[240] ထိုလျောင်းခြင်း သွားခြင်းတို့ဖြင့် မနာယူမိအောင် သတိထားသင့်သည်တဲ့နော်။ [241] အဲ့ဒါကြောင့် အိပ်ပြီးနာတာတို့ လမ်းလျှောက်ပြီးနာတာတို့က မရိုသေရာရောက်တယ်ပေါ့နော်။ [242] မသင့်တော်ဘူးပေါ့နော်။ [243] အဲ့တော့ ဟောတဲ့သူကတော့ သူက အိပ်ပြီးဟောလို့ရတယ် ဘာမှမဖြစ်ဘူးနော်။ [244] ဟောတဲ့သူက အိပ်နေမယ်၊ နာတဲ့သူက ထိုင်နေမယ် ဒါကရတယ် ပြဿနာမရှိဘူးနော်။ [245] အဲ့တော့ အဓိကက ဘာလဲဆိုတော့ ခုနက ဟိုအိပ်နေတဲ့သူကို မဟောမိဖို့နော် အဲ့လိုမျိုး အဲ့ဒါ သတိထားဖို့ပဲ။ [246] အဲ့တော့ ဟိုနာတဲ့ ဟိုဒီ နာတဲ့သူနဲ့ ဟောတဲ့သူမှာ ထိုင်ခြင်း ရပ်ခြင်းဆိုတာလည်း ရှိသေးတာကိုနော်။ [247] အဲ့တော့ နာတဲ့သူက မတ်တပ်ရပ်နေမယ်၊ ဟောတဲ့သူက ထိုင်နေမယ် ဒါရတယ် ဘာမှမဖြစ်ဘူး သဘောပေါက်လားမသိဘူး။ [248] အဲ့တော့ ထိုင်ပြီးတော့ မတ်တပ်ရပ်တဲ့သူကို ဟောလို့ရတယ် ဟုတ်လား။ [249] အဲ့တော့ ရပ်ပြီးတော့ ထိုင်တဲ့သူကို မဟောကောင်းဘူး သူက အဲ့ဒါသတိထားမယ်နော်။ [250] အဲ့ဒါ သတိထားရမယ် ဦးဇင်းတို့ စာချတဲ့အခါ တရားဟောတဲ့အခါ မတ်တပ်မဟောရဘူး အဲ့ဒါသတိထားရမယ်။ [251] ဒါပေမဲ့ တစ်ခုတော့ရှိတယ်ပေါ့ ဟောတဲ့ဆရာတော်က ကျန်းမာရေးအရ မကောင်းလို့ ထိုင်လို့အဆင်မပြေလို့ မတ်တပ်ဟောတာ ဒါရတယ်။ [252] ဟောတဲ့ဆရာတော် အဲ့ဒါကြောင့် ဦးဇင်းတို့ စာချဘုန်းကြီးတွေဆိုတာ သတိထားရတယ် မတ်တပ်ရပ်ပြီး စာမချမိအောင် သတိထားရတယ်နော်။ [253] မြန်မာနိုင်ငံမှာဆိုတော့ ဒါကိုတော့ ဂရုစိုက်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ မတ်တပ်ရပ်တာက ဒါဘာမှမဖြစ်ဘူး ထင်မှာလေ။ [254] အဲ့တော့ ဒါပေမဲ့ ဟောတဲ့ပုဂ္ဂိုလ်က မတ်တပ်မရပ်ရဘူး ဟောတဲ့ပုဂ္ဂိုလ်က ထိုင်ရမှာ။ [255] နာတဲ့ပုဂ္ဂိုလ်က ရပ်နေလို့ရတယ် သူက မတ်တပ်နာလို့ရတယ်နော်။ [256] အဲ့တော့ ဟောသူက ထိုင်မယ် နာတဲ့သူက မတ်တပ်ရပ်မယ် ဒါရတယ်။ [257] အဲ့တော့ ဟောသူက မတ်တပ်ရပ်နေရင် မရဘူး အဲ့လိုရှိတယ်နော်။ [258] အဲ့ဒါ တစ်ခါတုန်းက ဦးဇင်းတို့ အစည်းအဝေးတစ်ခုမှာလေ ရွှေကျင်ဂိုဏ်း အစည်းအဝေးမှာ မြောင်းမြဆရာတော်ကြီးက တရားဟောဖို့ တာဝန်ကျတယ်ထင်တယ်။ [259] မြောင်းမြဆရာတော်ကြီးကို ဆရာတော်ကြီးတွေက ကဲ ဦးဇင်းတရားဟောစမ်းပါဦး တာဝန်ပေးတယ်ပေါ့ ဩဝါဒပေးခိုင်းတာလား တရားဟောခိုင်းတာလားမသိဘူး တာဝန်ကျတယ်။ [260] ကျတော့ ဆရာတော်ကြီးက ဟို ဂါရဝတရားတဲ့အနေအားဖြင့်လည်း ပါတယ် နောက်တစ်ခု ခုနက ဆရာတော်ကြီးတွေလည်း ရှိနေတော့ သူက မတ်တပ်ရပ်လိုက်တယ်။ [261] အဲ့တော့ မတ်တပ်ရပ်ပြီးတော့ တရားဟောရမှာဆိုတော့ ဝိနည်းတော်အရ မအပ်စပ်ဘူးနော်။ [262] အဲ့တော့ တခြားသံဃာတွေက ထိုင်နေတယ်လေ ဆရာတော်က မတ်တပ်ရပ်နေတယ်။ [263] အဲ့တော့ မတ်တပ်ရပ်ပြီးတော့ တရားမဟောကောင်းဘူး စာမချကောင်းဘူး ဒီတော့ ဆရာတော်ဘာလုပ်ရလဲဆိုတော့ တစ်ပါးကို မတ်တပ်ရပ်ခိုင်း တပည့်တစ်ပါးကို ကဲ ဦးဇင်းမတ်တပ်ရပ်ဆို ဦးဇင်းတစ်ပါးကို မတ်တပ်ရပ်ခိုင်းလိုက်တယ်။ [264] အဲ့တော့ အဲ့ဒီဦးဇင်းကို ပြောတဲ့ပုံစံမျိုးနဲ့ တရားဟောတာ လယ်ဗယ်တူသွားတယ် သူလည်းမတ်တပ်ရပ် ကိုယ်လည်းမတ်တပ်ရပ်။ [265] ထိုင်တဲ့ပုဂ္ဂိုလ်ကို မရည်ရွယ်ဘူး၊ မတ်တပ်ရပ်တဲ့ပုဂ္ဂိုလ်ကို ရည်ရွယ်တယ်။ [266] ဒါပေမဲ့ အကုန်လုံးကြားရတယ်၊ အကုန်လုံးနာရတယ်၊ အဲ့သဘော။ [267] ဝိနည်းက အဲ့လိုလေးတွေရှိတယ်။ အဲ့တော့ ထိုင်ပြီးတော့ဟောရင် ဘယ်သူ့ကိုမဆို ဟောလို့ရတယ်။ [268] ဟို အိပ်နေတဲ့သူတော့ ဟောလို့မရဘူးပေါ့။ [269] အဲ့တော့ မတ်တပ်ရပ်ပြီးဆိုရင်တော့ ဦးဇင်းတို့ ထိုင်တဲ့ပုဂ္ဂိုလ်ကို ဟောလို့မရဘူး။