[60] ဒီဆရာတော်သည် ဒုတ်မပါဘဲနဲ့ ရပ်လို့မရပါဘူး နေလို့မရပါဘူး။ [61] ဒါကြောင့် ဒီဆရာတော်ကို ဒုတ်ကိုင်ခွင့်ပြုပါဆိုပြီးတော့... [62] အဲ့ဒီလိုမျိုး။ [63] အဲ့ဒါ မဟုတ်ဘူးဆိုရင် ဦးဇင်းတို့ အာပတ်သင့်တယ်ပေါ့နော်။ [64] အဲ့ဒါကြောင့် လေးတောင်အောက်တိုတဲ့တုတ်၊ ခြေထောက်တုတ်ဆိုရင် တုတ်လို့မခေါ်ဘူး၊ ကိုင်လို့ရတယ်။ [65] အဲ့ဒါကြောင့် ဒကာဒကာမတွေလည်း လေးတောင်အောက်တိုတဲ့တုတ်၊ လေးတောင်အောက်ခြေထောက်တုတ်ကိုင်လို့ရှိရင်တော့ ဒါ တရားဟောလို့ရတယ်။ [66] လေးတောင်တိတိရှိတဲ့တုတ်ကိုဆိုရင်တော့ တရားမဟောရဘူးပေါ့။ [67] ထို့ပြင်လည်း တရားနာသူသည် တရားတော်ကို နာယူသောအခါ ကျန်းမာလျက် ဓား၊ သံလျက်၊ လှံ၊ တင်းပုတ်၊ သေနတ် စသော လက်နက်တို့ကို ကိုင်ဆောင်လျက် တရားတော်ကို မနာယူကောင်း။ [68] ဓားစသည်တို့ကို လက်ဖြင့်မကိုင်ဘဲ ပုခုံးဖြင့် လွယ်ထား၍ကား တရားကို နာယူကောင်း၏။ [69] ဒါလည်း ဝိနည်းပဲ။ တချို့ကပြောတယ်၊ အရှင်ဘုရား လက်မှာကိုင်ထားတာနဲ့ ခါးမှာချိတ်ထားတာ ဘာထူးသေးလဲ တချို့ကပြောတယ်။ [70] မဟုတ်ဘူး၊ ဝိနည်းမှာက လက်မှာပဲပြောထားတာ၊ ခါးမပါဘူး။ [71] အဲ့ဒါကြောင့် ပါတဲ့အတိုင်းပဲ ဆုံးဖြတ်ရတယ် ဝိနည်းဆိုတာကလေ။ [72] အတူတူပဲလို့ ဒီလို သဘောထားကြီးကြီးသွားမပြောနဲ့လေ။ [73] ဥပဒေက ဥပဒေပဲပေါ့နော်။ သူ့ဥပဒေထဲမှာ မပါရင် ဒါ လွတ်တာပဲ။ [74] အဲ့တော့ ဘုရားက လက်မှာရှိရင် ဓား၊ လက်နက်တွေ လက်မှာရှိရင် မဟောနဲ့လို့ပြောတာ။ [75] အဲ့တော့ လက်မှာမထားဘူး၊ ခါးမှာထိုးထားမယ် ဓားတွေကို။ [76] နောက်ကျောမှာ လွယ်ထားမယ်။ ဒါ ဟောလို့ရတယ်။ [77] ဘာလို့လဲဆိုတော့ ဘုရားက လက်ထဲမှာရှိမှသာ မဟောရဘူးလို့ ပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့်။ [78] ဒါ ဘုရားဥပဒေက သူ့အတိအကျပဲပေါ့နော်၊ ခွဲလို့မရဘူးဗျ။ [79] ဒီ ဟောရင် ဟောခဲ့တဲ့အတိုင်းပဲ သူက ဘယ်ဆိုဘယ် ညာဆိုညာပဲ သူက။ [80] ဒီလိုလေးတော့မရဘူးလား၊ ဟိုလိုလေးတော့မရဘူးလား မဟုတ်ဘူး၊ သူပြောတဲ့အတိုင်းပဲ လုပ်ရတာနော်။ [81] အဲ့တော့ ဘုရားက လက်ထဲမှာဆို လက်ထဲမှာပဲ။ တခြားမှာရှိရင် ဟောလို့ရတယ်။ [82] အဲ့လိုပဲ ဟို သေနတ်တွေဘာတွေ။ [83] တချို့တစ်ခါတလေ ဦးဇင်းတို့ အရာရှိတွေဘာတွေ တရားနာလာလို့ရှိရင် သေနတ်တွေဘာတွေ ပါတတ်တယ်။ [84] အဲ့တော့ သူတို့က ခါးကြားမှာ ထိုးထားတယ်။ [85] အချို့က မဟောကောင်း မဟောကောင်း ငြင်းကြတယ်။ ဟောကောင်းပါတယ်၊ ဘုရားက လက်မှာမကိုင်ထားရင် ဟောလို့ရတာ။ [86] တချို့ကလည်း အရှင်ဘုရား ပစ်သတ်ရင် ဘယ်လိုလုပ်မလဲ ဟိုက ခါးထဲမှာထိုးထားရင် အချိန်မရွေး ပစ်သတ်လို့ရတယ်ပေါ့။ [87] ဒါကတော့ ဘုရားက ခါးကိုပြောတာမဟုတ်ဘူး၊ မရိုမသေဖြစ်မှာစိုးလို့ ဘုရားပြောနေတာ။ [88] ပစ်သတ်တာ မပစ်သတ်တာ ဘုရားပြောတာမဟုတ်ဘူး။ သတ်ချင်လို့ကတော့ ဘယ်လိုပဲသတ်သတ် သတ်လို့ရတာပဲ။ [89] ခါးမှာရှိထားမှ မဟုတ်ဘူးပေါ့နော်။