[180] စာဝါလိုက်တဲ့ မထေရ်ကြီးများကလည်းပဲ တဲ့ [181] ဓမ္မကို ဂါရဝထားတဲ့ အနေဖြင့် အောက်က ထိုင်ပေးပါ အရှင်ဘုရား နော်။ [182] ပုဂ္ဂိုလ်ကို မဟုတ်ဘူး စာချပေးတဲ့ ဆရာတော်ကို လေးစားတာ မဟုတ်ဘူး [183] သူပို့ချတဲ့ ဓမ္မကို လေးစားသောအားဖြင့် အောက်ကနေ ထိုင်ပေးပါ။ [184] စာချတဲ့ ပုဂ္ဂိုလ်ကလည်း ဝါငယ်တယ် ဆိုပေမယ့်လည်း [185] ဓမ္မကို လေးစားသောအားဖြင့် အပေါ်က ထိုင်ပေးပါ အရှင်ဘုရားက နော်။ [186] အဲ့တော့ ဓမ္မကို လေးစားသောအားဖြင့် ဝါငယ်သော်လည်း အပေါ်ကနေ ထိုင်။ [187] လိုက်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဓမ္မကို လေးစားသောအားဖြင့် အောက်ကနေ ထိုင်ပေးပါ။ [188] ဒါမှမဟုတ်ရင်လည်း တန်းတူထိုင်ပါ နှစ်ခုပေးတယ် နော်။ [189] အဲ့တော့ တရားဟောတဲ့ ပုဂ္ဂိုလ်သည် အပေါ်က ထိုင်လည်းထိုင် မဟုတ် တန်းတူထိုင်။ [190] အောက်ကတော့ မထိုင်စေရဘူး ဝါနဲ့မဆိုင်တော့ဘူး။ [191] တခြားနေရာမှာဆိုရင်တော့ ဝါနဲ့ဆိုင်တယ် ဝါငယ်လို့ရှိရင် အောက်ကပဲ ထိုင်ရတယ် အပေါ်မထိုင်ရဘူး နော်။ [192] ဒါပေမယ့် ဒီနေရာမှာကျတော့ သူက တရားတော်ကို လေးစားသောအားဖြင့် [193] ဟောသူက အပေါ်ကထိုင် နာသူက အောက်ကထိုင်။ [194] အဲ့ဒါကြောင့် ခုနက ရှေ့နဲ့နောက်မှာဆိုရင်လည်း ဟောသူက ရှေ့ကနေ နာသူက နောက်ကနေ နော်။ [195] အဲ့လို သတိထားရမှာပေါ့နော်။ [196] ထို့ပြင်လည်း တရားဟောပုဂ္ဂိုလ်က နော် ထိုင်လျက်ဖြစ်စေ ရပ်လျက်ဖြစ်စေ တရားနာဟောနေသည်ကို [197] တရားနာသူက ကျန်းမာရေးနဲ့ ပြည့်စုံနေ အိပ်လျက်မနာကောင်း။ [198] ဒါ နေမကောင်းရင်တော့ ရတယ်နော် လူမမာက နေမကောင်းလို့ အိပ်ရာမှာ လဲနေတာကို တရားသွားဟောတာ ရတယ်။ [199] ကျန်းမာရေး ကောင်းပါလျက်နဲ့ အပျင်းထူပြီးတော့ အိပ်ရာက မထဘူး ဘုန်းကြီးက တရားသွားဟော မရဘူးနော်။ [200] အဲ့လို အိပ်နေတဲ့ တရားကြောင့် တရားနာလို့ရှိရင် အိပ်ပြီး မနာနဲ့။ [201] တချို့က အိပ်ပြီး တရားနာတတ်ကြတယ် နားကြပ်တပ်ပြီးတော့ထားတာ သူက အေးအေးဆေးဆေးပဲ နာတယ်နော် အဲ့လိုမျိုး။ [202] အဲ့တော့ ရိုရိုသေသေနာဖို့ပေါ့ တရားနာရင်။ [203] အဲ့တော့ တရားဟောတဲ့ ကက်ဆက်တို့ ဘာတို့ဆိုရင်လည်း ခုံပေါ်မှာ အမြင့်မှာ ထားပြီးတော့ ဖွင့်သင့်တာပေါ့နော်။ [204] တရားကို လေးစားသောအားဖြင့်ပေါ့ ဟုတ်လား သူကနော်။ [205] ရိုရိုသေသေလေး တကယ် ဆရာတော်တစ်ပါးက တရားဟောနေသလိုမျိုး နာရင် ပိုကောင်းတာပေါ့နော် ပိုကောင်းပါတယ်။ [206] တရားနာတဲ့အခါမှာ အဲ့ကက်ဆက်တို့ ဘာတို့ကို အပေါ်မှာ ထားပြီးတော့ နာတာကောင်းတယ်။ [207] ရိုရိုသေသေနာ ကိုယ်မနာချင်တော့ဘူးဆိုရင်လည်း ပိတ်ပြီးတော့ အိပ်လိုက်ရုံရှိတာပေါ့နော်။ [208] အခုခေတ်ကတော့ လွယ်လွယ်ကူကူပဲလေ နားကြပ်ကလေး တပ်ပြီးတော့ နာလိုက်ကြတာပေါ့နော်။ [209] ပြီးရင် တရားနာရင်းနဲ့ပဲ အိပ်ပျော်သွားတာပေါ့ ဖွင့်ထား အိပ်ပျော်။