[300] လုံးဝနေမကောင်းဘူး နေအထိမခံနိုင်ဘူးပေါ့နော် ခေါင်းကနေအထိလို့မရဘူးဆိုရင်တော့ ဒါဆောင်းထားလို့ရပါတယ်။ [301] ထို့ပြင် တရားနာယူသောအခါမှာ ကျန်းမာလျက် ခြေနင်းစီးထားလျက်ဖြစ်စေ ဖိနပ်စီးထားလျက်ဖြစ်စေ တရားကိုမနာယူကောင်း ဖိနပ်စီးပြီး တရားမနာရဘူးပေါ့နော်။ [302] ဒါမရိုမသေရောက်တယ်ပေါ့။ [303] ဤ၌ ခြေနင်းဟူသည် တည်းကြိုးမပါသော ခုံ၏အဖျား၌ ကြေးဖူးတပ်၍ ထိုကြေးဖူးကို ခြေမခြေညှိုးတို့ဖြင့် ညှပ်၍စီးရသော ပါဠိလို ပါဒုကလို့ခေါ်တယ်။ [304] ဖိနပ်မျိုးဖြစ်သည် ဒါမြန်မာနိုင်ငံမှာတော့မစီးတော့ဘူး အိန္ဒိယမှာတော့ ယနေ့အချိန်ထိစီးသေးတာပဲ။ [305] သူက ကြိုးမပါဘူးလေ ထိပ်ဖျားလေးမှာ ဖူးသီးလေးတစ်ဖူးပဲပါတယ်။ [306] အဲ့ဖူးသီးလေးကို ခြေမလေးနဲ့ညှပ်ပြီးစီးရတာ။ [307] အကျင့်မပါတဲ့လူဆိုရင်တော့ သိပ်မမြဲလောက်ဘူး။ [308] အကျင့်ပါတဲ့လူကျတော့ မြဲတယ် သူက ခုံဖိနပ်လိုပဲလေ။ [309] ခုံဖိနပ် မြန်မာနိုင်ငံခုံဖိနပ်ကျတော့ ဝိုင်းထိုးရတာကိုး။ [310] သူတို့ခုံဖိနပ်က အဲ့လိုမဟုတ်ဘူး သူက ညှပ်ရတာ ကြိုးမပါဘူး အဲ့တော့ ကြိုးမပါတဲ့အဲ့ညှပ်ရတဲ့စီးဖိနပ်ကို သူက ခြေနင်းလို့ခေါ်တယ်။ [311] မြန်မာတွေကတော့ ဦးဇင်းတို့ ငယ်ငယ်တုန်းက အဲ့ဒီ မန္တလေးနန်းတော်ကိုရောက်တယ်။ [312] မန္တလေးနန်းတော်မှာ ခြေနင်းဆိုတာကြည့်တော့ သူက ရှေးခေတ်က ဘွတ်ဖိနပ်လိုဟာမျိုးပေါ့နော် ခြေနင်းကျတော့ ဒီ မင်းသားမင်းကြီး မင်းညီမင်းသားတွေစီးတဲ့ဖိနပ်ကို ခြေနင်းဆိုပြီးရေးထားတာ။ [313] တကယ်တော့ စာပေထဲမှာ ခြေနင်းဆိုတာ အဲ့လိုမဟုတ်ဘူး။ [314] အိန္ဒိယနိုင်ငံမှာစီးတဲ့ခြေနင်းက ကြိုးမပါဘူး ဖူးသီးလေးကိုပဲ ခြေထောက်နဲ့ညှပ်ရတာ အဲ့ခြေနင်းခေါ်တယ်။ [315] ဦးဇင်းတို့ ရဟန်းတော်တွေမှာ အဲ့ဒီခြေနင်းက သူက တခြားနေရာမှာမစီးရဘူး။ [316] ကုဋီ ကုဋီထဲမှာပဲစီးလို့ရတယ်။ [317] တခြားနေရာမှာ အဲ့ဒီဖိနပ်တွေစီးခွင့်မပေးဘူး ခြေနင်းမစီးရဘူး။ [318] အသံဗလံတို့နဲ့တူတယ်ကြည့်ရတာ။ [319] အသံဗလံဆိုတော့ ဘုရားက အဲ့ဒါစီးခွင့်မပေးဘူး ဖိနပ်ပဲစီးလို့ရတာ။ [320] ခြေနင်းကို တခြားနေရာ ကျောင်းထဲမှာတောင်စီးလို့မရဘူး ကုဋီထဲမှာပဲစီးခွင့်ရှိတယ် အဲ့ခြေနင်းက။ [321] ဒါပေမယ့် ယနေ့ခေတ် မြန်မာနိုင်ငံမှာတော့ ခြေနင်းမစီးကြတော့ပါဘူးနော်။ [322] မြန်မာလူမျိုးလည်းမစီးတော့ဘူး ဘုန်းကြီးတွေလည်းမစီးတော့ဘူး ခြေနင်းမစီးတော့ဘူး။ [323] အဲ့တော့ အဲ့ဒီခြေနင်းစီးထားရင်လည်း မအပ်စပ်ဘူးပေါ့နော်။ [324] ထိုခြေနင်းကို သစ်သား ထန်းလက် ဝါး မြက် သစ်ရွက်တို့ဖြင့် ပြုလုပ်လေ့ရှိကြ၏။ [325] အများအားဖြင့် သစ်သားနဲ့လုပ်ကြတာများတယ်။ [326] အဲ့ ဆဗ္ဗဂ္ဂီရဟန်းတွေကလေ အဲ့ဒီခြေနင်းသစ်သားဖိနပ်တွေစီးပြီးတော့ သွားလမ်းလျှောက်ပြီးစကားများနေကြတာ။ [327] ခွက်ခွက်ခွက်ခွက်နဲ့သွား အသံဗလံကလည်းများရော သူက။ [328] အဲ့အခါကျတော့ ဘေးက တရားအားထုတ်တဲ့ဦးဇင်းတွေ အနှောင့်အယှက်အရမ်းဖြစ်တာ။ [329] သူက အသံဆိုတာ သမာဓိရဲ့အနှောင့်အယှက်ပဲ။