[30] ထို့ပြင် တောင်ဝှေးကိုလည်း ကိုင်လျက်လည်း တရားတော်ကို မနာယူကောင်း။ [31] အကယ်၍ တရားနာလိုလျှင် မိမိလက်၌ ကိုင်ဆောင်ထားသော ဒုတ်ကိုလည်းကောင်း၊ တောင်ဝှေးကိုလည်းကောင်း လက်မှ ချထားလျက်သာ တရားကို နာယူကောင်း၏။ [32] အဲ့အတိုင်းပဲ တချို့ ဒကာကြီးတွေ ဒကာမကြီးတွေ တောင်ဝှေးသုံးတဲ့ ဒကာကြီးတွေ ဒကာမကြီးတွေကျတော့ သတိထားစရာပေါ့။ [33] တောင်ဝှေးကို သာ ချပြီးခါမှ တရားနာနော်။ [34] အဲ့တော့ တောင်ဝှေးကို တစ်နေရာမှာ ထောင်ထားပေါ့။ [35] လက်ထဲမှာတော့ မထားနဲ့ပေါ့နော်။ [36] ယောဂဝေဒနာ အရမ်းခံစားရတယ်ပေါ့နော်။ [37] ခံစားနေရသော မကျန်းမာသူများသည်သာ ဒုတ်တောင်ဝှေးကို ကိုင်လျက် တရားနာယူကောင်း၏။ [38] ဒုတ်မရှိရင် မဖြစ်နိုင်ဘူး ဘယ်လိုမှ ဒုတ်မပါလို့ မရတဲ့ အနေအထားဖြစ်နေရင်တော့ ဒုတ်ကို အားပြုရတယ်ဆိုရင်တော့ ဒုတ်ကို ဆောင်ထားလို့ရတယ်ပေါ့။ [39] ဒုတ်မပါဘဲလည်း ရတယ်ဆိုရင်တော့ ဒုတ်ကို လွှတ်ထားလို့ရတယ်ပေါ့နော်။ [40] အဲ့တော့ ဒုတ်ပါမှ ဖြစ်မယ့် လူမျိုးဆိုရင်တော့ ရပါတယ် ခြွင်းချက်ပေါ့။ [41] ဤ၌ ဒုတ်တောင်ဝှေးတို့ဟူသည် လေးတောင် အတိုင်းအရှည်ရှိသော ဒုတ်တောင်ဝှေးကို ဆိုလိုသည်။ [42] လေးတောင်အောက် တိုသော ဒုတ်တောင်ဝှေးနှင့် ထိုထက်ရှည်သော ဒုတ်တောင်ဝှေးကို ကိုင်၍ကာ တရားကို နာယူကောင်းပါ၏။ [43] ဝိနည်းဆိုတာ အဲ့ဒါပဲ လောပဲလေ ဥပဒေပဲ သူက။ [44] သူ့ဘောင်ထဲက လွတ်သွားရင် ဒါ ရသွားပြီနော်။ [45] ဘာဖြစ်လို့လဲဆိုတော့ သူက လေးတောင်ကိုမှ အစာပေထဲမှာ ဒုတ်လို့ ခေါ်တယ်။ [46] လေးတောင်ထက် ပိုသွားရင်လည်း ဒုတ်လို့မခေါ်ဘူး။ [47] လေးတောင်အောက် တိုသွားရင်လည်း ဒုတ်မခေါ်ဘူးတဲ့။ [48] တချို့ဆို ပြောမှာပါ အရှင်ဘုရား အတူတူပဲလို့ ပြောမှာပါပဲနော်။ [49] တိုတိုရှည်ရှည် ဒုတ်က ဒုတ်ပဲ မလားလို့ ပြောမှာ။ [50] ဒါပေမဲ့ ဥပဒေက သူက လေးတောင်ကိုပဲ ဒုတ်လို့ သတ်မှတ်တာ။ [51] လေးတောင်ထက် ကျော်သွားခဲ့ရင် ဒုတ်လို့မခေါ်ဘူး။ [52] လေးတောင်အောက် တိုခဲ့ရင်လည်း ဒုတ်မခေါ်ဘူး။ [53] အဲ့ဒါကြောင့် ရဟန်းတော်တွေ ဒုတ်ကိုင်မယ်ဆိုလို့ရှိရင် သူက သမ္မုတိယူရသေးတယ် အခွင့်ပြုချက်ယူရသေးတယ်။ [54] အဲ့ဒီ လေးတောင်လောက်ရှိတဲ့ ဒုတ်ကို ကိုင်မယ်ဆိုလို့ရှိရင် သံဃာတွေက ကမ္မဝါစာဖတ်ပြီး ခွင့်ပြုမှ ကိုင်ရတာ။ [55] ကိုင်ချင်တိုင်း ကိုင်လို့မရဘူး ဒုတ်ကို သူက။ [56] အဲ့တော့ သူ့ထက် တိုသွားခဲ့ရင် ကိုင်လို့ရတယ်။ [57] ရှည်သွားရင်လည်း ကိုင်လို့ရတယ်။ ဒုတ်မဟုတ်တဲ့အတွက်ကြောင့် ဒုတ်စာရင်းထဲမှာ မပါဘူး။ [58] အဲ့ဒါ ဒုတ်ကို သူက လေးတောင်ပဲ သတ်မှတ်ထားတာ။ [59] အဲ့ဒါကြောင့် လေးတောင်ရှိတဲ့ ဒုတ်ကို ရဟန်းတစ်ပါး ဆရာတော်တစ်ပါးသည် ကိုင်မယ်ဆိုရင် သမ္မုတိယူရမယ်။