[120] ပါဠိစကား၊ အဋ္ဌကထာစကားတွေကို ပါဠိဘာသာနဲ့ ဟောတာ။ [121] အဲ့တော့ မြန်မာလို၊ အင်္ဂလိပ်လိုကတော့ အခွင့်အရေးရှိ ဟောလို့ရတယ်ဆိုပြီးတော့ [122] အဋ္ဌကထာဆရာများက ဆက်လက်ပြီးတော့ ဖွင့်ဆိုရေးသားတာ ရှိတယ်။ [123] အဲ့ဒါကြောင့် လက်ထဲမှာ ဓားကိုင်ထားတဲ့လူ၊ တုတ်ကိုင်ထားတဲ့လူ၊ ထီးကိုင်ထားတဲ့လူတွေကို [124] မြန်မာဘာသာနဲ့ ဟောရင် ရတယ်နော်။ [125] တရားစကားတော့ ပါဠိဘာသာကျတော့ လေးနက်တယ်ပေါ့။ အလေးထားရမယ့် စာပေဖြစ်နေတယ်။ [126] အလေးထားရမယ့် ပါဠိစာပေဖြစ်တဲ့အတွက်ကြောင့် လေးစားထိုက်တဲ့ ပါဠိစာပေကို ဟောတဲ့အခါကျတော့ လက်ထဲမှာ ဓားတွေ မရှိစေနဲ့။ [127] မြန်မာလိုကတော့ ကြိုက်တဲ့ဘာသာနဲ့ ဟော ဒါကတော့ လေးစားမှု... [128] ဒီနေ့တော့ ဗုဒ္ဓဘာသာ စကားမဟုတ်တဲ့အတွက်ကြောင့် အဲ့လိုမျိုးပေါ့နော်။ [129] အဲ့ဒါ ဦးဇင်းတို့ တရားနာတဲ့အခါမှာ လက်ထဲမှာ မရှိရမယ့် ပစ္စည်းတွေနော်။ ထီးရယ်၊ တောင်ဝှေးရယ်၊ လက်နက်အမျိုးမျိုးပေါ့နော်။ [130] အဲ့ဒါ လက်ထဲမှာ မရှိစေရဘူး တရားနာတဲ့အခါမှာ။ [131] ဒါကတော့ မြို့သူမြို့သားတွေမှာတော့ ရှားပါတယ်။ တောသူတောသားတွေမှာတော့ ဒါလေးရှိတတ်တယ်ပေါ့။ [132] မြို့သားတွေမှာတော့ ဘာရှိမလဲဆိုတော့ ထီးတို့ တောင်ဝှေးတို့တော့ ရှိတတ်တယ်ပေါ့။ [133] တောသူတောသားတွေမှာကျတော့ ဓားတို့ဘာတို့နော်၊ တူစင်းတို့ဘာတို့ ရှိတာပေါ့ လက်ထဲမှာကို။ [134] နောက်ပြီး စာမျက်နှာ ၇၄ ပေါ့နော်။ တရားမနာကောင်းတဲ့ဟာ။ ယာဉ်ပေါ်မှ နောက်တစ်ခါ အိပ်ရာပေါ်မှာ နေပြီး တရားမနာကောင်းတဲ့ဥစ္စာ။ [135] တရားဟောပုဂ္ဂိုလ်က ယာဉ်ထက်နိမ့်သော နေရာမှာ နေ၍ တရားဟောသည်ကို တရားနာယူသူက ကျန်းမာလျက် ယာဉ်ပေါ်မှာ နေထိုင်ကာ တရားမနာယူကောင်း။ [136] ယာဉ်ပေါ်မှ ဆင်းသက်ပြီးမှသာ တရားတော်ကို နာယူကောင်း၏။ ဆိုတာ ဟောသူက အောက်ကပေါ့နော်။ [137] နာသူက ကားပေါ်က အဲ့လိုဖြစ်နေတယ်ဆိုတော့ မြင့်နေတာပေါ့ သူက။ အဲ့လိုမရဘူးလေနော်။ [138] အဲ့တော့ တရားဟောသူနဲ့ တရားနာသူမှာ ဟောသူက အပေါ်ကပဲ ဖြစ်ရမယ်။ [139] တရားနာသူက အောက်ကဖြစ်ရမယ်။ ဒီလိုဖြစ်ရမယ်။ အဲ့တော့ တရားနာသူက အပေါ်က ယာဉ်ကားပေါ်က ဖြစ်နေတယ်။ [140] ဟောသူက အောက်ကနေ ဟောမယ်။ မရဘူးပေါ့နော်။ တစ်ခါတလေ ဒကာဒကာမတွေက ကားပေါ်က ဘုန်းကြီးက အောက်ကနေပြီးတော့ မတ်တပ်ရပ်ပြီး ဟောတယ်။ မရဘူးပေါ့နော်။ အဲ့ဒါမရဘူး။ [141] အဲ့တော့ အကယ်၍ ဘုန်းကြီးကလည်း ကားပေါ်က လူလည်း ကားပေါ်ကဆိုရင်တော့ ဟောလို့ရတယ်။ သူလည်း ကားပေါ် ကိုယ်လည်း ကားပေါ် level တူတယ်။ level တူရင် ဟောလို့ရတယ်။ အဲ့လိုမျိုးပေါ့။ [142] အဲ့တော့ ယာဉ်ပေါ်က ဆင်းသက်ပြီးမှသာ တရားတော်ကို နာယူကောင်း၏။ [143] အမှန်တကယ် ရောဂါဖြစ်နေ၍ ထိုင်မရ ထမရ လမ်းလျှောက်၍ မရခဲ့လျှင် ယာဉ်ပေါ်မှသာ နေရသူဖြစ်လျှင် ယာဉ်ပေါ်မှာပင် တရားနာယူကောင်း၏နော်။ [144] တစ်ခါတလေ ဟိုမသွားနိုင်မလာနိုင်တဲ့လူတွေက ကားပေါ်မှာပဲ ထိုင် ထလို့အဆင်မပြေဘူး။ အဲ့ဒါဆိုရင်တော့ ရတယ် ဂိလာနလို့ခေါ်တယ်နော်။ [145] သို့မဟုတ် တရားဟောပုဂ္ဂိုလ်ကလည်း တရားနာယူသူနှင့် ယာဉ်တစ်ခုတည်း၌ပင် နေ၍ တရားဟောကြားရာမျိုး၌ ယာဉ်ပေါ်မှာပင် တရားကို နာယူကောင်း၏နော်။ [146] Level တူသွားတယ်။ သူလည်း ကားပေါ် ကိုယ်လည်း ကားပေါ်က။ သူလည်း လှေပေါ်မှာ ကိုယ်လည်း လှေပေါ်မှာ ရတယ်။ [147] ယခုကာလ လှည်း၊ လှေ၊ သင်္ဘော၊ ရထား၊ ကား အမျိုးမျိုး၊ အဝတ်ထမ်းစင်များနှင့်တကွ လူနှစ်ယောက် လက်ချင်းယှက်၍ မချီယူအပ်သော လက်ယှက်မှုများကိုပါ ယာဉ်ဟုခေါ်ပါသည်နော်။ [148] ဟုတ်ကဲ့ပါခင်ဗျာ။ လူတွေဘာတွေ ထိုင်ထားတဲ့ဥစ္စာလည်း ဒါရင်ပဲ။ နည်းနည်းလေး ဝှီးချဲလ်တွေဘာတွေလည်း ရင်ထဲထည့် အကုန်ထည့်နော်။ အကုန်ထည့်မယ်။ [149] ကျန်းမာလျက် ထိုရင်ပေါ်၌ နေကာ တရားမနာကောင်း။