[210] မသင့်ရင်ပဲ ကိုယ်အိပ် ဟိုဟာ သိပ်ပေးသလို ဖြစ်နေတာနော် အိပ်ဆေးဖြစ်နေတယ် တရားတော်က။ [211] တရားတော်က အိပ်ဆေးဖြစ်နေတာနော်။ [212] အဲ့ဒါ အတတ်နိုင်ဆုံး ဂါရဝတရားထားပြီးတော့ နာသင့်ပါတယ် တရားတော်ကိုနော်။ [213] ဆရာတော်တစ်ပါး လာပြီးတော့ ဟောနေသလိုမျိုးပေါ့။ [214] သွားလာပြီး ဟောနေသလိုမျိုး ကက်ဆက်ဖွင့်ရင်လည်း ရိုရိုသေသေ နာကြပေါ့ နော်။ [215] အဲ့တော့ ခုန ကျန်းမာရေးကောင်းရဲ့သားနဲ့ အိပ်ရာထဲက မနာရဘူးတဲ့ နော်။ [216] ကျန်းမာရေးမကောင်းဘူးဆိုရင်တော့ အိပ်ရာထဲမှာ နာလို့ရပါတယ်နော်။ [217] တရားဟောပုဂ္ဂိုလ်နှင့် တရားနာသူ နှစ်ယောက်လုံးသည် အိပ်လျက် ဟောပြောနာယူရာ၌လည်း [218] တရားနာသူက နိမ့်ရာအရပ်၌ အိပ်လျက်သာလျှင် တရားနာယူအပ်၏။ [219] အဲ့တော့ သူလည်း ကုတင်ပေါ်မှာ အိပ်နေ ကိုယ်လည်း ကုတင်ပေါ်မှာ အိပ်ပြီးတော့ ဟို တရားဟောမယ်ဆိုရင် အိပ်ပြီးဟောလို့ရတယ်။ [220] သူက ဣရိယာပုဒ်ထဲမှာ သူက အိပ်တဲ့ပုဒ်က ဇိမ်ကျတယ်လေ သူက။ [221] အဲ့တော့ အိပ်တဲ့ပုဒ်က သူက မြင့်မြတ်တယ်လို့ ယူဆတယ်။ [222] အဲ့တော့ ဣရိယာပုဒ် သုံးခုပေါ့နော် လေးခုပေါ့ သွား ရပ် ထိုင် လျောင်းမှာ လျောင်းစက်ဣရိယာပုဒ်က ပိုပြီးတော့ သာတယ်ပေါ့လေ။ [223] အဲ့တော့ ကိုယ်က ရပ်ပြီးဟောတယ်ဆိုရင် ဒါ နည်းနည်း အောက်တယ်ပေါ့လေ သူက အဲ့သဘောဖြစ်သွားတယ်။ [224] အဲ့ဒါကြောင့် ကိုယ်လည်း အိပ်ဟော အဲ့ဆိုရင် သူအိပ် ကိုယ်လည်း အိပ်ဟော အဲ့ဒါဆို တူသွားတယ် အဲ့ဒါဆို ရတယ်နော်။ [225] အဲ့လို အိပ်ဟောတဲ့အခါမှာလည်း သူ့ကုတင်နဲ့ ကိုယ့်ကုတင်က ဟိုဟာ လယ်ဗယ်တူရင်လည်းတူ သို့မဟုတ် ကိုယ်က မြင့်ရမယ်။ [226] အဲ့တော့ ဟောတဲ့သူရဲ့ ကုတင်က မြင့်နေရမယ်။ ဟောတဲ့သူက ကုတင်က နိမ့်မနေရဘူး။ [227] ကုတင်လယ်ဗယ်လည်း ကြည့်ရဦးမှာပေါ့နော်။ [228] အဲ့ဒါကြောင့် သို့သော်တဲ့နော် လျောင်းခြင်း ထိုင်ခြင်း ရပ်ခြင်း သွားခြင်းဟူသော ဣရိယာပုဒ် လေးပါးတို့တွင် [229] ရပ်ခြင်း ထိုင်ခြင်း နှစ်မျိုးတို့ဖြင့် နာယူခြင်းသည်သာ တရားဟောပုဂ္ဂိုလ်နှင့် တရားတော်တို့ကို လေးစားရာရောက်သည်နော်။ [230] မြန်မာနိုင်ငံမှာ ထူးဆန်းတာက မတ်တပ်ရပ်တာကို မရိုသေဘူးလို့ တချို့က သတ်မှတ်တယ်နော်။ [231] ဒီမှာ အဲ့လိုမဟုတ်ဘူး သူက စာပေထဲမှာက အဲ့လိုမဟုတ်ဘူး သူက။ [232] ဒါ ထိုင်ခြင်းဣရိယာပုဒ်နဲ့ ဒီ ရပ်ခြင်းဣရိယာပုဒ်က သူက သူ့ကို respect ပေးတာပဲနော်။ [233] လေးစားပေးတာ လေးစားတာ ဒါက။ အဲ့ဒါကြောင့် ဦးဇင်းတို့ ဆရာတော်ကြီးတွေလာရင် မတ်တပ်ရပ်ပေးတယ်လေ။ [234] ဒါ လေးစားတာပဲ ဒါနော်။ အဲ့ဒါကြောင့် ဒါ မတ်တပ်ရပ်နာယူတယ်ဆိုတာ ဒါ လေးစားတာပဲ ဒါ။ အဲ့လိုရတယ်။ [235] အဲ့ဒါကြောင့် ဦးဇင်းတို့ ဒီ ရပ်ပြီးတော့ နာတာ ထိုင်ပြီးတော့ နာတာဟာ သင့်ပါတယ်နော်။ [236] တချို့က ဟာ မရပ်နဲ့ ထိုင် တချို့ပြောကြတယ်။ မဟုတ်ဘူး သူက ရပ်တာဟာ respect ပေးတာပဲ တကယ်တော့။ [237] လူကြီးတွေလာတဲ့အချိန် နေရာထပေးတာဘာညာဆိုတာ လေးစားတာပဲနော် အဲ့ဒါကြောင့်။ [238] အဲ့ဒါကြောင့် တရားဟောပုဂ္ဂိုလ်နှင့် တရားတော်တို့ကို လေးစားရာရောက်ပါသည်တဲ့ ထိုင်ခြင်းဣရိယာပုဒ်နဲ့ ရပ်ခြင်းဣရိယာပုဒ်။ [239] အဲ့ဒါကြောင့် လျောင်းခြင်း သွားခြင်း ဣရိယာပုဒ်တို့ဖြင့် တရားနာယူမှုသည် ရိုသေလေးစားမှု နည်းပါးရာရောက်၍