေတော့ သူက ပုံတွေကို ကြက်ခြေခတ်ထားတာ သူမြင်တော့ "အရှင်ဘုရား ဒေါ်အောင်ဆန်းစုကြည်ကို မုန်းလို့လား" တဲ့။ [575] "အရှင်ဘုရား ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်လို့ ကြက်ခြေခတ်ထားတာလား" ပေါ့။ ဟိုဆိုတော့ "မဟုတ်ဘူး" လို့။ [576] အဲ့တော့ ဝိနည်းမှာက ဒီအမျိုးသမီးပုံတွေက ရဟန်းတွေ ထိလို့မရဘူးလို့ [577] အဲ့ကြောင့် အမျိုးသမီးမှန်ရင် ဘယ်သူပဲဖြစ်ဖြစ် တို့က ကိုင်လို့မရတဲ့အတွက်ကြောင့် ကြက်ခြေခတ်ထားတာလို့ သူပြောတော့ [578] သူသဘောတွေ ကျသွားတယ် အဲ့လိုမျိုးပေါ့နော်။ [579] ဆိုတော့ အဲ့လိုမျိုးရှိတယ်ပေါ့။ [580] အဲ့ကြောင့် ဆိုလိုတာက အမျိုးသမီးပုံကို ထိလို့မရဘူး [581] သို့သော် ကြက်ခြေခတ်ထားရင် ဟိုဘောပင်နဲ့ ခြစ်ပစ်လိုက်ရင် ထိလို့ရတယ် [582] နောက်ဘာမှမလုပ်ရင်လည်း နှုတ်ခမ်းသားလေးကို ကိုင်တော့ ရတယ်နော်။ [583] အဲ့လိုမျိုးလည်း ရှိတယ်အေး။ [584] အဲ့ကြောင့် တချို့ဒကာမတွေက ဟိုတချို့စာအုပ်တွေ လှူဒါန်းတဲ့အခါမှာ အမျိုးသမီးပုံပါရင် ဘာလုပ်လဲဆိုတော့ [585] ကိုယ့်ဘာကိုယ် ဖြတ်ပြီးတော့ လှူကြတာမျိုးလည်း ရှိတယ်ပေါ့နော် ဆရာတော်ကို ကပ်တဲ့အခါမှာ [586] ကိုယ်တိုင်ပဲ အိမ်မှာ တစ်ခါတည်း ဖြတ်လာခဲ့တာမျိုးတွေရှိတယ်။ အဲ့လိုမျိုး။ [587] ဒါမှမဟုတ်လည်း တချို့ဒီလိုလေ တချို့စာအုပ်တွေမှာ မျက်နှာဖုံးမှာ အမျိုးသမီးပုံတွေပါတယ်။ [588] အဲ့ဆို ကိုင်ရတာ နည်းနည်းခက်နေတယ်ပေါ့ ချောင်ကိုင်ဖို့ကလည်း မလွယ်ဘူးလေ။ [589] အဲ့အခါကျတော့ အပြင်ကနေပြီးတော့ တစ်ခုခု အုပ်လိုက်ရင်လည်း ရတယ်။ [590] အပြင်ကနေ ဗလာစာအုပ်ဖြစ်ဖြစ် စာရွက်ဖြစ်ဖြစ် တစ်ခုခုနဲ့ cover ထားလိုက်ပေါ့။ [591] အဲ့ဆိုလည်း အမျိုးသမီးပုံကို မထိမိတော့ဘူးလေ။ [592] အဲ့ဒါမျိုးကျတော့ မထိမိဖို့က အဓိကပဲနော်။ [593] ရှိတာက ပြဿနာမရှိဘူး မထိဖို့လိုတယ်။ အေး။ [594] နောက်နံပါတ်လေးက ရတနာအမျိုးမျိုးတဲ့နော်။ [595] ရတနာဆိုရင် ဘယ်ရတနာမှ ရဟန်းတော်တွေ မထိကောင်းပါဘူးနော်။ [596] အလှူခံလို့လည်း မရဘူးပေါ့နော်။ [597] ဟို သံဃဿ ဒေမ လှူလာရင်လည်း မရဘူး။ [598] အဲ့တော့ တစ်ခုတော့ရှိတယ်ပေါ့ ဦးဇင်းတို့ တစ်နေ့က ပြောတယ်လေ။ [599] ဟိုကျောင်းတိုက်အား လှူပါ၏ဆိုရင်တော့ ရတယ်။ [600] ဒါပေမဲ့ ရဟန်းလက်ခံလို့တော့ မရဘူးလေ။ ငြင်းလည်း မငြင်းရဘူး ပြောခဲ့ပြီလေ။ [601] အဲ့တော့ ရဟန်းတော်တွေက ဆန်စပါးတွေ ကိုင်လို့မရဘူးလေ နော်။ [602] ဆန်စပါးတွေ ကိုင်လို့မရဘူး။ [603] အဲ့တော့ ကျောင်းသားတွေ ကပ္ပိယတွေကိုပဲ ပေးရမှာပေါ့ ဆန်တွေစပါးတွေ ကပ်မယ်ဆိုရင်လေ။ [604] နောက် လက်နက်အမျိုးမျိုး နော်။ [605] ရဟန်းတွေက ဘယ်လက်နက်မှ ကိုင်လို့မရဘူး။ [606] မကိုင်ဘူးလို့ ဆိုပြီး သေနတ်တွေဘာတွေ သွားကိုင်ကြည့်တာ ကိုင်ကြည့်လို့မရဘူးနော်။ [607] တချို့က သေနတ် ဒကာကြီး ခဏ သေနတ်ခဏလောက် ပေးစမ်း ကိုင်ကြည့်ချင်လို့ပါဆို သွားကိုင်လို့မရဘူး။ [608] တကယ့်အစစ်ပြောတာပေါ့နော်။ အတုတော့မဟုတ်ဘူးပေါ့။ ကလေးကစားစရာ ပလတ်စတစ်သေနတ်တော့ မဟုတ်ဘူးပေါ့။ [609] အဲ့တော့ တကယ့်သေနတ်တွေဘာတွေ ရဟန်းတွေ သွားကိုင်လို့မရဘူး။ လက်နက်တွေလေ။ [610] လှံတို့ မြှားတို့ လေးတို့ ဟုတ်လား သူက။ အဲ့ဒါတွေ ရဟန်းတွေ ကိုင်လို့မရဘူး။ [611] အဲ့တော့ နောက်တစ်ခါ တူရိယာအမျိုးမျိုးတဲ့ နော်။ [612] ဒီဗုံတွေ အိုးစည်တွေ ရဟန်းတွေ ထိလို့မရဘူးနော်။ [613] ယနေ့ခေတ်ဆိုရင် ဘာအော်ဂန်တွေ ဟုတ်လား သူက။ ဒရမ်တို့ဘာတို့ပေါ့။ အကုန်လုံး ရဟန်းတွေ ခေတ်ပေါ်တူရိယာဖြစ်ဖြစ် ရှေးဟောင်းတူရိယာဖြစ်ဖြစ် ဘယ်တူရိယာမျိုးစုံကိုမှ ရဟန်းတွေ ကိုင်လို့မရဘူး ထိလို့မရဘူး။ [614] သာယာတာ မသာယာတာနဲ့ မဆိုင်ဘူးနော်။ ငါတို့က မသာယာဘူး မသာယာရင် လုပ်ချင်လုပ်လို့ရတယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်နော် ယနေ့ခေတ်ကလေ။ [615] မဆိုင်ဘူးနော် ဒါတွေက သာယာသည်ဖြစ်စေ မသာယာသည်ဖြစ်စေ လုံးဝထိလို့မရတဲ့ ပစ္စည်းတွေ ဒါတွေက။ [616] ဟုတ်ပြီနော်။ အခုပြောခဲ့တဲ့ ပစ္စည်းစာရင်းသည် သာယာရာ မသာယာရာ မထိကောင်းတဲ့ ပစ္စည်းတွေ ဒါက နော်။ [617] အဲ့တော့ ငါတို့က မသာယာဘူး မမြတ်နိုးဘူးလို့ ကိုင်ကြည့်တာလည်း မရဘူးနော်။ ကိုင်လို့ကို မရတာ အဲ့ဒါမျိုး။ [618] ကဲ အဲ့ဒါဆို ဦးဇင်းတို့ ဆက်ကြည့်ရအောင်။ ဒါဆိုရင် ဦးဇင်းတို့ ရဟန်းတို့ မကိုင်ကောင်းသော အရာများ ခုနစ်မျိုးပေါ့နော်။ [619] တစ်ခေါက်လောက်တော့ ဖတ်ကြည့်လိုက်ပါ ခဏလောက် အားလုံးဆိုကြည့်ပါဦး။ အမျိုးသမီးကိုယ်ခန္ဓာ။ [620] အမျိုးသမီးသုံးဆောင်ပစ္စည်း ဝတ်ဆင်ထားသည်ဖြစ်စေ မဝတ်ဆင်ထားသည်ဖြစ်စေ အမျိုးသမီးရုပ်ပုံ ရတနာမျိုးစုံ။ [621] စပါးမျိုးစုံ လက်နက်မျိုးစုံ တူရိယာမျိုးစုံ။ [622] ဟုတ်ပြီနော်။ ဒါ ဦးဇင်းတို့ ဘုရားဥပဒေတော်ကြီးမှာလည်း အဲ့ဒါ ကြည့်လို့ရတယ်ပေါ့။ ကျမ်းညွှန်းလေးလည်း ပေးထားပါတယ်နော်။ [623] ဒါ ဆရာတော်ကြီးက ဟို အဋ္ဌကထာတွေထဲမှာ ပျံ့နှံ့စကားတွေကြီး ဝိနည်းက တစ်နေရာတည်းမှာ စုမနေဘူး သူက။ [624] ဟိုနေရာ ဒီနေရာ ကောက်သင့်ကောက်သလို ကောက်ထားရတာ သူက။ အဲ့ဒါကြောင့် ဒီမှာ တစ်စုတစ်စည်းတည်းဖြစ်အောင်လို့ ပြန်ဖော်ပြပေးထားတာ။ [625] စာအုပ်မှာ လိုက်ရှာမယ်ဆို တော်တော်ရှာရတာ သူက ဟိုမှာတစ်ခု ဒီမှာတစ်ခု ပျံ့နေတာ သူကနော်။ နောက် ကုလဒူသန ရှစ်ပါးဆိုတာ ဒါကို ရှေ့က ဦးဇင်းတို့ ဟိုစာအုပ်ထဲမှာလည်း နည်းနည်းပါသွားပါပြီနော်။ [626] ဟို ရဟန်းတော်တွေဆီမှာ သစ်သီးတို့ ပန်းတို့ မတောင်းကောင်းဘူးဆိုတာလေ။ [627] ဒါ အခု တစ်နေရာတည်းမှာ ပြန်စုပြလိုက်တဲ့ သဘော။ အားလုံးမှ ရှစ်ခုပေါ့ သူက။ [628] အားလုံး ဆိုကြည့်ပါဦး။ ပန်းပေးခြင်း၊ [629] ပန်းပေးခြင်း၊ ဓမ္မပူပေးခြင်း၊ သစ်သီးပေးခြင်း၊ ဆပ်ပြာပေးခြင်း၊ မြေညက်ပေးခြင်း၊ ဝါးပေးခြင်း၊ စေခိုင်းရာသို့ သွားခြင်း၊ ဆေးကုခြင်း။ [630] အဲတော့ ဒကာ ဒကာမတွေဘက်က အဲဒါ မတောင်းကောင်းဘူးပေါ့နော်။ [631] ပန်း ရဟန်းတော်တွေက ပန်းမပေးကောင်းဘူးဆိုတော့ ပန်းသွားမတောင်းရဘူး။ [632] နောက် ဓမ္မပူပေါ့။ ယနေ့ခေတ်ဆို သွားတိုက်တံတို့ ဘာတို့ပေါ့နော်။ အဲဒါ ပါပါတယ်။ [633] သစ်သီးတွေ ရဟန်းတော်တွေ ပေးလို့မရဘူး။ အဲတော့ ကိုယ်က မတောင်းရဘူး။ [634] နောက် ဆပ်ပြာပေးခြင်းပေါ့။ နောက် မြေညက်ဆိုတာ ရှေးခေတ်တုန်းက ဒီမြေညက်ဆိုတဲ့ သဘောတရားက ဆပ်ပြာသဘောနဲ့ သုံးတာလေ။ [635] ပဲဆပ်ပြာတို့ ဘာတို့ အရင်တုန်းက ရှိပါတယ်နော် မြန်မာနိုင်ငံမှာလည်း။ အဲဒါမျိုးပေါ့။ [636] နောက် ဝါးတွေဘာတွေပေါ့။ ကျောင်းမှာ ဝါးပင်တွေ စိုက်တော့ အရှင်ဘုရား ဝါးတစ်လုံးလောက် စွန့်ပါဘုရား၊ နှစ်လုံးလောက် စွန့်ပါဘုရား ဝါးသွားတောင်းတာမျိုး မလုပ်ကောင်းဘူး။ [637] နောက် စေခိုင်းရာသို့ သွားခြင်းဆိုတာ အရှင်ဘုရား ဘယ်လေးတော့ သွားပေးပါဦးဘုရားဆိုတာ ဘုန်းကြီးကို သွားခိုင်းတာပေါ့။ [638] ဟို ကျောင်းကိစ္စမဟုတ် သံဃာကိစ္စမဟုတ်ဘဲနဲ့ ခိုင်းတာပေါ့။ လူကိစ္စတွေမှာ ခိုင်းမိတာလေ။ [639] အရှင်ဘုရား ကယ်ဆယ်ရေး ဘယ်လေး သွားပြီးတော့ ပေးပေးပါဦးဘုရားဆိုတာ ဒါ ဘုန်းကြီးတွေကို မခိုင်းကောင်းဘူးနော်။ [640] ဒါ ကြည့်မယ်ဆိုရင်တော့ ပရဟိတဆိုပေမယ့်လည်း ဘုန်းကြီးကို သွားခိုင်းလို့မရဘူး။ ဒါ လူကိစ္စ ဖြစ်နေတာကိုး။ [641] အရှင်ဘုရား ဟိုဘက်ကို မသွားဘူးလားဘုရား။ သွားရင် ဒါလေးတော့ ယူသွားပေးဦးဘုရားဆိုတာ မလုပ်နဲ့နော်။ [642] အဲဒါ စေခိုင်းရာသို့ သွားခြင်းထဲမှာ ပါသွားတယ်။ ဘုန်းကြီးတွေ အာပတ်သင့်တယ်။ [643] နောက် ဆေးကုပေးခြင်းပေါ့နော်။ ဆေးနည်းပေးတာတွေ ပါတယ်ပေါ့။ မလုပ်ကောင်းဘူးပေါ့နော်။ [644] ဒါကို ကုလဒူသနလို့ ခေါ်တယ်။ မနေ့က ပြောတဲ့ ကုလဒူသန အဓိပ္ပာယ်က ဒကာ ဒကာမတို့ရဲ့ သဒ္ဓါစစ် သဒ္ဓါမှန်ကို ဖျက်ဆီးတဲ့ အမှုကိစ္စတွေပေါ့။ [645] ဒီလို လုပ်ပေးမှ ဘာဖြစ်သွားသလဲဆိုတော့ သူတို့မှာ သံဃာကောင်းတွေအပေါ်မှာ ကြည်ညိုတဲ့စိတ် လျော့သွားတယ်။ [646] ဒီလို လုပ်ပေးမှပဲ သဘောကျတဲ့စိတ် ဖြစ်သွားတယ် သူတို့မှာလည်း။ [647] ဆေးကုပေးတဲ့သူနဲ့ ဆေးမကုပေးတဲ့သူဆိုရင် ဆေးကုပေးတာ သဘောကျတယ်။ [648] ပိုပြီး လှူချင်တဲ့စိတ် ပေါ်လာတယ်။ သူတို့မှပဲ တကယ့် ပရဟိတအစစ်ဆိုတာမျိုး စိတ်က ဝင်သွားတယ်။ [649] ဘာမှမလုပ်ဘဲ တောထဲမှာ နေရင် သိပ်မကျတော့ဘူးပေါ့။ ဘုန်းကြီးတွေ အိပ်စားနေတယ်လို့ ထင်သွားတယ်ပေါ့။ အဲလိုမျိုးတွေ ဖြစ်သွားတယ်။ [650] အဲဒါကြောင့် မြတ်စွာဘုရားက ဒီအလုပ်တွေ မလုပ်ကြပါနဲ့။ တခြား သံဃာတွေအပေါ်မှာ အထင်လွဲစေနိုင်တယ်။ ကုလဒူသနကိစ္စတွေလို့ သတ်မှတ်တာပေါ့နော်။ [651] အဲတော့ ထပ်ပြီးတော့ ကုလဒူသနနဲ့ အလားတူတာက အနေသန ၂၁ ပါးဆိုတာ ပါလာတယ်။ [652] အနေသနဆိုတာက ရဟန်းတော်တွေ... [653] အနေသန မချာမီသင့်နဲ့ ချာမီခြင်းလို့ ခေါ်တာ။ [654] သူက န ဧသန နှစ်ပုဒ်ပေါင်းထားတာ။ [655] ဧသန ဆိုတာ ချာမီခြင်း၊ န ဆိုတာက မသင့်ဘူးလို့ ပြောတာ။ [656] အဲတော့ မချာမီသင့်ဘူး၊ မလုပ်သင့်ဘူးလို့ ဆိုလိုတာ။ [657] အဲတော့ ရဟန်းတွေ မလုပ်သင့်တဲ့ အလုပ် ၂၁ ခု ရှိတယ်ပေါ့။ [658] အဲဒီထဲမှာလည်း ခုနက ပါပြီးသား အချက်တွေ ပြန်ပါလာတယ်။ [659] ပန်းပေးခြင်း၊ သစ်သီးပေးခြင်း၊ သစ်ရွက်ပေးခြင်းတဲ့။ [660] အဲတော့ သစ်ရွက်ဆိုတာက သူတို့ခေတ်က ဒီခေါင်မိုးတွေမှာ မိုးလို့ရတယ်။ [661] သက်ကယ်မိုး ပုံစံမျိုးလေး၊ အဲလိုမျိုး အင်ဖက်တွေဘာတွေဆို ဦးဇင်းတို့က မိုးလို့ရတယ်လေ။ [662] အဲလိုမျိုး အသုံးပြုလို့ရတဲ့ သစ်ရွက်တွေပေါ့နော်။ [663] နောက် ဟင်းရွက်တွေ ပုံစံမျိုးလေး စားလို့ရတဲ့ ဟင်းရွက်တွေဘာတွေဆိုတာ သစ်ရွက်ထဲမှာ ပါတယ်ပေါ့။ [664] အဲဒါမျိုးတွေ မပေးကောင်းဘူးပေါ့။ [665] နောက် ဒန်ပူပေးတာ၊ ဒါပြောပြီး မျက်နှာသစ်ရေ၊ နောက် ရေတွေဘာတွေ ပေးတာ။ [666] ချိုးရေပေးခြင်းလည်း မရဘူးနော်။ [667] အဲတော့ တချို့ တောရွာတွေမှာ ကြုံဖူးတယ်။ ဘုန်းကြီးကျောင်းမှာ ရေတွင်းတူးထားတာလေ။ [668] အဲတော့ ဘုန်းကြီးကျောင်းမှာ ရေလာခပ်ကြတယ်။ [669] ဒါမျိုးတွေလည်း ဒါ စဉ်းစားစရာတွေ ဖြစ်လာတာပေါ့။ [670] ချိုးရေပေးခြင်း၊ မျက်နှာသစ်ရေပေးခြင်း တစ်ခုမှ မရဘူးလေ။ [671] ရေပေးလို့ မရဘူး။ အဲတော့ စကတည်းက လူတွေကနေပြီးတော့ သူတို့ဘာသာသူတို့ ကျောင်းနားမှာ သူတို့လာတူးထားတာ ပြဿနာမရှိဘူး။ [672] ဘုန်းကြီးတွေက သူတို့ဘာသာသူတို့ ကျောင်းသံဃာသုံးဖို့အတွက် တူးထားတဲ့ ဥစ္စာကို လူတွေလာတောင်းတယ်ဆို ဘုန်းကြီးတွေ ပေးလို့မရဘူး ဒီရေကို။ [673] ဘုန်းကြီးတွေရဲ့ အဝီစိတွင်းရေ ပေးလို့မရဘူး။ [674] ဘုန်းကြီးတွေ အဲဒါ ရေပေးတဲ့အလုပ်ကို ဘုန်းကြီးတွေ လုပ်လို့မရဘူး။ [675] မျက်နှာသစ်ရေလည်း ပေးလို့မရဘူး၊ ချိုးရေလည်း ပေးလို့မရဘူး။ ဘုန်းကြီးတွေ ရေပေးခွင့်မရှိဘူး။ [676] ဟုတ်ပြီနော်၊ ဒါ သတိထားစရာတွေ တစ်ခုပဲ။ ဒါ အနေသနထဲမှာ ပါတယ်နော်။ [677] နောက်တစ်ခါ ဆပ်ပြာပေးခြင်း ပါပြီးသွားပြီ၊ မြေညက်ပေးခြင်း ပါပြီးသွားပြီ၊ ဝါးပေးခြင်း ပါပြီးသွားပြီ၊ ဆေးကုခြင်း ပါပြီးသွားပြီ။ [678] နောက် ဆွမ်းပေးခြင်း တိုးလာတယ်။ လက်ဆောင်ပေးခြင်းပေါ့ present နော် လက်ဆောင်ပေးခြင်းတွေ။ [679] နှစ်သစ်လက်ဆောင်ပေးတာတို့၊ မွေးနေ့လက်ဆောင်ပေးတာတို့ ဘုန်းကြီးနဲ့ လူနဲ့က ဘာမှမဆိုင်တဲ့ ကိစ္စတွေ ဒါတွေနော်။ [680] အဲတော့ သူ့မွေးနေ့လက်ဆောင်မို့လို့ ပေးရတာနဲ့၊ ကိုယ့်မွေးနေ့လက်ဆောင်မို့လို့ ပေးရတာနဲ့ အဆင်မပြေတဲ့ ကိစ္စတွေပေါ့နော်။ [681] လက်ဆောင်တော့ ဘုန်းကြီးဆီမှာလည်း သွားမတောင်းနဲ့၊ အရှင်ဘုရား လက်ဆောင်ပေးဦးလေဘုရား သွားမတောင်းနဲ့နော်။ [682] တချို့က သွားပြီးတော့ ခင်တဲ့အခါကျတော့လေ အရှင်ဘုရား တပည့်တော်ကို လက်ဆောင်မပါဘူးလားဘုရား ဆိုတာမျိုး လုပ်သေးတာနော်။ [683] မလုပ်ကောင်းပါဘူး၊ အဲဒီအကျင့်တွေ ဖျောက်ရတော့မယ်နော်။ အဲဒါတွေ ဖျောက်ရမယ်။ [684] အဲဒါ လက်ဆောင်တောင်းခြင်း မလုပ်ရပါဘူး။ [685] နောက် စေခိုင်းရာသို့ သွားခြင်း ခုနကလို ဒကာဒကာမတွေက ခိုင်းတာပေါ့။ [686] အရှင်ဘုရား ဘယ်သွားပေးပါဦး၊ အေး သွားလိုက်မယ် ဒကာမကြီး သွားလိုက်ဦးမယ်ဆို ခိုင်းတာ မသွားပေးရဘူး။ [687] စေခိုင်းရာကို အလုပ်ပေးခြင်းပေါ့နော်၊ ဘာလေးလုပ်ပေးပါဦးဘုရား မလုပ်ပေးရဘူးနော်။ [688] ကလေးထိန်းပေးခြင်း ဒါမျိုး မလုပ်ရဘူးနော်။ ကလေးထိန်းတဲ့ အလုပ် ဘုန်းကြီးအလုပ် မဟုတ်ဘူး။ [689] နော် ကလေးထိန်းတာ မလုပ်ရဘူး။ ဘုန်းကြီးက ကလေးထိန်းတဲ့ အလုပ် မထိုက်တန်ပါဘူး။ [690] အဲ့တော့ ဟို ကလေးပွေ့ချီတာတွေလည်း ပါတာပေါ့ အဲ့ထဲမှာလေ။ ထိန်းတယ်ဆိုတဲ့ နေရာမှာလေ။ [691] ကလေးတွေဘာတွေ ပွေ့ချီတဲ့ အလုပ်တွေ မလုပ်ရဘူး။ [692] နောက် လိုက်လျော၍ ပြောဆိုခြင်းဆိုတာက ဟို လူအကြိုက်ကို လိုက်ပြောတာ။ [693] မဟုတ်မမှန်ဘဲနဲ့ ပြောတာနော်။ ဟုတ်မှန်တာကို လိုက်ပြောတာ ပြဿနာမရှိဘူး။ [694] မဟုတ်ဘဲနဲ့ သူတို့ သဘောကျအောင် လိုက်ပြောတာ သဘော မလုပ်ရဘူး ဒါနော်။ [695] ဒါ ဟို လူတွေကို ဖားတဲ့ သဘောလည်း ဖြစ်စေရဘူး ဆိုလိုတာပဲ အဓိကတော့နော်။ အဲ့သဘော မဖြစ်စေရဘူးပဲ။ [696] နောက် မိမိကိုယ်ကို အောက်ချ၍ ဒကာကို မြှောက်ပင့် ပြောဆိုခြင်းဆိုတာ [697] တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အရမ်းနှိမ့်ချလွန်းခြင်း လူတွေနဲ့ ပတ်သက်လာလို့ရှိရင်လေ။ [698] မလုပ်ရဘူး ဘုန်းကြီးဆိုတာ အဲ့လိုမျိုး အောက်သံနဲ့ကျ မလုပ်ရဘူး လူတွေဆီမှာလည်းနော်။ [699] ဒကာကိုကျတော့ မြှောက်တယ်။ ကိုယ့်ကျတော့ နှိမ့်ချပြီး ပြောတယ်။ [700] ဒါက ကိုယ့်သံဃာချင်းချင်းသာ နှိမ့်ချရမှာ။ လူတွေရှေ့မှာ ဘုန်းကြီးဆိုတာ နှိမ့်ချပြောတာမျိုး မဟုတ်ဘူး။ [701] နောက် မြေ၏ အကျိုးအပြစ်ကို ဟောပြောခြင်းဆိုတာက ဒီမြေမှာ ဟို ဆိုင်ခန်းဖွင့်ရင် ကောင်းတယ်။ [702] ဒီမြေက ဘူမိနက်သန်မြေ ဘာညာပေါ့ ဟောပြောတာလေ။ အဲ့ဒီနေရာက မြေကောင်း၊ အောင်မြေ။ [703] ဒီနေရာမှာ ဆိုင်ခန်းဖွင့်၊ အရှေ့ဘက်ကို လှည့်၊ အနောက်ဘက်ကို လှည့် ဒါမျိုးတွေပေါ့နော်။ [704] ဆိုင်ခန်းတွေ၊ ကုမ္ပဏီတွေ၊ အိမ်တွေ ဆောက်ဖို့အတွက်ကို နမိတ်တွေဘာတွေ မြေတွေဘာတွေ သွားသတ်မှတ်ပေးတာမျိုး မလုပ်ရဘူး။ [705] အဲ့တော့ ဘုန်းကြီးကို သွားမပင့်နဲ့။ အရှင်ဘုရား လိုက်ကြည့်ပေးပါဦး တပည့်တော်တို့ မြေလေးဘာလေး။ [706] သွားမပင့်နဲ့နော်။ မလုပ်ရဘူး ဒါနော်။ ဟို ပရိတ်ရွတ်ဖို့ ပင့်တာ ပင့်လို့ရတယ်။ [707] အဲ့တော့ မြေကောင်းလား ဆိုးလား သွားဘုန်းကြီး မမေးနဲ့နော်။ [708] တပည့်တော်တို့က ဒီမြေမှာ အိမ်ဆောက်သင့်လား မဆောက်သင့်လား ကြည့်ပေးပါဦး ဘုရားနော်။ [709] အဲ့ဒါ မလုပ်ရဘူး။ အဲ့ဒါ မမေးရဘူး။ ဘုန်းကြီးဆိုတာက ဟို ဗေဒင်ဆရာမှ မဟုတ်တာနော်။ [710] အဲ့တော့ ကိုးကွယ်မှု မှားနေတယ်။ ဘုန်းကြီးနဲ့ ဗေဒင်ဆရာနဲ့ကို လွဲနေတာ ဖြစ်နေတယ်နော်။ [711] နောက် ၂၂ က နက္ခတ်ဗေဒင် ဟောခြင်းပေါ့။ နက္ခတ်လည်း မပြောရဘူး၊ ဗေဒင်လည်း မပြောရဘူးနော်။ [712] အား ဒကာကြီးတွေ ဒီနက္ခတ်နဲ့ ဒီနက္ခတ် ချိတ်နေပြီ။ ဒီအချိန်မှာ အကောင်းဆုံးပဲ။ စီးပွားရေးလုပ် အောင်မြင်မယ်။ [713] နောက် ဒီအချိန်မှာ ကုမ္ပဏီဖွင့်၊ ဘယ်နေ့ကျရင် ရုံးခန်းဖွင့် ကောင်းတယ်ဆိုတာ။ [714] အဲ့လို အခါပေးတာမျိုးတွေ မလုပ်ရဘူး။ အခါပေးတွေ ရဟန်းအလုပ် မဟုတ်ဘူးနော်။ [715] အခါပေးခြင်းအလုပ် ရဟန်းအလုပ် မဟုတ်ဘူး။ ဗေဒင်ဟောတာ ရဟန်းအလုပ် မဟုတ်ဘူးနော်။ [716] နောက် အင်္ဂါဝိဇ္ဇာ ဟောခြင်း အတူတူပဲပေါ့နော်။ ဒါ ခန္ဓာကိုယ် အင်္ဂါတွေ ကြည့်ပြီးတော့ သတ်မှတ်ပြောတာလေ။ [717] အဲ့ဒီ မင်းအင်္ဂါက ဒါ မင်းဖြစ်မယ့် အင်္ဂါပဲ၊ သူဌေးဖြစ်မယ့် အင်္ဂါပဲ ဆိုတာမျိုး ဟောပြောတာတွေ ရဟန်း မလုပ်ရပါဘူးနော်။ [718] အဲ့တော့ အဲ့လို လုပ်လို့ရတဲ့ ပစ္စည်းတွေဟာ ဘယ်သံဃာမှ ဘယ်ဝိနည်းမှ မသုံးကောင်းတဲ့ ပစ္စည်းတွေ။ [719] ခုန ကုလဒူသန ၈ ပါး၊ အနေသန ၂၁ ပါး။ [720] အဲ့ဒီကိစ္စတွေဟာ ရဟန်းတော်တွေ လုံးဝမလုပ်ရပါဘူး။ [721] ဒီလိုလုပ်လို့ ရလာတဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးသည် ဘယ်ကိုရင်၊ ဘယ်ဦးဇင်းမှ မသုံးကောင်းပါဘူး။ [722] အဲ့ဒါကြောင့် ဦးဇင်းတို့ ဒီ ပရဟိတလုပ်ငန်းတွေက နည်းနည်းစဉ်းစားစရာရှိတယ်နော် ဒီကိစ္စတွေမှာ။ [723] အဲ့တော့ ဒီ ကုလဒူသနကိစ္စ၊ အနေသနကိစ္စနဲ့ သွားငြိတွယ်နေတယ်။ [724] အဲ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဇင်းတို့ သီတဂူဆရာတော်ကြီးတို့၊ ရွှေကျင်ဆရာတော်ကြီးတို့က ဝိနိစ္ဆယတစ်ခု စာတမ်းတစ်ခုကို ရေးခဲ့သေးတယ်။ [725] ဟို အချို့ကလည်း ဒီလိုပြောတာလေ။ [726] မျှော်လင့်ချက်မရှိဘဲနဲ့ တမင်တကာ ဂရုဏာစိတ်နဲ့ သနားစိတ်နဲ့ လုပ်ရင်ရော မရဘူးလားလို့ မေးကြတာလေ။ [727] ဘာမှသူတို့ဆီက မမျှော်လင့်ဘူး။ သူတို့ငါ့ကို လှူပါစေ၊ ပေးပါစေဆိုတဲ့စိတ် လုံးဝမပါဘူး။ [728] မရဘူး။ ရွှေကျင်ဆရာတော်ကြီးက လုံးဝမရဘူး။ အာမိသကို မျှော်လင့်သည်ဖြစ်စေ၊ မမျှော်လင့်သည်ဖြစ်စေ မပေးရဘူး။ [729] အဲ့တော့ အာမိသကို မျှော်လင့်ပြီး ပေးလို့ရှိရင် ဦးဇင်းတို့ ကုလဒူသနလည်းဖြစ်တယ်၊ မိစ္ဆာဇီဝလည်းဖြစ်တယ်။ အာပတ်နှစ်ချက်တောင် သင့်တယ် သူက။ [730] သုံးချက်သင့်တယ် နောက်တစ်ခုက။ ဒကာဒကာမတွေ သဒ္ဓါတရားနဲ့ လှူထားတဲ့ပစ္စည်းကို လူတကာကို ပေးလိုက်တဲ့အတွက်ကြောင့် အာပတ်တစ်ချက် ထပ်သင့်ပြန်တယ်။ [731] သူက သဒ္ဓါဒေယျ ဝိနိပါတ ဒုက္ကဋ်လို့ ခေါ်တယ်။ အာပတ်သုံးချက်သင့်တယ်။ ဟုတ်ပြီနော်။ [732] မျှော်လင့်ချက်နဲ့ပေါ့။ ဒီလိုငါ ရေပေးလိုက်လို့ရှိရင်ပေါ့။ [733] ဘုန်းကြီးက ပရဟိတ ထောက်ကူထောင်ထားတယ်၊ ရေပေးဝေတဲ့ ပရဟိတတစ်ခု လုပ်မယ်။ [734] အဲ့တော့ ရေတွေပေးဝေလို့ရှိရင် ငါ့ကိုလူတွေက ကြည်ညိုကြလိမ့်မယ်။ [735] ငါ့ကိုကျောင်းတွေ လာဆောက်ပေးကြလိမ့်မယ်၊ ပစ္စည်းလေးပါးတွေ လာလှူကြလိမ့်မယ်ဆိုတဲ့ အနေနဲ့ မျှော်လင့်ချက်ထားမယ်ပေါ့။ [736] အဲ့လိုမျှော်လင့်ချက်ထားပြီးတော့ အဲ့ဒီရေပေးဝေတဲ့အလုပ်ကို လုပ်ခဲ့ရင်။ [737] ဟုတ်ပြီနော်။ အဲ့ဒါဆိုရင် သူက မျှော်လင့်ချက်ထားတဲ့အတွက်ကြောင့် သူ့ကို မိစ္ဆာဇီဝလို့ ခေါ်တယ်။ [738] အဲ့တော့ ဒုက္ကဋ်တစ်ချက်သင့်တယ်။ [739] နောက်တစ်ခါ ဟို လူတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးရာရောက်တဲ့အတွက်ကြောင့် ကုလဒူသန ဒုက္ကဋ်တစ်ချက် ထပ်သင့်ပြန်တယ်။ [740] နောက်တစ်ခါ ဒကာဒကာမတွေ ဒီရေပေးတဲ့ ဝတ္ထုငွေတွေက ဒကာဒကာမတွေ သဒ္ဓါတရားလှူထားတဲ့ ပိုက်ဆံတွေ ဖြစ်နေတယ်။ [741] အဲ့တော့ ဒကာဒကာမတွေ သဒ္ဓါတရားနဲ့လှူထားတဲ့ ပိုက်ဆံကို အလွဲသုံးစားလုပ်တဲ့အတွက်ကြောင့် ဒုက္ကဋ်ပဲ တစ်ချက်ထပ်သင့်ပြန်တယ်။ [742] အဲ့တော့ အာပတ်သုံးချက်သင့်တယ်လို့ ဦးဇင်းတို့ ရွှေကျင်ဆရာတော်ကြီးက ဆုံးဖြတ်ထားတာ။ [743] ရွှေကျင်ဆရာတော်ကြီးရဲ့ ဒီကုလဒူသန ဝိနိစ္ဆယရှိတယ်။ အဲ့တော့ မျှော်လင့်ချက်နဲ့ ပေးခဲ့ရင် အာပတ်သုံးချက်။ [744] မျှော်လင့်ချက်မပါဘဲ ပေးခဲ့ရင် နှစ်ချက်။ [745] သူက ကုလဒူသန မျှော်လင့်ချက်မပါဘဲနဲ့ ပေးခဲ့ရင်တော့ မိစ္ဆာဇီဝတော့ မဖြစ်ဘူး။ ဒါပေမဲ့ ကုလဒူသန အာပတ်သင့်တယ်။ [746] နဲ့ နောက် သဒ္ဓါဒေယျ ဝိနိပါတ လို့ ခေါ်တဲ့ ဒကာ ဒကာမတို့ရဲ့ သဒ္ဓါတရားကို ဖျက်ဆီးမှု အာပတ် တစ်ချက် ထပ်သင့်တယ်။ [747] အဲ့တော့ မျှော်လင့်ချက်နဲ့ ပေးရင် သုံးချက်၊ မျှော်လင့်ချက် မပါဘဲ ပေးရင် နှစ်ချက်။ [748] နော်။ အဲ့ဒါ ဦးဇင်းတို့ အကျယ်တဝင့် ဖတ်ချင်ရင်တော့ ရွှေကျင်ဆရာတော်ကြီးရဲ့ ဧကုနုတ္တရ ဝိနိစ္ဆယ စာတမ်းထဲမှာ ဖတ်လို့ ရပါတယ်။ [749] ဒါ အကျဉ်းချုပ်လေး ပြောပြတာနော်။ တချို့က "တပည့်တော်တို့က ဘာမှ မမျှော်လင့်ဘူး၊ လူတွေ ချမ်းသာဖို့ပဲ ပေးတာပါ" လို့ ပြောတတ်လို့ ဒီဟာကို ပြောပြတာနော်။ [750] အဲ့ဒါ ဦးဇင်းတို့ ဒါကို ထောက်ဆသောအားဖြင့် ဘယ်နည်းနဲ့မှ ဦးဇင်းတို့ လုပ်လို့ မရဘူးဆိုတာ ပေါ်သွားတယ်။ [751] နော်။ လုပ်လို့ မရဘူး။ [752] အဲ့တော့ မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မလုပ်ရပါဘူးနော်။