[270] အဲ့တော့ မတ်တပ်ရပ်တဲ့သူအချင်းချင်း ဟောလို့ရတယ်။ [271] ဒါကြောင့် ကိုယ်က မတ်တပ်ရပ်ပြီး တရားဟောတော့မယ်၊ မတ်တပ်ရပ်ပြီး စာချတော့မယ်ဆိုရင် [272] တစ်ပါးပါးကို မတ်တပ်ရပ်ခိုင်းလိုက်၊ တစ်ယောက်ယောက်ကို မတ်တပ်ရပ်ခိုင်းလိုက်။ [273] အဲ့ဒါဆိုရင် သူ့ကိုပြောတဲ့အနေနဲ့ ပြောလို့ရတယ်၊ ဟောလို့ရတယ်။ [274] အဲ့ဒါ သတိထားရတယ်နော်။ [275] တရားဟောတဲ့အခါ မတ်တပ်ရပ်တရားဟောတာ၊ စာချတဲ့အခါ မတ်တပ်ရပ်စာချတာ သတိထားစရာပေါ့နော်။ [276] နောက်တစ်ခု ဦးထုပ် ခေါင်းပေါင်း စသည်တို့ဖြင့် တရားမနာကောင်းပုံတဲ့။ [277] တရားနာယူသောအခါ မိမိတို့၏ ဦးခေါင်း၌ ဆံစမပေါ်အောင် ဦးထုပ်ဆောင်းခြင်း၊ [278] ခေါင်းပေါင်းခြင်း၊ မကိုဋ်ဆောင်းတားခြင်း၊ အဝတ်ပုဆိုးတို့ဖြင့် ရစ်ပတ်ခြုံထားခြင်းတို့ဖြင့် တရားကို မနာယူကောင်း။ [279] ရှေးတောတောင်သူတောင်သားတွေက ခေါင်းပေါင်းနေပါသေးတယ်နော်၊ ပုဆိုးနဲ့ပေါင်းထားတဲ့အခါမျိုး။ [280] စာပေထဲမှာတော့ တိတိကျကျပြောရင်တော့ ဆံပင်မပေါ်အောင် ဖုံးထားတာ သူက။ [281] ခေါင်းပေါင်းနေပါသေးတယ်။ အဲ့တော့ ဆံပင်ပေါ်ရင်တော့ ရတယ်လို့ ဒီလိုဆိုတယ် သူကတော့။ [282] ဦးထုပ်ဆောင်းထားပေမဲ့ ခေါင်းပေါင်းထားပေမဲ့ ဆံစကလေး ထွက်နေတယ်ဆိုရင် ရတယ်။ [283] အဲ့တော့ ဆံစမပေါ်အောင် လုံလုံခြုံခြုံပေါင်းထားတာပေါ့။ [284] တချို့ ဦးဇင်းတို့ ပအိုဝ်းတိုင်းရင်းသားတွေဘာဆို သူတို့ အလုံးပေါင်း အလုံးပေါင်းထားတာနော်။ [285] ပအိုဝ်းတိုင်းရင်းသားတွေဆို ဆံစလုံးဝမပေါ်ဘူး။ [286] အဲ့လိုမျိုးဆိုရင်တော့ တရားဟောလို့မရဘူး၊ ဖြည်ခိုင်းမှရမယ်။ [287] အဲ့လို ခေါင်းပေါင်းပေါင်းထားရင်တော့ တရားဟောလို့မရဘူးနော်။ [288] အဲ့ဒါ သတိထားစရာလေးပေါ့ ဒါလည်း။ [289] ဒါကြောင့် တရားနာတဲ့ ဒကာ ဒကာမတွေအနေနဲ့ ဘုန်းကြီးတွေဆီ ရောက်ပြီဆိုရင် ဦးထုပ်ကို ချွတ်လိုက်ပါ။ [290] ခေါင်းပေါင်းတွေကို ဖြည်လိုက်ပါနော်၊ အဲ့ဒါရှိတယ်။ [291] ဟို မင်္ဂလာဆောင် သတို့သားတွေ သတိထားရမယ့်ကိစ္စပဲနော်။ [292] သတို့သားတွေ ခေါင်းတွေဘာတွေ ပေါင်းထားတဲ့အခါကျရင် တရားဟောတဲ့အခါလေ။ [293] ခေါင်းပေါင်းချွတ်ပေးပါဦးနော်၊ အေး ခေါင်းပေါင်းချွတ်ပေးပါဦးနော်။ [294] အဲ့တော့ ခေါင်းပေါင်းပေါင်းထားရင် တရားဟောလို့မရဘူးနော်၊ ဦးထုပ်ဆောင်းထားရင် တရားဟောလို့မရဘူး။ [295] တရားနာသောအခါ ဦးထုပ်စသည်တို့ကို ဆောင်းထားလျှင် ဆံစကို ဖော်ထားမှသာ တရားနာယူကောင်း၏။ [296] ဝိနည်းမှာ တိတိကျကျပဲ သူက ဆံပင်မပေါ်အောင် ဦးထုပ်ဆောင်းထားတာကို ဆိုလိုတာတဲ့။ [297] ဒါကြောင့် ဦးထုပ်ဆောင်းထားပေမဲ့လည်း ဆံပင်ပေါ်နေတယ်ဆိုရင် ရပါတယ်ဆိုပြီးတော့ ဒီလိုလာတယ်။ [298] ဒါကြောင့် တချို့ မဖြစ်မနေ ဦးထုပ်ဆောင်းရမယ်ဆို ဆံပင်ကလေးတော့ နည်းနည်းဖော်ထားပေးပေါ့။ [299] မကျန်းမာခြင်းကြောင့် ကာဆန်းစမဖော်ဘဲ ဦးခေါင်းတစ်လုံးကို ရစ်ပတ်ဆောင်းအုပ်ထားပြီး တရားကို နာယူနိုင်ပါ၏။