[360] အဲ့ မစီးဘူးပေါ့။ ငယ်ငယ်တုန်းက မစီးဘူး။ [361] ဒါပေမဲ့ နောက်ပိုင်းကျတော့ စာတွေကို နောက်ပြန် လိုက်ဖတ်တော့ ကတ္တီပါဖိနပ်ကို မအပ်ဘူးလို့ ပြောတဲ့နေရာ မတွေ့မိဘူး။ [362] ဝိနည်းထဲမှာ ပါဠိတော်မှာလည်း မပါ၊ အဋ္ဌကထာထဲမှာ ဋီကာထဲမှာ ဘယ်နေရာမှာမှ ကတ္တီပါဖိနပ် မအပ်ဘူးဆိုတာ မပါဘူး။ [363] အဲ့တော့ နောက်ပိုင်း လိုက်ရှာရင်း လိုက်ရှာရင်းနဲ့ ဆရာတော်တွေရဲ့ ယူဆချက်ကို နည်းနည်း နားလည်လာတယ်။ [364] ဆရာတော်တွေက ကတ္တီပါဖိနပ်ကို ဘာကြောင့် မအပ်ဘူးလို့ ပြောသလဲဆိုတော့ သူတို့က [365] ဖိနပ်ဆိုရင် သားရေနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကိုင်ထားတာ သူတို့က။ [366] ဖိနပ်ဆိုရင် ဘာနဲ့မှ မလုပ်ရဘူး၊ သားရေနဲ့ပဲ လုပ်ရမယ်။ [367] သားရေကလွဲရင် ကျန်တဲ့ဖိနပ် မအပ်ဘူး အဲ့လို ဖြစ်သွားတာ သူက။ [368] အဲ့ခါကျတော့ ယနေ့ခေတ် ဆင်ခြေ မြင်းခြေ ဖိနပ်တွေ မအပ်ဘူး ယူလိုက်တာ သူတို့က။ [369] နောက် ဖိနပ်က ကတ္တီပါသားတွေ လုပ်တာ မအပ်ဘူး ဖြစ်သွားတာ။ [370] သူတို့က ဘာပဲဖြစ်ဖြစ် တစ်ခုပဲ၊ သားရေနဲ့ လုပ်ရမယ် ဒါပဲ သူတို့က။ [371] အဲ့လို ဆရာတော်တွေက ယူဆလိုက်တာ သူက။ အဲ့ဒီမှာ လွဲကုန်ကြတာပေါ့။ [372] ဖိနပ်ဆိုရင် သားရေနဲ့ လုပ်ရမယ်၊ တခြားဟာနဲ့ မလုပ်ရဘူး ဒီလို ယူဆလိုက်တာ။ [373] သားရေဖိနပ် မဟုတ်ရင် မအပ်စပ်ဘူးပေါ့ အဲ့လို ပြောတာ။ [374] အဲ့ခါကျတော့ သားရေနဲ့ လုပ်တဲ့ဖိနပ်ကလွဲလို့ ကျန်တဲ့ဖိနပ် ဘယ်ဖိနပ်မှ မအပ်တော့ ဖြစ်သွားတာ။ [375] တကယ်တော့ အဲ့ဒါဟာလည်း စာယူဆပုံ ယူဆနည်း နည်းနည်းလေးတော့ လွဲတယ်လို့ ဦးဇင်းကတော့ ထင်တယ်ပေါ့။ [376] အဲ့တော့ ဆရာတော်တွေ ကျမ်းကိုးတဲ့ဥစ္စာ ဦးဇင်း လိုက်ရှာတယ်။ [377] ဒီဆရာတော်တွေ ဘာအထောက်အထားနဲ့ ဒီလိုပြောသလဲပေါ့နော်။ [378] ဘာအထောက်အထား ရှိသလဲလို့ လိုက်ရှာတဲ့အခါကျတော့ ပါဠိစာပေထဲမှာ [379] "ယေန ကေနစိ စမ္မေနေဝ ကာတုံ ဝဋ္ဋတိ" ဆိုတာ ပါတာကိုး။ [380] သူက ရဟန်းတော်တွေမှာ သားရေနဲ့ ပတ်သက်လာရင် အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေတော့ ခွဲသေးတယ်။ [381] ဟိုနေ့က ဦးဇင်း ပြောတယ်၊ စိတ်သားရေတို့ နော်... [382] နော် ဟို သိုးတို့ ကျွဲတို့ သမင်တို့ဆိုရင် ထိုင်ခင်းလုပ်လို့ရတယ်။ [383] တခြား နွားတို့ ကျွဲတို့ဆိုလို့ရှိရင် တခြားသားရေတွေဆိုရင် ထိုင်ခင်းလုပ်လို့မရဘူး။ [384] အဲ့တော့ ထိုင်ခင်းလုပ်တဲ့နေရာမှာ အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေ ရှိတယ်။ [385] ဆိုတော့ ထိုင်ခင်းလုပ်တဲ့နေရာမှာ အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေ ခွဲသော်လည်းပဲ ဖိနပ်မှာကျရင် မခွဲတော့ဘူး။ [386] ဖိနပ်သည် ဘယ်သားရေမဆို လုပ်ကောင်းတယ်ဆိုတာကို အဋ္ဌကထာဆရာက ဖွင့်တာ။ [387] ဖိနပ်နဲ့ပတ်သက်လာရင် မအပ်စပ်တဲ့သားရေမရှိ။ [388] နွားသားရေလည်း ဖိနပ်လုပ်လို့ရတယ်၊ ကျွဲသားရေလည်း ဖိနပ်လုပ်လို့ရတယ်၊ ဘယ်သားရေမဆို ဖိနပ်လုပ်လို့ရတယ်။ [389] အဋ္ဌကထာဆရာ ဒီလိုဆိုလိုတာနော်။