[330] ဒီတော့ မြတ်စွာဘုရားက ခုဖိနပ်မစီးဖို့ တားမြစ်ထားတယ်။ [331] ရဟန်းတော်တွေ သစ်သားဖိနပ်မစီးရဘူး၊ ခုဖိနပ်မစီးရဘူးနော်။ [332] သစ်သားနဲ့လုပ်တဲ့ဖိနပ် ရဟန်းတွေ မစီးကောင်းဘူးပေါ့။ [333] အဲ့ဒီမှာ ဘာဖြစ်ကုန်လဲဆိုတော့ သစ်သားဖိနပ်မစီးရဆိုတော့ ယနေ့ခေတ် ရာဘာဖိနပ်တွေ ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာတက်လာပြန်တယ်။ [334] ရာဘာဆိုတာ သစ်ပင်ကနေ ထွက်လာတဲ့ ပစ္စည်းဆိုပြီးတော့လေ။ [335] အဲ့လို သံသယတွေဖြစ်ပြီးတော့ ရာဘာဖိနပ် မစီးကောင်းဘူးဆိုတဲ့ ဝါဒတစ်ခုလည်း မြန်မာနိုင်ငံမှာ ပေါ်လာခဲ့ဖူးသေးတယ်နော်။ [336] အဲ့ဒါကြောင့် အချို့ဆရာတော်ကြီးတွေ ညောင်တုန်းဆရာတော်လည်း ပါတယ် အဲ့ထဲမှာ။ [337] တကယ် ညောင်တုန်းတိုက် ဆရာတော်ကြီးတို့ဆိုရင်လည်း ရာဘာဖိနပ်တွေ မအပ်စပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။ [338] ရာဘာဖိနပ် မစီးရဘူး၊ ယနေ့ခေတ် မြန်မာနိုင်ငံ တော်တော်များများ ရာဘာခံဖိနပ်တွေ များတယ်နော်။ [339] အောက်က တာယာဖိနပ်တွေလေ၊ တာယာတို့ ရာဘာတို့ဆိုတာ မအပ်စပ်ဘူးပေါ့ သူက။ [340] အဲ့တော့ ဘာဖိနပ်မှ အပ်စပ်လဲဆိုတော့ သားရေစစ်စစ် သူက နွားသားရေတို့ ဘာတို့နဲ့လုပ်တဲ့ဖိနပ်ကိုပဲ အပ်တယ်ဆိုပြီး ဆရာတော်ကြီးက ဆုံးဖြတ်ကြတာ။ [341] သားရေစစ်စစ်ဖိနပ်ပေါ့၊ အဲ့လိုမျိုးပြောတာ။ [342] ဒါ ဆရာတော်ကြီးတချို့က အဲ့လို သစ်သားဖိနပ် မအပ်စပ်ဘူးဆိုတဲ့အတွက်ကြောင့် ရာဘာဖိနပ် မအပ်ဘူးလို့ ဆုံးဖြတ်ကြတယ်။ [343] အဲ့လိုလည်း ဗဟုသုတတစ်ခု မှတ်ထားပါနော် ဖိနပ်နဲ့ပတ်သက်လာရင်။ [344] အဲ့ဒါကြောင့် တချို့ ဝိနည်းတော် ဆရာတော်ကြီးက တချို့ အရမ်းထက်တာပေါ့နော်။ [345] ဒီလို နည်းနည်းမှ တိမ်းစောင်းမခံဘူးဆိုတဲ့ အချို့ ဆရာတော်ကြီးတချို့ကျတော့ ဒီခေတ်ဖိနပ်တွေ လုံးဝမစီးချင်ဘူး။ [346] အဲ့လိုမျိုး သားရေသား ဒီနွားသားရေတို့ ဘာတို့နဲ့ လုပ်ထားတဲ့ ဖိနပ်စစ်စစ်ကိုမှ စီးတယ် အချို့ဆရာတော်ကြီးတွေက။ [347] မအပ်ဘူးလို့ ပြောခဲ့တာကိုး။ [348] သစ်သားဖိနပ် မအပ်တာ ပစ္စည်းလည်း ပါတယ်ဆိုပြီးတော့ ယူဆတာပေါ့နော်။ [349] တကယ်တော့ သိပ်တော့ မဆိုင်တော့ မဆိုင်ဘူးပေါ့။ [350] ဘာလို့လဲဆိုတော့ ရည်ရွယ်ချက်က သစ်သားဖိနပ်က အသံမြည်တာကိုး။ [351] ခွပ်ခွပ်ခွပ်ခွပ်နဲ့ဆိုတော့ သွားရင်လေ အသံမြည်တော့ ရဟန်းတော်တွေနဲ့ အဆင်မပြေဘူး။ [352] ဒါကြောင့် ဘုရားက မအပ်ဘူးလို့ ပြောလိုက်တာ။ [353] ဒါပေမဲ့ အဲ့ဒါကို အကြောင်းပြုပြီးတော့ အသစ်ဆိုရင် ဘာမှမအပ်ဘူးဆိုတော့ အဲ့လို ဖြစ်ကုန်တာပေါ့နော်။ [354] အဲ့လို ဖြစ်သွားတာ။ [355] အဲ့တော့ ရှေးတုန်းက အဲ့ကြောင့် ဒီ သားရေဖိနပ်ကလွဲရင် ဘယ်ဖိနပ်မှ မအပ်ဘူးဆိုပြီးတော့ ဆုံးဖြတ်တဲ့ ဆရာတော်တွေ ရှိတယ်။ [356] အဲ့လိုမျိုး ရှိတာပေါ့။ [357] ဦးဇင်းတို့ မကြာခဏ မေးခံရတဲ့ ဖိနပ်ကတော့ ကတ္တီပါဖိနပ် ပြဿနာပဲ။ [358] ကတ္တီပါဖိနပ် အပ်လား မအပ်လား ဒီလိုမျိုး မေးကြတာပေါ့။ [359] ဦးဇင်းတို့ ငယ်ငယ်တုန်းကလည်း ကတ္တီပါဖိနပ် မအပ်ဘူးလို့ပဲ မှတ်ထားခဲ့တာပေါ့နော်။